Premier League

အာဆင်နယ်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက် ချခဲ့တဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ နောက်ထပ် အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို တခြား ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီ ရောင်းချလိုခြင်းမရှိတော့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပြီး အထူးသဖြင့် အာဆင်နယ်ကို ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိချန်ပီယံတွေဟာ ဂါဘရီယဲလ် ဂျေးဇုနဲ့ အိုလက်ဇန်းဒါး ဇင်ချန်ကိုတို့ ၂ ဦးစလုံးကို ပြီးခဲ့တဲ့နွေရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်ကို ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

Football Insider ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးအသင်းဟာ နောက်ထပ် ပထမအသင်း ကြယ်ပွင့်ကစားသမားတွေကို အာဆင်နယ်အသင်းဆီ မရောင်းချတော့ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်တယ်လို့ သိရပြီး ဒီသတင်းဟာ ဂန်းနားတွေက အမှတ်ပေးဇယားထိပ်ဆုံးမှာ စီးတီးကို ၅ မှတ်ဖြတ် ဦးဆောင်ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဘာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ပြိုင်ဘက်တွေဆီ ရောင်းချတာလဲလို့ မေးခွန်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ဂွါဒီယိုလာက အာဆင်နယ်အသင်းပထမလူစာရင်းထဲကို တန်းဝင်သွားနိုင်တဲ့ ကစားသမားတွေအတွက် နောက်ထပ် ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားတော့မယ့်ပုံ ပေါ်ပါတယ်။ အာတီတာက ဂါဘရီယဲလ် ဂျေးဇုရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပြီး ယခုရာသီအစောပိုင်းမှာ ဘရာဇီးလ်တိုက်စစ်မှူးက အသင်းထဲကို ဘယ်အရာတွေ ယူဆောင်လာလဲဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“တစ်ဦးချင်း လုပ်ဆောင်ချက်တွေက ဘောလုံးမှာ ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်စေပြီး ဂါဘီက အဲဒါကို တစ်ပတ်ပြီး တစ်ပတ် လုပ်ဆောင်နေပါတယ်”လို့ ပြောကြားခဲ့ပြီး အာတီတာက ဇင်ချန်ကိုရဲ့ အသင်းက အခန်းကဏ္ဍနဲ့ပတ်သက်ပြီးလည်း “ကျွန်တော်တို့ သူ့ကို ကွင်းလယ်ကို ရွှေ့ကစားဖို့ အားပေးခဲ့ပြီး သူက နောက်ခံတောင်ပံကစားသမားအဖြစ် ကစားနေတဲ့ ကွင်းလယ်ကစားသမားပါ”

“အဲဒါက ကျွန်တော်တို့ကို လိုက်လျောညီထွေရှိမှုနဲ့ တိုက်စစ်ဆင်ဖို့နဲ့ နေရာလွတ်တွေကို ကာကွယ်ဖို့အတွက် အမျိုးမျိုးသော နေရာတွေကို ပေးပါတယ်။ အဲဒါက ရှိထားရမယ့် အပိုလက်နက်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပိုပြီး ခန့်မှန်းလို့မရနိုင်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ အပြောင်းအရွှေ့တွေ အများအပြား အတူတကွ လုပ်ဆောင်ခဲ့ကြပြီး ဆာမီ နာဆရီ၊ ကလစ်ချီ၊ ဆက်ဂ်ညာ၊ ကိုလို တိုရေး၊ အဒီဘာယောတို့အားလုံးဟာ အမ်းမရိတ်စ်ကို စွန့်ခွာပြီး ပိုင်ရှင်သစ် တာဝန်ယူနေတဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ထပ္ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြကို တျခား ပရီးမီးယားလိဂ္ကလပ္အသင္းေတြဆီ ေရာင္းခ်လိုျခင္းမရွိေတာ့ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အထူးသျဖင့္ အာဆင္နယ္ကို ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိခ်န္ပီယံေတြဟာ ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုတို႔ ၂ ဦးစလုံးကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းျဖစ္တဲ့ အာဆင္နယ္ကို ေရာင္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

Football Insider ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ထပ္ ပထမအသင္း ၾကယ္ပြင့္ကစားသမားေတြကို အာဆင္နယ္အသင္းဆီ မေရာင္းခ်ေတာ့ဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ၿပီျဖစ္တယ္လို႔ သိရၿပီး ဒီသတင္းဟာ ဂန္းနားေတြက အမွတ္ေပးဇယားထိပ္ဆုံးမွာ စီးတီးကို ၅ မွတ္ျဖတ္ ဦးေဆာင္ၿပီးေနာက္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဘာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းဟာ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြကို ၿပိဳင္ဘက္ေတြဆီ ေရာင္းခ်တာလဲလို႔ ေမးခြန္းထုတ္ျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ဂြါဒီယိုလာက အာဆင္နယ္အသင္းပထမလူစာရင္းထဲကို တန္းဝင္သြားႏိုင္တဲ့ ကစားသမားေတြအတြက္ ေနာက္ထပ္ ကမ္းလွမ္းမႈေတြကို ျငင္းပယ္သြားေတာ့မယ့္ပုံ ေပၚပါတယ္။ အာတီတာက ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၿပီး ယခုရာသီအေစာပိုင္းမွာ ဘရာဇီးလ္တိုက္စစ္မႉးက အသင္းထဲကို ဘယ္အရာေတြ ယူေဆာင္လာလဲဆိုတာကို ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

“တစ္ဦးခ်င္း လုပ္ေဆာင္ခ်က္ေတြက ေဘာလုံးမွာ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ႏိုင္ေစၿပီး ဂါဘီက အဲဒါကို တစ္ပတ္ၿပီး တစ္ပတ္ လုပ္ေဆာင္ေနပါတယ္”လို႔ ေျပာၾကားခဲ့ၿပီး အာတီတာက ဇင္ခ်န္ကိုရဲ႕ အသင္းက အခန္းက႑နဲ႔ပတ္သက္ၿပီးလည္း “ကြၽန္ေတာ္တို႔ သူ႔ကို ကြင္းလယ္ကို ေ႐ႊ႕ကစားဖို႔ အားေပးခဲ့ၿပီး သူက ေနာက္ခံေတာင္ပံကစားသမားအျဖစ္ ကစားေနတဲ့ ကြင္းလယ္ကစားသမားပါ”

“အဲဒါက ကြၽန္ေတာ္တို႔ကို လိုက္ေလ်ာညီေထြရွိမႈနဲ႔ တိုက္စစ္ဆင္ဖို႔နဲ႔ ေနရာလြတ္ေတြကို ကာကြယ္ဖို႔အတြက္ အမ်ိဳးမ်ိဳးေသာ ေနရာေတြကို ေပးပါတယ္။ အဲဒါက ရွိထားရမယ့္ အပိုလက္နက္တစ္ခုပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ပိုၿပီး ခန႔္မွန္းလို႔မရႏိုင္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ဟာ အေျပာင္းအေ႐ႊ႕ေတြ အမ်ားအျပား အတူတကြ လုပ္ေဆာင္ခဲ့ၾကၿပီး ဆာမီ နာဆရီ၊ ကလစ္ခ်ီ၊ ဆက္ဂ္ညာ၊ ကိုလို တိုေရး၊ အဒီဘာေယာတို႔အားလုံးဟာ အမ္းမရိတ္စ္ကို စြန႔္ခြာၿပီး ပိုင္ရွင္သစ္ တာဝန္ယူေနတဲ့ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.