International World Cup

ကမ္ဘာ့ဖလားရနိုင်တဲ့အသင်းတွေထဲမှာ ဘရာဇီးလ်နဲ့အာဂျင်ကို ငြင်းပယ်ခဲ့တဲ့ အာစင်ဝင်းဂါး

အာစင်ဝင်းဂါးဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ပြင်သစ်အသင်းကို သတ်မှတ်ခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဟာ ယနေ့ညနေ သြစတြေးလျနဲ့ ယှဉ်ပြိုင်ကစားပြီး ချန်ပီယံဘွဲ့ကို စတင်ကာကွယ်သွားရမှာဖြစ်ပြီး အုပ်စု D ထဲမှာ ဒိန်းမတ်၊ တူနီးရှားတို့နဲ့လည်း ကစားသွားရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ကာရင် ဘန်ဇီးမား၊ ပေါ့ဂ်ဘာ၊ ကွန်တေ၊ ကင်ပန်ဘီ၊ အန်ကွန်ကူတို့အပါအဝင် အဓိကကစားသမားအများအပြား မပါဝင်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်သွားရမှာ ဖြစ်ပေမယ့်လည်း အာစင်ဝင်းဂါးက ပြင်သစ်ရဲ့ကမ္ဘာ့ဖလားအကြို စိတ်ပျက်စရာတွေက ကာတာမှာ အပေါင်းလက္ခဏာဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားရရှိနိုင်တဲ့အသင်းကို ရွေးချယ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာစင်ဝင်းဂါးက “ကျွန်တော့်ရဲ့ နံပါတ်တစ် ရေပန်းအစားဆုံးက ပြင်သစ်ပါ။ ကျွန်တော်က ပြင်သစ်မှာ မွေးတဲ့ ပြင်သစ်သားမို့လို့ပြောတာမဟုတ်ပါဘူး။ ဒီပြင်သစ်အသင်းက အကောင်းဆုံးတိုက်စစ်ရှိနေလို့ပါ။ တကယ်လို့ ဒက်စ်ချမ့်သာ ခံစစ်ပိုင်းမှာ မဖြစ်မနေလိုအပ်တဲ့ တည်ငြိမ်မှုမျိုး ရရှိအောင် လုပ်နိုင်ရင် လက်ရှိ ကမ္ဘာ့ချန်ပီယံတွေက သူတို့ရဲ့ ချန်ပီယံဘွဲ့ကို အောင်မြင်စွာကာကွယ်နိုင်ဖို့ အခွင့်အရေးကောင်းရရှိပါလိမ့်မယ်။ ခင်ဗျားက လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်နေတဲ့အချိန်မှာ အကြီးမားဆုံးအန္တရာယ်က ဘာစိုးရိမ်စရာမှ မရှိနေတာပဲ”

“အေးအေးဆေးဆေးလုပ်နေပြီး သူတို့ရဲ့အလုပ်အပေါ်မှာ အာရုံမစိုက်ထားတဲ့အသင်းက အမြဲတမ်း စိတ်ပျက်စရာ အံ့အားသင့်မှုတွေ ရရှိတတ်ပြီး ပြိုင်ပွဲထဲမှာ ကြာကြာ မနေနိုင်ပါဘူး။ ရိုးရိုးသားသားပြေရရင် ကျွန်တော် ပြင်သစ်အသင်း လုပ်စရာ အလုပ်တွေရှိနေတာကို သတင်းကောင်းလို့တောင် ယူဆပါတယ်။ ရလဒ်အနေနဲ့ သူတု့ိ အရာအနည်းငယ်ကို အသစ်ပြန်လုပ်ရမှာဖြစ်ပြီး ဒါက ဒိုဟာက စွမ်းဆောင်ရည်အပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုပဲ ရှိနိုင်မယ်လို့ အခိုင်အမာ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ ဒက်စ်ချမ့်ရဲ့အသင်းက ရလဒ်အနေနဲ့ ပိုပြီးတော့တောင် အာရုံစိုက်သွားတော့မှာမို့လို့ပါ”

အာစင်ဝင်းဂါးက ဘရာဇီးလ်၊ အာဂျင်တီးနား၊ အင်္ဂလန်နဲ့ စပိန်တို့ကလည်း ပြင်သစ်ရဲ့ အနီးကပ်ဆုံး စိန်ခေါ်သူတွေဖြစ်တယ်လို့ ယုံကြည်နေပြီး “ပြီးခဲ့တဲ့ ၁၂လ၊ ၁၅ လအတွင်း ဘရာဇီးလ်လက်ရွေးစင်အသင်းက အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တယ်။ နေမာလိုမျိုး ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ထူးခြားဆန်းကြယ်တဲ့ပုံစံကောင်းရရှိနေတဲ့ ခေါင်းဆောင်နဲ့အတူ အတွေ့အကြုံရင့်ကျက်တဲ့အသင်းတစ်သင်းပါ။ အာဂျင်တီးနားကလည်း သေချာပေါက် စိန်ခေါ်သူအဖြစ် ထည့်တွက်ရမယ့်အသင်းဖြစ်ပါလိမ့်မယ်။ လီယွန်နယ် မက်ဆီက ဒီကျိန်စာဆိုးကို ချိုးဖျက်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ အရာအားလုံးကို လုပ်ဆောင်သွားပါလိမ့်မယ်”

“အင်္ဂလန်ကလည်း ကျိန်းသေပေါက် တော်တော်လေး သွားနိုင်ခြေရှိပါတယ်။ ဆောက်ဂိတ်ရဲ့အသင်းက အမြဲတမ်းပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ နောက်ဆုံး ၄ သင်းအထိ တက်ရောက်နိုင်ခဲ့တယ်။ ဒီဟာက တိုက်ဆိုင်မှုတော့ မဟုတ်တာ ကျိန်းသေတယ်။ ဂျုဒ် ဘယ်လင်ဟမ်၊ ဖိုဒန်၊ မောင့်၊ ဆာကာ၊ ရက်ရှ်ဖို့ဒ်နဲ့ တခြားကစားသမားတွေရှိတဲ့ အင်္ဂလန်ဟာ သူတို့လူစာရင်းထဲမှာ ငယ်ရွယ်တဲ့ အရည်အချင်းရှိကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် စပိန်အသင်းကိုလည်း မြင်မိပြီး ဘယ်တုန်းကမှ လျှော့တွက်လို့မရခဲ့တဲ့အသင်းပါ။ ဘာလို့လဲဆိုတော့ နည်းစနစ်ပိုင်းအရ ဒီအသင်းထဲမှာ ကြီးမားတဲ့အလားအလာတွေရှိနေလို့ပါ။ အထူးသဖြင့် ကွင်းလယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ပီဒရီနဲ့ ဂါဗီတို့ရှိနေတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာစင္ဝင္းဂါးဟာ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ျပင္သစ္အသင္းကို သတ္မွတ္ခဲ့ပါတယ္။

လက္ရွိ ကမာၻ႔ခ်န္ပီယံေတြဟာ ယေန႔ညေန ၾသစေၾတးလ်နဲ႔ ယွဥ္ၿပိဳင္ကစားၿပီး ခ်န္ပီယံဘြဲ႕ကို စတင္ကာကြယ္သြားရမွာျဖစ္ၿပီး အုပ္စု D ထဲမွာ ဒိန္းမတ္၊ တူနီးရွားတို႔နဲ႔လည္း ကစားသြားရမွာျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ကာရင္ ဘန္ဇီးမား၊ ေပါ့ဂ္ဘာ၊ ကြန္ေတ၊ ကင္ပန္ဘီ၊ အန္ကြန္ကူတို႔အပါအဝင္ အဓိကကစားသမားအမ်ားအျပား မပါဝင္ဘဲ ကမာၻ႔ဖလားၿပိဳင္ပြဲကို ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ေပမယ့္လည္း အာစင္ဝင္းဂါးက ျပင္သစ္ရဲ႕ကမာၻ႔ဖလားအႀကိဳ စိတ္ပ်က္စရာေတြက ကာတာမွာ အေပါင္းလကၡဏာျဖစ္လာႏိုင္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ကမာၻ႔ဖလားရရွိႏိုင္တဲ့အသင္းကို ေ႐ြးခ်ယ္ဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အာစင္ဝင္းဂါးက “ကြၽန္ေတာ့္ရဲ႕ နံပါတ္တစ္ ေရပန္းအစားဆုံးက ျပင္သစ္ပါ။ ကြၽန္ေတာ္က ျပင္သစ္မွာ ေမြးတဲ့ ျပင္သစ္သားမို႔လို႔ေျပာတာမဟုတ္ပါဘူး။ ဒီျပင္သစ္အသင္းက အေကာင္းဆုံးတိုက္စစ္ရွိေနလို႔ပါ။ တကယ္လို႔ ဒက္စ္ခ်မ့္သာ ခံစစ္ပိုင္းမွာ မျဖစ္မေနလိုအပ္တဲ့ တည္ၿငိမ္မႈမ်ိဳး ရရွိေအာင္ လုပ္ႏိုင္ရင္ လက္ရွိ ကမာၻ႔ခ်န္ပီယံေတြက သူတို႔ရဲ႕ ခ်န္ပီယံဘြဲ႕ကို ေအာင္ျမင္စြာကာကြယ္ႏိုင္ဖို႔ အခြင့္အေရးေကာင္းရရွိပါလိမ့္မယ္။ ခင္ဗ်ားက လက္ရွိကမာၻ႔ခ်န္ပီယံျဖစ္ေနတဲ့အခ်ိန္မွာ အႀကီးမားဆုံးအႏၲရာယ္က ဘာစိုးရိမ္စရာမွ မရွိေနတာပဲ”

“ေအးေအးေဆးေဆးလုပ္ေနၿပီး သူတို႔ရဲ႕အလုပ္အေပၚမွာ အာ႐ုံမစိုက္ထားတဲ့အသင္းက အၿမဲတမ္း စိတ္ပ်က္စရာ အံ့အားသင့္မႈေတြ ရရွိတတ္ၿပီး ၿပိဳင္ပြဲထဲမွာ ၾကာၾကာ မေနႏိုင္ပါဘူး။ ႐ိုး႐ိုးသားသားေျပရရင္ ကြၽန္ေတာ္ ျပင္သစ္အသင္း လုပ္စရာ အလုပ္ေတြရွိေနတာကို သတင္းေကာင္းလို႔ေတာင္ ယူဆပါတယ္။ ရလဒ္အေနနဲ႔ သူတု႔ိ အရာအနည္းငယ္ကို အသစ္ျပန္လုပ္ရမွာျဖစ္ၿပီး ဒါက ဒိုဟာက စြမ္းေဆာင္ရည္အေပၚမွာ အေပါင္းလကၡဏာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈပဲ ရွိႏိုင္မယ္လို႔ အခိုင္အမာ ယူဆမိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒက္စ္ခ်မ့္ရဲ႕အသင္းက ရလဒ္အေနနဲ႔ ပိုၿပီးေတာ့ေတာင္ အာ႐ုံစိုက္သြားေတာ့မွာမို႔လို႔ပါ”

အာစင္ဝင္းဂါးက ဘရာဇီးလ္၊ အာဂ်င္တီးနား၊ အဂၤလန္နဲ႔ စပိန္တို႔ကလည္း ျပင္သစ္ရဲ႕ အနီးကပ္ဆုံး စိန္ေခၚသူေတြျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး “ၿပီးခဲ့တဲ့ ၁၂လ၊ ၁၅ လအတြင္း ဘရာဇီးလ္လက္ေ႐ြးစင္အသင္းက အေကာင္းဆုံးပုံစံ ျပသႏိုင္ခဲ့တယ္။ ေနမာလိုမ်ိဳး ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ ထူးျခားဆန္းၾကယ္တဲ့ပုံစံေကာင္းရရွိေနတဲ့ ေခါင္းေဆာင္နဲ႔အတူ အေတြ႕အႀကဳံရင့္က်က္တဲ့အသင္းတစ္သင္းပါ။ အာဂ်င္တီးနားကလည္း ေသခ်ာေပါက္ စိန္ေခၚသူအျဖစ္ ထည့္တြက္ရမယ့္အသင္းျဖစ္ပါလိမ့္မယ္။ လီယြန္နယ္ မက္ဆီက ဒီက်ိန္စာဆိုးကို ခ်ိဳးဖ်က္ၿပီး ကမာၻ႔ခ်န္ပီယံျဖစ္လာဖို႔ အရာအားလုံးကို လုပ္ေဆာင္သြားပါလိမ့္မယ္”

“အဂၤလန္ကလည္း က်ိန္းေသေပါက္ ေတာ္ေတာ္ေလး သြားႏိုင္ေျခရွိပါတယ္။ ေဆာက္ဂိတ္ရဲ႕အသင္းက အၿမဲတမ္းၿပီးခဲ့တဲ့ၿပိဳင္ပြဲေတြမွာ ေနာက္ဆုံး ၄ သင္းအထိ တက္ေရာက္ႏိုင္ခဲ့တယ္။ ဒီဟာက တိုက္ဆိုင္မႈေတာ့ မဟုတ္တာ က်ိန္းေသတယ္။ ဂ်ဳဒ္ ဘယ္လင္ဟမ္၊ ဖိုဒန္၊ ေမာင့္၊ ဆာကာ၊ ရက္ရွ္ဖို႔ဒ္နဲ႔ တျခားကစားသမားေတြရွိတဲ့ အဂၤလန္ဟာ သူတို႔လူစာရင္းထဲမွာ ငယ္႐ြယ္တဲ့ အရည္အခ်င္းရွိကစားသမားေတြ အမ်ားအျပား ပိုင္ဆိုင္ထားပါတယ္။ ကြၽန္ေတာ္ စပိန္အသင္းကိုလည္း ျမင္မိၿပီး ဘယ္တုန္းကမွ ေလွ်ာ့တြက္လို႔မရခဲ့တဲ့အသင္းပါ။ ဘာလို႔လဲဆိုေတာ့ နည္းစနစ္ပိုင္းအရ ဒီအသင္းထဲမွာ ႀကီးမားတဲ့အလားအလာေတြရွိေနလို႔ပါ။ အထူးသျဖင့္ ကြင္းလယ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ပီဒရီနဲ႔ ဂါဗီတို႔ရွိေနတာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.