Premier League

၁၆.၂.၂၀၂၀ အတွက် လီဗာပူးလ်အသင်းနှင့် ဆက်စပ်သတင်းများ စုစည်းမှု


– ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် မိမိတို့အသင်းအနေနဲ့ ခြေလှမ်းတစ်လှမ်း ထပ်မံနီးစပ်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် အင်္ဂါနေ့ညမှာ ကစားရမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အတွက်တော့ ကြံ့ခိုင်နေနိုင်အောင် ပြန်လည်လုပ်ဆောင်ရဦးမယ်လို့ နော့ဝစ်ခ်ျနဲ့နိုင်ပွဲအပြီးမှာ ဟန်ဒါဆင်ပြော။


– နော့ဝစ်ခ်ျနဲ့ အဝေးကွင်းလူစာရင်းမှာ ဂျပန်တိုက်စစ်မှူး တာကူမီ မီနာမီနို ပါဝင်မလာခဲ့ခြင်းဟာ ဒဏ်ရာတစ်စုံတစ်ရာရှိလို့ မဟုတ်ဘဲ နည်းစနစ်ပိုင်းအရ အရန် ၇ ဦး ရွေးချယ်ရာမှာ အပြောင်းအလဲလုပ်ခဲ့လို့ ကျန်ခဲ့တာလို့ နည်းပြ ယာဂန် ကလော့ပ် ရှင်းလင်း။


– အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဂိုးကို နော့ဝစ်ခ်ျနဲ့ပွဲမှာ လူစားဝင်ပြီး အနိုင်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာကို ဆာဒီယို မာနေးအနေနဲ့ မသိရှိခဲ့ဘဲ အင်တာဗျူးသူက ပြောပြတော့မှ ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်သွားခဲ့။

REF: VARIOUS SOURCES
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် မိမိတို့အသင်းအနေနဲ့ ခြေလှမ်းတစ်လှမ်း ထပ်မံနီးစပ်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် အင်္ဂါနေ့ညမှာ ကစားရမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အတွက်တော့ ကြံ့ခိုင်နေနိုင်အောင် ပြန်လည်လုပ်ဆောင်ရဦးမယ်လို့ နော့ဝစ်ချ်နဲ့နိုင်ပွဲအပြီးမှာ ဟန်ဒါဆင်ပြော။

– အရန်ခုံကနေ ထလာခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာဒီယို မာနေးရဲ့ စွမ်းဆောင်မှုနဲ့ ၂၆ ပွဲမှာ ၇၆ မှတ် ရရှိထားတဲ့ လီဗာပူးလ်ကို လိုက်မမီဖို့ သေချာသွားတဲ့အထဲမှာ အဆင့် ၉ က မန်ချက်စတာယူနိုက်တက် ပါဝင်သွားခဲ့ပြီလို့ ဒေးလီးမေးလ် ဖော်ပြ။

– နော့ဝစ်ချ်နဲ့ အဝေးကွင်းလူစာရင်းမှာ ဂျပန်တိုက်စစ်မှူး တာကူမီ မီနာမီနို ပါဝင်မလာခဲ့ခြင်းဟာ ဒဏ်ရာတစ်စုံတစ်ရာရှိလို့ မဟုတ်ဘဲ နည်းစနစ်ပိုင်းအရ အရန် ၇ ဦး ရွေးချယ်ရာမှာ အပြောင်းအလဲလုပ်ခဲ့လို့ ကျန်ခဲ့တာလို့ နည်းပြ ယာဂန် ကလော့ပ် ရှင်းလင်း။

– လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်က အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ ဒီရာသီ အတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ရရှိလိမ့်မယ်လို့ ယုံကြည်နေကြောင်း ထောက်ခံပြောကြားသွားခဲ့ပါတယ်။

– အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဂိုးကို နော့ဝစ်ချ်နဲ့ပွဲမှာ လူစားဝင်ပြီး အနိုင်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာကို ဆာဒီယို မာနေးအနေနဲ့ မသိရှိခဲ့ဘဲ အင်တာဗျူးသူက ပြောပြတော့မှ ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်သွားခဲ့။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.