International World Cup

ဆားဘီးယားနဲ့ပွဲအတွက် ပေါက်ကြားလာတဲ့ ဘရာဇီးလ်လူစာရင်း

ဘရာဇီးလ်အသင်းဟာ ကြာသပတေးနေ့ ဆားဘီးယားနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အတွက် တိုက်စစ်ကုန်ဖွင့်သွားတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ အုပ်စု G အဖွင့်ပွဲစဉ်အတွက် ဘရာဇီးလ်ပွဲထွက်လူစာရင်းမှာ ပါဝင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် နည်းပြ တီတီက နောက်ထပ် တိုက်စစ်ကစားသမားထည့်လို့ရအောင် မန်ယူကွင်းလယ်ကစားသမားကို စတေးခဲ့တယ်လို့ ဘရာဇီးလ်က သတင်းတွေအရ သိရပါတယ်။

ဘရာဇီးလ်ရုပ်သံဌာန Globo ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တို့မှာ ပြုလုပ်ခဲ့တဲ့ တံခါးပိတ်လေ့ကျင့်ရေးအစီအစဉ် ၂ ခုစလုံးမှာ ကစားကွက်ကို စမ်းသပ်ခဲ့ပြီး နောက်ကျ အပြောင်းအလဲ ပြုလုပ်ရမှာမျိုးမရှိဘူးဆိုရင် တီတီအနေနဲ့ တိုက်စစ်မှာ ရစ်ချာလီဆန်နဲ့ နေမာ၊ တောင်ပံ ၂ ဖက်မှာ ရာဖင်ညာနဲ့ ဗင်နီးရှပ်စ် ဂျူနီယာတို့ကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။

ဖရက်ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော် ကက်စမီရိုကတော့ ဘရာဇီးလ်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းသွားမှာဖြစ်ပြီး ဝက်စ်ဟမ်းကြယ်ပွင့် လူးကပ်စ် ပါကယ်တာက ရှေ့တက် ကစားသွားမှာဖြစ်ပါတယ်။

ဂိုးပေါက်မှာတော့ အယ်လစ်ဆန်က ပွဲထွက်သွားမှာဖြစ်ပြီး သီယေဂို ဆေးလ်ဗား၊ မာကင်ညို့စ်တို့က ဗဟိုခံစစ်၊ ဒါနီလိုနဲ့ အဲလက်စ် ဆန်ဒရိုတို့က နောက်ခံတောင်ပံအဖြစ်နဲ့ ပွဲထွက်ပါဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဘရာဇီးလ်ရဲ့ ပွဲစဉ် အများစုမှာ ပွဲထွက်ကစားပေးခဲ့တာကြောင့် Globo က ဘရာဇီးလ်ရဲ့ ဆားဘီးယားနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို မကြုံစဖူးလူစာရင်းလို့ ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်ဟာ အုပ်စု G မှာ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့လည်း ကစားသွားရမှာ ဖြစ်ပါတယ်။

ဆားဘီးယားနဲ့ပွဲစဉ်အတွက် ပေါက်ကြားလာတဲ့ ဘရာဇီးလ်ပွဲထွက်လူစာရင်း

အယ်လစ်ဆန်၊ သီယေဂို ဆေးလ်ဗား၊ မာကင်ညို့စ်၊ အဲလက်စ် ဆန်ဒရို၊ ကက်စမီရို၊ လူးကပ်စ် ပါကယ်တာ၊ ရာဖင်ညာ၊ ရစ်ချာလီဆန်၊ နေမာ၊ ဗင်နီးရှပ်စ် ဂျူနီယာ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းဟာ ၾကာသပေတးေန႔ ဆားဘီးယားနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အတြက္ တိုက္စစ္ကုန္ဖြင့္သြားေတာ့မယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္ဟာ အုပ္စု G အဖြင့္ပြဲစဥ္အတြက္ ဘရာဇီးလ္ပြဲထြက္လူစာရင္းမွာ ပါဝင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရေပမယ့္ နည္းျပ တီတီက ေနာက္ထပ္ တိုက္စစ္ကစားသမားထည့္လို႔ရေအာင္ မန္ယူကြင္းလယ္ကစားသမားကို စေတးခဲ့တယ္လို႔ ဘရာဇီးလ္က သတင္းေတြအရ သိရပါတယ္။

ဘရာဇီးလ္႐ုပ္သံဌာန Globo ရဲ႕ ေဖာ္ျပခ်က္အရ ဘရာဇီးလ္ဟာ တနလၤာေန႔နဲ႔ အဂၤါေန႔တို႔မွာ ျပဳလုပ္ခဲ့တဲ့ တံခါးပိတ္ေလ့က်င့္ေရးအစီအစဥ္ ၂ ခုစလုံးမွာ ကစားကြက္ကို စမ္းသပ္ခဲ့ၿပီး ေနာက္က် အေျပာင္းအလဲ ျပဳလုပ္ရမွာမ်ိဳးမရွိဘူးဆိုရင္ တီတီအေနနဲ႔ တိုက္စစ္မွာ ရစ္ခ်ာလီဆန္နဲ႔ ေနမာ၊ ေတာင္ပံ ၂ ဖက္မွာ ရာဖင္ညာနဲ႔ ဗင္နီးရွပ္စ္ ဂ်ဴနီယာတို႔ကို ေ႐ြးခ်ယ္သြားမယ္လို႔ သိရပါတယ္။

ဖရက္ဒ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ ကက္စမီ႐ိုကေတာ့ ဘရာဇီးလ္ရဲ႕ ကြင္းလယ္ကို ထိန္းေက်ာင္းသြားမွာျဖစ္ၿပီး ဝက္စ္ဟမ္းၾကယ္ပြင့္ လူးကပ္စ္ ပါကယ္တာက ေရွ႕တက္ ကစားသြားမွာျဖစ္ပါတယ္။

ဂိုးေပါက္မွာေတာ့ အယ္လစ္ဆန္က ပြဲထြက္သြားမွာျဖစ္ၿပီး သီေယဂို ေဆးလ္ဗား၊ မာကင္ညိဳ႕စ္တို႔က ဗဟိုခံစစ္၊ ဒါနီလိုနဲ႔ အဲလက္စ္ ဆန္ဒ႐ိုတို႔က ေနာက္ခံေတာင္ပံအျဖစ္နဲ႔ ပြဲထြက္ပါဝင္ကစားေပးသြားမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္ဟာ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ဘရာဇီးလ္ရဲ႕ ပြဲစဥ္ အမ်ားစုမွာ ပြဲထြက္ကစားေပးခဲ့တာေၾကာင့္ Globo က ဘရာဇီးလ္ရဲ႕ ဆားဘီးယားနဲ႔ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းကို မႀကဳံစဖူးလူစာရင္းလို႔ ေဖာ္ျပခဲ့ပါတယ္။ ဘရာဇီးလ္ဟာ အုပ္စု G မွာ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔လည္း ကစားသြားရမွာ ျဖစ္ပါတယ္။

ဆားဘီးယားနဲ႔ပြဲစဥ္အတြက္ ေပါက္ၾကားလာတဲ့ ဘရာဇီးလ္ပြဲထြက္လူစာရင္း

အယ္လစ္ဆန္၊ သီေယဂို ေဆးလ္ဗား၊ မာကင္ညိဳ႕စ္၊ အဲလက္စ္ ဆန္ဒ႐ို၊ ကက္စမီ႐ို၊ လူးကပ္စ္ ပါကယ္တာ၊ ရာဖင္ညာ၊ ရစ္ခ်ာလီဆန္၊ ေနမာ၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.