Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၁၂.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီ အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်နေရာကို အစားထိုးဖို့အတွက် ဆဲလ်တစ်လူငယ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ပေါင် ၂၂.၅ သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်ပေါ်လာ။

– ဘရန့်ဖို့ဒ်အသင်းဆီကို စပိန်ဂိုးသမား ဒေးဗစ် ရာယာအတွက် အာဆင်နယ်အသင်းဆီက ကမ်းလှမ်းမှု ရောက်ရှိလာကြောင်း အေးဂျင့် ဖြစ်သူ ဂျောမီ မိုနဲလ်အတည်ပြုခဲ့ပြီး သူ့ရဲ့ ကစားသမားအနေနဲ့ အသင်းဆီ ဖိအားပေးပြီး ထွက်ခွာသွားမယ်လို့ဆို။

– စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ အာဆင်နယ်ဂိုးသမား မာတီနက်ဇ် မပါဝင်ကြောင်း သိရချိန်မှာ သူ့အတွက် ဗီလာအသင်းက ပေါင်သန်း ၂၀ နဲ့ ခေါ်ယူမှု အထမြောက်ခဲ့ပြီလို့ အားလုံးက ခန့်မှန်းနေကြပေမယ့် နောက်ဆုံးအချိန်မှာ ဘရိုက်တန်အသင်းက ကြားဝင်ကမ်းလှမ်းလာခဲ့။

– အာဆင်နယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ဟာ ကစားသမားကောင်းတွေဖြစ်ပြီး အသင်းအတွက် ကြီးမားတဲ့ ခေါ်ယူမှုတွေဖြစ်ပေမယ့် သူတို့နှစ်ဦးမှာ ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိလို့ ရုန်းကန်ရမယ်လို့ ဟားဂရိဗ်စ် ခန့်မှန်း။

– အာဆင်နယ်အသင်းအတွက် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းဟာ မရှိမဖြစ်ဖြစ်ကြောင်းနဲ့ အသင်းသားအားလုံးအတွက် သူ့ကို အမြန်ဆုံး စာချုပ်သစ်ချုပ်ဆိုဖို့ တာဝန်ရှိသူတွေကို တွဲဖက်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက် တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.