Premier League

ပရီးမီးယားလိဂ် ပြိုင်ဘက်ဟောင်းကို လှောင်ပြောင်လိုက်တဲ့ စီးတီးဂန္တဝင်

မန်ချက်စတာစီးတီးဂန္တဝင် ဗင်းဆင့် ကွန်ပနီက မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လှောင်ပြောင်ခဲ့ပါတယ်။

အင်္ဂါနေ့ညနေမှာ မန်ချက်စတာယူနိုက်တက်က ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းပြီး လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ တရားဝင် ထုတ်ဖော် ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ Good Morning Britain အစီအစဉ်တင်ဆက်သူဟောင်း ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းနည်းပြ တန်ဟက်နဲ့ လက်ရှိ အသင်းအခြေအနေအပါအဝင် လက်ရှိအသင်းဖော်တွေနဲ့ အသင်းဖော်ဟောင်း၊နည်းပြဟောင်းတွေပါမချန် ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

BBC က ပြင်သစ်နဲ့ သြစတြေးလျတို့ ပွဲစဉ်အတွက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေချိန်အတွင်း သတင်းတွေကို ဆွေးနွေးရာမှာ လက်ရှိမှာ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ဘန်လေနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကွန်ပနီက ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တိုရဲ့ဇာတ်လမ်းကို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“အဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြကလွဲပြီး အားလုံးက ဆုံးရှုံးခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက ဖြေရှင်းရမယ့် ပြဿနာလို့ ကျွန်တော်ထင်ပြီး အခု ဒီကနေ သူတို့တွေ ရှေ့ဆက်သွားလို့ရပြီဆိုတာ ကျွန်တော် သေချာပါတယ်”

ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်ခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်ခဲ့ပြီး လက်ရှိမှာတော့ မေးခွန်းထုတ်စရာရှိလာတာက ပေါ်တူဂီကြယ်ပွင့်အနေနဲ့ လာမယ့် ရာသီဒုတိယပိုင်းကို ဘယ်အသင်းမှာ ကစားသွားမလဲဆိုတာ ဖြစ်ပါတယ်။ အဲဒီအဖြေကတော့ ဘန်လေမဟုတ်တာတော့ ကျိန်းသေနေပြီး ဗင်းဆင့် ကွန်ပနီက ၎င်းအနေနဲ့ ဘန်လေအတွက် ရော်နယ်လ်ဒိုကို ခေါ်ယူမှာလားလို့ ဂယ်ရီ လိုင်နီကာရဲ့ မေးမြန်းခြင်းကို ခံခဲ့ရချိန်မှာ ပြင်းထန်တဲ့ လှောင်ပြောင်မှုကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပြေးလွှားနိုင်တဲ့ ကစားသမားမျိုးတွေပဲ လိုအပ်တာပါ”လို့ ကွန်ပနီက တုံ့ပြန်သွားခဲ့ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့ မြန်နှုန်းနဲ့ ပြီးခဲ့တဲ့တစ်ရာသီခွဲအတွင်း ယူနိုက်တက် ရုန်းကန်ရမှုမှာ အဓိက ဝေဖန်ခြင်းခံခဲ့ရတဲ့ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်စွမ်းကင်းမဲ့မှုအပေါ် ရည်ရွယ်ပြီး ပြစ်တင်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးဂႏၲဝင္ ဗင္းဆင့္ ကြန္ပနီက မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေလွာင္ေျပာင္ခဲ့ပါတယ္။

အဂၤါေန႔ညေနမွာ မန္ခ်က္စတာယူႏိုက္တက္က ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းၿပီး လမ္းခြဲလိုက္ၿပီျဖစ္တယ္လို႔ တရားဝင္ ထုတ္ေဖာ္ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ Good Morning Britain အစီအစဥ္တင္ဆက္သူေဟာင္း ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အသင္းနည္းျပ တန္ဟက္နဲ႔ လက္ရွိ အသင္းအေျခအေနအပါအဝင္ လက္ရွိအသင္းေဖာ္ေတြနဲ႔ အသင္းေဖာ္ေဟာင္း၊နည္းျပေဟာင္းေတြပါမခ်န္ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

BBC က ျပင္သစ္နဲ႔ ၾသစေၾတးလ်တို႔ ပြဲစဥ္အတြက္ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္ေနခ်ိန္အတြင္း သတင္းေတြကို ေဆြးေႏြးရာမွာ လက္ရွိမွာ ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ ဘန္ေလနည္းျပအျဖစ္ ေဆာင္႐ြက္ေနတဲ့ ကြန္ပနီက ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တိုရဲ႕ဇာတ္လမ္းကို မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

“အဆုံးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပကလြဲၿပီး အားလုံးက ဆုံးရႈံးခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲဒါက ေျဖရွင္းရမယ့္ ျပႆနာလို႔ ကြၽန္ေတာ္ထင္ၿပီး အခု ဒီကေန သူတို႔ေတြ ေရွ႕ဆက္သြားလို႔ရၿပီဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္”

ေရာ္နယ္လ္ဒိုဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ခဲ့တယ္ဆိုတာ အားလုံးအသိျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ ေမးခြန္းထုတ္စရာရွိလာတာက ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ လာမယ့္ ရာသီဒုတိယပိုင္းကို ဘယ္အသင္းမွာ ကစားသြားမလဲဆိုတာ ျဖစ္ပါတယ္။ အဲဒီအေျဖကေတာ့ ဘန္ေလမဟုတ္တာေတာ့ က်ိန္းေသေနၿပီး ဗင္းဆင့္ ကြန္ပနီက ၎အေနနဲ႔ ဘန္ေလအတြက္ ေရာ္နယ္လ္ဒိုကို ေခၚယူမွာလားလို႔ ဂယ္ရီ လိုင္နီကာရဲ႕ ေမးျမန္းျခင္းကို ခံခဲ့ရခ်ိန္မွာ ျပင္းထန္တဲ့ ေလွာင္ေျပာင္မႈကို ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ ေျပးလႊားႏိုင္တဲ့ ကစားသမားမ်ိဳးေတြပဲ လိုအပ္တာပါ”လို႔ ကြန္ပနီက တုံ႔ျပန္သြားခဲ့ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ျမန္ႏႈန္းနဲ႔ ၿပီးခဲ့တဲ့တစ္ရာသီခြဲအတြင္း ယူႏိုက္တက္ ႐ုန္းကန္ရမႈမွာ အဓိက ေဝဖန္ျခင္းခံခဲ့ရတဲ့ ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးႏိုင္စြမ္းကင္းမဲ့မႈအေပၚ ရည္႐ြယ္ၿပီး ျပစ္တင္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.