International Match Report World Cup

ညံ့ဖျင်းတဲ့ ခံစစ်နဲ့ ဂိုးသမားကြောင့် ၃၅ ပွဲရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရတဲ့ အာဂျင်တီးနား

ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဆော်ဒီ အာရေဗျတို့ရဲ့ ပွဲစဉ်မှာ ဆော်ဒီ အာရေဗျအသင်းက ၂-၁ နဲ့ အံ့အားသင့်ဖွယ် အုပ်စုအဖွင့် လှသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနားဟာ ပွဲစစချင်းပဲ တိုက်စစ်ဆင်ခဲ့ပြီး ပွဲကစားချိန် ၂ မိနစ်မှာ လီယွန်နယ် မက်ဆီ ဆော်ဒီ ပင်နယ်တီဧရိယာထိပ်ကနေ လျှပ်တပြက်ကန်သွင်းမှုကို ဆော်ဒီ အာရေဗျဂိုးသမား သတိကြီးကြီးနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ အဖွင့်ဂိုးရမယ့် အခွင့်အရေး လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန် ၈ မိနစ်မှာ အာဂျင်တီးနား ထောင့်ကန်ဘော ရရှိခဲ့ရာမှာ အယ်လ် ဘူလယာဟီက ပါရီဒက်စ်ကို ဖက်ပြီး ဆွဲလှဲချခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရာမှာ လီယွန်နယ် မက်ဆီက အမှားအယွင်းမရှိကန်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

၂၂ မိနစ်မှာ လီယွန်နယ် မက်ဆီက သက်တောင့်သက်သာ အဆုံးသတ်ပြီး အာဂျင်တီးနားအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံနေတယ်ဆိုပြီး အလံထောင်ပြခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်း မခံခဲ့ရတာဖြစ်ပါတယ်။ ၂၈ မိနစ်မှာ လော်တာရို မာတီနက်ဇ်က အာဂျင်တီးနားအတွက် အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှု ပြုလုပ်ပြီး ဂိုးသွင်းယူပေါ်နိုင်ခဲ့ပေမယ့်လည်း VAR က လူကျွံဘောဖြစ်နေခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီး အာဂျင်တီးနားရဲ့ ဦးဆောင်ဂိုးကို နောက်ထပ်တစ်ကြိမ် ပယ်ဖျက်ခဲ့ပြန်တာ ဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာ အာဂျင်တီးနားအသင်းက နောက်ထပ်တစ်ကြိမ် ဆော်ဒီ အာရေဗျရဲ့ ဂိုးပေါက်ထဲကို ကန်သွင်းနိုင်ခဲ့ပေမယ့်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြန်တာဖြစ်ပြီး ဒီနေ့အတွက် တတိယမြောက် လူကျွံသွင်းဂိုး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ဆော်ဒီ အာရေဗျအသင်းက တိုက်စစ်ဆင်လာခဲ့ပြီး ၄၈ မိနစ်မှာ အယ်လ်-ဘူရိုင်ကန်ရဲ့ မျှောထိုးပေးပို့မှုကို အယ်လ်-ရှယ်ရီက အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှု ပြုလုပ်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူပြီး ဆော်ဒီ အာရေဗျအသင်းအတွက် ချေပဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျအသင်းပရိသတ်တွေဟာ ချေပဂိုး ရရှိသွားခဲ့တာကြောင့် တစ်ကွင်းလုံးကို ဆူညံသံတွေ ဖုံးလွှမ်းသွားအောင် အောင်ပွဲခံခဲ့ကြပြီး အသင်းကို နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူဖို့အတွက် တွန်းအားပေးခဲ့ကြပါတယ်။ ၅၃ မိနစ်မှာ အယ်လ်-ဒေါ်စာရီက အာဂျင်တီးနားပင်နယ်တီဧရိယာဘယ်အစွန်မှာ ဘောလုံးရယူပြီးနောက် ညာခြေနဲ့ ဂိုးဘယ်ဖက်ထောင့်ကို အပြင်းကန်သွင်းယူခဲ့ချိန်မှာ မာတီနက်ဇ် နေရာယူပုံ မသေသပ်ခဲ့တာကြောင့် ဘောလုံးကို မိမိရရ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဦးဆောင်ဂိုးပါ ပေးလိုက်ရတာကြောင့် တရစပ် ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီး မာတီနက်ဇ်ရဲ့ အပိုင်ကန်သွင်းမှုကို ဆော်ဒီ ဂိုးသမား အယ်လ် အိုဝစ်က မယုံနိုင်ဖွယ် လက်စွမ်းနဲ့ ကာကွယ်သွားခဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အထူးချီးကျူးရမယ့် ကစားသမားကတော့ ဆော်ဒီ အာရေဗျ ဂိုးသမား အယ်လ် အိုဝစ်ပဲ ဖြစ်ပြီး ဒီမာရီယာ၊ မာတီနက်ဇ်တို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

၈၄ မိနစ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဒီမာရီယာရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ခေါင်းတိုက်ချက်က ဂိုးသမား အယ်လ် အိုဝစ်ဆီ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၂ မိနစ်မှာ အာဂျင်တီးနားအသင်း ချေပဂိုး သွင်းယူနိုင်မယ့် အပိုင်အခွင့်အရေး ရရှိခဲ့ပြီး အယ်လ် အိုဝစ် ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို အယ်လ်ဗာရက်ဇ် ပိတ်သွင်းယူခဲ့ပေမယ့်လည်း ဆော်ဒီ နောက်ခံလူ အယ်လ် အမ်ရီက ဂိုးစည်းပေါ်ကနေ ခေါင်းတိုက် ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ ဂိုးသမားဟာ ဘောလုံးပုတ်ထုတ်ရာမှာ အာဂျင်တီးနားကစားသမားနဲ့ ထိခိုက်မိခဲ့ပေမယ့်လည်း ပြစ်ဒဏ်ဘော မသတ်မှတ်ပေးတဲ့ ဒိုင်လူကြီးကို ဒေါသတကြီး စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်ပြား ပြသသတိပေးခြင်းခံခဲ့ရတာကို မြင်တွေ့ရပြီး ဆော်ဒီ အာရေဗျတစ်သင်းလုံးဟာ ကိုယ့်ကွင်းဘက်ခြမ်းမှာ ဆင်းပြီး အာဂျင်တီးနားရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံရင်း ၂-၁ အနိုင်ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဂ်င္တီးနားနဲ႔ ေဆာ္ဒီ အာေရဗ်တို႔ရဲ႕ ပြဲစဥ္မွာ ေဆာ္ဒီ အာေရဗ်အသင္းက ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ အုပ္စုအဖြင့္ လွသြားခဲ့ၿပီျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ အာဂ်င္တီးနားဟာ ပြဲစစခ်င္းပဲ တိုက္စစ္ဆင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၂ မိနစ္မွာ လီယြန္နယ္ မက္ဆီ ေဆာ္ဒီ ပင္နယ္တီဧရိယာထိပ္ကေန လွ်ပ္တျပက္ကန္သြင္းမႈကို ေဆာ္ဒီ အာေရဗ်ဂိုးသမား သတိႀကီးႀကီးနဲ႔ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔ အဖြင့္ဂိုးရမယ့္ အခြင့္အေရး လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၈ မိနစ္မွာ အာဂ်င္တီးနား ေထာင့္ကန္ေဘာ ရရွိခဲ့ရာမွာ အယ္လ္ ဘူလယာဟီက ပါရီဒက္စ္ကို ဖက္ၿပီး ဆြဲလွဲခ်ခဲ့တဲ့အတြက္ ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ ပင္နယ္တီ ကန္ခြင့္ေပးခဲ့ရာမွာ လီယြန္နယ္ မက္ဆီက အမွားအယြင္းမရွိကန္သြင္းၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

၂၂ မိနစ္မွာ လီယြန္နယ္ မက္ဆီက သက္ေတာင့္သက္သာ အဆုံးသတ္ၿပီး အာဂ်င္တီးနားအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း စည္းၾကပ္ဒိုင္က လူကြၽံေနတယ္ဆိုၿပီး အလံေထာင္ျပခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္း မခံခဲ့ရတာျဖစ္ပါတယ္။ ၂၈ မိနစ္မွာ ေလာ္တာ႐ို မာတီနက္ဇ္က အာဂ်င္တီးနားအတြက္ အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈ ျပဳလုပ္ၿပီး ဂိုးသြင္းယူေပၚႏိုင္ခဲ့ေပမယ့္လည္း VAR က လူကြၽံေဘာျဖစ္ေနခဲ့တယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး အာဂ်င္တီးနားရဲ႕ ဦးေဆာင္ဂိုးကို ေနာက္ထပ္တစ္ႀကိမ္ ပယ္ဖ်က္ခဲ့ျပန္တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာမွာ အာဂ်င္တီးနားအသင္းက ေနာက္ထပ္တစ္ႀကိမ္ ေဆာ္ဒီ အာေရဗ်ရဲ႕ ဂိုးေပါက္ထဲကို ကန္သြင္းႏိုင္ခဲ့ေပမယ့္လည္း လူကြၽံေဘာအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရျပန္တာျဖစ္ၿပီး ဒီေန႔အတြက္ တတိယေျမာက္ လူကြၽံသြင္းဂိုး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာ ေဆာ္ဒီ အာေရဗ်အသင္းက တိုက္စစ္ဆင္လာခဲ့ၿပီး ၄၈ မိနစ္မွာ အယ္လ္-ဘူ႐ိုင္ကန္ရဲ႕ ေမွ်ာထိုးေပးပို႔မႈကို အယ္လ္-ရွယ္ရီက အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈ ျပဳလုပ္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူၿပီး ေဆာ္ဒီ အာေရဗ်အသင္းအတြက္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ေဆာ္ဒီ အာေရဗ်အသင္းပရိသတ္ေတြဟာ ေခ်ပဂိုး ရရွိသြားခဲ့တာေၾကာင့္ တစ္ကြင္းလုံးကို ဆူညံသံေတြ ဖုံးလႊမ္းသြားေအာင္ ေအာင္ပြဲခံခဲ့ၾကၿပီး အသင္းကို ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူဖို႔အတြက္ တြန္းအားေပးခဲ့ၾကပါတယ္။ ၅၃ မိနစ္မွာ အယ္လ္-ေဒၚစာရီက အာဂ်င္တီးနားပင္နယ္တီဧရိယာဘယ္အစြန္မွာ ေဘာလုံးရယူၿပီးေနာက္ ညာေျခနဲ႔ ဂိုးဘယ္ဖက္ေထာင့္ကို အျပင္းကန္သြင္းယူခဲ့ခ်ိန္မွာ မာတီနက္ဇ္ ေနရာယူပုံ မေသသပ္ခဲ့တာေၾကာင့္ ေဘာလုံးကို မိမိရရ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ျခင္းမရွိဘဲ ဂိုးထဲကို ဝင္သြားခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဦးေဆာင္ဂိုးပါ ေပးလိုက္ရတာေၾကာင့္ တရစပ္ ဖိအားေပး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာခဲ့ၿပီး မာတီနက္ဇ္ရဲ႕ အပိုင္ကန္သြင္းမႈကို ေဆာ္ဒီ ဂိုးသမား အယ္လ္ အိုဝစ္က မယုံႏိုင္ဖြယ္ လက္စြမ္းနဲ႔ ကာကြယ္သြားခဲ့ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲစဥ္မွာ အထူးခ်ီးက်ဴးရမယ့္ ကစားသမားကေတာ့ ေဆာ္ဒီ အာေရဗ် ဂိုးသမား အယ္လ္ အိုဝစ္ပဲ ျဖစ္ၿပီး ဒီမာရီယာ၊ မာတီနက္ဇ္တို႔ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြကို အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၈၄ မိနစ္မွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ဒီမာရီယာရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ေခါင္းတိုက္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေခါင္းတိုက္ခ်က္က ဂိုးသမား အယ္လ္ အိုဝစ္ဆီ တန္းတန္းမတ္မတ္ ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၂ မိနစ္မွာ အာဂ်င္တီးနားအသင္း ေခ်ပဂိုး သြင္းယူႏိုင္မယ့္ အပိုင္အခြင့္အေရး ရရွိခဲ့ၿပီး အယ္လ္ အိုဝစ္ ပုတ္ထုတ္လိုက္တဲ့ေဘာလုံးကို အယ္လ္ဗာရက္ဇ္ ပိတ္သြင္းယူခဲ့ေပမယ့္လည္း ေဆာ္ဒီ ေနာက္ခံလူ အယ္လ္ အမ္ရီက ဂိုးစည္းေပၚကေန ေခါင္းတိုက္ ရွင္းထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီ အာေရဗ် ဂိုးသမားဟာ ေဘာလုံးပုတ္ထုတ္ရာမွာ အာဂ်င္တီးနားကစားသမားနဲ႔ ထိခိုက္မိခဲ့ေပမယ့္လည္း ျပစ္ဒဏ္ေဘာ မသတ္မွတ္ေပးတဲ့ ဒိုင္လူႀကီးကို ေဒါသတႀကီး ေစာဒကတက္ခဲ့တဲ့အတြက္ အဝါကတ္ျပား ျပသသတိေပးျခင္းခံခဲ့ရတာကို ျမင္ေတြ႕ရၿပီး ေဆာ္ဒီ အာေရဗ်တစ္သင္းလုံးဟာ ကိုယ့္ကြင္းဘက္ျခမ္းမွာ ဆင္းၿပီး အာဂ်င္တီးနားရဲ႕ တိုက္စစ္ကို ႀကံ့ႀကံ့ခံရင္း ၂-၁ အႏိုင္ရလဒ္ကို ထိန္းသိမ္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.