International World Cup

ကမ္ဘာ့ဖလားအဖွင့်ပွဲတွေမှာ ဘာလို့နာကျင်အချိန်ပို ၆၄ မိနစ်အထိရှိခဲ့တာလဲ

တနင်္ဂနွေနေ့မှာ စတင်ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ရှင်ကာတာနဲ့ အီကွေဒေါပွဲစဉ်နဲ့ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာပါ နာကျင်အချိန်ပိုက သိသိသာသာ များပြားလွန်းနေခဲ့ပြီး အဲဒီလို ဘာကြောင့်ဖြစ်ခဲ့ရလဲဆိုတာကို ဖီဖာရဲ့ဒိုင်လူကြီး ကော်မတီဥက္ကဌ ကမ္ဘာကျော်ဒိုင်လူကြီးဟောင်း ပီယာလူအီဂျီ ကော်လီနာက ရှင်းပြခဲ့ပါတယ်။

ကာတာမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ၄ ပွဲ ကစားခဲ့ပြီးဖြစ်ပြီး ၂ ရက်အတွင်းမှာ နာကျင်အချိန်ပို ၆၄ မိနစ်အထိ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ပွဲစဉ်တိုင်းဟာ မိနစ် ၁၀၀ ကျော် ယှဉ်ပြိုင်ကစားခဲ့ရပြီး အင်္ဂလန်က ဒိုဟာမှာ အီရန်ကို ၆-၂ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တဲ့ပွဲမှာ မယုံနိုင်စရာကောင်းလောက်အောင် ၂၄ မိနစ်အထိ နာကျင်အချိန်ပို ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ၁၄ မိနစ် ပေးအပ်ခြင်းခံခဲ့ရပေမယ့်လည်း အဲဒါက အီရန် ဂိုးသမား ဘေးရန်ဗန်ရဲ့ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာက တစ်စိတ်တပိုင်းပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာလည်း နောက်ထပ် ၁၀ မိနစ် နာကျင်အချိန်ပို ထပ်မံပေးအပ်ခြင်းခံခဲ့ရပြီး စုစုပေါင်း ပွဲကစားချိန်ဟာ ၁၁၇ မိနစ်နဲ့ ၁၆ စက္ကန့်အထိ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပွဲကစားချိန် ကြာမြင့်မှုကြောင့် အီရန်တိုက်စစ်မှူး မယ်ဒီ တာရေမီဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အချိန်ပို အပါအဝင် နောက်အကျဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၁၀၂ မိနစ်နဲ့ ၃၀ စက္ကန့်အချိန်မှာ နှစ်သိမ့် ပင်နယ်တီသွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ ယူအက်စ်အေနဲ့ ဝေးလ်စ်တို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ဒုတိယပိုင်းမှာ နာကျင်အချိန်ပို ၁၀ မိနစ်နဲ့ ၃၄ စက္ကန့်အထိရှိခဲ့တာဖြစ်ပြီး ပွဲချိန်က ၁၀၄ မိနစ်နဲ့ ၃၄ စက္ကန့် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိမှု၊ လူစားလဲလှယ်မှုနဲ့ ဂိုးအောင်ပွဲခံမှုတို့က အဓိကအကြောင်းအချက်တွေဖြစ်ပေမယ့်လည်း France Info က ဒိုင်လူကြီးတွေဟာ ထပ်ဆောင်းအချိန်ပိုနဲ့ပတ်သက်ပြီး ဖီဖာရဲ့ တရားဝင် လမ်းညွှန်ချက်တွေကို လက်ရှိမှာ လိုက်နာကျင့်သုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဖီဖာရဲ့ အကြံအစည်က ပွဲကစားချိန်ကို ဖြုန်းတီးဖို့ကြိုးစားတဲ့ အကြံအစည်ကို ပယ်ဖျက်နိုင်အောင် ဘောလုံးကို အချိန်ကြာကြာ ကစားနိုင်အောင် ခွင့်ပြုပေးဖို့ ဖြစ်ပြီး ဖီဖာဒိုင်လူကြီးကော်မတီဥက္ကဌ ကော်လီနာက ပြီးခဲ့တဲ့အပတ်မှာ ချဉ်းကပ်မှုအသစ်ကို ဆွေးနွေးခဲ့ပါတယ်။

“ရုရှားတုန်းက ကျွန်တော်တို့ ပွဲစဉ်တွေအတွင်း အချိန်ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရာမှာ ပိုပြီး တိကျမှုရှိဖို့ ကြိုးစားခဲ့ပြီး အဲဒါကြောင့် ခင်ဗျား ထပ်ဆောင်းအချိန်ပို ၆ မိနစ်၊ ၇ မိနစ် ဒါမှမဟုတ် ၈ မိနစ်အထိတောင် မြင်ခဲ့ရတာပေါ့။ တွေးကြည့်လိုက်ပါ။ ခင်ဗျား ၃ ဂိုး ၁ ဂိုး ဖြစ်နေတဲ့အချိန်မှာ အောင်ပွဲခံတာနဲ့ ပွဲပြန်စတင်တာ စုစုပေါင်း ၄ မိနစ်၊ ၅ မိနစ်လောက် ဆုံးရှုံးကောင်း ဆုံးရှုံးပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ချင်တာက ပွဲကစားချိန် တစ်ပိုင်းချင်းစီကို ထပ်ဆောင်းအချိန်ပို တိတိကျကျ တွက်ချက်ဖို့ပါ။ အဲဒါကို စတုတ္ထမြောက်ဒိုင်လုပ်ရမှာဖြစ်ပြီး ကျွန်တော်တို့ ရုရှားမှာ အောင်မြင်ခဲ့ပြီး ကာတာမှာလည်း အတူတူပဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တနဂၤေႏြေန႔မွာ စတင္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အိမ္ရွင္ကာတာနဲ႔ အီေကြေဒါပြဲစဥ္နဲ႔ တနလၤာေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာပါ နာက်င္အခ်ိန္ပိုက သိသိသာသာ မ်ားျပားလြန္းေနခဲ့ၿပီး အဲဒီလို ဘာေၾကာင့္ျဖစ္ခဲ့ရလဲဆိုတာကို ဖီဖာရဲ႕ဒိုင္လူႀကီး ေကာ္မတီဥကၠဌ ကမာၻေက်ာ္ဒိုင္လူႀကီးေဟာင္း ပီယာလူအီဂ်ီ ေကာ္လီနာက ရွင္းျပခဲ့ပါတယ္။

ကာတာမွာ က်င္းပေနတဲ့ ၂၀၂၂ ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ လက္ရွိအခ်ိန္အထိ ၄ ပြဲ ကစားခဲ့ၿပီးျဖစ္ၿပီး ၂ ရက္အတြင္းမွာ နာက်င္အခ်ိန္ပို ၆၄ မိနစ္အထိ ေပးအပ္ခဲ့ၿပီး ျဖစ္ပါတယ္။ ပြဲစဥ္တိုင္းဟာ မိနစ္ ၁၀၀ ေက်ာ္ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး အဂၤလန္က ဒိုဟာမွာ အီရန္ကို ၆-၂ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တဲ့ပြဲမွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ၂၄ မိနစ္အထိ နာက်င္အခ်ိန္ပို ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာ ၁၄ မိနစ္ ေပးအပ္ျခင္းခံခဲ့ရေပမယ့္လည္း အဲဒါက အီရန္ ဂိုးသမား ေဘးရန္ဗန္ရဲ႕ ျပင္းထန္တဲ့ ဦးေခါင္းဒဏ္ရာက တစ္စိတ္တပိုင္းပါဝင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္းမွာလည္း ေနာက္ထပ္ ၁၀ မိနစ္ နာက်င္အခ်ိန္ပို ထပ္မံေပးအပ္ျခင္းခံခဲ့ရၿပီး စုစုေပါင္း ပြဲကစားခ်ိန္ဟာ ၁၁၇ မိနစ္နဲ႔ ၁၆ စကၠန႔္အထိ ၾကာျမင့္ခဲ့တာျဖစ္ပါတယ္။

အဲဒီလို ပြဲကစားခ်ိန္ ၾကာျမင့္မႈေၾကာင့္ အီရန္တိုက္စစ္မႉး မယ္ဒီ တာေရမီဟာ ကမာၻ႔ဖလားသမိုင္းမွာ အခ်ိန္ပို အပါအဝင္ ေနာက္အက်ဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၁၀၂ မိနစ္နဲ႔ ၃၀ စကၠန႔္အခ်ိန္မွာ ႏွစ္သိမ့္ ပင္နယ္တီသြင္းဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။ ယူအက္စ္ေအနဲ႔ ေဝးလ္စ္တို႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာလည္း ဒုတိယပိုင္းမွာ နာက်င္အခ်ိန္ပို ၁၀ မိနစ္နဲ႔ ၃၄ စကၠန႔္အထိရွိခဲ့တာျဖစ္ၿပီး ပြဲခ်ိန္က ၁၀၄ မိနစ္နဲ႔ ၃၄ စကၠန႔္ ၾကာျမင့္ခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာရရွိမႈ၊ လူစားလဲလွယ္မႈနဲ႔ ဂိုးေအာင္ပြဲခံမႈတို႔က အဓိကအေၾကာင္းအခ်က္ေတြျဖစ္ေပမယ့္လည္း France Info က ဒိုင္လူႀကီးေတြဟာ ထပ္ေဆာင္းအခ်ိန္ပိုနဲ႔ပတ္သက္ၿပီး ဖီဖာရဲ႕ တရားဝင္ လမ္းၫႊန္ခ်က္ေတြကို လက္ရွိမွာ လိုက္နာက်င့္သုံးေနတာျဖစ္တယ္လို႔ သိရပါတယ္။

ဖီဖာရဲ႕ အႀကံအစည္က ပြဲကစားခ်ိန္ကို ျဖဳန္းတီးဖို႔ႀကိဳးစားတဲ့ အႀကံအစည္ကို ပယ္ဖ်က္ႏိုင္ေအာင္ ေဘာလုံးကို အခ်ိန္ၾကာၾကာ ကစားႏိုင္ေအာင္ ခြင့္ျပဳေပးဖို႔ ျဖစ္ၿပီး ဖီဖာဒိုင္လူႀကီးေကာ္မတီဥကၠဌ ေကာ္လီနာက ၿပီးခဲ့တဲ့အပတ္မွာ ခ်ဥ္းကပ္မႈအသစ္ကို ေဆြးေႏြးခဲ့ပါတယ္။

“႐ုရွားတုန္းက ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြအတြင္း အခ်ိန္ဆုံးရႈံးမႈအတြက္ ေလ်ာ္ေၾကးေပးရာမွာ ပိုၿပီး တိက်မႈရွိဖို႔ ႀကိဳးစားခဲ့ၿပီး အဲဒါေၾကာင့္ ခင္ဗ်ား ထပ္ေဆာင္းအခ်ိန္ပို ၆ မိနစ္၊ ၇ မိနစ္ ဒါမွမဟုတ္ ၈ မိနစ္အထိေတာင္ ျမင္ခဲ့ရတာေပါ့။ ေတြးၾကည့္လိုက္ပါ။ ခင္ဗ်ား ၃ ဂိုး ၁ ဂိုး ျဖစ္ေနတဲ့အခ်ိန္မွာ ေအာင္ပြဲခံတာနဲ႔ ပြဲျပန္စတင္တာ စုစုေပါင္း ၄ မိနစ္၊ ၅ မိနစ္ေလာက္ ဆုံးရႈံးေကာင္း ဆုံးရႈံးပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ လုပ္ခ်င္တာက ပြဲကစားခ်ိန္ တစ္ပိုင္းခ်င္းစီကို ထပ္ေဆာင္းအခ်ိန္ပို တိတိက်က် တြက္ခ်က္ဖို႔ပါ။ အဲဒါကို စတုတၳေျမာက္ဒိုင္လုပ္ရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ႐ုရွားမွာ ေအာင္ျမင္ခဲ့ၿပီး ကာတာမွာလည္း အတူတူပဲျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.