International World Cup

အီရန်နဲ့ပွဲက ဒဏ်ရာကြောင့် ယူအက်စ်အေနဲ့ပွဲကို လွဲချော်မယ့် အဓိကကစားသမား

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီ ကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ယူအက်စ်အေနဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ တနင်္လာနေ့က ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် အီရန်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဟာရီ ကိန်းဟာ ကွင်းထဲကနေ ထွက်ခွာချိန်မှာ ခြေကျင်းဝတ် ဘေးပတ်ပတ်လည်ကို အစည်းစည်းပြီး ထော့နဲ့ထော့နဲ့ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဟာရီ ကိန်းဟာ လက်ရှိမှာတော့ အင်္ဂလန်ရဲ့ ဒုတိယမြောက် အုပ်စုပွဲစဉ်မတိုင်ခင် ဒဏ်ရာရဲ့ အတိမ်အနက်ကို အကဲဖြတ်ဖို့အတွက် ဓာတ်မှန်ရိုက် စစ်ဆေးမှုခံယူသွားရမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘယ်လို ထိခိုက်မှုမျိုးကမဆို ဟာရီ ကိန်းကို သောကြာနေ့ညနေ အုပ်စု B ဒုတိယပွဲစဉ်အတွက် ပြန်လည်သက်သာဖို့ အချိန်အနည်းငယ်သာ ရရှိမယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အီရန်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဟာရီ ကိန်းနေရာမှာ လူစားဝင်ကစားပေးခဲ့တဲ့ နယူးကာဆယ်လ် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးသာ ပါဝင်ကစားပေးနိုင်ခြင်းမရှိဘူးဆိုရင် ယူအက်စ်အေနဲ့ပွဲမှာ ပွဲထွက်ကစားပေးသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အင်္ဂလန်ရဲ့ အုပ်စု B နောက်ဆုံးပွဲစဉ်ဟာ အင်္ဂါနေ့မှာ ဝေးလ်စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကိန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆောက်ဂိတ်က အခုလို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ဟာရီရဲ့ အခြေအနေက ကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက ဆိုးရွားတဲ့ဖျက်ထုတ်ပုံမျိုး ဖြစ်ခဲ့ပေမယ့် သူ ပွဲကို ဆက်ကစားခဲ့တယ်။ ကျွန်တော်တို့ သူ့ကို လူစားလဲခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲစဉ်အတွင်းမှာ အနိုင်ရအောင်လုပ်နိုင်တယ်လို့ အဲဒီအချိန်မှာ ခံစားခဲ့ရလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး ဟာရီ ကိန္းဟာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ယူအက္စ္ေအနဲ႔ ကစားရမယ့္ အဂၤလန္ရဲ႕ ကမာၻ႔ဖလားပြဲစဥ္ကို လြဲေခ်ာ္ႏိုင္တယ္လို႔ သိရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ တနလၤာေန႔က ကမာၻ႔ဖလားအဖြင့္ပြဲစဥ္အျဖစ္ အီရန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္းမွာ ညာဘက္ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ဟာရီ ကိန္းဟာ ကြင္းထဲကေန ထြက္ခြာခ်ိန္မွာ ေျခက်င္းဝတ္ ေဘးပတ္ပတ္လည္ကို အစည္းစည္းၿပီး ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဟာရီ ကိန္းဟာ လက္ရွိမွာေတာ့ အဂၤလန္ရဲ႕ ဒုတိယေျမာက္ အုပ္စုပြဲစဥ္မတိုင္ခင္ ဒဏ္ရာရဲ႕ အတိမ္အနက္ကို အကဲျဖတ္ဖို႔အတြက္ ဓာတ္မွန္႐ိုက္ စစ္ေဆးမႈခံယူသြားရမယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဘယ္လို ထိခိုက္မႈမ်ိဳးကမဆို ဟာရီ ကိန္းကို ေသာၾကာေန႔ညေန အုပ္စု B ဒုတိယပြဲစဥ္အတြက္ ျပန္လည္သက္သာဖို႔ အခ်ိန္အနည္းငယ္သာ ရရွိမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

အီရန္နဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ ဟာရီ ကိန္းေနရာမွာ လူစားဝင္ကစားေပးခဲ့တဲ့ နယူးကာဆယ္လ္ တိုက္စစ္မႉး ကယ္လမ္ ဝီလ္ဆင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးသာ ပါဝင္ကစားေပးႏိုင္ျခင္းမရွိဘူးဆိုရင္ ယူအက္စ္ေအနဲ႔ပြဲမွာ ပြဲထြက္ကစားေပးသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အဂၤလန္ရဲ႕ အုပ္စု B ေနာက္ဆုံးပြဲစဥ္ဟာ အဂၤါေန႔မွာ ေဝးလ္စ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ကိန္းရဲ႕ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ေဆာက္ဂိတ္က အခုလို ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ဟာရီရဲ႕ အေျခအေနက ေကာင္းမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက ဆိုး႐ြားတဲ့ဖ်က္ထုတ္ပုံမ်ိဳး ျဖစ္ခဲ့ေပမယ့္ သူ ပြဲကို ဆက္ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ႔ကို လူစားလဲခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ပြဲစဥ္အတြင္းမွာ အႏိုင္ရေအာင္လုပ္ႏိုင္တယ္လို႔ အဲဒီအခ်ိန္မွာ ခံစားခဲ့ရလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.