Premier League Transfer News

ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး စိတ်ပြောင်းသွားခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့မယ်ဆိုရင် ခေါ်ယူသွားဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းနဲ့ နည်းပြတန်ဟက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်ပိုင်း အရေးယူဖို့ စတင်လုပ်ဆောင်နေပြီလို့ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေပြီး အသင်းရှေ့နေတွေဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းကျော် တန်ကြေးရှိတဲ့ စာချုပ်ကို ပေါ်တူဂီကြယ်ပွင့်က ချိုးဖောက်ခဲ့တယ်လို့ ယူဆဖို့ လုံလောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသာ ရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်ဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်လ်ဒိုက အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောကြားပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို ပြောင်းရွှေ့သွားမှာကို မလိုလားခဲ့တာ ဖြစ်ပါတယ်။

မော်ဂန်နဲ့ အင်တာဗျူးမတိုင်ခင်ကတည်းက ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ကြားမှာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလကျရင် ပြည်ပကလပ်အသင်းတွေက ကမ်းလှမ်းလာရင် ထွက်ခွာခွင့်ပြုသွားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို မန်ချက်စတာယူနိုက်တက်က ဖျက်သိမ်းမယ်ဆိုရင်တော့ ပေါ်တူဂီတိုက်စစ်မှူးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းက အလွယ်တကူ ခေါ်ယူသွားနိုင်တဲ့ အခွင့်အရေး ရရှိတော့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်ရဲ့ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီက စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရောက်ချင်း ဘလွန်ဒေါ ၅ ဆုရှင်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီတုန်းက နည်းပြဖြစ်တဲ့ သောမတ်စ် တူဟယ်က ရော်နယ်လ်ဒိုကို ခေါ်ယူမယ့် အကြံအစည်ကို အပြင်းအထန် ကန့်ကွက်ခဲ့တာကြောင့် ခေါ်ယူခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး လက်ရှိ နည်းပြသစ်ဖြစ်တဲ့ ပေါ့တားကလည်း ဂျာမန်လူမျိုးနည်းပြလိုပဲ ပေါ်တူဂီကြယ်ပွင့်ရဲ့ အသင်းအဝတ်လဲခန်းထဲက အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတယ်လို့ မကြာသေးမီက သတင်းတွေအရ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့မယ္ဆိုရင္ ေခၚယူသြားဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေသာၾကာေန႔က ထုတ္ျပန္ေၾကညာခ်က္ထဲမွာ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အသင္းနဲ႔ နည္းျပတန္ဟက္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီးေနာက္ပိုင္း အေရးယူဖို႔ စတင္လုပ္ေဆာင္ေနၿပီလို႔ ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ လုပ္ေဆာင္ေနၿပီး အသင္းေရွ႕ေနေတြဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္းေက်ာ္ တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို ေပၚတူဂီၾကယ္ပြင့္က ခ်ိဳးေဖာက္ခဲ့တယ္လို႔ ယူဆဖို႔ လုံေလာက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းသာ ေရာ္နယ္လ္ဒိုကို စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းကေန ထြက္ခြာခြင့္ ျပဳခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးအသင္ဟာ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးကို ေခၚယူဖို႔ ျပန္လည္ႀကိဳးပမ္းသြားေတာ့မွာျဖစ္တယ္လို႔ The Mirror က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေရာ္နယ္လ္ဒိုက အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္တဲ့ဆႏၵကို ရွင္းရွင္းလင္းလင္း ေျပာၾကားၿပီးကတည္းက ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြကို ေျပာင္းေ႐ႊ႕သြားမွာကို မလိုလားခဲ့တာ ျဖစ္ပါတယ္။

ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမတိုင္ခင္ကတည္းက ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ၾကားမွာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလက်ရင္ ျပည္ပကလပ္အသင္းေတြက ကမ္းလွမ္းလာရင္ ထြက္ခြာခြင့္ျပဳသြားဖို႔ သေဘာတူညီမႈ ရရွိထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို မန္ခ်က္စတာယူႏိုက္တက္က ဖ်က္သိမ္းမယ္ဆိုရင္ေတာ့ ေပၚတူဂီတိုက္စစ္မႉးဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္ေတာ့မွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းက အလြယ္တကူ ေခၚယူသြားႏိုင္တဲ့ အခြင့္အေရး ရရွိေတာ့မွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္ဒက္စ္ရဲ႕ ကမ္းလွမ္းျခင္းခံခဲ့ရတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ေရာက္ခ်င္း ဘလြန္ေဒါ ၅ ဆုရွင္ကို ေခၚယူခ်င္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီတုန္းက နည္းျပျဖစ္တဲ့ ေသာမတ္စ္ တူဟယ္က ေရာ္နယ္လ္ဒိုကို ေခၚယူမယ့္ အႀကံအစည္ကို အျပင္းအထန္ ကန႔္ကြက္ခဲ့တာေၾကာင့္ ေခၚယူခဲ့ျခင္း မရွိခဲ့တာျဖစ္ၿပီး လက္ရွိ နည္းျပသစ္ျဖစ္တဲ့ ေပါ့တားကလည္း ဂ်ာမန္လူမ်ိဳးနည္းျပလိုပဲ ေပၚတူဂီၾကယ္ပြင့္ရဲ႕ အသင္းအဝတ္လဲခန္းထဲက အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိေနတယ္လို႔ မၾကာေသးမီက သတင္းေတြအရ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.