Premier League

ထူးခြားတဲ့ကစားသမားနဲ့ ပေါင် ၆၂ သန်းတန် သဘောတူညီမှုရခဲ့တဲ့ လီဗာပူးလ်

မိုဟာမက် ဆာလားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၂၀၂၅ ခုနှစ်အထိ အန်းဖီးမှာ ဆက်လက်ရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး သတင်းသစ်တွေအရ စာချုပ်သစ်ဟာ ဘယ်လောက်အထိ တန်ကြေးရှိလဲဆိုတာ ထုတ်ဖော်ခဲ့ပါတယ်။

ဆာလားဟာ စာချုပ်သစ် ချုပ်ဆိုပြီး လပေါင်းများစွာ ကောလာဟလတွေကို အဆုံးသတ်ခဲ့တာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အီဂျစ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်ဟာ ဆာလားကို စာချုပ်သစ်ချုပ်ဆိုချင်လာအောင် သိသိသာသာ ကြီးမားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးနောက် လီဗာပူးလ်သမိုင်းမှာ လစာအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆာဒီယို မာနေးကို ဘိုင်ယန်မြူးနစ်အသင်းကို ရောင်းချခဲ့တာကြောင့် မိုဟာမက် ဆာလားကို စာချုပ်သက်တမ်းတိုးဖို့က ပြီးခဲ့တဲ့နွေရာသီမှာ အရေးပေါ်အခြေအနေဖြစ်ခဲ့တာဖြစ်ပါတယ်။

စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် စကားပြောဆိုရာမှာ မိုဟာမက် ဆာလာဟာ အသင်းတရားဝင် ဝက်ဘ်ဆိုက်ကို “ကျွန်တော် အရမ်းကောင်းမွန်နေတယ်လို့ ခံစားရပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရရှိဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အားလုံးအတွက် ပျော်ရွှင်ရတဲ့နေ့ပါပဲ။ စာချုပ်သစ် ချုပ်ဆိုဖို့က ကျွန်တော် ထင်တယ် အဲဒါက နည်းနည်းတော့ အချိန်ယူခဲ့ရတယ်။ ဒါပေမယ့် အားလုံး ပြီးသွားပါပြီ။ အဲဒီတော့ ကျွန်တော် နောက်ထပ်လုပ်ရမယ့်အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ပဲ လိုပါတော့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီမှာ ပုံမှန်စွမ်းဆောင်ရည်ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလား အားလပ်ရက်ကို အဆင့် ၆ အဖြစ်နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် အဓိကကစားသးမားအများအပြား မပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပေမယ့်လည်း မိုဟာမက် ဆာလားဟာ လက်ရှိအချိန်အထိ ဒဏ်ရာကင်းကင်းနဲ့ ကစားပေးနေတဲ့ အဓိကကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်အတွက် ရောဘတ်တို ဖာမီနိုတစ်ဦးတည်းကသာ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးထက် သွင်းဂိုး ပိုမိုသွင်းယူထားတဲ့ တစ်ဦးတည်းသော အသင်းဖော်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ Football Insider က ဖော်ပြခဲ့တဲ့ သတင်းသစ်အရ လီဗာပူးလ်ဟာ မိုဟာမက် ဆာလားနဲ့ ပေါင် ၆၂ သန်းနီးပါး တန်ကြေးရှိတဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပြီး အီဂျစ်တိုက်စစ်မှူးဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းနီးပါးအပြင် ဆုကြေးငွေတွေလည်း ရရှိမှာဖြစ်တာကြောင့် အသင်းသမိုင်းမှာ လစာအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုဟာမက္ ဆာလားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ၂၀၂၅ ခုႏွစ္အထိ အန္းဖီးမွာ ဆက္လက္ရွိေနေစမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့ၿပီး သတင္းသစ္ေတြအရ စာခ်ဳပ္သစ္ဟာ ဘယ္ေလာက္အထိ တန္ေၾကးရွိလဲဆိုတာ ထုတ္ေဖာ္ခဲ့ပါတယ္။

ဆာလားဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး လေပါင္းမ်ားစြာ ေကာလာဟလေတြကို အဆုံးသတ္ခဲ့တာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ အီဂ်စ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ စာခ်ဳပ္သစ္အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ပ်က္ျပယ္ခဲ့ၿပီးေနာက္ပိုင္း လီဗာပူးလ္ဟာ ဆာလားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္လာေအာင္ သိသိသာသာ ႀကီးမားတဲ့ လစာပမာဏနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီးေနာက္ လီဗာပူးလ္သမိုင္းမွာ လစာအျမင့္မားဆုံးကစားသမားျဖစ္လာခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဆာဒီယို မာေနးကို ဘိုင္ယန္ျမဴးနစ္အသင္းကို ေရာင္းခ်ခဲ့တာေၾကာင့္ မိုဟာမက္ ဆာလားကို စာခ်ဳပ္သက္တမ္းတိုးဖို႔က ၿပီးခဲ့တဲ့ေႏြရာသီမွာ အေရးေပၚအေျခအေနျဖစ္ခဲ့တာျဖစ္ပါတယ္။

စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ စကားေျပာဆိုရာမွာ မိုဟာမက္ ဆာလာဟာ အသင္းတရားဝင္ ဝက္ဘ္ဆိုက္ကို “ကြၽန္ေတာ္ အရမ္းေကာင္းမြန္ေနတယ္လို႔ ခံစားရၿပီး အသင္းနဲ႔အတူ ဆုဖလားေတြ ရရွိဖို႔အတြက္ စိတ္လႈပ္ရွားမိပါတယ္။ အားလုံးအတြက္ ေပ်ာ္႐ႊင္ရတဲ့ေန႔ပါပဲ။ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔က ကြၽန္ေတာ္ ထင္တယ္ အဲဒါက နည္းနည္းေတာ့ အခ်ိန္ယူခဲ့ရတယ္။ ဒါေပမယ့္ အားလုံး ၿပီးသြားပါၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္ ေနာက္ထပ္လုပ္ရမယ့္အရာေတြအေပၚမွာ အာ႐ုံစိုက္ဖို႔ပဲ လိုပါေတာ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီမွာ ပုံမွန္စြမ္းေဆာင္ရည္ျပသႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ကမာၻ႔ဖလား အားလပ္ရက္ကို အဆင့္ ၆ အျဖစ္နဲ႔ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အဓိကကစားသးမားအမ်ားအျပား မပါဝင္ဘဲ ကစားခဲ့ရတာျဖစ္ေပမယ့္လည္း မိုဟာမက္ ဆာလားဟာ လက္ရွိအခ်ိန္အထိ ဒဏ္ရာကင္းကင္းနဲ႔ ကစားေပးေနတဲ့ အဓိကကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၆ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး လီဗာပူးလ္အတြက္ ေရာဘတ္တို ဖာမီႏိုတစ္ဦးတည္းကသာ အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉးထက္ သြင္းဂိုး ပိုမိုသြင္းယူထားတဲ့ တစ္ဦးတည္းေသာ အသင္းေဖာ္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ Football Insider က ေဖာ္ျပခဲ့တဲ့ သတင္းသစ္အရ လီဗာပူးလ္ဟာ မိုဟာမက္ ဆာလားနဲ႔ ေပါင္ ၆၂ သန္းနီးပါး တန္ေၾကးရွိတဲ့ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သိရၿပီး အီဂ်စ္တိုက္စစ္မႉးဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၄ သိန္းနီးပါးအျပင္ ဆုေၾကးေငြေတြလည္း ရရွိမွာျဖစ္တာေၾကာင့္ အသင္းသမိုင္းမွာ လစာအျမင့္မားဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.