International World Cup

သြစတြေးလျနဲ့ပွဲက ခြေစွမ်းကြောင့် GOAT လို့ သတ်မှတ်ခံခဲ့ရတဲ့ အမ်ဘာပေ

ပရိသတ်တွေဟာ သြစတြေးလျနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်အသင်းကို အံ့အားသင့်ဖွယ် နိုင်ပွဲပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။

လက်ရှိကမ္ဘာ့ချန်ပီယံတွေဟာ ကာရင် ဘန်ဇီးမား၊ ပေါ့ဂ်ဘာ၊ ကွန်တေတို့လို အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်တဲ့ ပြဿနာအများအပြားနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေဟာ ၁၉၅၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးလ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ အသင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ ပြင်သစ်ရဲ့ မျှော်မှန်းချက်တွေကို အမ်ဘာပေက ပုခုံးထမ်းတင်ပြနေပြီ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ သြစတြေးလျနဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ ခံစစ်ကစားပုံအချို့ကြောင့် အစောပိုင်းကတည်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး စိတ်ပျက်စရာ စတင်မှုဖြစ်ခဲ့ပေမယ့်လည်း အက်ဒရီယန် ရာဗျိုက အနီးကပ်ပိတ်သွင်းပြီး ချေပဂိုးသွင်းယူပြီးနောက် ဂျီရူးက ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်နိုင်စေမယ့် ဦးဆောင်ဂိုကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အမ်ဘာပေဟာ ဒုတိယပိုင်းမှာ တကမ္ဘာလုံးရဲ့ အာရုံကို ၎င်းရဲ့ ကြောက်မက်ဖွယ် အဆုံးသတ်နဲ့အတူ ဆွဲဆောင်နိုင်ခဲ့ပြီး ပြင်သစ်အတွက် အနိုင်သေချာစေခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ တောင်ပံက ပြိုင်ဘက်ကစားသမားကို ထူးခြားကောင်းမွန်တဲ့ပုံစံနဲ့ အလဲထိုးပြီး သီယာရီ အွန်နရီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့တဲ့ ဂျီရူး ခေါင်းတိုက်သွင်းယူနိုင်အောင် ခုတ်တင်ပေးပို့နိုင်ခဲ့ချိန်မှာ အချိုပေါ် သကာဆင့်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိမယ့်သူအဖြစ် လူအများစုရဲ့ ဟောကိန်းထုတ်ခြင်းကို ခံခဲ့ရပြီး သြစတြေးလျနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် တွစ်တာလူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ပြင်သစ်ကြယ်ပွင့်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

“အမ်ဘာပေ သူ့အတွက်နဲ့ တခြားလူတွေအတွက် သက်တောင့်သက်သာ ဖန်တီးပေးနိုင်မှု၊ အခွင့်အရေးတွေရဲ့ အဆုံးသတ်ကို ဝင်ရောက်နိုင်မှု၊ ချိတ်ဆက်ကစားနိုင်စွမ်း၊ နောက်ထိဆင်းကစားပေးတာ၊ ခံစစ်ကစားသမားတွေကို ဆွဲခေါ်တာ၊ ညာတောင်ပံရော ဘယ်တောင်ပံမှာပါ ကစားနေချိန်အတွင်း အပြင်ကရော အတွင်းက ကစားသမားတွေကိုပါ အလဲထိုးနိုင်တာတွေက အံ့အားသင့်စရာကောင်းတယ်။ သူ ဒီဟာတွေကို လုပ်နေခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ”လို့ ပရိသတ်တစ်ဦး ပြောကြားခဲ့ပြီး “ကျွန်တော် GOAT အငြင်းအခုံကို ၁၀ နှစ်လောက် ဘက်မှားပြီး ရပ်တည်ခဲ့ပြီး ကျွန်တော် အမ်ဘာပေနဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် အမှားလုပ်တော့မှာမဟုတ်ဘူး။ မင်းက GOAT ပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက အင်္ဂါနေ့ညမှာ ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူနိုင်သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ချိန်မှာ အသင်းဖော် လီယွန်နယ် မက်ဆီကတော့ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ ဆော်ဒီ အာရေဗျနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားနောက်ခံလူတွေနဲ့ ဂိုးသမားရဲ့ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးပွဲကို ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြဟာ ၾသစေၾတးလ်နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ျပင္သစ္အသင္းကို အံ့အားသင့္ဖြယ္ ႏိုင္ပြဲျပန္လည္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အံ့အားသင့္ခဲ့ၾကရပါတယ္။

လက္ရွိကမာၻ႔ခ်န္ပီယံေတြဟာ ကာရင္ ဘန္ဇီးမား၊ ေပါ့ဂ္ဘာ၊ ကြန္ေတတို႔လို အဓိက ကစားသမားေတြ ဒဏ္ရာျပႆနာေၾကာင့္ မပါဝင္ႏိုင္တဲ့ ျပႆနာအမ်ားအျပားနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲကို လာေရာက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အမ္ဘာေပဟာ ၁၉၅၈ ကမာၻ႔ဖလားတုန္းက ဘရာဇီးလ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကမာၻ႔ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္တဲ့ အသင္းျဖစ္လာဖို႔ ရည္မွန္းထားတဲ့ ျပင္သစ္ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြကို အမ္ဘာေပက ပုခုံးထမ္းတင္ျပေနၿပီ ျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ၾသစေၾတးလ်နဲ႔ပြဲစဥ္မွာ ဆိုး႐ြားတဲ့ ခံစစ္ကစားပုံအခ်ိဳ႕ေၾကာင့္ အေစာပိုင္းကတည္းက ေနာက္ကေန လိုက္ကစားခဲ့ရၿပီး စိတ္ပ်က္စရာ စတင္မႈျဖစ္ခဲ့ေပမယ့္လည္း အက္ဒရီယန္ ရာဗ်ိဳက အနီးကပ္ပိတ္သြင္းၿပီး ေခ်ပဂိုးသြင္းယူၿပီးေနာက္ ဂ်ီ႐ူးက ပထမပိုင္းအၿပီးမွာ ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ ဦးေဆာင္ဂိုကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ အမ္ဘာေပဟာ ဒုတိယပိုင္းမွာ တကမာၻလုံးရဲ႕ အာ႐ုံကို ၎ရဲ႕ ေၾကာက္မက္ဖြယ္ အဆုံးသတ္နဲ႔အတူ ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ျပင္သစ္အတြက္ အႏိုင္ေသခ်ာေစခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ေတာင္ပံက ၿပိဳင္ဘက္ကစားသမားကို ထူးျခားေကာင္းမြန္တဲ့ပုံစံနဲ႔ အလဲထိုးၿပီး သီယာရီ အြန္နရီရဲ႕ ဂိုးသြင္းစံခ်ိန္ကို လိုက္မီခဲ့တဲ့ ဂ်ီ႐ူး ေခါင္းတိုက္သြင္းယူႏိုင္ေအာင္ ခုတ္တင္ေပးပို႔ႏိုင္ခဲ့ခ်ိန္မွာ အခ်ိဳေပၚ သကာဆင့္သလို ျဖစ္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ေ႐ႊဖိနပ္ဆုကို ရရွိမယ့္သူအျဖစ္ လူအမ်ားစုရဲ႕ ေဟာကိန္းထုတ္ျခင္းကို ခံခဲ့ရၿပီး ၾသစေၾတးလ်နဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ေၾကာင့္ တြစ္တာလူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ျပင္သစ္ၾကယ္ပြင့္ရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။

“အမ္ဘာေပ သူ႔အတြက္နဲ႔ တျခားလူေတြအတြက္ သက္ေတာင့္သက္သာ ဖန္တီးေပးႏိုင္မႈ၊ အခြင့္အေရးေတြရဲ႕ အဆုံးသတ္ကို ဝင္ေရာက္ႏိုင္မႈ၊ ခ်ိတ္ဆက္ကစားႏိုင္စြမ္း၊ ေနာက္ထိဆင္းကစားေပးတာ၊ ခံစစ္ကစားသမားေတြကို ဆြဲေခၚတာ၊ ညာေတာင္ပံေရာ ဘယ္ေတာင္ပံမွာပါ ကစားေနခ်ိန္အတြင္း အျပင္ကေရာ အတြင္းက ကစားသမားေတြကိုပါ အလဲထိုးႏိုင္တာေတြက အံ့အားသင့္စရာေကာင္းတယ္။ သူ ဒီဟာေတြကို လုပ္ေနခဲ့တာ အခုဆိုရင္ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ”လို႔ ပရိသတ္တစ္ဦး ေျပာၾကားခဲ့ၿပီး “ကြၽန္ေတာ္ GOAT အျငင္းအခုံကို ၁၀ ႏွစ္ေလာက္ ဘက္မွားၿပီး ရပ္တည္ခဲ့ၿပီး ကြၽန္ေတာ္ အမ္ဘာေပနဲ႔ပတ္သက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ အမွားလုပ္ေတာ့မွာမဟုတ္ဘူး။ မင္းက GOAT ပဲ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက အဂၤါေန႔ညမွာ ကိုယ္တိုင္လည္း တစ္ဂိုးသြင္းယူႏိုင္သလို ဂိုးဖန္တီးမႈတစ္ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့ခ်ိန္မွာ အသင္းေဖာ္ လီယြန္နယ္ မက္ဆီကေတာ့ အေစာပိုင္းပြဲစဥ္ျဖစ္တဲ့ ေဆာ္ဒီ အာေရဗ်နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီကေန အဖြင့္ဂိုး သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားေနာက္ခံလူေတြနဲ႔ ဂိုးသမားရဲ႕ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးပြဲကို ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.