International World Cup

ဂျပန်က ဂျာမနီကို အနိုင်ရမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ ဖျံလေး

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ထူးခြားတဲ့အစွမ်းရှိတဲ့ ဖျံလေးဟာ ဂျပန်အသင်းက ဂျာမနီကို ကမ္ဘာ့ဖလားမှာ အနိုင်ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး လူတွေက အဲဒါကို လုံးဝ နှစ်သက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ Maxell အဏ္ဏဝါပန်းခြံက သေးငယ်တဲ့ လက်သည်းရှိတဲ့ ဖျံလေး တိုင်ယိုဟာ ချစ်စရာကောင်းတဲ့ ဘောလုံးသေးသေးလေးနဲ့ ရွေးချယ်စရာ ပုံးအသေးလေး ၃ ပုံး ပေးအပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အပြာရောင်ပုံးမှာ ဂျပန်နိုင်ငံအလံ၊ အနီရောင်ပုံးမှာတော့ ဂျာမနီအလံကို တပ်ဆင်ထားပြီး အလယ်က အဝါရောင်ပုံးမှာတော့ ဂျပန်နဲ့ ဂျာမနီပွဲဟာ သရေကျလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်ကို တပ်ဆင်ထားတာဖြစ်ပါတယ်။

အနာဂတ်ကို ဟောကိန်းထုတ်ပေးနိုင်တဲ့ ဖျံလေး တိုင်ယိုက ဘောလုံးကို ကောက်ယူပြီး ဂျပန်အလံနဲ့ ပုံးအပြာထဲကို ထည့်လိုက်ဖို့အတွက် အချိန်ဖြုန်းခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညနေက ပွဲစဉ်ကလည်း အဲဒီအတိုင်း ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ အုပ်စု E ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဂျပန်ကို ဒုတိယပိုင်း နောက်ကျ ချေပဂိုးနဲ့ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တိုင်ယိုဟာ ပွဲမတိုင်ခင်တုန်းက ဖြစ်နိုင်ဖွယ်မရှိတဲ့အရာကို ခန့်မှန်းခဲ့ပေမယ့်လည်း တကယ် မှန်ကန်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဂျပန်နိုင်ငံ နဆု တိရစ္ဆာန်တိုင်းပြည်မှာ နေထိုင်တဲ့ ကြက်တူရွေးလေး အိုလီဗီယာကတော့ ဂျာမနီအသင်းက ဂျပန်အသင်းကို အနိုင်ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး ဂျပန်အသင်းက အံ့အားသင့်ဖွယ်နိုင်ပွဲရရှိခဲ့ပြီးနောက်မှာတော့ လူမှုကွန်ရက်ပေါ်မှာ ဖျံလေး တိုင်ယိုဟာ အားလုံးထက်သာလွန်တဲ့ တန်ခိုးရှင်အဖြစ် ချီးကျူးခဲ့ကြပါတယ်။

“ဖျံလေး တိုင်ယိုက အတပ်ဟောဆရာတစ်ဆူပဲ။ ကြက်တူရွေး အိုလီဗီယာကတော့ အရှုံးသမား အရူး”လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောကြားခဲ့ပြီး “ကမ္ဘာ့ဖလားကို အရမ်းကြီး နှစ်သက်လို့မဟုတ်ပေမယ့် ကျွန်တော် တိုင်ယိုရဲ့ ကြက်တူရွေး အိုလီဗီယာနဲ့ ယှဉ်ပြိုင်ပြီး ဟောကိန်းထုတ်တာတွေကို စွဲစွဲမြဲမြဲစောင့်ကြည့်သွားမှာပါ”လို့ နောက်ထပ်လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္ၿပီး ထူးျခားတဲ့အစြမ္းရွိတဲ့ ဖ်ံေလးဟာ ဂ်ပန္အသင္းက ဂ်ာမနီကို ကမာၻ႔ဖလားမွာ အႏိုင္ရရွိလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး လူေတြက အဲဒါကို လုံးဝ ႏွစ္သက္ခဲ့ၾကပါတယ္။

ဂ်ပန္ႏိုင္ငံ Maxell အဏၰဝါပန္းၿခံက ေသးငယ္တဲ့ လက္သည္းရွိတဲ့ ဖ်ံေလး တိုင္ယိုဟာ ခ်စ္စရာေကာင္းတဲ့ ေဘာလုံးေသးေသးေလးနဲ႔ ေ႐ြးခ်ယ္စရာ ပုံးအေသးေလး ၃ ပုံး ေပးအပ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

အျပာေရာင္ပုံးမွာ ဂ်ပန္ႏိုင္ငံအလံ၊ အနီေရာင္ပုံးမွာေတာ့ ဂ်ာမနီအလံကို တပ္ဆင္ထားၿပီး အလယ္က အဝါေရာင္ပုံးမွာေတာ့ ဂ်ပန္နဲ႔ ဂ်ာမနီပြဲဟာ သေရက်လိမ့္မယ္ဆိုတဲ့ ခန႔္မွန္းခ်က္ကို တပ္ဆင္ထားတာျဖစ္ပါတယ္။

အနာဂတ္ကို ေဟာကိန္းထုတ္ေပးႏိုင္တဲ့ ဖ်ံေလး တိုင္ယိုက ေဘာလုံးကို ေကာက္ယူၿပီး ဂ်ပန္အလံနဲ႔ ပုံးအျပာထဲကို ထည့္လိုက္ဖို႔အတြက္ အခ်ိန္ျဖဳန္းခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညေနက ပြဲစဥ္ကလည္း အဲဒီအတိုင္း ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီအသင္းဟာ အုပ္စု E ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ဂ်ပန္ကို ဒုတိယပိုင္း ေနာက္က် ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုး ခြင့္ျပဳေပးခဲ့ရၿပီးေနာက္ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး တိုင္ယိုဟာ ပြဲမတိုင္ခင္တုန္းက ျဖစ္ႏိုင္ဖြယ္မရွိတဲ့အရာကို ခန႔္မွန္းခဲ့ေပမယ့္လည္း တကယ္ မွန္ကန္ေနတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဂ်ပန္ႏိုင္ငံ နဆု တိရစာၦန္တိုင္းျပည္မွာ ေနထိုင္တဲ့ ၾကက္တူေ႐ြးေလး အိုလီဗီယာကေတာ့ ဂ်ာမနီအသင္းက ဂ်ပန္အသင္းကို အႏိုင္ရသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီး ဂ်ပန္အသင္းက အံ့အားသင့္ဖြယ္ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္မွာေတာ့ လူမႈကြန္ရက္ေပၚမွာ ဖ်ံေလး တိုင္ယိုဟာ အားလုံးထက္သာလြန္တဲ့ တန္ခိုးရွင္အျဖစ္ ခ်ီးက်ဴးခဲ့ၾကပါတယ္။

“ဖ်ံေလး တိုင္ယိုက အတပ္ေဟာဆရာတစ္ဆူပဲ။ ၾကက္တူေ႐ြး အိုလီဗီယာကေတာ့ အရႈံးသမား အ႐ူး”လို႔ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက ေျပာၾကားခဲ့ၿပီး “ကမာၻ႔ဖလားကို အရမ္းႀကီး ႏွစ္သက္လို႔မဟုတ္ေပမယ့္ ကြၽန္ေတာ္ တိုင္ယိုရဲ႕ ၾကက္တူေ႐ြး အိုလီဗီယာနဲ႔ ယွဥ္ၿပိဳင္ၿပီး ေဟာကိန္းထုတ္တာေတြကို စြဲစြဲၿမဲၿမဲေစာင့္ၾကည့္သြားမွာပါ”လို႔ ေနာက္ထပ္လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.