International Premier League World Cup

ဂျရတ်နဲ့ ခိုင်းနှိုင်းနေတဲ့ လီဗာပူးလ်ပရိသတ်တွေကို တုံ့ပြန်လိုက်တဲ့ ဘယ်လင်ဟမ်

ဂျုဒ် ဘယ်လင်ဟမ်ဟာ ၎င်းနဲ့ စတီဗင် ဂျရတ်ကြား နှိုင်းယှဉ်မှုတွေ ပြုလုပ်နေကြတာဟာ လီဗာပူးလ်ဂန္တဝင်အပေါ် မလေးမစား ပြုမူနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ တနင်္လာနေ့က ဒိုဟာမှာ အီရန်ကို ၆-၂ နဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘာ့ဖလားပွဲဦးထွက် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ အင်္ဂလန်ရဲ့ အဖွင့်ဂိုးကို ရင်သပ်ရှုမောဖွယ်ခေါင်းတိုက်ချက်နဲ့အတူ အီရန် ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်အောင် သွင်းယူနိုင်ခဲ့တာက ၎င်းရဲ့ ပထမဆုံးအင်္ဂလန်ကစားသမားဘဝ သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟာ ကမ္ဘာပေါ်မှာ အသင်းအများအပြားရဲ့ အလိုအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့ ပြီးခဲ့တဲ့လတွေမှာ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး မာဆေးဆိုဒ်အသင်း ပရိသတ်တွေဟာ ဆယ်ကျော်သက်ကြယ်ပွင့်က ကာတာမှာ ၎င်းရဲ့ အဆင့်အတန်းကို ပြသခဲ့ပြီးနောက် အပြောင်းအရွှေ့အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအတွက် သူရဲကောင်းက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ ဘယ်လင်ဟမ်က ချက်ချင်းပဲ”ဂျရတ်က ကျွန်တော့်ရဲ့ အကြီးမားဆုံး သူရဲကောင်းတွေထဲက တစ်ဦးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘောလုံးအပြင် သူ့မှာရှိနေတဲ့ စရိုက်လက္ခဏာက ကမ္ဘာ့အဆင့်ပဲ။ ပြီးတော့ ခင်ဗျား သိမှာပါ။ သူ့ရဲ့ အရည်အချင်းတွေကိုပါ ထပ်ပေါင်းလိုက်ပြီး အဲဒါက တကယ်ကို ဟာသပါ”လို့ ပြောကြားခဲ့ပါတယ်။ ဂျရတ်နဲ့ ၎င်းရဲ့ကြားထဲက နှိုင်းယှဉ်မှုတွေကို ဆွေးနွေးခဲ့ချိန်မှာ ဘာမင်ဟမ်ကြယ်ပွင့်ဟောင်းက “ခင်ဗျားရဲ့ သူရဲကောင်းက ခင်ဗျားလုပ်ခဲ့တာတွေကို အသိအမှတ်ပြုချီးကျူးဖို့ အချိန်ပေးခဲ့တဲ့အချိန်မှာ အဲဒါက တကယ်ကို ထူးခြားပါတယ်”

“ကျွန်တော် ဘယ်လို ခံစားရလဲဆိုတာ မသေချာပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက တကယ်တော့ သူ့ကို နည်းနည်း လေးစားမှုမရှိသလိုနီးပါးဖြစ်နေလို့ပါ။ သူ့ရဲ့ ပွဲစဉ်အတွင်းမှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေအားလုံးနဲ့ ကျွန်တော်တို့ ၃ နှစ် တူညီမှုတွေရှိခဲ့ပြီးနောက်မှ အဲဒါကို ပြောရမှာပါ။ ကျွန်တော်က ဂျုဒ်ပဲ ဖြစ်ချင်တယ်လို့ ထင်ပြီး ကိုယ့်လမ်းကြောင်းအတိုင်းပဲ ကိုယ်သွားချင်ပါတယ်။ သူလုပ်ခဲ့တာတွေက အံ့အားသင့်စရာကောင်းပြီး ကျွန်တော် သူ လုပ်ခဲ့တာတွေ နီးနီးလောက် လုပ်နိုင်ခဲ့ရင်တောင် ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့တာဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ အီရန်နဲ့ပွဲစဉ်တုန်းက ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့မရနိုင်ဘဲ ၎င်းရဲ့ အဖွင့်ဂိုးထက် ကျော်လွန်ပြီး ပြိုင်ဘက်ခံစစ်ဧရိယာထဲကို ၁၅ ကြိမ်အထိ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ထရစ်ပီယာတစ်ဦးတည်းသာ အဲဒီအကြိမ်ရေထက် ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဟမ်ရဲ့ ဘောလုံးပေးပို့မှု တိကျမှု ၉၆ ရာခိုင်နှုန်းထက် သာလွန်တဲ့သူဆိုလို့ ဗဟိုနောက်ခံလူ ဂျွန် စတုန်းစ်(၉၉ ရာခိုင်နှုန်း)တစ်ဦးတည်းသာရှိခဲ့ပြီး ဒေါ့မွန်ကြယ်ပွင့်ဟာ ပြိုင်ဘက်ခံစစ်ဧရိယာမှာ ဘောလုံးပေးပို့မှု ၂၃ ကြိမ်အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ခံစစ်ပိုင်းမှာလည်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အီရန်ကို ၉ ကြိမ်အထိ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးအောင် လုပ်နိုင်ခဲ့တာကြောင့် ဒီကလန် ရိုက်စ်(၁၀ ကြိမ်)တစ်ဦးတည်းကသာ ဒေါ့မွန်ကြယ်ပွင့်ထက် ပိုမို သာလွန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ၎နဲ႔ စတီဗင္ ဂ်ရတ္ၾကား ႏႈိင္းယွဥ္မႈေတြ ျပဳလုပ္ေနၾကတာဟာ လီဗာပူးလ္ဂႏၲဝင္အေပၚ မေလးမစား ျပဳမူေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ တနလၤာေန႔က ဒိုဟာမွာ အီရန္ကို ၆-၂ နဲ႔ အဂၤလန္က အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ကမာၻ႔ဖလားပြဲဦးထြက္ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ ဘယ္လင္ဟမ္ဟာ အဂၤလန္ရဲ႕ အဖြင့္ဂိုးကို ရင္သပ္ရႈေမာဖြယ္ေခါင္းတိုက္ခ်က္နဲ႔အတူ အီရန္ ဂိုးသမား ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ သြင္းယူႏိုင္ခဲ့တာက ၎ရဲ႕ ပထမဆုံးအဂၤလန္ကစားသမားဘဝ သြင္းဂိုးျဖစ္ခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ဟာ ကမာၻေပၚမွာ အသင္းအမ်ားအျပားရဲ႕ အလိုအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔နဲ႔ ၿပီးခဲ့တဲ့လေတြမွာ သတင္းေတြထြက္ေပၚခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကလည္း ဘယ္လင္ဟမ္ကို ေခၚယူဖို႔အတြက္ ကာလရွည္ စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး မာေဆးဆိုဒ္အသင္း ပရိသတ္ေတြဟာ ဆယ္ေက်ာ္သက္ၾကယ္ပြင့္က ကာတာမွာ ၎ရဲ႕ အဆင့္အတန္းကို ျပသခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕အမွန္တကယ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့ၾကတာျဖစ္ပါတယ္။

အဂၤလန္အသင္းအတြက္ သူရဲေကာင္းက ဘယ္သူလဲလို႔ ေမးျမန္းခဲ့ရာမွာ ဘယ္လင္ဟမ္က ခ်က္ခ်င္းပဲ”ဂ်ရတ္က ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံး သူရဲေကာင္းေတြထဲက တစ္ဦးျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ေဘာလုံးအျပင္ သူ႔မွာရွိေနတဲ့ စ႐ိုက္လကၡဏာက ကမာၻ႔အဆင့္ပဲ။ ၿပီးေတာ့ ခင္ဗ်ား သိမွာပါ။ သူ႔ရဲ႕ အရည္အခ်င္းေတြကိုပါ ထပ္ေပါင္းလိုက္ၿပီး အဲဒါက တကယ္ကို ဟာသပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဂ်ရတ္နဲ႔ ၎ရဲ႕ၾကားထဲက ႏႈိင္းယွဥ္မႈေတြကို ေဆြးေႏြးခဲ့ခ်ိန္မွာ ဘာမင္ဟမ္ၾကယ္ပြင့္ေဟာင္းက “ခင္ဗ်ားရဲ႕ သူရဲေကာင္းက ခင္ဗ်ားလုပ္ခဲ့တာေတြကို အသိအမွတ္ျပဳခ်ီးက်ဴးဖို႔ အခ်ိန္ေပးခဲ့တဲ့အခ်ိန္မွာ အဲဒါက တကယ္ကို ထူးျခားပါတယ္”

“ကြၽန္ေတာ္ ဘယ္လို ခံစားရလဲဆိုတာ မေသခ်ာပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက တကယ္ေတာ့ သူ႔ကို နည္းနည္း ေလးစားမႈမရွိသလိုနီးပါးျဖစ္ေနလို႔ပါ။ သူ႔ရဲ႕ ပြဲစဥ္အတြင္းမွာ သူရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြအားလုံးနဲ႔ ကြၽန္ေတာ္တို႔ ၃ ႏွစ္ တူညီမႈေတြရွိခဲ့ၿပီးေနာက္မွ အဲဒါကို ေျပာရမွာပါ။ ကြၽန္ေတာ္က ဂ်ဳဒ္ပဲ ျဖစ္ခ်င္တယ္လို႔ ထင္ၿပီး ကိုယ့္လမ္းေၾကာင္းအတိုင္းပဲ ကိုယ္သြားခ်င္ပါတယ္။ သူလုပ္ခဲ့တာေတြက အံ့အားသင့္စရာေကာင္းၿပီး ကြၽန္ေတာ္ သူ လုပ္ခဲ့တာေတြ နီးနီးေလာက္ လုပ္ႏိုင္ခဲ့ရင္ေတာင္ ကြၽန္ေတာ္ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ အီရန္နဲ႔ပြဲစဥ္တုန္းက ကြင္းထဲမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္ဆိုတာ ျငင္းလို႔မရႏိုင္ဘဲ ၎ရဲ႕ အဖြင့္ဂိုးထက္ ေက်ာ္လြန္ၿပီး ၿပိဳင္ဘက္ခံစစ္ဧရိယာထဲကို ၁၅ ႀကိမ္အထိ ဝင္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ထရစ္ပီယာတစ္ဦးတည္းသာ အဲဒီအႀကိမ္ေရထက္ ပိုမိုမ်ားျပားခဲ့တာျဖစ္ပါတယ္။ ဘယ္လင္ဟမ္ရဲ႕ ေဘာလုံးေပးပို႔မႈ တိက်မႈ ၉၆ ရာခိုင္ႏႈန္းထက္ သာလြန္တဲ့သူဆိုလို႔ ဗဟိုေနာက္ခံလူ ဂြၽန္ စတုန္းစ္(၉၉ ရာခိုင္ႏႈန္း)တစ္ဦးတည္းသာရွိခဲ့ၿပီး ေဒါ့မြန္ၾကယ္ပြင့္ဟာ ၿပိဳင္ဘက္ခံစစ္ဧရိယာမွာ ေဘာလုံးေပးပို႔မႈ ၂၃ ႀကိမ္အထိ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ ခံစစ္ပိုင္းမွာလည္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး အီရန္ကို ၉ ႀကိမ္အထိ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးေအာင္ လုပ္ႏိုင္ခဲ့တာေၾကာင့္ ဒီကလန္ ႐ိုက္စ္(၁၀ ႀကိမ္)တစ္ဦးတည္းကသာ ေဒါ့မြန္ၾကယ္ပြင့္ထက္ ပိုမို သာလြန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.