Premier League Transfer News

ဥရောပအသင်းကြီးတစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားမှုပြသခြင်းခံခဲ့ရတဲ့ ရော်နယ်လ်ဒို

စီးရီးအေကလပ်အသင်းဖြစ်တဲ့ ဖီအိုရင်တီးနားအသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အီတလီ ပြန်လည်ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ အံ့အားသင့်ဖွယ် ထုတ်ဖော်ပြသခဲ့တယ်လို့ Calciomercatoweb က ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ပြုလုပ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းကို ခံရနိုင်တဲ့အနေအထားမှာ ရှိနေတာဖြစ်ပြီး တကယ်လို့ စာချုပ်ဖျက်သိမ်းခြင်းခံရမယ်ဆိုရင် ရော်နယ်လ်ဒိုဟာ အလွတ်ဈေးကွက်မှာ ခေါ်ယူနိုင်မယ့် အကြီးမားဆုံးကြယ်ပွင့်တစ်ဦးဖြစ်လာတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကလည်း အသင်းပိုင်ရှင် တော့ဒ် ဘိုလီကိုယ်တိုင် ပေါ်တူဂီကြယ်ပွင့်ကို အလွန်နှစ်သက်နေတာကြောင့် မန်ချက်စတာယူနိုက်တက်ကသာ စာချုပ်ဖျက်သိမ်းခဲ့မယ်ဆိုရင် ခေါ်ယူသွားဖို့ ပြင်ဆင်နေပေမယ့် ဖီအိုရင်တီးနားအသင်းက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် ပြိုင်ဘက်အဖြစ် အံ့အားသင့်ဖွယ် ပေါ်ထွက်လာနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလို အခြေအနေမျိုးမှာ အပြောင်းအရွှေ့ ဖြစ်လာဖို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းက စီးရီးအေကလပ်အသင်းဆီကို ပြောင်းရွှေ့ဖို့ အလားအလာရှိတယ်ဆိုတာကို လမ်းဖွင့်ပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက မပေးနိုင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ကို လိုချင်နေတာ လျှို့ဝှက်ချက်မဟုတ်ဘဲ ဖီအိုရင်တီးနားဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ အဆင့် ၇ နေရာမှာသာ ပြီးဆုံးနိုင်ခဲ့တာကြောင့် ရလဒ်အနေနဲ့ ယူရိုပါ ကွန်းဖရင့်လိဂ်မှာ ကစားနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခရမ်းရောင် တပ်သားတွေဟာ စီးရီးအေ ၁၅ ပွဲကနေ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ဒီအနေအထားအရဆိုရင် ယူရိုပါ ကွန်းဖရင့်လိဂ်ဖလားကို အရယူပြီး လာမယ့် ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားရဖို့က အကောင်းဆုံးအခင်းအကျင်းသာ ဖြစ်နိုင်မှာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အတွက် ၃ နှစ်ကြာ ကစားပေးခဲ့ဖူးတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၁၃၄ ပွဲမှာ သွင်းဂိုး ၁၀၁ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် စီးရီးအေဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမပြောနဲ့ ယူရိုပါလိဂ်တောင် မသေချာတဲ့ ဖီအိုရင်တီးနားအသင်းဆီကို ပြောင်းရွှေ့ဖို့က မဖြစ်နိုင်ဖို့များပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့သွားဖို့ အလားအလာ အကောင်းဆုံးအခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စီးရီးေအကလပ္အသင္းျဖစ္တဲ့ ဖီအိုရင္တီးနားအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အီတလီ ျပန္လည္ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ အံ့အားသင့္ဖြယ္ ထုတ္ေဖာ္ျပသခဲ့တယ္လို႔ Calciomercatoweb က ေဖာ္ျပခဲ့ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴး ျပဳလုပ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထုတ္ပယ္ျခင္းကို ခံရႏိုင္တဲ့အေနအထားမွာ ရွိေနတာျဖစ္ၿပီး တကယ္လို႔ စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရမယ္ဆိုရင္ ေရာ္နယ္လ္ဒိုဟာ အလြတ္ေဈးကြက္မွာ ေခၚယူႏိုင္မယ့္ အႀကီးမားဆုံးၾကယ္ပြင့္တစ္ဦးျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကလည္း အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီကိုယ္တိုင္ ေပၚတူဂီၾကယ္ပြင့္ကို အလြန္ႏွစ္သက္ေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ကသာ စာခ်ဳပ္ဖ်က္သိမ္းခဲ့မယ္ဆိုရင္ ေခၚယူသြားဖို႔ ျပင္ဆင္ေနေပမယ့္ ဖီအိုရင္တီးနားအသင္းက ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔အတြက္ ၿပိဳင္ဘက္အျဖစ္ အံ့အားသင့္ဖြယ္ ေပၚထြက္လာႏိုင္တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီလို အေျခအေနမ်ိဳးမွာ အေျပာင္းအေ႐ႊ႕ ျဖစ္လာဖို႔ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးေဟာင္းက စီးရီးေအကလပ္အသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔ အလားအလာရွိတယ္ဆိုတာကို လမ္းဖြင့္ေပးထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက မေပးႏိုင္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ကို လိုခ်င္ေနတာ လွ်ိဳ႕ဝွက္ခ်က္မဟုတ္ဘဲ ဖီအိုရင္တီးနားဟာ ၿပီးခဲ့တဲ့ရာသီ စီးရီးေအမွာ အဆင့္ ၇ ေနရာမွာသာ ၿပီးဆုံးႏိုင္ခဲ့တာေၾကာင့္ ရလဒ္အေနနဲ႔ ယူ႐ိုပါ ကြန္းဖရင့္လိဂ္မွာ ကစားေနရတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခရမ္းေရာင္ တပ္သားေတြဟာ စီးရီးေအ ၁၅ ပြဲကေန ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး ဒီအေနအထားအရဆိုရင္ ယူ႐ိုပါ ကြန္းဖရင့္လိဂ္ဖလားကို အရယူၿပီး လာမယ့္ ရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ကစားရဖို႔က အေကာင္းဆုံးအခင္းအက်င္းသာ ျဖစ္ႏိုင္မွာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ ၃ ႏွစ္ၾကာ ကစားေပးခဲ့ဖူးတဲ့ ကစားသမားျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၃၄ ပြဲမွာ သြင္းဂိုး ၁၀၁ ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ စီးရီးေအဖလား ၂ ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမေျပာနဲ႔ ယူ႐ိုပါလိဂ္ေတာင္ မေသခ်ာတဲ့ ဖီအိုရင္တီးနားအသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔က မျဖစ္ႏိုင္ဖို႔မ်ားၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕သြားဖို႔ အလားအလာ အေကာင္းဆုံးအေျခအေနမွာ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.