International World Cup

မာတီနက်ဇ်ရဲ့ဂိုးက လူမကျွံဘဲ မှားယွင်းပယ်ဖျက်ခဲ့တယ်လို့ ပြစ်တင်ခံခဲ့ရတဲ့ VAR နဲ့ ဖီဖာ

ဖီဖာနဲ့ VAR တို့ဟာ လော်တာရို မာတီနက်ဇ်ရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့ သွင်းဂိုးမှာ ကြီးမားတဲ့ အချက်အလက်ကို လွဲချော်ခဲ့တယ်လို့ စွပ်စွဲခြင်းခံခဲ့ရပြီး အာဂျင်တီးနားအသင်းဟာ ဆော်ဒီ အာရေဗျရဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနားဟာ အင်္ဂါနေ့ညနေက ဆော်ဒီ အာရေဗျအသင်းရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီး ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အယ်-ဒေါ်စာရီရဲ့ ဒုတိယပိုင်း ဂိုးကန်သွင်းချက်က ဆော်ဒီ အာရေဗျအတွက် အနိုင်ရရှိစေဖို့ လုံလောက်တဲ့ ဦးဆောင်ဂိုး ဖြစ်ခဲ့ပြီး ဆော်ဒီဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပေမယ့်လည်း ပထမပိုင်းမှာ VAR ကြောင့်သာ စောစောစီးစီး ပွဲမပြတ်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပထမပိုင်းမှာ လူကျွံဘောကြောင့် ဂိုးအဖြစ် ၃ ဂိုးအထိ ခွင့်ပြုဖို့ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ကွင်းအတွင်း ဒိုင်လူကြီးတွေကို ဆီမီးအော်တို လူကျွံဘောဖမ်းစနစ်က ဆုံးဖြတ်ချက် ချမှတ်ရာမှာ အကူအညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ အလိုအလျောက်စနစ်ဟာ လော်တာရို မာတီနက်ဇ်ရဲ့လူကျွံဘောကို မှားယွင်းသတ်မှတ်ခဲ့တယ်လို့ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပြီး VAR ဟာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ အနီးကပ်ဆုံး နောက်ခံလူကိုပဲ ကြည့်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဘယ်နောက်ခံလူ ယက်ဆာ အယ်လ်ရှာရာနီက မာတီနက်ဇ်ကို လူကျွံအနေအထားမဖြစ်အောင် ရှိနေခဲ့ပုံပေါ်ပြီး အဲဒီသွင်းဂိုးသာ ခွင့်ပြုခြင်းခံခဲ့ရရင် အာဂျင်တီးနားက ၂-၀ နဲ့ ဦးဆောင်သွားနိုင်ခဲ့မှာ ဖြစ်ပါတယ်။ “လူကျွံဘော ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတဲ့ လော်တာရို မာတီနက်ဇ် သွင်းဂိုးရဲ့ ဓာတ်ပုံ”လို့ ပရိသတ်တစ်ဦးက တင်ပြီး အမှန်တရားကို ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ဖီဖာက စိတ်ပျက်စရာကောင်းတဲ့ အမှားကို ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ အော်မိုမက်တစ် လူကျွံဘောအရမဟုတ်ဘဲ မျဉ်းတွေအရပြောမယ်ဆိုရင် ဆော်ဒီ နောက်ဆုံးလူရဲ့နောက်မှာ ကစားသမားတစ်ဦးခဲ့တယ်”

“အဲဒါက ဆိုးရွားလွန်းတဲ့အမှားပဲ။ ပွဲက ပြီးသွားပြီဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် လော်တာရို မာတီနက်ဇ်က လူကျွံမနေခဲ့ဘူး။ လူကျွံစည်းတစ်ခုလုံးကြီးကို သုံးမယ့်အစား လော်တာရိုနဲ့အနီးကပ်ဆုံး ကစားသမားကိုပဲ အသုံးပြုခဲ့တယ်။ သူတို့တွေ ကမ္ဘာ့ဖလားအတွက် VAR ကို စည်းမျဉ်းအသစ်တွေနဲ့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် အဲဒါက ပိုဆိုးလာဖို့ပဲ ဖြစ်နေခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကတော့ “ကျွန်တော် မှားကောင်း မှားနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အဲဒီသွင်းဂိုးကို လူကျွံဘောပေးလိုက်တာက မာတီနက်ဇ်ရဲ့ညာဘက်ကို ကာကွယ်နေတာကြောင့် ပေးခဲ့တာပါ။ ဘယ်နောက်ခံက အဝေးဆုံးနောက်ခံလူလို့ ကျွန်တော် တွေးမိနေတာက ရူးများနေတာလားမသိဘူး”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ မာတီနက်ဇ်ရဲ့ သွင်းဂိုးဟာ လူကျွံဘော ခွင့်ပြုသင့်၊ မသင့်ကို ငြင်းခုံနိုင်ကြပေမယ့်လည်း အင်တာမီလန်တိုက်စစ်မှူးရဲ့ ကျော်ကန်သွင်းသွားမှုကတော့ အလွန်ကောင်းမွန်တဲ့သွင်းဂိုးဆိုတာ ငြင်းပယ်လို့ မရနိုင်တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာနဲ႔ VAR တို႔ဟာ ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့ သြင္းဂိုးမွာ ႀကီးမားတဲ့ အခ်က္အလက္ကို လြဲေခ်ာ္ခဲ့တယ္လို႔ စြပ္စြဲျခင္းခံခဲ့ရၿပီး အာဂ်င္တီးနားအသင္းဟာ ေဆာ္ဒီ အာေရဗ်ရဲ႕ အံ့အားသင့္ဖြယ္ အႏိုင္ယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲ မစတင္မီ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ အာဂ်င္တီးနားဟာ အဂၤါေန႔ညေနက ေဆာ္ဒီ အာေရဗ်အသင္းရဲ႕ အႏိုင္ယူျခင္းကို ခံခဲ့ရၿပီး ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ အယ္-ေဒၚစာရီရဲ႕ ဒုတိယပိုင္း ဂိုးကန္သြင္းခ်က္က ေဆာ္ဒီ အာေရဗ်အတြက္ အႏိုင္ရရွိေစဖို႔ လုံေလာက္တဲ့ ဦးေဆာင္ဂိုး ျဖစ္ခဲ့ၿပီး ေဆာ္ဒီဟာ အႏိုင္ရလဒ္နဲ႔ ထိုက္တန္ခဲ့ေပမယ့္လည္း ပထမပိုင္းမွာ VAR ေၾကာင့္သာ ေစာေစာစီးစီး ပြဲမျပတ္သြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပထမပိုင္းမွာ လူကြၽံေဘာေၾကာင့္ ဂိုးအျဖစ္ ၃ ဂိုးအထိ ခြင့္ျပဳဖို႔ ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ကြင္းအတြင္း ဒိုင္လူႀကီးေတြကို ဆီမီးေအာ္တို လူကြၽံေဘာဖမ္းစနစ္က ဆုံးျဖတ္ခ်က္ ခ်မွတ္ရာမွာ အကူအညီေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီ အလိုအေလ်ာက္စနစ္ဟာ ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕လူကြၽံေဘာကို မွားယြင္းသတ္မွတ္ခဲ့တယ္လို႔ ျပစ္တင္ေဝဖန္ျခင္းခံခဲ့ရၿပီး VAR ဟာ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ အနီးကပ္ဆုံး ေနာက္ခံလူကိုပဲ ၾကည့္ခဲ့တယ္လို႔ စြပ္စြဲမႈေတြ ရွိေနတာျဖစ္ပါတယ္။

ဘယ္ေနာက္ခံလူ ယက္ဆာ အယ္လ္ရွာရာနီက မာတီနက္ဇ္ကို လူကြၽံအေနအထားမျဖစ္ေအာင္ ရွိေနခဲ့ပုံေပၚၿပီး အဲဒီသြင္းဂိုးသာ ခြင့္ျပဳျခင္းခံခဲ့ရရင္ အာဂ်င္တီးနားက ၂-၀ နဲ႔ ဦးေဆာင္သြားႏိုင္ခဲ့မွာ ျဖစ္ပါတယ္။ “လူကြၽံေဘာ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့ ေလာ္တာ႐ို မာတီနက္ဇ္ သြင္းဂိုးရဲ႕ ဓာတ္ပုံ”လို႔ ပရိသတ္တစ္ဦးက တင္ၿပီး အမွန္တရားကို ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။ “ဖီဖာက စိတ္ပ်က္စရာေကာင္းတဲ့ အမွားကို ျပဳလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေအာ္မိုမက္တစ္ လူကြၽံေဘာအရမဟုတ္ဘဲ မ်ဥ္းေတြအရေျပာမယ္ဆိုရင္ ေဆာ္ဒီ ေနာက္ဆုံးလူရဲ႕ေနာက္မွာ ကစားသမားတစ္ဦးခဲ့တယ္”

“အဲဒါက ဆိုး႐ြားလြန္းတဲ့အမွားပဲ။ ပြဲက ၿပီးသြားၿပီဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ေလာ္တာ႐ို မာတီနက္ဇ္က လူကြၽံမေနခဲ့ဘူး။ လူကြၽံစည္းတစ္ခုလုံးႀကီးကို သုံးမယ့္အစား ေလာ္တာ႐ိုနဲ႔အနီးကပ္ဆုံး ကစားသမားကိုပဲ အသုံးျပဳခဲ့တယ္။ သူတို႔ေတြ ကမာၻ႔ဖလားအတြက္ VAR ကို စည္းမ်ဥ္းအသစ္ေတြနဲ႔ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ေပမယ့္ အဲဒါက ပိုဆိုးလာဖို႔ပဲ ျဖစ္ေနခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ပရိသတ္တစ္ဦးကေတာ့ “ကြၽန္ေတာ္ မွားေကာင္း မွားႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြ အဲဒီသြင္းဂိုးကို လူကြၽံေဘာေပးလိုက္တာက မာတီနက္ဇ္ရဲ႕ညာဘက္ကို ကာကြယ္ေနတာေၾကာင့္ ေပးခဲ့တာပါ။ ဘယ္ေနာက္ခံက အေဝးဆုံးေနာက္ခံလူလို႔ ကြၽန္ေတာ္ ေတြးမိေနတာက ႐ူးမ်ားေနတာလားမသိဘူး”လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

ပရိသတ္ေတြအေနနဲ႔ မာတီနက္ဇ္ရဲ႕ သြင္းဂိုးဟာ လူကြၽံေဘာ ခြင့္ျပဳသင့္၊ မသင့္ကို ျငင္းခုံႏိုင္ၾကေပမယ့္လည္း အင္တာမီလန္တိုက္စစ္မႉးရဲ႕ ေက်ာ္ကန္သြင္းသြားမႈကေတာ့ အလြန္ေကာင္းမြန္တဲ့သြင္းဂိုးဆိုတာ ျငင္းပယ္လို႔ မရႏိုင္တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.