Premier League Transfer News

Trending: ကတ္တီပါလမ်းခွဲ မဟုတ်တဲ့ ရော်နယ်လ်ဒိုနဲ့ မန်ယူတို့ အပြီးသတ် နှုတ်ဆက်ပြီ

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပွဲရှာတဲ့ အင်တာဗျူးအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ ဒီလုပ်ရပ်ကို လက်ခံဖို့ ခက်ခဲခဲ့တာကြောင့် တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့အပြီးမှာ ပေါ်တူဂီသားကို အသင်းကနေ ထုတ်ပယ်ဖို့ တရားဝင် ဆုံးဖြတ်ကြောင်း ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ စကားလုံး ၆၇ လုံး ပါဝင်တဲ့ ‌ကြေငြာချက်ကို အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့် ထုတ်ပြန်သွားခဲ့ပြီး သူတို့နဲ့ ကစားသမားနဲ့ကြား ကျန်ရှိနေတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့ကြောင်းနဲ့ အနာဂတ်မှာ ရော်နယ်လ်ဒိုနဲ့ သူ့မိသားစု သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးသွားခဲ့တာပါ။

နည်းပြအပေါ် ဝေဖန်ရေးလုပ်ခဲ့တဲ့ ပေါ်တူဂီသားရဲ့ စကားလုံးတွေကို တုံ့ပြန်တဲ့ အနေနဲ့တော့ “အသင်းမှာ ရှိသူအားလုံးအနေနဲ့ လက်ရှိပုံစံကနေ တစ်ဆင့်ချင်း ပိုကောင်းလာအောင် ကြိုးစားနေကြပြီး နည်းပြ အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ နိုင်ပွဲတွေကို ပြသဖို့ အာရုံစိုက်ထားကြတယ်”လို့လည်း တစ်ပါတည်း ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကနေ ပြီးခဲ့တဲ့ ရာသီက နှစ်နှစ်စာချုပ် ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လုပ်ခလစာ ပမာဏ စုစုပေါင်း ပေါင် ၃၂ သန်းအထိ ပေးချေခဲ့ပြီးဖြစ်ချိန်မှာ လက်ကျန် ပမာဏဖြစ်တဲ့ ပေါင် ၁၆ သန်းကို ရယူဖို့တော့ ကစားသမားဘက်က စွန့်လွှတ်သွားခဲ့သလို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြတာပါ။

ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ ဒီအသင်းနဲ့ ပရိသတ်တွေအပေါ် ထားရှိတဲ့ မေတ္တာမပျက်သလို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်သွားခဲ့ပြီး အနာဂတ်‌ အောင်မြင်မှုတွေအတွက် ဆုတောင်းပေးသွားမယ်လို့ ဆိုခဲ့သလို သူ့အတွက်တော့ နောက်ထပ်စိန်ခေါ်မှုသစ်တွေကို စတင်ဖို့ အချိန်ရောက်လာခဲ့ပြီလို့လည်း ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် နှစ်ကြိမ်ကစားပေးခဲ့ရာမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၃၄၆ ပွဲမှာ ၁၄၅ ဂိုးသွင်းယူပေးခဲ့တဲ့ အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီသားကို ခေါ်ယူဖို့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းက ထိပ်ဆုံးကနေ ရေပန်းစားနေပြီး လက်ကျန် ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ် ကစားခွင့်ကို ရှာဖွေသွားဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

လောင်းကြေးဖွင့်သူတွေအနေနဲ့တော့ စပို့တင်းကို ပြောင်းဖို့ ၃ လေး ၁ လေးလို့ စတင်ခဲ့ကြသလို ချဲလ်ဆီးကို ရောက်ဖို့ ၄ လေး ၁ လေးလို့လည်း သတ်မှတ်ခဲ့ကြပြီး သောမတ်စ် တူဟယ်လ် မရှိတော့တာကြောင့် ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားကြချိန်မှာ ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီနဲ့ ပူးပေါင်းဖို့ ၆ လေး ၁ လေးနဲ့ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိဖို့ ၁၇ လေး ၂ လေးလို့ ဖွင့်လှစ်ထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပြဲရွာတဲ့ အင္တာဗ်ဴးအၿပီးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္း တာဝန္ရွိသူေတြနဲ႔ ဒီလုပ္ရပ္ကို လက္ခံဖို႔ ခက္ခဲခဲ့တာေၾကာင့္ တိုင္ပင္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့အၿပီးမွာ ေပၚတူဂီသားကို အသင္းကေန ထုတ္ပယ္ဖို႔ တရားဝင္ ဆုံးျဖတ္ေၾကာင္း ေၾကျငာသြားခဲ့ၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ စကားလုံး ၆၇ လုံး ပါဝင္တဲ့ ‌ေၾကျငာခ်က္ကို အသင္းဝက္ဘ္ဆိုက္ကတစ္ဆင့္ ထုတ္ျပန္သြားခဲ့ၿပီး သူတို႔နဲ႔ ကစားသမားနဲ႔ၾကား က်န္ရွိေနတဲ့ စာခ်ဳပ္ကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းခဲ့ေၾကာင္းနဲ႔ အနာဂတ္မွာ ေရာ္နယ္လ္ဒိုနဲ႔ သူ႔မိသားစု သာယာေျဖာင့္ျဖဴးပါေစလို႔ ဆုေတာင္းေပးသြားခဲ့တာပါ။

နည္းျပအေပၚ ေဝဖန္ေရးလုပ္ခဲ့တဲ့ ေပၚတူဂီသားရဲ႕ စကားလုံးေတြကို တုံ႔ျပန္တဲ့ အေနနဲ႔ေတာ့ “အသင္းမွာ ရွိသူအားလုံးအေနနဲ႔ လက္ရွိပုံစံကေန တစ္ဆင့္ခ်င္း ပိုေကာင္းလာေအာင္ ႀကိဳးစားေနၾကၿပီး နည္းျပ အဲရစ္ တန္ဟတ္ရဲ႕ လက္ေအာက္မွာ ႏိုင္ပြဲေတြကို ျပသဖို႔ အာ႐ုံစိုက္ထားၾကတယ္”လို႔လည္း တစ္ပါတည္း ထုတ္ျပန္သြားခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေန ၿပီးခဲ့တဲ့ ရာသီက ႏွစ္ႏွစ္စာခ်ဳပ္ ေရာက္ရွိလာခဲ့တဲ့ ေရာ္နယ္လ္ဒိုအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လုပ္ခလစာ ပမာဏ စုစုေပါင္း ေပါင္ ၃၂ သန္းအထိ ေပးေခ်ခဲ့ၿပီးျဖစ္ခ်ိန္မွာ လက္က်န္ ပမာဏျဖစ္တဲ့ ေပါင္ ၁၆ သန္းကို ရယူဖို႔ေတာ့ ကစားသမားဘက္က စြန႔္လႊတ္သြားခဲ့သလို ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၾကတာပါ။

ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ ဒီအသင္းနဲ႔ ပရိသတ္ေတြအေပၚ ထားရွိတဲ့ ေမတၱာမပ်က္သလို ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္ဘူးဆိုတဲ့အေၾကာင္း ထုတ္ျပန္သြားခဲ့ၿပီး အနာဂတ္‌ ေအာင္ျမင္မႈေတြအတြက္ ဆုေတာင္းေပးသြားမယ္လို႔ ဆိုခဲ့သလို သူ႔အတြက္ေတာ့ ေနာက္ထပ္စိန္ေခၚမႈသစ္ေတြကို စတင္ဖို႔ အခ်ိန္ေရာက္လာခဲ့ၿပီလို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ႏွစ္ႀကိမ္ကစားေပးခဲ့ရာမွာ ၿပိဳင္ပြဲစုံ စုစုေပါင္း ၃၄၆ ပြဲမွာ ၁၄၅ ဂိုးသြင္းယူေပးခဲ့တဲ့ အသက္ ၃၇ ႏွစ္ အ႐ြယ္ ေပၚတူဂီသားကို ေခၚယူဖို႔ အသင္းေဟာင္း စပို႔တင္းလစၥဘြန္းက ထိပ္ဆုံးကေန ေရပန္းစားေနၿပီး လက္က်န္ ေဘာလုံးရာသီမွာေတာ့ ခ်န္ပီယံလိဂ္ ကစားခြင့္ကို ရွာေဖြသြားဦးမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ေလာင္းေၾကးဖြင့္သူေတြအေနနဲ႔ေတာ့ စပို႔တင္းကို ေျပာင္းဖို႔ ၃ ေလး ၁ ေလးလို႔ စတင္ခဲ့ၾကသလို ခ်ဲလ္ဆီးကို ေရာက္ဖို႔ ၄ ေလး ၁ ေလးလို႔လည္း သတ္မွတ္ခဲ့ၾကၿပီး ေသာမတ္စ္ တူဟယ္လ္ မရွိေတာ့တာေၾကာင့္ ေရာက္လာႏိုင္တယ္လို႔ ခန႔္မွန္းထားၾကခ်ိန္မွာ ေဒးဗစ္ ဘက္ခမ္းရဲ႕ အင္တာ မိုင္ယာမီနဲ႔ ပူးေပါင္းဖို႔ ၆ ေလး ၁ ေလးနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ေရာက္ရွိဖို႔ ၁၇ ေလး ၂ ေလးလို႔ ဖြင့္လွစ္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.