International Match Report World Cup

နောက်ဆုံးအထိ ထွေးလုံးရစ်ပတ် ထိုးသတ်ခဲ့ကြတဲ့ ဝေးလ်စ်နဲ့ USA တို့ရဲ့ သရေပွဲ

အမေရိကန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ရင်းမ်၊ ဇင်မာမန်း၊ ဒက်စ်နဲ့ ရော်ဘင်ဆန်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ မက်ကင်နီ၊ တိုင်လာ အက်ဒမ်စ်နဲ့ ယူနွတ်စ် မူဆာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ဝီယာနဲ့ ဆားဂျင့်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဝေးလ်စ်အသင်းကတော့ ဂိုးသမား ဟန်နက်ဆီ၊ ခံစစ်မှာ ရိုဒန်၊ မက်ဖမ်၊ ဘင်ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ နီကို ဝီလီယမ်စ်၊ ရောဘတ်စ်၊ အမ်ပါဒူး၊ ရမ်ဆေးနဲ့ ဟာရီ ဝီလ်ဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘေးလ်နဲ့ ဒန်ဂျိမ်းစ်တို့နှစ်ယောက်နဲ့ တင်ကစားလာခဲ့တာပါ။

ပွဲစကတည်းက ရွာသားအထာနဲ့ ကစားနေတဲ့ ဝေးလ်စ်တို့ကို ကစားပုံ အဆင့်ပိုမြင့်တဲ့ အမေရိကန်တို့က စီးထားနိုင်ခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာ ညာခြမ်းက ဝီယာရဲ့ ဖြတ်တင်ဘောကို ရိုဒန် ကိုယ့်ဂိုးကိုယ်သွင်းဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား ဟင်နက်ဆီရဲ့ ရင်ဘတ်ကို မှန်ပြီး ပြန်ထွက်ခဲ့သလို ဒီကနေ ဆက်ပြီး တိုက်စစ်ဆင်ရာမှာတော့ ဆားဂျင့်ရဲ့ ကန်ချက်က တိုင်ဘေးက ကပ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်မှာ အတက်ကြွလွန်ပြီး အဝင်သိပ်ရဲနေတဲ့ အမေရိကန်တို့ဘက်က ဒက်စ်နဲ့ မက်ကင်နီတို့ ဆက်တိုက်ဆိုသလို အဝါတွေ ထိခဲ့လို့ နည်းနည်းကိုယ်ရှိန်ပြန်သတ်ခဲ့ရသလို ပွဲကိုတော့ နည်းစနစ်ကျကျ ချဉ်းကပ်လာတဲ့ ပူလီရှစ်ချ်တို့အဖွဲ့က ဆက်လက်စိုးမိုးနေခဲ့ပြီး ဂေါက်ရိုက်နေသူကြီး ဘေးလ်ကတော့ ဘောလုံးအခြေခံ အထိန်းအသိမ်းတောင် မေ့နေသလိုလိုဖြစ်နေခဲ့တာကို အံ့ဩစရာ မြင်တွေ့ခဲ့ရသေးတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ အမေရိကန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်တောက်လျှောက် ဆွဲပြေးလာခဲ့တဲ့ ပူလီရှစ်ချ်က ဧရိယာထိပ်ကနေ ဝေးလ်ခံစစ်တန်းကြား လှလှပပ ခင်းပေးခဲ့ရာမှာ အလိုက်သင့် ပြေးထွက်သွားခဲ့တဲ့ ညာတောင်ပံသမား ဝီယာက ဂိုးသမား ဟင်နက်ဆီနဲ့ တစ်ဦးချင်း အတွေ့မှာ ဘေးကနေ အသာလေး ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အမေရိကန်တို့က ပွဲကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ရှေ့မှာ ပါမှန်းတောင် မသိရတဲ့ ဒန်ဂျိမ်းစ်အစား ကီဖာမိုးရ်ကို ဝေးလ်စ်တို့ ထည့်သွင်းလာခဲ့သလို သူ့ရဲ့ မြင့်မားတဲ့ အရပ်အမောင်းနဲ့ ဘောလုံးကိုင်နိုင်စွမ်းကြောင့် သူတင်ကိုယ်တင် ကစားလာနိုင်ခဲ့ကြတာပါ။

ဝေးလ်စ်တို့ တည်ကန်ဘောတွေကနေ ဝင်တိုးဖို့ ကြိုးစားနေပေမယ့် အာဆင်နယ်ရောက် အမေရိကန်ဂိုးသမား တာနာက အမှားအယွင်းမရှိဘဲ ကာကွယ်ထားနိုင်ခဲ့သလို ငါးယောက်အထိ ထားခဲ့တဲ့ ဝေးလ်စ်ခံစစ်ကလည်း ပထမပိုင်းကလိုမျိုး သတိသိပ်မလစ်တော့ဘဲ အကွက်ကျကျ ကစားနိုင်ခဲ့လို့ အမေရိကန်တို့ အလုပ်မဖြစ်ဘဲ ရုန်းကန်ခဲ့ကြရပါတယ်။

အတွေ့အကြုံတွေကို အားကိုးပါရစေဆိုပြီး ထည့်လာတဲ့ ရမ်ဆေးလ်နဲ့ ဘေးလ်ကတော့ ကစားအားအရ ပွဲရှိန်ကို လိုက်မီနိုင်ခြင်း မရှိတော့လို့ တစ်ချက်ကောင်းသာ ရုန်းနေခဲ့ကြရပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ တည်ကန်ဘောကနေ မြောက်နေတဲ့ ဘောလုံးကို ဝိုင်းလုကြရင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရတဲ့ ဘန်ဒေးဗီးစ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား တာနာကပဲ ဘားပေါ် ကျော်ပုတ်သွားခဲ့ရတာပါ။

အမေရိကန်တို့အနေနဲ့ ဝေးလ်စ်တို့ရဲ့ ဖိအားကို တောင့်ခံနိုင်ဖို့ အဝါထိထားတဲ့ ဒက်စ်၊ မက်ကင်နီတို့နဲ့ မူဆာ၊ ဆားဂျင့်တို့အစား ယက်ဒ်လင်၊ အာရွန်ဆန်၊ အကော့စ်တာနဲ့ ဟာဂျီရိုက်တို့ကို ထည့်သွင်းပြီး လူစားလဲခဲ့ရသလို ဝေးလ်စ်တို့ကတော့ နီကို ဝီလီယမ်စ်အစား ဘရင်နန် ဂျွန်ဆန်ကို ထည့်ပြီး တိုက်စစ်ပိုကစားလာခဲ့တာပါ။


ပွဲချိန် ၈၂ မိနစ်မှာတော့ ဝေးလ်စ်တို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးကို ကျောပေးထားပြီး အန္တရာယ်ပေးနိုင်မှု နည်းနေသေးတဲ့ ဘေးလ်ကို အလောတကြီး ဘောလုံးဝင်လုပြီး အမေရိကန်နောက်ခံလူ ဇင်မာမန်းကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဘေးလ်ကပဲ ဂိုးသမား တာနာရဲ့ ဘယ်ဘက်ကို အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး ဘာပညာမှ မပါတော့ဘဲ ကန်တင်ပြေးပြီး ဂိုးရဖို့ ကြိုးစားသွားကြပေမယ့် မအောင်မြင်ကြတော့သလို ခြေကုန်လက်ပန်းကျနေခဲ့ကြတာကြောင့် တစ်ဂိုးစီသရေနဲ့ပဲ ကျေနပ်ခဲ့ရပြီး အဖွင့်ပွဲစဉ်မှာ တစ်သင်းကို တစ်သင်း အသာမရဘဲ အမေရိကန်နဲ့ ဝေးလ်စ်တို့ သရေတစ်မှတ်စီသာ ခွဲယူသွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေမရိကန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ ရင္းမ္၊ ဇင္မာမန္း၊ ဒက္စ္နဲ႔ ေရာ္ဘင္ဆန္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ကင္နီ၊ တိုင္လာ အက္ဒမ္စ္နဲ႔ ယူႏြတ္စ္ မူဆာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ ဝီယာနဲ႔ ဆားဂ်င့္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ေဝးလ္စ္အသင္းကေတာ့ ဂိုးသမား ဟန္နက္ဆီ၊ ခံစစ္မွာ ႐ိုဒန္၊ မက္ဖမ္၊ ဘင္ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ နီကို ဝီလီယမ္စ္၊ ေရာဘတ္စ္၊ အမ္ပါဒူး၊ ရမ္ေဆးနဲ႔ ဟာရီ ဝီလ္ဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဘးလ္နဲ႔ ဒန္ဂ်ိမ္းစ္တို႔ႏွစ္ေယာက္နဲ႔ တင္ကစားလာခဲ့တာပါ။

ပြဲစကတည္းက ႐ြာသားအထာနဲ႔ ကစားေနတဲ့ ေဝးလ္စ္တို႔ကို ကစားပုံ အဆင့္ပိုျမင့္တဲ့ အေမရိကန္တို႔က စီးထားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၉ မိနစ္မွာ ညာျခမ္းက ဝီယာရဲ႕ ျဖတ္တင္ေဘာကို ႐ိုဒန္ ကိုယ့္ဂိုးကိုယ္သြင္းဖို႔ နီးစပ္ခဲ့ေပမယ့္ ဂိုးသမား ဟင္နက္ဆီရဲ႕ ရင္ဘတ္ကို မွန္ၿပီး ျပန္ထြက္ခဲ့သလို ဒီကေန ဆက္ၿပီး တိုက္စစ္ဆင္ရာမွာေတာ့ ဆားဂ်င့္ရဲ႕ ကန္ခ်က္က တိုင္ေဘးက ကပ္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္မွာ အတက္ႂကြလြန္ၿပီး အဝင္သိပ္ရဲေနတဲ့ အေမရိကန္တို႔ဘက္က ဒက္စ္နဲ႔ မက္ကင္နီတို႔ ဆက္တိုက္ဆိုသလို အဝါေတြ ထိခဲ့လို႔ နည္းနည္းကိုယ္ရွိန္ျပန္သတ္ခဲ့ရသလို ပြဲကိုေတာ့ နည္းစနစ္က်က် ခ်ဥ္းကပ္လာတဲ့ ပူလီရွစ္ခ်္တို႔အဖြဲ႕က ဆက္လက္စိုးမိုးေနခဲ့ၿပီး ေဂါက္႐ိုက္ေနသူႀကီး ေဘးလ္ကေတာ့ ေဘာလုံးအေျခခံ အထိန္းအသိမ္းေတာင္ ေမ့ေနသလိုလိုျဖစ္ေနခဲ့တာကို အံ့ဩစရာ ျမင္ေတြ႕ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ အေမရိကန္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ကြင္းလယ္ေတာက္ေလွ်ာက္ ဆြဲေျပးလာခဲ့တဲ့ ပူလီရွစ္ခ်္က ဧရိယာထိပ္ကေန ေဝးလ္ခံစစ္တန္းၾကား လွလွပပ ခင္းေပးခဲ့ရာမွာ အလိုက္သင့္ ေျပးထြက္သြားခဲ့တဲ့ ညာေတာင္ပံသမား ဝီယာက ဂိုးသမား ဟင္နက္ဆီနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ ေဘးကေန အသာေလး ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အေမရိကန္တို႔က ပြဲကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ေရွ႕မွာ ပါမွန္းေတာင္ မသိရတဲ့ ဒန္ဂ်ိမ္းစ္အစား ကီဖာမိုးရ္ကို ေဝးလ္စ္တို႔ ထည့္သြင္းလာခဲ့သလို သူ႔ရဲ႕ ျမင့္မားတဲ့ အရပ္အေမာင္းနဲ႔ ေဘာလုံးကိုင္ႏိုင္စြမ္းေၾကာင့္ သူတင္ကိုယ္တင္ ကစားလာႏိုင္ခဲ့ၾကတာပါ။

ေဝးလ္စ္တို႔ တည္ကန္ေဘာေတြကေန ဝင္တိုးဖို႔ ႀကိဳးစားေနေပမယ့္ အာဆင္နယ္ေရာက္ အေမရိကန္ဂိုးသမား တာနာက အမွားအယြင္းမရွိဘဲ ကာကြယ္ထားႏိုင္ခဲ့သလို ငါးေယာက္အထိ ထားခဲ့တဲ့ ေဝးလ္စ္ခံစစ္ကလည္း ပထမပိုင္းကလိုမ်ိဳး သတိသိပ္မလစ္ေတာ့ဘဲ အကြက္က်က် ကစားႏိုင္ခဲ့လို႔ အေမရိကန္တို႔ အလုပ္မျဖစ္ဘဲ ႐ုန္းကန္ခဲ့ၾကရပါတယ္။

အေတြ႕အႀကဳံေတြကို အားကိုးပါရေစဆိုၿပီး ထည့္လာတဲ့ ရမ္ေဆးလ္နဲ႔ ေဘးလ္ကေတာ့ ကစားအားအရ ပြဲရွိန္ကို လိုက္မီႏိုင္ျခင္း မရွိေတာ့လို႔ တစ္ခ်က္ေကာင္းသာ ႐ုန္းေနခဲ့ၾကရၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ တည္ကန္ေဘာကေန ေျမာက္ေနတဲ့ ေဘာလုံးကို ဝိုင္းလုၾကရင္း လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရတဲ့ ဘန္ေဒးဗီးစ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား တာနာကပဲ ဘားေပၚ ေက်ာ္ပုတ္သြားခဲ့ရတာပါ။

အေမရိကန္တို႔အေနနဲ႔ ေဝးလ္စ္တို႔ရဲ႕ ဖိအားကို ေတာင့္ခံႏိုင္ဖို႔ အဝါထိထားတဲ့ ဒက္စ္၊ မက္ကင္နီတို႔နဲ႔ မူဆာ၊ ဆားဂ်င့္တို႔အစား ယက္ဒ္လင္၊ အာ႐ြန္ဆန္၊ အေကာ့စ္တာနဲ႔ ဟာဂ်ီ႐ိုက္တို႔ကို ထည့္သြင္းၿပီး လူစားလဲခဲ့ရသလို ေဝးလ္စ္တို႔ကေတာ့ နီကို ဝီလီယမ္စ္အစား ဘရင္နန္ ဂြၽန္ဆန္ကို ထည့္ၿပီး တိုက္စစ္ပိုကစားလာခဲ့တာပါ။


ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေဝးလ္စ္တို႔ ေခ်ပဂိုး ျပန္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂိုးကို ေက်ာေပးထားၿပီး အႏၲရာယ္ေပးႏိုင္မႈ နည္းေနေသးတဲ့ ေဘးလ္ကို အေလာတႀကီး ေဘာလုံးဝင္လုၿပီး အေမရိကန္ေနာက္ခံလူ ဇင္မာမန္းေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေဘးလ္ကပဲ ဂိုးသမား တာနာရဲ႕ ဘယ္ဘက္ကို အျပင္းကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္သင္းစလုံး ဘာပညာမွ မပါေတာ့ဘဲ ကန္တင္ေျပးၿပီး ဂိုးရဖို႔ ႀကိဳးစားသြားၾကေပမယ့္ မေအာင္ျမင္ၾကေတာ့သလို ေျခကုန္လက္ပန္းက်ေနခဲ့ၾကတာေၾကာင့္ တစ္ဂိုးစီသေရနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး အဖြင့္ပြဲစဥ္မွာ တစ္သင္းကို တစ္သင္း အသာမရဘဲ အေမရိကန္နဲ႔ ေဝးလ္စ္တို႔ သေရတစ္မွတ္စီသာ ခြဲယူသြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.