International Match Report World Cup

တောင်ကန်မြောက်ကန် တူနီးရှားကို ဆိုးရွားလွန်းတဲ့ တိုက်စစ်နဲ့ သရေကျတဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ ကေယာ၊ အန်ဒါဆန်နဲ့ ခရစ္စတင်ဆန်တို့ ကစားစေခဲ့ကြပြီး ကွင်းလယ်မှာတော့ မေလာ၊ ရက်စ်မတ်စ် ခရစ္စတင်ဆန်၊ ဒီလေးနီ၊ ဟွိုင်ဘယာ့ဂ်နဲ့ အရစ်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒိုးလ်ဘာ့ဂ်နဲ့ စကော့ဗ် အော်လ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

တူနီးရှားအသင်းကတော့ ဂိုးသမား ဒါမန်၊ ခံစစ်မှာ မယ်ရီယား၊ ဘရွန်းန်၊ တယ်လ်ဘီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုင်ဒူနီ၊ ဆခီရီ၊ ဒရေဂါနဲ့ အက်ဘ်ဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆလီမာနီ၊ အမ်ဆက်ခ်နီနဲ့ ဂျီဘာလီတို့ကို စုဖွဲ့လာခဲ့တာပါ။

ဒိန်းမတ်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ တူနီးရှားဂိုးသမား ရင်ခုန်လောက်အောင် မစွမ်းဆောင်နိုင်ခဲ့သလို ကောင်တာချောင်းကစားတဲ့ တူနီးရှားတို့ကလည်း ပွဲချိန် ၂၃ မိနစ်မှာ တစ်ဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်စည်းအထိ တက်ကစားနေတဲ့ ဒိန်းမတ်ခံစစ်ကြောင့် လူကျွံနေခဲ့လို့ ရင်ခံခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာ ဂျီဘာလီပဲ ဒိန်းမတ်ခံစစ်ကြားကနေ လက်တစ်လုံးခြား ပြေးထွက်ပြီး ကန်တာကို ဂိုးသမား ရှမိုက်ကယ် ကာကွယ်သွားခဲ့လို့ သက်သာခဲ့ရပြီး ရုပ်သံ တင်ဆက်သူတွေကတော့ ဂိုးသွားရင်လည်း ကာတာကမ္ဘာ့ဖလားရဲ့ Standard အရဆိုရင် လူကျွံနေဦးမှာ သေချာတယ်လို့ ပြောသွားခဲ့ကြတာကတော့ ဒီပြိုင်ပွဲရဲ့ အရုပ်ဆိုးမှုတစ်ခုလည်းဖြစ်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ကောင်တာကစားတဲ့ တူနီးရှားတို့ အခွင့်အရေး ၁၃ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ရာမှာ ဂိုးပေါက်တည့်တာကတော့ တစ်ကြိမ်သာ ရှိခဲ့ပြီး တိုက်စစ်မှူး ဂျီဘာလီကတော့ ကြိုးစားပေမယ့် အလွဲတွေ များပြီး တစ်ယောက်တည်း လွတ်ထွက်သွားတာကိုတောင် ချော်လဲခဲ့သေးတာကတော့ နောက်ကနေ ပြေးလိုက်လာတဲ့ ဒိန်းမတ်ခံစစ်သမားတွေ ငိုအားထက် ရယ်အားသန်ခဲ့ရသေးတာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ ဒိန်းမတ်တို့ တစ်ဂိုးသွင်းပေမယ့် သိသိသာသာ လူကျွံနေခဲ့ပြန်ပြီး ဒီလေးနီအစား လူစားဝင်လာတဲ့ ဒမ်းစ်ဂါ့ဒ်ကတော့ ဖန်တီးမှုတွေ ပြုလုပ်နေခဲ့ပေမယ့် တိုက်စစ်သမားတွေ အသုံးမချနိုင်ခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာတော့ အဲရစ်ဆန်ရဲ့ ဂိုးဧရိယာထိပ်က ဘယ်ခြေကန်ချက်ကို တူနီးရှားဂိုးသမား လက်စွမ်းပြပြီး ပုတ်ထုတ်သွားခဲ့ရတာပါ။

အဲ့ဒီကနေ ရတဲ့ ထောင့်ကန်ဘောကို ပွဲချိန် မိနစ် ၇၀ မှာ အဲရစ်ဆန်ကပဲ ကန်တင်ပေးရာမှာ နောက်ခံလူ ခရစ္စတင်ဆန် ခေါင်းတိုက်ချပေးခဲ့တာကို တစ်နေရာရာနဲ့ ပြေးထိလိုက်ရင် ဝင်နိုင်တဲ့ ဘောလုံးကို ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်ခဲ့ရာမှာ မထိလိုက်ဘဲ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တဲ့ လူစားဝင် တိုက်စစ်မှူး ကော်နယ်လီးယပ်စ်ကတော့ တစ်ပွဲလုံးရဲ့ ဆဲစရာနဲ့ ဟာသဖြစ်ခဲ့ပြီး တကယ်ပဲ လွဲဖို့ ခက်တဲ့ အနေအထားမှာ ရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာ ဒိန်းမတ်နောက်ခံလူ အန်ဒါဆန် လက်ထိတယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် ဘောလုံးက မီလီမီတာလောက်လေး ကပ်လွတ်သွားခဲ့လို့ သက်သာခဲ့ရသလို လက်ကျန်ပွဲချိန်တွေမှာတော့ တူနီးရှား ဂိုးသမား လက်စွမ်းပြပြီး ဂိုးပေါက်ကို စောင့်ရှောက်သွားခဲ့သလို နောက်ခံလူ မယ်ရီယား လက်ထိတာကိုလည်း ရှောင်လွှဲလို့ မရတဲ့ အနေအထားမှာ ထိတာကြောင့် ပင်နယ်တီပေးဖို့ ဒိုင်လူကြီးက ပယ်ချသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဖြုန်းတီးမှုတွေနဲ့ တိုက်စစ်မှာ အသုံးမကျခဲ့တဲ့ ဒိန်းမတ်တို့ အဲရစ်ဆန်ကို မျက်နှာပျက်အောင်လုပ်ခဲ့ကြသလို တူနီးရှားတို့ကတော့ အိမ်ဖြည့်အဆင့်နဲ့ ရောက်ရှိလာခဲ့ပေမယ့် သရေရလဒ်ကို ရဖို့ တောင့်ခံနိုင်ခဲ့ကြတာကြောင့် နှစ်သင်းစလုံး သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ကြရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒိန္းမတ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ ေကယာ၊ အန္ဒါဆန္နဲ႔ ခရစၥတင္ဆန္တို႔ ကစားေစခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ေမလာ၊ ရက္စ္မတ္စ္ ခရစၥတင္ဆန္၊ ဒီေလးနီ၊ ဟြိဳင္ဘယာ့ဂ္နဲ႔ အရစ္ဆန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဒိုးလ္ဘာ့ဂ္နဲ႔ စေကာ့ဗ္ ေအာ္လ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

တူနီးရွားအသင္းကေတာ့ ဂိုးသမား ဒါမန္၊ ခံစစ္မွာ မယ္ရီယား၊ ဘ႐ြန္းန္၊ တယ္လ္ဘီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုင္ဒူနီ၊ ဆခီရီ၊ ဒေရဂါနဲ႔ အက္ဘ္ဒီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆလီမာနီ၊ အမ္ဆက္ခ္နီနဲ႔ ဂ်ီဘာလီတို႔ကို စုဖြဲ႕လာခဲ့တာပါ။

ဒိန္းမတ္တို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာေတာ့ တူနီးရွားဂိုးသမား ရင္ခုန္ေလာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့သလို ေကာင္တာေခ်ာင္းကစားတဲ့ တူနီးရွားတို႔ကလည္း ပြဲခ်ိန္ ၂၃ မိနစ္မွာ တစ္ဂိုးသြင္းခဲ့ေပမယ့္ ကြင္းလယ္စည္းအထိ တက္ကစားေနတဲ့ ဒိန္းမတ္ခံစစ္ေၾကာင့္ လူကြၽံေနခဲ့လို႔ ရင္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာ ဂ်ီဘာလီပဲ ဒိန္းမတ္ခံစစ္ၾကားကေန လက္တစ္လုံးျခား ေျပးထြက္ၿပီး ကန္တာကို ဂိုးသမား ရွမိုက္ကယ္ ကာကြယ္သြားခဲ့လို႔ သက္သာခဲ့ရၿပီး ႐ုပ္သံ တင္ဆက္သူေတြကေတာ့ ဂိုးသြားရင္လည္း ကာတာကမာၻ႔ဖလားရဲ႕ Standard အရဆိုရင္ လူကြၽံေနဦးမွာ ေသခ်ာတယ္လို႔ ေျပာသြားခဲ့ၾကတာကေတာ့ ဒီၿပိဳင္ပြဲရဲ႕ အ႐ုပ္ဆိုးမႈတစ္ခုလည္းျဖစ္ခဲ့တာပါ။

ဒီေန႔ပြဲမွာ ေကာင္တာကစားတဲ့ တူနီးရွားတို႔ အခြင့္အေရး ၁၃ ႀကိမ္အထိ ဖန္တီးႏိုင္ခဲ့ရာမွာ ဂိုးေပါက္တည့္တာကေတာ့ တစ္ႀကိမ္သာ ရွိခဲ့ၿပီး တိုက္စစ္မႉး ဂ်ီဘာလီကေတာ့ ႀကိဳးစားေပမယ့္ အလြဲေတြ မ်ားၿပီး တစ္ေယာက္တည္း လြတ္ထြက္သြားတာကိုေတာင္ ေခ်ာ္လဲခဲ့ေသးတာကေတာ့ ေနာက္ကေန ေျပးလိုက္လာတဲ့ ဒိန္းမတ္ခံစစ္သမားေတြ ငိုအားထက္ ရယ္အားသန္ခဲ့ရေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဒိန္းမတ္တို႔ တစ္ဂိုးသြင္းေပမယ့္ သိသိသာသာ လူကြၽံေနခဲ့ျပန္ၿပီး ဒီေလးနီအစား လူစားဝင္လာတဲ့ ဒမ္းစ္ဂါ့ဒ္ကေတာ့ ဖန္တီးမႈေတြ ျပဳလုပ္ေနခဲ့ေပမယ့္ တိုက္စစ္သမားေတြ အသုံးမခ်ႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အဲရစ္ဆန္ရဲ႕ ဂိုးဧရိယာထိပ္က ဘယ္ေျခကန္ခ်က္ကို တူနီးရွားဂိုးသမား လက္စြမ္းျပၿပီး ပုတ္ထုတ္သြားခဲ့ရတာပါ။

အဲ့ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကို ပြဲခ်ိန္ မိနစ္ ၇၀ မွာ အဲရစ္ဆန္ကပဲ ကန္တင္ေပးရာမွာ ေနာက္ခံလူ ခရစၥတင္ဆန္ ေခါင္းတိုက္ခ်ေပးခဲ့တာကို တစ္ေနရာရာနဲ႔ ေျပးထိလိုက္ရင္ ဝင္ႏိုင္တဲ့ ေဘာလုံးကို ဒိုင္ဗင္ထိုးၿပီး ေခါင္းတိုက္ခဲ့ရာမွာ မထိလိုက္ဘဲ အပိုင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့ လူစားဝင္ တိုက္စစ္မႉး ေကာ္နယ္လီးယပ္စ္ကေတာ့ တစ္ပြဲလုံးရဲ႕ ဆဲစရာနဲ႔ ဟာသျဖစ္ခဲ့ၿပီး တကယ္ပဲ လြဲဖို႔ ခက္တဲ့ အေနအထားမွာ ရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္မိနစ္ ၇၀ မွာ ဒိန္းမတ္ေနာက္ခံလူ အန္ဒါဆန္ လက္ထိတယ္လို႔ စြပ္စြဲခံခဲ့ရေပမယ့္ ေဘာလုံးက မီလီမီတာေလာက္ေလး ကပ္လြတ္သြားခဲ့လို႔ သက္သာခဲ့ရသလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တူနီးရွား ဂိုးသမား လက္စြမ္းျပၿပီး ဂိုးေပါက္ကို ေစာင့္ေရွာက္သြားခဲ့သလို ေနာက္ခံလူ မယ္ရီယား လက္ထိတာကိုလည္း ေရွာင္လႊဲလို႔ မရတဲ့ အေနအထားမွာ ထိတာေၾကာင့္ ပင္နယ္တီေပးဖို႔ ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ျဖဳန္းတီးမႈေတြနဲ႔ တိုက္စစ္မွာ အသုံးမက်ခဲ့တဲ့ ဒိန္းမတ္တို႔ အဲရစ္ဆန္ကို မ်က္ႏွာပ်က္ေအာင္လုပ္ခဲ့ၾကသလို တူနီးရွားတို႔ကေတာ့ အိမ္ျဖည့္အဆင့္နဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ သေရရလဒ္ကို ရဖို႔ ေတာင့္ခံႏိုင္ခဲ့ၾကတာေၾကာင့္ ႏွစ္သင္းစလုံး သေရတစ္မွတ္နဲ႔ပဲ ေက်နပ္ခဲ့ၾကရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.