Premier League Transfer News

ဈေးလျှော့ပေးရင် လုပ်လိုက်တော့ အာဆင်နယ်လို့ ပြောနေမယ့် တီးလီးမန်းစ်

အာဆင်နယ်အသင်းရဲ့ ကာလကြာရှည် စိတ်ဝင်စားခဲ့တဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ဖွင့်လှစ်ချိန်မှာ လက်စတာစီးတီးအသင်းနဲ့ စာချုပ် ၆ လသာ ကျန်ရှိတော့မှာဖြစ်တာကြောင့် အင်္ဂလန် ပြင်ပက အသင်းတွေအနေနဲ့ သူ့ကို နွေရာသီမှာ ခေါ်ယူဖို့ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုခွင့် ရှိလာတော့မှာဖြစ်ပါတယ်။

နိုင်ငံတူအသင်းတွေဆီ အလွယ်တကူ ရောက်မသွားရအောင် ကာကွယ်ပေးထားတဲ့ ဘော့စ်မန်စည်းမျဉ်းအရတော့ အာဆင်နယ်တို့အနေနဲ့ သူ့ကို အလွတ်နဲ့ ခေါ်ယူဖို့ နွေရာသီကျမှ ဆွေးနွေးခွင့် ရှိမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်နေတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင်ကို လက်မလွှတ်ရဖို့ အားကစားဒါရိုက်တာသစ် အီဒူးအနေနဲ့ လက်ဦးမှု ယူဖို့လည်း လိုအပ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ လက်စတာတို့အနေနဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို စာချုပ်သစ် ကမ်းလှမ်းတော့မယ်လို့ သတင်း ထွက်ပေါ်လာတာကြောင့် အာဆင်နယ်ပရိသတ်တွေကြား စိတ်ပျက်ခဲ့ရပေမယ့် ကာယကံရှင်ဘက်ကတော့ ကာတာမှာ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ဖို့ နိုင်ငံ လက်ရွေးစင်အသင်းနဲ့ ရောက်ရှိနေချိန်မှာ ဒီအတွက် မစဉ်းစားသေးဘူးလို့လည်း သတင်းတွေ ထပ်ကြားလာရပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ မြေခွေးတွေအနေနဲ့ တီးလီးမန်းစ်ကို စာချုပ်ချုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် နွေရာသီအထိ စောင့်ဆိုင်းပြီး ကုန်းဆင်းမယ့် အသင်းတွေဆီ လက်လွှတ်မယ့်အစား စောစောစီးစီးမှာပဲ တကယ်တမ်း ငွေပေးခေါ်ယူနိုင်မယ့် အသင်းတွေနဲ့ ဆွေးနွေးပြီး ဆောင်းရာသီမှာ နဂိုမူလ တောင်းဆိုထားတဲ့ ပေါင် ၃၂ သန်းအစား ပေါင် ၁၇ သန်းတည်းနဲ့ လက်လွှတ်ဖို့ ရည်ရွယ်နေတယ်လို့ အသံထွက်လာခဲ့တာပါ။

ဒီပမာဏကတော့ ၂၀၂၀ ဇန်နဝါရီက စပါးစ်တို့ ခရစ္စတီယန် အဲရစ်ဆန်ကို အင်တာမီလန်ဆီ ခြောက်လစာချုပ် အကျန်မှာ ရောင်းချတဲ့ ဈေးနဲ့ တူညီနေခဲ့တာလည်းဖြစ်ပြီး အာဆင်နယ်တို့အနေနဲ့ အဲ့ဒီအချိန်က အသက် ၂၈ နှစ်အရွယ် ဒိန်းမတ်သားထက် ပိုမိုငယ်ရွယ်တဲ့ ၂၅ နှစ်သားကို ဒီဈေးနဲ့ ရရှိမှာဖြစ်တာကတော့ အဆင်ပြေတယ်လို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။

အမ်းမရိတ်က အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆောင်းရာသီမှာ သုံးစွဲဖို့ ပေါင်သန်း ၅၀ ထုတ်ပေးထားတယ်လို့ ဆိုနေကြချိန်မှာ တီးလီးမန်းစ်ကို ပေါင် ၁၇ သန်းနဲ့ အားဖြည့်နိုင်ခဲ့ရင် နောက်ထပ် ပေါင် ၃၂ သန်းကို တောင်ပံတိုက်စစ်အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး တကယ်လိုသာ မာဆေးလ်ရောက် နူနို တာဗာရက်စ်ကို ပေါင်သန်း ၂၀ လောက်နဲ့ ရောင်းချနိုင်ခဲ့ရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်ဦးမှာပါ။

အာဆင်နယ်တို့အနေနဲ့ ဒီတစ်ခါမှာတော့ လက်မနှေးဖို့ လိုအပ်နေပြီး ပြိုင်ဘက်တွေအနေနဲ့ တီးလီးမန်းစ်ကို လိုချင်နေပေမယ့် သူတို့တွေရဲ့ ကွင်းလယ်တွေမှာ လူတွေ ပုံနေလို့ ရှင်းထုတ်ပြီးမှ ခေါ်ယူနိုင်မယ့် အချိန်မျိုးမှာ ကိုယ်က အဆင်သင့် ခေါ်ရုံအနေအထားမှာ ရှိနေတာကြောင့် ပေါင် ၁၇ သန်းနဲ့ ရမှာကို လက်သွက်ဖို့ပဲ လိုအပ်နေတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ကာလၾကာရွည္ စိတ္ဝင္စားခဲ့တဲ့ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အေနနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလ ဖြင့္လွစ္ခ်ိန္မွာ လက္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္ ၆ လသာ က်န္ရွိေတာ့မွာျဖစ္တာေၾကာင့္ အဂၤလန္ ျပင္ပက အသင္းေတြအေနနဲ႔ သူ႔ကို ေႏြရာသီမွာ ေခၚယူဖို႔ အႀကိဳ သေဘာတူညီမႈ စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ ရွိလာေတာ့မွာျဖစ္ပါတယ္။

ႏိုင္ငံတူအသင္းေတြဆီ အလြယ္တကူ ေရာက္မသြားရေအာင္ ကာကြယ္ေပးထားတဲ့ ေဘာ့စ္မန္စည္းမ်ဥ္းအရေတာ့ အာဆင္နယ္တို႔အေနနဲ႔ သူ႔ကို အလြတ္နဲ႔ ေခၚယူဖို႔ ေႏြရာသီက်မွ ေဆြးေႏြးခြင့္ ရွိမွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္လူတစ္ေယာက္ျဖစ္ေနတဲ့ ဘယ္လ္ဂ်ီယမ္ လက္ေ႐ြးစင္ကို လက္မလႊတ္ရဖို႔ အားကစားဒါ႐ိုက္တာသစ္ အီဒူးအေနနဲ႔ လက္ဦးမႈ ယူဖို႔လည္း လိုအပ္ေနခဲ့တာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကေတာ့ လက္စတာတို႔အေနနဲ႔ အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္လူကို စာခ်ဳပ္သစ္ ကမ္းလွမ္းေတာ့မယ္လို႔ သတင္း ထြက္ေပၚလာတာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြၾကား စိတ္ပ်က္ခဲ့ရေပမယ့္ ကာယကံရွင္ဘက္ကေတာ့ ကာတာမွာ ကမာၻ႔ဖလား ယွဥ္ၿပိဳင္ဖို႔ ႏိုင္ငံ လက္ေ႐ြးစင္အသင္းနဲ႔ ေရာက္ရွိေနခ်ိန္မွာ ဒီအတြက္ မစဥ္းစားေသးဘူးလို႔လည္း သတင္းေတြ ထပ္ၾကားလာရပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ေျမေခြးေတြအေနနဲ႔ တီးလီးမန္းစ္ကို စာခ်ဳပ္ခ်ဳပ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုရင္ ေႏြရာသီအထိ ေစာင့္ဆိုင္းၿပီး ကုန္းဆင္းမယ့္ အသင္းေတြဆီ လက္လႊတ္မယ့္အစား ေစာေစာစီးစီးမွာပဲ တကယ္တမ္း ေငြေပးေခၚယူႏိုင္မယ့္ အသင္းေတြနဲ႔ ေဆြးေႏြးၿပီး ေဆာင္းရာသီမွာ နဂိုမူလ ေတာင္းဆိုထားတဲ့ ေပါင္ ၃၂ သန္းအစား ေပါင္ ၁၇ သန္းတည္းနဲ႔ လက္လႊတ္ဖို႔ ရည္႐ြယ္ေနတယ္လို႔ အသံထြက္လာခဲ့တာပါ။

ဒီပမာဏကေတာ့ ၂၀၂၀ ဇန္နဝါရီက စပါးစ္တို႔ ခရစၥတီယန္ အဲရစ္ဆန္ကို အင္တာမီလန္ဆီ ေျခာက္လစာခ်ဳပ္ အက်န္မွာ ေရာင္းခ်တဲ့ ေဈးနဲ႔ တူညီေနခဲ့တာလည္းျဖစ္ၿပီး အာဆင္နယ္တို႔အေနနဲ႔ အဲ့ဒီအခ်ိန္က အသက္ ၂၈ ႏွစ္အ႐ြယ္ ဒိန္းမတ္သားထက္ ပိုမိုငယ္႐ြယ္တဲ့ ၂၅ ႏွစ္သားကို ဒီေဈးနဲ႔ ရရွိမွာျဖစ္တာကေတာ့ အဆင္ေျပတယ္လို႔လည္း ဆိုႏိုင္မွာျဖစ္ပါတယ္။

အမ္းမရိတ္က အသင္းတာဝန္ရွိသူေတြအေနနဲ႔ ေဆာင္းရာသီမွာ သုံးစြဲဖို႔ ေပါင္သန္း ၅၀ ထုတ္ေပးထားတယ္လို႔ ဆိုေနၾကခ်ိန္မွာ တီးလီးမန္းစ္ကို ေပါင္ ၁၇ သန္းနဲ႔ အားျဖည့္ႏိုင္ခဲ့ရင္ ေနာက္ထပ္ ေပါင္ ၃၂ သန္းကို ေတာင္ပံတိုက္စစ္အတြက္ အသုံးျပဳႏိုင္မွာျဖစ္ၿပီး တကယ္လိုသာ မာေဆးလ္ေရာက္ ႏူႏို တာဗာရက္စ္ကို ေပါင္သန္း ၂၀ ေလာက္နဲ႔ ေရာင္းခ်ႏိုင္ခဲ့ရင္ ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ လႈပ္ရွားႏိုင္ဦးမွာပါ။

အာဆင္နယ္တို႔အေနနဲ႔ ဒီတစ္ခါမွာေတာ့ လက္မေႏွးဖို႔ လိုအပ္ေနၿပီး ၿပိဳင္ဘက္ေတြအေနနဲ႔ တီးလီးမန္းစ္ကို လိုခ်င္ေနေပမယ့္ သူတို႔ေတြရဲ႕ ကြင္းလယ္ေတြမွာ လူေတြ ပုံေနလို႔ ရွင္းထုတ္ၿပီးမွ ေခၚယူႏိုင္မယ့္ အခ်ိန္မ်ိဳးမွာ ကိုယ္က အဆင္သင့္ ေခၚ႐ုံအေနအထားမွာ ရွိေနတာေၾကာင့္ ေပါင္ ၁၇ သန္းနဲ႔ ရမွာကို လက္သြက္ဖို႔ပဲ လိုအပ္ေနတယ္လို႔ ေနာက္ဆုံးသတင္းေတြအရ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.