Premier League Transfer News

20 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အရေးတကြီး လိုအပ်နေတဲ့ သောမတ်စ် ပါတေးရဲ့ Backup ကွင်းလယ်အဖျက် နေရာအတွက် ရီးရဲလ် ဘက်တစ်အသင်းက ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဝီလီယမ် ကာဗာလ်ယိုကို အလိုရှိနေပြီး ဆီဗီးလ်အခြေစိုက်အသင်းရဲ့ ငွေလိုနေမှုကြောင့် အသက် ၃၀ ကွင်းလယ်လူကို အလွယ်တကူ ခေါ်ယူနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်တို့အနေနဲ့ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းက အီဗန် အန်ဒစ်ကာကို ခေါ်ယူဖို့ ကိစ္စမှာ Brexit ကြောင့် နိုင်ငံခြားသားအဖြစ် ရှုမြင်ခံရပြီး လုပ်ငန်းဆောင်တာတွေ ရှုပ်ထွေးရမှာချင်းအတူတူ အားကစားဒါရိုက်တာ အီဒူးနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ကော်ရင်သီယန် အသင်းရဲ့ ၁၉ နှစ်အရွယ် လူငယ်ကစားသမား ရောဘတ် ရီနန်ကိုပဲ ခေါ်ယူဖို့ ကြိုးစားနိုင်တယ်လို့ သတင်းတွေ ဖော်ပြ။

– ပီအက်စ်ဗီတောင်ပံကစားသမား ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူဖို့ ခက်ခဲနိုင်သလို မန်ယူနဲ့ လီဗာပူးလ်ကို ပြောင်းချင်တယ်လို့ မန်းရှင်းခေါ်ခဲ့လို့ အာဆင်နယ်ပရိသတ်တွေကပါ အမြင်ကတ်နေကြချိန်မှာ ပိုမိုအတွေ့အကြုံမြင့်မားတဲ့ နယ်သာလန်လက်ရွေးစင် စီနီယာတိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဥရောပကွင်းလယ်လူတွေအစား ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်ရဲ့ လူငယ်ကစားသမား ဒါနီလိုကို ခေါ်ယူဖို့ ပေါင် ၁၆.၇ သန်းနဲ့ ခံစားခွင့် ပေါင် ၄.၁ သန်းပါ ကမ်းလှမ်းမှုကို လုပ်ဆောင်ခဲ့ပြီးနောက် ပယ်ချခံခဲ့ရအပြီးမှာ ပေါင် ၂၅ သန်းထက် ပိုမတန်တဲ့ ကစားသမားကို အိုင်းယက်စ်နဲ့ မိုနာကိုတို့လို အနာဂတ် ရောင်းချမှု ခံစားခွင့်တွေကို ဖောဖောသီသီ ပေးနိုင်တဲ့ ကလပ်တွေရဲ့ ဝင်ရှုပ်မှု အန္တရာယ်ကို စိတ်ပူနေရကြောင်း သိရ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းတွင်းမှာ ပတ်ပြီး သက်တမ်းတိုးနေကြသလို အပြင်က ကစားသမားသစ်တွေ ခေါ်ယူဖို့ နှောင့်နှေးနေတဲ့ အစီအစဉ်တွေကြောင့် ရှက်ခ်တာတောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ကို တက်ဈေးနဲ့ ဝယ်ရတော့မှာဖြစ်သလို လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်။

– အင်္ဂလန်လက်ရွေးစင် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က လက်ရွေးစင်အသင်းရဲ့ လာမယ့် အရေးပါနိုင်တဲ့ ပင်နယ်တီ အဆုံးအဖြတ်တွေမှာ သူ့ရဲ့ အာဆင်နယ်အသင်းဖော် ဘူကာယို ဆာကာကို ကန်သွင်းစေဖို့ ထောက်ခံလိုက်ပြီး ယူရို ၂၀၂၀ ဖိုင်နယ်မှာ လွဲချော်ခဲ့ပေမယ့် ကလပ်အသင်းမှာ လက်ရှိပြသထားတဲ့ ပုံစံကောင်းအရ တာဝန်ယူနိုင်မယ်လို့ ယုံကြည်နေ။

– အာဆင်နယ်တို့ရဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကိုမှ မထောက်ဘဲ စာချုပ်အတင်းဖျက်သိမ်းခိုင်းပြီး ဘာစီလိုနာအသင်းကို ပြန်သွားခဲ့တဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်အနေနဲ့ ကာတာလန်ကလပ်အသင်းရဲ့ ဒီရာသီ အဆိုးရွားဆုံး ခေါ်ယူမှုအဖြစ် မဲပေးခံခဲ့ရတာကြောင့် ထွက်ခွာခွင့်ပြုခဲ့တဲ့ အားကစားဒါရိုက်တာသစ် အီဒူးနဲ့ နည်းပြ မီခယ်လ် အာတီတာတို့ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုထောက်ခံနိုင်ဖို့ရှိလာ။

– ဒီရာသီမှာ နိုင်ပွဲရာနှုန်းပြည့် ဆင်နွှဲထားတဲ့ အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အမျိုးသမီးအသင်းကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ နည်းပြ အိုက်ဒ်ဗောလ်ရဲ့ နည်းစနစ်ပိုင်း ခေါင်းမာမှုနဲ့ ခံစစ်မှာ ဒဏ်ရာပြဿနာတွေကို အစားထိုးဖို့ အရန် ကစားသမား မရှိခဲ့တာတွေကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ပြီးမှ သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရ။

– အီဒူးကို နည်းစနစ်ဒါရိုက်တာကနေ အားကစားဒါရိုက်တာ ရာထူးကို တိုးမြှင့်ပေးလိုက်တာကြောင့် အာဆင်နယ်လူငယ်အကယ်ဒမီက အကြီးအကဲ ပါ မာတီဆက်ကာ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ သတင်းအပေါ် ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က အဓိပ္ပါယ်မရှိတာတွေ ပြောနေကြတယ်လို့ ပစ်တင်လိုက်ပြီး ဘရာဇီးလ်သားနဲ့ ဂျာမန်သားတို့ ဆက်ဆံရေး ကောင်းမွန်ကြောင်း ထုတ်ဖော်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အေရးတႀကီး လိုအပ္ေနတဲ့ ေသာမတ္စ္ ပါေတးရဲ႕ Backup ကြင္းလယ္အဖ်က္ ေနရာအတြက္ ရီးရဲလ္ ဘက္တစ္အသင္းက ေပၚတူဂီလက္ေ႐ြးစင္ ကြင္းလယ္လူ ဝီလီယမ္ ကာဗာလ္ယိုကို အလိုရွိေနၿပီး ဆီဗီးလ္အေျခစိုက္အသင္းရဲ႕ ေငြလိုေနမႈေၾကာင့္ အသက္ ၃၀ ကြင္းလယ္လူကို အလြယ္တကူ ေခၚယူႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္တို႔အေနနဲ႔ ဂ်ာမန္ကလပ္ ဖရန႔္ဖတ္အသင္းက အီဗန္ အန္ဒစ္ကာကို ေခၚယူဖို႔ ကိစၥမွာ Brexit ေၾကာင့္ ႏိုင္ငံျခားသားအျဖစ္ ရႈျမင္ခံရၿပီး လုပ္ငန္းေဆာင္တာေတြ ရႈပ္ေထြးရမွာခ်င္းအတူတူ အားကစားဒါ႐ိုက္တာ အီဒူးနဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ ေကာ္ရင္သီယန္ အသင္းရဲ႕ ၁၉ ႏွစ္အ႐ြယ္ လူငယ္ကစားသမား ေရာဘတ္ ရီနန္ကိုပဲ ေခၚယူဖို႔ ႀကိဳးစားႏိုင္တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ပီအက္စ္ဗီေတာင္ပံကစားသမား ကိုဒီ ဂက္ခ္ပိုကို ေခၚယူဖို႔ ခက္ခဲႏိုင္သလို မန္ယူနဲ႔ လီဗာပူးလ္ကို ေျပာင္းခ်င္တယ္လို႔ မန္းရွင္းေခၚခဲ့လို႔ အာဆင္နယ္ပရိသတ္ေတြကပါ အျမင္ကတ္ေနၾကခ်ိန္မွာ ပိုမိုအေတြ႕အႀကဳံျမင့္မားတဲ့ နယ္သာလန္လက္ေ႐ြးစင္ စီနီယာတိုက္စစ္မႉး မမ္းဖစၥ ဒီပိုင္းကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဥေရာပကြင္းလယ္လူေတြအစား ဘရာဇီးလ္ကလပ္ ပါးလ္မီးရပ္စ္ရဲ႕ လူငယ္ကစားသမား ဒါနီလိုကို ေခၚယူဖို႔ ေပါင္ ၁၆.၇ သန္းနဲ႔ ခံစားခြင့္ ေပါင္ ၄.၁ သန္းပါ ကမ္းလွမ္းမႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ပယ္ခ်ခံခဲ့ရအၿပီးမွာ ေပါင္ ၂၅ သန္းထက္ ပိုမတန္တဲ့ ကစားသမားကို အိုင္းယက္စ္နဲ႔ မိုနာကိုတို႔လို အနာဂတ္ ေရာင္းခ်မႈ ခံစားခြင့္ေတြကို ေဖာေဖာသီသီ ေပးႏိုင္တဲ့ ကလပ္ေတြရဲ႕ ဝင္ရႈပ္မႈ အႏၲရာယ္ကို စိတ္ပူေနရေၾကာင္း သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသင္းတြင္းမွာ ပတ္ၿပီး သက္တမ္းတိုးေနၾကသလို အျပင္က ကစားသမားသစ္ေတြ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတဲ့ အစီအစဥ္ေတြေၾကာင့္ ရွက္ခ္တာေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္ကို တက္ေဈးနဲ႔ ဝယ္ရေတာ့မွာျဖစ္သလို လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကိုလည္း စာခ်ဳပ္သက္တမ္းတိုးဖို႔ နီးစပ္ေနတာေၾကာင့္ ေခၚယူဖို႔ ခက္ခဲႏိုင္။

– အဂၤလန္လက္ေ႐ြးစင္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္က လက္ေ႐ြးစင္အသင္းရဲ႕ လာမယ့္ အေရးပါႏိုင္တဲ့ ပင္နယ္တီ အဆုံးအျဖတ္ေတြမွာ သူ႔ရဲ႕ အာဆင္နယ္အသင္းေဖာ္ ဘူကာယို ဆာကာကို ကန္သြင္းေစဖို႔ ေထာက္ခံလိုက္ၿပီး ယူ႐ို ၂၀၂၀ ဖိုင္နယ္မွာ လြဲေခ်ာ္ခဲ့ေပမယ့္ ကလပ္အသင္းမွာ လက္ရွိျပသထားတဲ့ ပုံစံေကာင္းအရ တာဝန္ယူႏိုင္မယ္လို႔ ယုံၾကည္ေန။

– အာဆင္နယ္တို႔ရဲ႕ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ေက်းဇူးကိုမွ မေထာက္ဘဲ စာခ်ဳပ္အတင္းဖ်က္သိမ္းခိုင္းၿပီး ဘာစီလိုနာအသင္းကို ျပန္သြားခဲ့တဲ့ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္အေနနဲ႔ ကာတာလန္ကလပ္အသင္းရဲ႕ ဒီရာသီ အဆိုး႐ြားဆုံး ေခၚယူမႈအျဖစ္ မဲေပးခံခဲ့ရတာေၾကာင့္ ထြက္ခြာခြင့္ျပဳခဲ့တဲ့ အားကစားဒါ႐ိုက္တာသစ္ အီဒူးနဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ပိုမိုေထာက္ခံႏိုင္ဖို႔ရွိလာ။

– ဒီရာသီမွာ ႏိုင္ပြဲရာႏႈန္းျပည့္ ဆင္ႏႊဲထားတဲ့ အာဆင္နယ္အမ်ိဳးသမီးအသင္းအေနနဲ႔ အိမ္ကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္အမ်ိဳးသမီးအသင္းကို ရင္ဆိုင္ခဲ့ရတဲ့ ပြဲမွာ နည္းျပ အိုက္ဒ္ေဗာလ္ရဲ႕ နည္းစနစ္ပိုင္း ေခါင္းမာမႈနဲ႔ ခံစစ္မွာ ဒဏ္ရာျပႆနာေတြကို အစားထိုးဖို႔ အရန္ ကစားသမား မရွိခဲ့တာေတြေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ၿပီးမွ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရ။

– အီဒူးကို နည္းစနစ္ဒါ႐ိုက္တာကေန အားကစားဒါ႐ိုက္တာ ရာထူးကို တိုးျမႇင့္ေပးလိုက္တာေၾကာင့္ အာဆင္နယ္လူငယ္အကယ္ဒမီက အႀကီးအကဲ ပါ မာတီဆက္ကာ ထြက္ခြာသြားႏိုင္တယ္ဆိုတဲ့ သတင္းအေပၚ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္က အဓိပၸါယ္မရွိတာေတြ ေျပာေနၾကတယ္လို႔ ပစ္တင္လိုက္ၿပီး ဘရာဇီးလ္သားနဲ႔ ဂ်ာမန္သားတို႔ ဆက္ဆံေရး ေကာင္းမြန္ေၾကာင္း ထုတ္ေဖာ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.