International World Cup

ဒီပုံစံနဲ့ ကမ္ဘာ့ဖလား ရစရာမရှိဘူးလို့ မက်ဆီကို လှောင်ပြောင်ခဲ့တဲ့ ပြိုင်ဘက်ပရိသတ်များ

ဘောလုံးပရိသတ်တွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တွစ်တာလူမှုကွန်ရက်ပေါ်မှာ မက်ဆီကို ဘာမှမလုပ်နိုင်တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းအတွက် ပထမပိုင်း ၁၀ မိနစ်မှာ ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းမပြီးဆုံးခင် အလိုအလျောက်စနစ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဂျင်တီးနားရဲ့သွင်းဂိုး ၃ ဂိုးအထိ ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျဟာ ဘယ်သူမှ မထင်မှတ်ထားတာတွေကို လုပ်ပြသွားခဲ့တာဖြစ်ပြီး အုပ်စု C ပွဲစဉ်အတွင်း ၈ မိနစ်အပိုင်းအခြားအတွင်းမှာ ၂ ဂိုးအထိ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လ်-ရှယ်ရီက ဆော်ဒီ အာရေဗျအတွက် အလွန်ကောင်းမွန်တဲ့ ပြေးထွက်မှုနဲ့အတူ အားပါပြင်းထန်တဲ့ ဘယ်ခြေကန်ချက်နဲ့ ချေပဂိုး သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး ပြီးတဲ့နောက်မှာ အယ်လ်-ဒေါ်စာရီက အာဂျင်တီးနား ပင်နယ်တီဧရိယာအစွန်မှာ ဘောလုံးရယူပြီးနောက် ဂိုးအပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားက အာဂျင်တီးနားပြိုင်ဘက်ပရိသတ်တွေဟာ အံ့အားသင့်ခဲ့ကြပြီး ပွဲအပြီးမှာတော့ ပီအက်စ်ဂျီကြယ်ပွင့် မက်ဆီကို နိုင်ငံတကာအဆင့်မှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

“မက်ဆီကတော့ နောက်ထပ်တစ်ကြိမ် ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူ ဒီကမ္ဘာ့ဖလားကို အနိုင်ရမှာမဟုတ်ဘူး”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “မက်ဆီက အာဂျင်တီးနားအတွက်နဲ့ ကြီးမားတဲ့ အခိုက်အတန့်တွေမှာ တသက်တာ နှာအစေးဆုံးကစားသမားပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း လှောင်ပြောင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပထမပိုင်းစတင်ပြီး ၂ မိနစ်မှာ ဆော်ဒီ အာရေဗျ ပင်နယ်တီဧရိယာအတွင်း ၁၂ ကိုက်အကွာကနေ လျှပ်တပြက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဆော်ဒီ ဂိုးသမား အယ်လ် အိုဝစ်က အံ့မခန်းလက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် အစောပိုင်း ဦးဆောင်ဂိုး သွင်းယူနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးပရိသတ္ေတြဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားက အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီ အာေရဗ်ကို အံ့အားသင့္ဖြယ္ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ တြစ္တာလူမႈကြန္ရက္ေပၚမွာ မက္ဆီကို ဘာမွမလုပ္ႏိုင္တဲ့အတြက္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ကမာၻ႔ဖလားဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ အာဂ်င္တီးနားအသင္းအတြက္ ပထမပိုင္း ၁၀ မိနစ္မွာ ပင္နယ္တီကေန ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ပထမပိုင္းမၿပီးဆုံးခင္ အလိုအေလ်ာက္စနစ္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ အာဂ်င္တီးနားရဲ႕သြင္းဂိုး ၃ ဂိုးအထိ ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ေဆာ္ဒီ အာေရဗ်ဟာ ဘယ္သူမွ မထင္မွတ္ထားတာေတြကို လုပ္ျပသြားခဲ့တာျဖစ္ၿပီး အုပ္စု C ပြဲစဥ္အတြင္း ၈ မိနစ္အပိုင္းအျခားအတြင္းမွာ ၂ ဂိုးအထိ သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

အယ္လ္-ရွယ္ရီက ေဆာ္ဒီ အာေရဗ်အတြက္ အလြန္ေကာင္းမြန္တဲ့ ေျပးထြက္မႈနဲ႔အတူ အားပါျပင္းထန္တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ ေခ်ပဂိုး သြင္းယူေပးသြားခဲ့တာ ျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ အယ္လ္-ေဒၚစာရီက အာဂ်င္တီးနား ပင္နယ္တီဧရိယာအစြန္မွာ ေဘာလုံးရယူၿပီးေနာက္ ဂိုးအေပၚေထာင့္ထဲကို လွလွပပ ကန္သြင္းယူၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ကမာၻတလႊားက အာဂ်င္တီးနားၿပိဳင္ဘက္ပရိသတ္ေတြဟာ အံ့အားသင့္ခဲ့ၾကၿပီး ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ မက္ဆီကို ႏိုင္ငံတကာအဆင့္မွာ ေျခစြမ္းမျပသႏိုင္ခဲ့တဲ့အတြက္ လူမႈကြန္ရက္ေပၚမွာ ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။

“မက္ဆီကေတာ့ ေနာက္ထပ္တစ္ႀကိမ္ ဘာမွမလုပ္ႏိုင္ခဲ့ဘူး။ သူ ဒီကမာၻ႔ဖလားကို အႏိုင္ရမွာမဟုတ္ဘူး”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “မက္ဆီက အာဂ်င္တီးနားအတြက္နဲ႔ ႀကီးမားတဲ့ အခိုက္အတန႔္ေတြမွာ တသက္တာ ႏွာအေစးဆုံးကစားသမားပဲ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း ေလွာင္ေျပာင္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပထမပိုင္းစတင္ၿပီး ၂ မိနစ္မွာ ေဆာ္ဒီ အာေရဗ် ပင္နယ္တီဧရိယာအတြင္း ၁၂ ကိုက္အကြာကေန လွ်ပ္တျပက္ကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ေဆာ္ဒီ ဂိုးသမား အယ္လ္ အိုဝစ္က အံ့မခန္းလက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အေစာပိုင္း ဦးေဆာင္ဂိုး သြင္းယူႏိုင္မယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.