International World Cup

ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ငြင်းပယ်ခဲ့တဲ့ ဒီဘရိုင်းနား

ကီဗင် ဒီဘရိုင်းနားဟာ ဘယ်လ်ဂျီယမ်ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် ဘာကြောင့် သတ်မှတ်ခံခဲ့ရတာလဲဆိုတဲ့ မေးခွန်းကို ကျန်တဲ့လူတွေအားလုံးအတိုင်းပဲ မေးခွန်းထုတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညနေမှာ ရောဘတ်တို မာတီနက်ဇ်ရဲ့အသင်းဟာ ကနေဒါနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းတို့ရဲ့ ရွှေရောင်မျိုးဆက်ဆီကနေ အကောင်းဆုံးမျှော်လင့်နိုင်မယ့် နောက်ဆုံးအခွင့်အရေးအဖြစ် ရှိနေတာဖြစ်ပါတယ်။ ၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကနေဒါအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ဘယ်လ်ဂျီယမ်အသင်းဟာ ဘတ်ရှူဝါရီရဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး မျှော်လင့်ထားသလောက် မလွယ်ကူခဲ့တာဖြစ်ပါတယ်။

ကနေဒါအသင်းဟာ ပထမပိုင်းမှာ ပင်နယ်တီ ကန်ခွင့် ရရှိခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်ဂိုးသမား ကူတွာက ငြင်းပယ်နိုင်ခဲ့တာဖြစ်ပြီး အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ ကနေဒါရဲ့ ပထမဆုံးသော အမျိုးသား ကမ္ဘာ့ဖလားသွင်းဂိုးရှင်ဖြစ်လာမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ မြောက်အမေရိကအသင်းဟာ ဒုတိယအကြိမ် ပင်နယ်တီ မရရှိခဲ့တာက ကံမကောင်းခဲ့ဘူးလို့ ခံစားခဲ့ရပြီး VAR က ကစားသမားတစ်ဦးကို မှားယွင်းပြီး လူကျွံဘောသတ်မှတ်ခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေးဟာ တတိယအကြိမ်မြောက် ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဘတ်ရှူဝါရီဟာ ပထမပိုင်း အဆုံးမှာ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း ကနေဒါက ၎င်းတို့ထက် အဆင့်များစွာ မြင့်မားတဲ့ ပြိုင်ဘက်ကို ဆက်လက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂိုးမရရှိခဲ့တာကတော့ ကံဆိုးခဲ့တာ ဖြစ်ပါတယ်။ ကနေဒါဟာ ဗုဒ္ဓဟူးနေ့ညနေမှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တယ်ဆိုတာ ငြင်းခုံနိုင်ပေမယ့်လည်း ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မာတီနက်ဇ်ရဲ့ အသင်းထက် ပိုမို ဆိုးရွားခဲ့ခြင်းမရှိတာတော့ အမှန်ပဲ ဖြစ်ပြီး အထူးသဖြင့် ဒီဘရိုင်းနားဟာ ပုံမှန်အချိန်လိုမျိုး ပွဲစဉ်အပေါ်မှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒါက မန်စီးတီးကြယ်ပွင့်ကို ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခံမှုကို မတားဆီးနိုင်ခဲ့ဘဲ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကိုယ်တိုင်ကတောင် အဲဒီဆုက မထိုက်တန်ခဲ့ဘူးလို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အရမ်းကောင်းတဲ့ပွဲတစ်ပွဲကစားခဲ့တယ်လို့ မထင်ပါဘူး။ ကျွန်တော် ဘာကြောင့် ဒီဆုကို ရတာလဲဆိုတာ မသိပါဘူး။ ကျွန်တော့်ရဲ့ နာမည်ကြောင့်ပဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီဘရိုင်းနားက အဲဒီ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ကျေကျေနပ်နပ်လက်ခံပြီး ညဘက် ဘယ်လို အိပ်ပျော်နိုင်မလဲ”လို့ ပရိသတ်တစ်ဦးက မန်စီးတီးကြယ်ပွင့်ရဲ့ မှတ်ချက်စကားကို မကြားရသေးခင်မှာ မေးခွန်းထုတ်ခဲ့ပြီး “ဒီဘရိုင်းနားက ဒီည ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုရတာ လုံးဝကို ထူးဆန်းတယ်။ ဒီလူက တခြားဂြိုဟ်ပေါ်ကလူဆိုပေမယ့် ဒီပွဲမှာတော့ လက်တွေ့ကျကျပြောရရင် သူ ရှိတောင် ရှိမနေခဲ့ပါဘူး”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကီဗင္ ဒီဘ႐ိုင္းနားဟာ ဘယ္လ္ဂ်ီယမ္ရဲ႕ ကမာၻ႔ဖလားအဖြင့္ပြဲစဥ္မွာ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ ဘာေၾကာင့္ သတ္မွတ္ခံခဲ့ရတာလဲဆိုတဲ့ ေမးခြန္းကို က်န္တဲ့လူေတြအားလုံးအတိုင္းပဲ ေမးခြန္းထုတ္ခဲ့ပါတယ္။

ဗုဒၶဟူးေန႔ညေနမွာ ေရာဘတ္တို မာတီနက္ဇ္ရဲ႕အသင္းဟာ ကေနဒါနဲ႔ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၎တို႔ရဲ႕ ေ႐ႊေရာင္မ်ိဳးဆက္ဆီကေန အေကာင္းဆုံးေမွ်ာ္လင့္ႏိုင္မယ့္ ေနာက္ဆုံးအခြင့္အေရးအျဖစ္ ရွိေနတာျဖစ္ပါတယ္။ ၁၉၈၆ ကမာၻ႔ဖလားေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ကေနဒါအသင္းနဲ႔ ရင္ဆိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္အသင္းဟာ ဘတ္ရႉဝါရီရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔အတူ ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး ေမွ်ာ္လင့္ထားသေလာက္ မလြယ္ကူခဲ့တာျဖစ္ပါတယ္။

ကေနဒါအသင္းဟာ ပထမပိုင္းမွာ ပင္နယ္တီ ကန္ခြင့္ ရရွိခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ဂိုးသမား ကူတြာက ျငင္းပယ္ႏိုင္ခဲ့တာျဖစ္ၿပီး အယ္လ္ဖြန္ဆို ေဒးဗီးစ္ဟာ ကေနဒါရဲ႕ ပထမဆုံးေသာ အမ်ိဳးသား ကမာၻ႔ဖလားသြင္းဂိုးရွင္ျဖစ္လာမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ေျမာက္အေမရိကအသင္းဟာ ဒုတိယအႀကိမ္ ပင္နယ္တီ မရရွိခဲ့တာက ကံမေကာင္းခဲ့ဘူးလို႔ ခံစားခဲ့ရၿပီး VAR က ကစားသမားတစ္ဦးကို မွားယြင္းၿပီး လူကြၽံေဘာသတ္မွတ္ခဲ့တာေၾကာင့္ ဂိုးရရွိမယ့္ အခြင့္အေရးဟာ တတိယအႀကိမ္ေျမာက္ ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဘတ္ရႉဝါရီဟာ ပထမပိုင္း အဆုံးမွာ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ကေနဒါက ၎တို႔ထက္ အဆင့္မ်ားစြာ ျမင့္မားတဲ့ ၿပိဳင္ဘက္ကို ဆက္လက္ တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ဂိုးမရရွိခဲ့တာကေတာ့ ကံဆိုးခဲ့တာ ျဖစ္ပါတယ္။ ကေနဒါဟာ ဗုဒၶဟူးေန႔ညေနမွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တယ္ဆိုတာ ျငင္းခုံႏိုင္ေပမယ့္လည္း ပုံမွန္ေျခစြမ္း ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ မာတီနက္ဇ္ရဲ႕ အသင္းထက္ ပိုမို ဆိုး႐ြားခဲ့ျခင္းမရွိတာေတာ့ အမွန္ပဲ ျဖစ္ၿပီး အထူးသျဖင့္ ဒီဘ႐ိုင္းနားဟာ ပုံမွန္အခ်ိန္လိုမ်ိဳး ပြဲစဥ္အေပၚမွာ အက်ိဳးသက္ေရာက္မႈ မျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒါက မန္စီးတီးၾကယ္ပြင့္ကို ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆု ခ်ီးျမႇင့္ခံမႈကို မတားဆီးႏိုင္ခဲ့ဘဲ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကိုယ္တိုင္ကေတာင္ အဲဒီဆုက မထိုက္တန္ခဲ့ဘူးလို႔ ယုံၾကည္ခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ အရမ္းေကာင္းတဲ့ပြဲတစ္ပြဲကစားခဲ့တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္ ဘာေၾကာင့္ ဒီဆုကို ရတာလဲဆိုတာ မသိပါဘူး။ ကြၽန္ေတာ့္ရဲ႕ နာမည္ေၾကာင့္ပဲ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္”လို႔ ပြဲအၿပီး အင္တာဗ်ဴးမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒီဘ႐ိုင္းနားက အဲဒီ ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို ေက်ေက်နပ္နပ္လက္ခံၿပီး ညဘက္ ဘယ္လို အိပ္ေပ်ာ္ႏိုင္မလဲ”လို႔ ပရိသတ္တစ္ဦးက မန္စီးတီးၾကယ္ပြင့္ရဲ႕ မွတ္ခ်က္စကားကို မၾကားရေသးခင္မွာ ေမးခြန္းထုတ္ခဲ့ၿပီး “ဒီဘ႐ိုင္းနားက ဒီည ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုရတာ လုံးဝကို ထူးဆန္းတယ္။ ဒီလူက တျခားၿဂိဳဟ္ေပၚကလူဆိုေပမယ့္ ဒီပြဲမွာေတာ့ လက္ေတြ႕က်က်ေျပာရရင္ သူ ရွိေတာင္ ရွိမေနခဲ့ပါဘူး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.