Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၁၂.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ နံပါတ္တစ္ ဂိုးသမားေနရာအတြက္ ေဒးဗစ္ ဒေဟးယားကို အာမခံခ်က္ ေပးထားဆဲျဖစ္တယ္လို႔ သိရၿပီး လာမယ့္ပြဲစဥ္ေတြမွာ သူပဲ ပြဲထြက္လာဦးမယ္လို႔ စကိုင္းပုိ႔စ္တင္ဆက္သူနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္ဆုိ။

– ဆန္ခ်ဳိကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ သူတုိ႔ရဲ႕ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ခရစၥတယ္လ္ ပဲေလ့စ္အသင္းနဲ႔ ေနာက္တစ္ပတ္ပြဲစဥ္မတုိင္ခင္ အၿပီးသတ္ လုပ္ေဆာင္သြားဖို႔ ရွိေနၿပီး မၾကာခင္အခ်ိန္အတြင္း အျဖဴအမည္း သဲကြဲလာဖို႔ ရွိေန။

– ယူႏုိက္တက္တုိ႔အေနနဲ႔ သူတုိ႔ရဲ႕အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားအတြက္ ခံစစ္အတြဲအဖက္အျဖစ္ ရွဳျမင္ထားတဲ့ အူပါမီကာႏိုကို ေခၚယူဖို႔ ခက္ခဲႏိုင္ၿပီး လာမယ့္ရာသီမွာ ဆာဂ်ီယို ရာမုိ႔စ္အတြက္ ရီးရဲလ္မက္ဒရစ္က အစားထိုးဖို႔ စီစဥ္ေန။

– သူ႕ရဲ႕ ဒုတိယကေလးကို ေပၚတူဂီမွာ ေမြးဖြားခဲ့ရာမွာ အမ်ဳိးသမီးဆီ ျပန္လည္အားေပးၾကည့္ရွဳခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ယူေကရဲ႕ စည္းမ်ဥ္းေတြအရ ကြာရန္တင္းဝင္ရဖို႔ ရွိေနၿပီး မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လာမယ့္အပတ္မွာ ကစားမယ့္ ပဲေလ့စ္နဲ႔ပြဲကို လြဲေခ်ာ္ဖြယ္ရွိေန။

– ရက္ဘူးလ္ ဆာ့လ္ဇ္ဘတ္တုိက္စစ္မွဴး ပက္တ္ဆန္ ဒါကာအတြက္ လီဗာပူးလ္၊ အာဆင္နယ္၊ စပါးစ္တုိ႔နဲ႔အၿပဳိင္ ယူႏုိက္တက္ဘက္က ကမ္းလွမ္းသြားဖို႔ ရွိေနၿပီး ဇမ္ဘီယာလက္ေရြးစင္ကို ေပါင္သန္း ၂၀ ခန္႔နဲ႔ ေခၚယူခြင့္ရွိေန။

– ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းဖို႔ သြားေရာက္ရင္း ကိုဗစ္-၁၉ ဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ က်န္းမာေရးေကာင္းမြန္ေနၿပီး လာမယ့္အပတ္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ပြဲစဥ္မွာ ပါဝင္ႏိုင္ဖို႔ ရွိေနတယ္လုိ႔ ဆုိးလ္ရွားေျပာၾကား။

– မန္ခ်က္စတာစီးတီးရဲ႕ လူငယ္အသင္းေတြမွာ ဂိုးေပါင္း ၆၀၀ ေက်ာ္ သြင္းယူခဲ့တဲ့ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္တုိက္စစ္မွဴး ခ်ာလီ မက္နီးလ္ကို ေခၚယူဖို႔ ေပါင္ခုနစ္သိန္းခြဲနဲ႔ သေဘာတူညီမွဳ ရခဲ့ၿပီလို႔ဆုိၿပီး တျခားခံစားခြင့္ေတြအရ ေပါင္ ၁.၃ သန္းအထိ ကုန္က်ႏုိင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် ဒေးဗစ် ဒဟေးယားကို အာမခံချက် ပေးထားဆဲဖြစ်တယ်လို့ သိရပြီး လာမယ့်ပွဲစဉ်တွေမှာ သူပဲ ပွဲထွက်လာဦးမယ်လို့ စကိုင်းပို့စ်တင်ဆက်သူနဲ့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်ဆို။

– ဆန်ချိုကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းနဲ့ နောက်တစ်ပတ်ပွဲစဉ်မတိုင်ခင် အပြီးသတ် လုပ်ဆောင်သွားဖို့ ရှိနေပြီး မကြာခင်အချိန်အတွင်း အဖြူအမည်း သဲကွဲလာဖို့ ရှိနေ။

– ယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအတွက် ခံစစ်အတွဲအဖက်အဖြစ် ရှုမြင်ထားတဲ့ အူပါမီကာနိုကို ခေါ်ယူဖို့ ခက်ခဲနိုင်ပြီး လာမယ့်ရာသီမှာ ဆာဂျီယို ရာမို့စ်အတွက် ရီးရဲလ်မက်ဒရစ်က အစားထိုးဖို့ စီစဉ်နေ။

– သူ့ရဲ့ ဒုတိယကလေးကို ပေါ်တူဂီမှာ မွေးဖွားခဲ့ရာမှာ အမျိုးသမီးဆီ ပြန်လည်အားပေးကြည့်ရှုခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ယူကေရဲ့ စည်းမျဉ်းတွေအရ ကွာရန်တင်းဝင်ရဖို့ ရှိနေပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လာမယ့်အပတ်မှာ ကစားမယ့် ပဲလေ့စ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေ။

– ရက်ဘူးလ် ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူး ပက်တ်ဆန် ဒါကာအတွက် လီဗာပူးလ်၊ အာဆင်နယ်၊ စပါးစ်တို့နဲ့အပြိုင် ယူနိုက်တက်ဘက်က ကမ်းလှမ်းသွားဖို့ ရှိနေပြီး ဇမ်ဘီယာလက်ရွေးစင်ကို ပေါင်သန်း ၂၀ ခန့်နဲ့ ခေါ်ယူခွင့်ရှိနေ။

– ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ သွားရောက်ရင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ ကျန်းမာရေးကောင်းမွန်နေပြီး လာမယ့်အပတ် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ရှိနေတယ်လို့ ဆိုးလ်ရှားပြောကြား။

– မန်ချက်စတာစီးတီးရဲ့ လူငယ်အသင်းတွေမှာ ဂိုးပေါင်း ၆၀၀ ကျော် သွင်းယူခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တိုက်စစ်မှူး ချာလီ မက်နီးလ်ကို ခေါ်ယူဖို့ ပေါင်ခုနစ်သိန်းခွဲနဲ့ သဘောတူညီမှု ရခဲ့ပြီလို့ဆိုပြီး တခြားခံစားခွင့်တွေအရ ပေါင် ၁.၃ သန်းအထိ ကုန်ကျနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.