International World Cup

အာရပ်စော်ဘွားကြီးတွေပါ ကြွေသွားစေမယ့် အပြုအမူကို ပြုလုပ်ခဲ့တဲ့ ဂျပန်

ဂျပန်အသင်းဟာ ဂျာမနီကို မယုံနိုင်ဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် အသင်းအဝတ်လဲခန်းကို ဖုန်တစ်စက်မရှိအောင် သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး အာရေဗျဘာသာနဲ့ပါ သတင်းစကား ချန်ရစ်ခဲ့ပါတယ်။

ရိဆွတ် ဒိုအန်းနဲ့ တာခုမ အဆာနိုတို့ရဲ့ ဒုတိယပိုင် သွင်းဂိုးတွေကြောင့် ဂျပန်အသင်းဟာ ကျော်ကြားတဲ့ နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညနေမှာ ဂျာမနီကို နောက်ကနေ လိုက်ကစားပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ကြီးမားတဲ့ နိုင်ပွဲနဲ့အတူ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့အခွင့်အရေးရှိတဲ့ အနေအထားကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ခါလီဖာနိုင်ငံတကာကွင်းကြီးထဲက ဂျပန်ပရိသတ်တွေဟာ အသင်းရဲ့ နိုင်ပွဲအပြီးမှာ အမှိုက်လိုက်ကောက်ပြီး သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး တိုကျိုမြို့ပေါ်မှာလည်း ပျော်ရွှင်ဖွယ် မြင်ကွင်းတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ကြီးမားတဲ့ နိုင်ပွဲကြီး ရရှိခဲ့ပေမယ့်လည်း ဂျပန်အသင်းဟာ ရလဒ်ကြောင့် အရမ်းစိတ်လှုပ်ရှားခဲ့ခြင်းမရှိဘဲ အဝတ်လဲခန်းကို သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ပြီး ကြည်နူးစရာ သတင်းစကားကို ချန်ရစ်ခဲ့ဖို့ မေ့လျော့သွားခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နည်းပြ ဟာဂျိမဲ မိုရိယဆုက ၎င်းရဲ့အသင်း စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဂျာမနီအသင်းကို အနိုင်ရရှိမှုက သမိုင်းဝင် အခိုက်အတန့်ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

“အဲဒါက အနည်းဆုံးတော့ သမိုင်းဝင်အခိုက်အတန့်လို့ ပြောလို့ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဂျပန်ဘောလုံးတိုးတက်မှုအကြောင်း စဉ်းစားနေလားဆိုရင် ကျွန်တော်တို့ အဲဒါကို တည်ဆောက်နေခဲ့တာပါ။ ဒီနိုင်ပွဲက ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်ပြီး ကျွန်တော်တို့က အခု ကမ္ဘာ့အဆင့်ကို ရောက်ရှိနေပါပြီ”

“ကျွန်တော်တို့ ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် နိုင်ပွဲနဲ့အတူ မြင်တွေ့ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့လည်း အာရှဘောလုံးရဲ့ လုပ်နိုင်စွမ်းကို ပြသခဲ့ပါတယ်။ ပွဲအစကစပီး ကျွန်တော်တို့ မာမာထန်ထန်ရှိရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီရဲ့ ကြမ်းတမ်းမှုက ပိုပြီး မြင့်မားခဲ့ပါတယ်”

“ဒီဟာက ကျွန်တော်တို့အတွက် အံ့အားသင့်စရာမဟုတ်ပါဘူး။ သူတို့မှာ အံ့အားသင့်စရာ ဂိုးသမား နျူအာရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ လူစာရင်းကလည်း အရမ်းကို ထက်မြက်ပါတယ်။ သူတို့တွေက ပါးနပ်ပြီး ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူတို့ တကယ်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ပန္အသင္းဟာ ဂ်ာမနီကို မယုံႏိုင္ဖြယ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီးေနာက္ အသင္းအဝတ္လဲခန္းကို ဖုန္တစ္စက္မရွိေအာင္ သန႔္ရွင္းေရးလုပ္ေပးခဲ့ၿပီး အာေရဗ်ဘာသာနဲ႔ပါ သတင္းစကား ခ်န္ရစ္ခဲ့ပါတယ္။

ရိဆြတ္ ဒိုအန္းနဲ႔ တာခုမ အဆာႏိုတို႔ရဲ႕ ဒုတိယပိုင္ သြင္းဂိုးေတြေၾကာင့္ ဂ်ပန္အသင္းဟာ ေက်ာ္ၾကားတဲ့ ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညေနမွာ ဂ်ာမနီကို ေနာက္ကေန လိုက္ကစားၿပီး ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ပန္အသင္းဟာ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စုအဖြင့္ပြဲစဥ္ကို ႀကီးမားတဲ့ ႏိုင္ပြဲနဲ႔အတူ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ အလြန္ေကာင္းမြန္တဲ့အခြင့္အေရးရွိတဲ့ အေနအထားကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ခါလီဖာႏိုင္ငံတကာကြင္းႀကီးထဲက ဂ်ပန္ပရိသတ္ေတြဟာ အသင္းရဲ႕ ႏိုင္ပြဲအၿပီးမွာ အမႈိက္လိုက္ေကာက္ၿပီး သန႔္ရွင္းေရး ျပဳလုပ္ခဲ့ၾကၿပီး တိုက်ိဳၿမိဳ႕ေပၚမွာလည္း ေပ်ာ္႐ႊင္ဖြယ္ ျမင္ကြင္းေတြ ရွိခဲ့တာ ျဖစ္ပါတယ္။ ႀကီးမားတဲ့ ႏိုင္ပြဲႀကီး ရရွိခဲ့ေပမယ့္လည္း ဂ်ပန္အသင္းဟာ ရလဒ္ေၾကာင့္ အရမ္းစိတ္လႈပ္ရွားခဲ့ျခင္းမရွိဘဲ အဝတ္လဲခန္းကို သန႔္ရွင္းေရး ျပဳလုပ္ေပးခဲ့ၿပီး ၾကည္ႏူးစရာ သတင္းစကားကို ခ်န္ရစ္ခဲ့ဖို႔ ေမ့ေလ်ာ့သြားျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္နည္းျပ ဟာဂ်ိမဲ မိုရိယဆုက ၎ရဲ႕အသင္း စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ဂ်ာမနီအသင္းကို အႏိုင္ရရွိမႈက သမိုင္းဝင္ အခိုက္အတန႔္ျဖစ္တယ္လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

“အဲဒါက အနည္းဆုံးေတာ့ သမိုင္းဝင္အခိုက္အတန႔္လို႔ ေျပာလို႔ရမယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ဂ်ပန္ေဘာလုံးတိုးတက္မႈအေၾကာင္း စဥ္းစားေနလားဆိုရင္ ကြၽန္ေတာ္တို႔ အဲဒါကို တည္ေဆာက္ေနခဲ့တာပါ။ ဒီႏိုင္ပြဲက ႀကီးမားတဲ့ အံ့အားသင့္စရာျဖစ္ၿပီး ကြၽန္ေတာ္တို႔က အခု ကမာၻ႔အဆင့္ကို ေရာက္ရွိေနပါၿပီ”

“ကြၽန္ေတာ္တို႔ ေဆာ္ဒီ အာေရဗ်ကို အံ့အားသင့္ဖြယ္ ႏိုင္ပြဲနဲ႔အတူ ျမင္ေတြ႕ခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔လည္း အာရွေဘာလုံးရဲ႕ လုပ္ႏိုင္စြမ္းကို ျပသခဲ့ပါတယ္။ ပြဲအစကစပီး ကြၽန္ေတာ္တို႔ မာမာထန္ထန္ရွိရမယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဂ်ာမနီရဲ႕ ၾကမ္းတမ္းမႈက ပိုၿပီး ျမင့္မားခဲ့ပါတယ္”

“ဒီဟာက ကြၽန္ေတာ္တို႔အတြက္ အံ့အားသင့္စရာမဟုတ္ပါဘူး။ သူတို႔မွာ အံ့အားသင့္စရာ ဂိုးသမား န်ဴအာရွိပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ လူစာရင္းကလည္း အရမ္းကို ထက္ျမက္ပါတယ္။ သူတို႔ေတြက ပါးနပ္ၿပီး ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ သူတို႔ တကယ္ကို ျပင္းျပင္းထန္ထန္ တိုက္ပြဲဝင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.