Analysis Article International World Cup

‌‌ဆော်ဒီကို ရှုံးတဲ့ပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားတို့ ဘာတွေ မှားခဲ့သလဲ

ဆော်ဒီအာရေးဘီးယားကို လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မျက်နှာပျက်စရာ ရှုံးနိမ့်ဖို့အတွက်တော့ အာဂျင်တီးနားတို့မှာ လုံးဝကို မှားယွင်းနေခဲ့တဲ့ အချက်တွေ ရှိနေခဲ့ပြီး အသင်းရဲ့ လူအင်အားနဲ့ ကိုက်ညီမှု မရှိသလို နည်းပြ လီယွန်နယ် စကာလိုနီရဲ့ ဗျူဟာ မှားယွင်းမှုတွေနဲ့ ကာတာမြေမှာ အရှက်ကွဲခဲ့ရတာဖြစ်ပါတယ်။

အထူးသဖြင့်တော့ တစ်ဖက်အသင်းနည်းပြ ပြင်သစ်လူမျိုး အာဗေး ဟွန်နာရဲ့ ကစားနေတဲ့ ဗျူဟာနဲ့ ရည်ရွယ်ချက်ကို အာဂျင်တီးနားနည်းပြအဖွဲ့ အနေနဲ့ သဘောမပေါက်ခဲ့သလို မှားယွင်းတဲ့ လူစားပြောင်းလဲမှုတွေကိုပါ ပြုလုပ်ခဲ့ပြီး အချိန်အများကြီး ရခဲ့ပေမယ့် ဘယ်လိုမှ ပြန်မလာနိုင်တော့တာက ဘယ်အချက်တွေကြောင့်လဲဆိုတာ သုံးသပ်သွားမှာပါ။

၁။ ကစားကွက်နဲ့ လူထုတ်ပုံ မကိုက်ညီခြင်း
အာဂျင်တီးနားတို့အနေနဲ့ ၄-၄-၂ ကစားကွက်နဲ့ စတင်လာခဲ့ပါတယ်။ စာရွက်ပေါ်မှာ ၄-၄-၂ ဖြစ်နေပေမယ့် တိုက်စစ်မလိုက်သလောက်ဖြစ်နေတဲ့ ဘယ်နောက်ခံလူ တာဂလီယာဖီကိုနဲ့ ညာနောက်ခံလူ မိုလီနာတို့ကြောင့် ကွင်းလယ်ကို လိုက်ထောက်ပေးတာလောက်ကလွဲရင် ရှေ့အထိ ကူညီနိုင်ခြင်း မရှိတာကြောင့် ဘယ်တောင်ပံကို ပါပု ဂိုမက်ဇ်နဲ့ ညာတောင်ပံကို ဒီမာရီယာတို့ကပဲ တစ်ဦးချင်းစီ ရုန်းကန်နေရပြီး တိုက်စစ်က လော်တာရို မာတီနက်ဇ်ရဲ့ နေရာယူပုံတွေကလည်း မက်ဆီကို ချောင်သွားအောင် လုပ်မပေးနိုင်ခဲ့တာပါ။

အာဂျင်တီးနားတို့အနေနဲ့ ဒီနေ့ပွဲမှာ တိုက်စစ်တောင်ပံတွေကို ဦးစားပေးမယ့် ၄-၃-၃ ကို ရွေးချယ်ခဲ့သင့်သလို ဘယ်တောင်ပံတိုက်စစ်က Inverted Winger စစ်စစ် တစ်ဦးကို သုံးစွဲသင့်ခဲ့တာဖြစ်ပြီး ခံစစ်အစွန်လူတွေကိုလည်း တိုက်စစ်လိုက်ပါဖို့ တွန်းအားပေးသင့်ချိန်မှာ မလုပ်နိုင်ခဲ့လို့ ကစားကွက်က ကျပ်သွားခဲ့သလို တောင်ပံတွေကလည်း အစွမ်းမရှိတော့ဘဲ အရှုံးနဲ့ ထိုက်တန်သွားခဲ့ရတာဖြစ်ပါတယ်။

၂။ တစ်ဖက်အသင်းကစားကွက်ကို နားမလည်ခြင်း
နည်းပြ စကာလိုနီတင် မဟုတ်ဘဲ သူ့ရဲ့ နည်းစနစ်အဖွဲ့ဖြစ်တဲ့ အိုင်းမား၊ အာယာလာ၊ ဆင်မြူယယ်လ်တို့တွေကပါ ဉာဏ်မကောင်းခဲ့ချိန်မှာ ဆော်ဒီတို့ ဘာလုပ်နေတယ်ဆိုတာကို နားမလည်တာကြောင့် ပထမပိုင်းမှာကတည်းက အလုပ်မဖြစ်ခဲ့တာပါ။ ဆော်ဒီနည်းပြ အာဗေး ဟွန်နာအနေနဲ့ High Pressing and High Line ကစားပြီး အာဂျင်တီးနားတို့ ကစားကွက်တည်ချိန် မရအောင် ဖိအားပေးသွားခဲ့တာကြောင့် ကွင်းလယ်မှာ တစ်ဦးချင်း ဖြတ်ကျော်မှု ပိုကောင်းတဲ့ ကစားသမားတွေနဲ့ နောက်ခံလူတွေ ပိုပြီး Overload လုပ်နိုင်အောင် ကွင်းလယ်အဖျက်ကစားသမားတစ်ဦးကို ခိုင်ခိုင်မာမာ ကစားခိုင်းဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စကာလိုနီအနေနဲ့ ကွင်းလယ်မှာ အားကိုးရတဲ့ ပါရေးဒက်စ်ကို ထုတ်ခဲ့တာ၊ ခြေပျက်နေတဲ့ ဒီပေါလ်ကို တောက်လျှောက် သုံးသွားခဲ့တာ၊ မက္ကယ်လစ္စတာလို ဘောလုံးကိုင်နိုင်တဲ့သူမျိုးကို မထည့်တာ၊ ဘွင်ဒီယာလို ကွင်းလယ်ရော တောင်ပံမှာပါ ကစားနိုင်တဲ့သူမျိုးကို ခေါ်မလာမိတာတွေက ကစားကွက် အတင်အချလုပ်ဖို့ အစွမ်းမရှိဘဲဖြစ်စေခဲ့ပြီး ဆော်ဒီတို့ လျင်လျင်မြန်မြန် ဖိအားပေးသမျှကို တောင့်မခံနိုင်ဘဲ ချေပဂိုးပြန်ရဖို့ မဖြစ်နိုင်စေခဲ့တာပါ။

၃။ ခြေကျနေတဲ့ ခံစစ်တွေကို ယုံမိခြင်း
အာဂျင်တီးနားတို့ ပေးလိုက်ရတဲ့ ပထမဂိုးမှာ နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးအနေနဲ့ ဆော်ဒီရှေ့တန်းလူကို မျက်နှာချင်းဆိုင် အနေအထားမှာ တားဆီးနိုင်ခဲ့ရမှာဖြစ်ပြီး အော့တာမန်ဒီနဲ့အတူ သူလိုလို ကိုယ်လိုလိုနဲ့ အူကြောင်ကြောင် သွားလုပ်ခဲ့ကြတာပါ။ ဒုတိယဂိုးမှာတော့ ကန်ခွင့်ပေးထားခဲ့တဲ့ ဒီပေါလ်တို့ ကွင်းလယ်အုပ်စုက သဘောကောင်းလွန်းခဲ့ချိန်မှာ ပေါ့လျော့တဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က နေရာယူပုံ ညံ့ဖျင်းလွန်းခဲ့ပြီး ညာဘက်ကို ခြေတစ်လှမ်းလောက် ရွှေ့ထားသင့်ပေမယ့် ပြိုင်ဘက်ကို အထင်သေးပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခဲ့တာဖြစ်ပါတယ်။

၄။ မက်ဆီကို အားကိုးလွန်းခြင်း
ဘောလုံးရတာနဲ့ တိုက်စစ်ကို အမြန်ဆုံးသွားပြီး ရှိတဲ့လူနဲ့ တွဲဖက်ထိုးဖောက်ရမယ့် အချိန်တွေမှာ မက်ဆီကို ပြန်ရှာနေတာတွေကို တော်တော် ရုပ်ပျက်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဆန်ဒရို မာတီနက်ဇ်ကို တွဲပေးမယ့်‌ တောင်ပံသမားတွေ ပျောက်ဆုံးနေခဲ့ပြီး ဘယ်သူမဆို မက်ဆီမှ မက်ဆီနဲ့ ရှာတွဲချင်တဲ့ အချိန်မျိုးမှာ ဆော်ဒီခံစစ်က အချိန်ရအောင် ပြန်စောင့်ပေးသလိုပဲ ဖြစ်ခဲ့တာပါ။ ဒီမာရီယာကလည်း ညာခြမ်းမှာ တစ်ယောက်တည်း တိုင်ပတ်နေခဲ့ပြီး တကယ်တမ်း မက်ဆီနဲ့ တွဲလုံးတွဲသင့်တဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ၃၄ နှစ်သားအနေနဲ့တော့ တိုက်စစ်မှာ အကူအညီမပေးနိုင်ခဲ့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

လာမယ့်ပွဲတွေမှာ နည်းပြအနေနဲ့ ဒီအချက်တွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေပြီး အထူးသဖြင့်တော့ ကွင်းလယ်မှာ ဘောလုံးနဲ့အတူ တည်ငြိမ်ပြီး ဒီပေါလ်ကို အစားထိုးနိုင်မယ့် မက္ကယ်လစ္စတာကို ယုံကြည်ပေးဖို့ လိုအပ်နေသလို ဘယ်တောင်ပံမှာ တိုက်စစ်ပိုလိုက်မယ့် နောက်ခံလူနဲ့ တောင်ပံသမားတစ်ဦးကို ကစားခိုင်းရမယ့်အချိန်မှာ အက်သလက်တီကိုနဲ့ ဒီယေဂို ဆီမီယွန်နီလက်ထဲမှာ ပျက်စီးသွားတဲ့ ဒီပေါလ်နဲ့ မိုလီနာတို့ကိုတော့ ခေါက်ထားပြီး တခြားသူတွေနဲ့ အစားထိုးသင့်နေပြီဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာ္ဒီအာေရးဘီးယားကို လီယြန္နယ္ မက္ဆီရဲ႕ ပင္နယ္တီနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ မ်က္ႏွာပ်က္စရာ ရႈံးနိမ့္ဖို႔အတြက္ေတာ့ အာဂ်င္တီးနားတို႔မွာ လုံးဝကို မွားယြင္းေနခဲ့တဲ့ အခ်က္ေတြ ရွိေနခဲ့ၿပီး အသင္းရဲ႕ လူအင္အားနဲ႔ ကိုက္ညီမႈ မရွိသလို နည္းျပ လီယြန္နယ္ စကာလိုနီရဲ႕ ဗ်ဴဟာ မွားယြင္းမႈေတြနဲ႔ ကာတာေျမမွာ အရွက္ကြဲခဲ့ရတာျဖစ္ပါတယ္။

အထူးသျဖင့္ေတာ့ တစ္ဖက္အသင္းနည္းျပ ျပင္သစ္လူမ်ိဳး အာေဗး ဟြန္နာရဲ႕ ကစားေနတဲ့ ဗ်ဴဟာနဲ႔ ရည္႐ြယ္ခ်က္ကို အာဂ်င္တီးနားနည္းျပအဖြဲ႕ အေနနဲ႔ သေဘာမေပါက္ခဲ့သလို မွားယြင္းတဲ့ လူစားေျပာင္းလဲမႈေတြကိုပါ ျပဳလုပ္ခဲ့ၿပီး အခ်ိန္အမ်ားႀကီး ရခဲ့ေပမယ့္ ဘယ္လိုမွ ျပန္မလာႏိုင္ေတာ့တာက ဘယ္အခ်က္ေတြေၾကာင့္လဲဆိုတာ သုံးသပ္သြားမွာပါ။

၁။ ကစားကြက္နဲ႔ လူထုတ္ပုံ မကိုက္ညီျခင္း
အာဂ်င္တီးနားတို႔အေနနဲ႔ ၄-၄-၂ ကစားကြက္နဲ႔ စတင္လာခဲ့ပါတယ္။ စာ႐ြက္ေပၚမွာ ၄-၄-၂ ျဖစ္ေနေပမယ့္ တိုက္စစ္မလိုက္သေလာက္ျဖစ္ေနတဲ့ ဘယ္ေနာက္ခံလူ တာဂလီယာဖီကိုနဲ႔ ညာေနာက္ခံလူ မိုလီနာတို႔ေၾကာင့္ ကြင္းလယ္ကို လိုက္ေထာက္ေပးတာေလာက္ကလြဲရင္ ေရွ႕အထိ ကူညီႏိုင္ျခင္း မရွိတာေၾကာင့္ ဘယ္ေတာင္ပံကို ပါပု ဂိုမက္ဇ္နဲ႔ ညာေတာင္ပံကို ဒီမာရီယာတို႔ကပဲ တစ္ဦးခ်င္းစီ ႐ုန္းကန္ေနရၿပီး တိုက္စစ္က ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ေနရာယူပုံေတြကလည္း မက္ဆီကို ေခ်ာင္သြားေအာင္ လုပ္မေပးႏိုင္ခဲ့တာပါ။

အာဂ်င္တီးနားတို႔အေနနဲ႔ ဒီေန႔ပြဲမွာ တိုက္စစ္ေတာင္ပံေတြကို ဦးစားေပးမယ့္ ၄-၃-၃ ကို ေ႐ြးခ်ယ္ခဲ့သင့္သလို ဘယ္ေတာင္ပံတိုက္စစ္က Inverted Winger စစ္စစ္ တစ္ဦးကို သုံးစြဲသင့္ခဲ့တာျဖစ္ၿပီး ခံစစ္အစြန္လူေတြကိုလည္း တိုက္စစ္လိုက္ပါဖို႔ တြန္းအားေပးသင့္ခ်ိန္မွာ မလုပ္ႏိုင္ခဲ့လို႔ ကစားကြက္က က်ပ္သြားခဲ့သလို ေတာင္ပံေတြကလည္း အစြမ္းမရွိေတာ့ဘဲ အရႈံးနဲ႔ ထိုက္တန္သြားခဲ့ရတာျဖစ္ပါတယ္။

၂။ တစ္ဖက္အသင္းကစားကြက္ကို နားမလည္ျခင္း
နည္းျပ စကာလိုနီတင္ မဟုတ္ဘဲ သူ႔ရဲ႕ နည္းစနစ္အဖြဲ႕ျဖစ္တဲ့ အိုင္းမား၊ အာယာလာ၊ ဆင္ျမဴယယ္လ္တို႔ေတြကပါ ဉာဏ္မေကာင္းခဲ့ခ်ိန္မွာ ေဆာ္ဒီတို႔ ဘာလုပ္ေနတယ္ဆိုတာကို နားမလည္တာေၾကာင့္ ပထမပိုင္းမွာကတည္းက အလုပ္မျဖစ္ခဲ့တာပါ။ ေဆာ္ဒီနည္းျပ အာေဗး ဟြန္နာအေနနဲ႔ High Pressing and High Line ကစားၿပီး အာဂ်င္တီးနားတို႔ ကစားကြက္တည္ခ်ိန္ မရေအာင္ ဖိအားေပးသြားခဲ့တာေၾကာင့္ ကြင္းလယ္မွာ တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈ ပိုေကာင္းတဲ့ ကစားသမားေတြနဲ႔ ေနာက္ခံလူေတြ ပိုၿပီး Overload လုပ္ႏိုင္ေအာင္ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးကို ခိုင္ခိုင္မာမာ ကစားခိုင္းဖို႔ လိုအပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ စကာလိုနီအေနနဲ႔ ကြင္းလယ္မွာ အားကိုးရတဲ့ ပါေရးဒက္စ္ကို ထုတ္ခဲ့တာ၊ ေျခပ်က္ေနတဲ့ ဒီေပါလ္ကို ေတာက္ေလွ်ာက္ သုံးသြားခဲ့တာ၊ မကၠယ္လစၥတာလို ေဘာလုံးကိုင္ႏိုင္တဲ့သူမ်ိဳးကို မထည့္တာ၊ ဘြင္ဒီယာလို ကြင္းလယ္ေရာ ေတာင္ပံမွာပါ ကစားႏိုင္တဲ့သူမ်ိဳးကို ေခၚမလာမိတာေတြက ကစားကြက္ အတင္အခ်လုပ္ဖို႔ အစြမ္းမရွိဘဲျဖစ္ေစခဲ့ၿပီး ေဆာ္ဒီတို႔ လ်င္လ်င္ျမန္ျမန္ ဖိအားေပးသမွ်ကို ေတာင့္မခံႏိုင္ဘဲ ေခ်ပဂိုးျပန္ရဖို႔ မျဖစ္ႏိုင္ေစခဲ့တာပါ။

၃။ ေျခက်ေနတဲ့ ခံစစ္ေတြကို ယုံမိျခင္း
အာဂ်င္တီးနားတို႔ ေပးလိုက္ရတဲ့ ပထမဂိုးမွာ ေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးအေနနဲ႔ ေဆာ္ဒီေရွ႕တန္းလူကို မ်က္ႏွာခ်င္းဆိုင္ အေနအထားမွာ တားဆီးႏိုင္ခဲ့ရမွာျဖစ္ၿပီး ေအာ့တာမန္ဒီနဲ႔အတူ သူလိုလို ကိုယ္လိုလိုနဲ႔ အူေၾကာင္ေၾကာင္ သြားလုပ္ခဲ့ၾကတာပါ။ ဒုတိယဂိုးမွာေတာ့ ကန္ခြင့္ေပးထားခဲ့တဲ့ ဒီေပါလ္တို႔ ကြင္းလယ္အုပ္စုက သေဘာေကာင္းလြန္းခဲ့ခ်ိန္မွာ ေပါ့ေလ်ာ့တဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္က ေနရာယူပုံ ညံ့ဖ်င္းလြန္းခဲ့ၿပီး ညာဘက္ကို ေျခတစ္လွမ္းေလာက္ ေ႐ႊ႕ထားသင့္ေပမယ့္ ၿပိဳင္ဘက္ကို အထင္ေသးၿပီး ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းခဲ့တာျဖစ္ပါတယ္။

၄။ မက္ဆီကို အားကိုးလြန္းျခင္း
ေဘာလုံးရတာနဲ႔ တိုက္စစ္ကို အျမန္ဆုံးသြားၿပီး ရွိတဲ့လူနဲ႔ တြဲဖက္ထိုးေဖာက္ရမယ့္ အခ်ိန္ေတြမွာ မက္ဆီကို ျပန္ရွာေနတာေတြကို ေတာ္ေတာ္ ႐ုပ္ပ်က္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ လီဆန္ဒ႐ို မာတီနက္ဇ္ကို တြဲေပးမယ့္‌ ေတာင္ပံသမားေတြ ေပ်ာက္ဆုံးေနခဲ့ၿပီး ဘယ္သူမဆို မက္ဆီမွ မက္ဆီနဲ႔ ရွာတြဲခ်င္တဲ့ အခ်ိန္မ်ိဳးမွာ ေဆာ္ဒီခံစစ္က အခ်ိန္ရေအာင္ ျပန္ေစာင့္ေပးသလိုပဲ ျဖစ္ခဲ့တာပါ။ ဒီမာရီယာကလည္း ညာျခမ္းမွာ တစ္ေယာက္တည္း တိုင္ပတ္ေနခဲ့ၿပီး တကယ္တမ္း မက္ဆီနဲ႔ တြဲလုံးတြဲသင့္တဲ့ တစ္ဦးတည္းေသာသူျဖစ္တဲ့ ၃၄ ႏွစ္သားအေနနဲ႔ေတာ့ တိုက္စစ္မွာ အကူအညီမေပးႏိုင္ခဲ့ဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။

လာမယ့္ပြဲေတြမွာ နည္းျပအေနနဲ႔ ဒီအခ်က္ေတြကို ျပင္ဆင္ႏိုင္ဖို႔ လိုအပ္ေနၿပီး အထူးသျဖင့္ေတာ့ ကြင္းလယ္မွာ ေဘာလုံးနဲ႔အတူ တည္ၿငိမ္ၿပီး ဒီေပါလ္ကို အစားထိုးႏိုင္မယ့္ မကၠယ္လစၥတာကို ယုံၾကည္ေပးဖို႔ လိုအပ္ေနသလို ဘယ္ေတာင္ပံမွာ တိုက္စစ္ပိုလိုက္မယ့္ ေနာက္ခံလူနဲ႔ ေတာင္ပံသမားတစ္ဦးကို ကစားခိုင္းရမယ့္အခ်ိန္မွာ အက္သလက္တီကိုနဲ႔ ဒီေယဂို ဆီမီယြန္နီလက္ထဲမွာ ပ်က္စီးသြားတဲ့ ဒီေပါလ္နဲ႔ မိုလီနာတို႔ကိုေတာ့ ေခါက္ထားၿပီး တျခားသူေတြနဲ႔ အစားထိုးသင့္ေနၿပီျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.