International Premier League World Cup

ကမ္ဘာ့ဖလားအတွက် လက်ရွေးစင်လူစာရင်းထဲ အရွေးခံရလို့ အံ့အားသင့်ခဲ့ရတဲ့ ချဲလ်ဆီးကြယ်ပွင့်

ချဲလ်ဆီးကြယ်ပွင့် ကော်နာ ဂယ်လေဂါဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းထဲ ခေါ်ယူခြင်းခံခဲ့ရတာကို အံ့အားသင့်မိခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဂယ်လေဂါဟာ အင်္ဂလန်အသင်းအတွက် စီနီယာအဆင့် ၄ ပွဲ ပါဝင်ကစားပေးခွင့် ရရှိထားသူဖြစ်ပေမယ့်လည်း စက်တင်ဘာလမှာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့ ကစားစေဖို့ အဆင့်လျှော့ချခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂယ်လေဂါဟာ ချဲလ်ဆီး ကစားသမားဘဝ အဆိုးအကောင်းရောထွေးနေတဲ့ ရာသီကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဂါးရတ် ဆောက်ဂိတ်ရဲ့ ကာတာကို ထွက်ခွာမယ့် အင်္ဂလန်လက်ရွေးစင် ၂၆ ဦးလူစာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဟာ ခရစ္စတယ် ပဲလေ့စ်မှာ တောက်ပတဲ့ အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ကော်နာ ဂယ်လေဂါဟာ ခရစ္စတယ် ပဲလေ့စ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့ တစ်ရာသီတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ယခုရာသီမှာ ချဲလ်ဆီးအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး ၁၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ချဲလ်ဆီးရဲ့ ကွင်းလယ်မှာ အချိန်တော်တော်များများမှာ ရုန်းကန်နေခဲ့ရတာကို မြင်တွေ့ခဲ့ရပေမယ့် အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ချဲလ်ဆီးကြယ်ပွင့်အနေနဲ့ ၎င်းရဲ့ လူစာရင်းမှာ တစ်နေရာရဖို့ လုံလောက်တယ်လို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။

ကော်နာ ဂယ်လေဂါက အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ၂၆ ဦးလူစာရင်းထဲမှာ အံ့အားသင့်ဖွယ် ခေါ်ယူခြင်းခံခဲ့ရတာနဲ့ပတ်သက်ပြီး Football365 နဲ့ အင်တာဗျူးမှာ “ကျွန်တော် အဲဒါကို တကယ် မမျှော်မှန်းထားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် အခွင့်အရေးရှိမယ်လို့ မျှော်လင့်မိခဲ့တာတော့ အမှန်ပါ။ ကျွန်တော် ဆက်ပြီး မျှော်လင့်ခဲ့ပြီး ကျွန်တော် ရွေးချယ်ခံရတဲ့ စာရတဲ့အချိန်မှာ အရမ်းဂုဏ်ယူမိခဲ့ပါတယ်”

“ကျွန်တော် နည်းနည်းတော့ အံ့အားသင့်မိခဲ့တယ် ကျွန်တော် ချဲလ်ဆီးနဲ့ ခြေစွမ်းတည်တည်ငြိမ်ငြိမ် မကစားနိုင်ခဲ့ဘဲ အသင်းအဖွဲ့အနေနဲ့လည်း ချဲလ်ဆီးက ဒီရာသီမှာ အရမ်းကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်ောတ်တို့ ကျိန်းသေပေါက် တိုးတက်အောင် လုပ်ရမယ့်အရာတွေ အများကြီးရှိနေပြီး ကျွန်တော်တို့ အဲဒီလိုလုပ်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော် အင်္ဂလန်နည်းပြက ကျွန်တော့်အပေါ် ယုံကြည်မှု ပြသခဲ့ပြီး ဒီရာသီ ချဲလ်ဆီးအတွက် ကစားပေးတဲ့အချိန်အပြင် ပြီးခဲ့တဲ့ရာသီမှာလည်း ဘာလုပ်နိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့တာကို အရမ်းကျေးဇူးတင်ပြီး ဂုဏ်ယူမိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးၾကယ္ပြင့္ ေကာ္နာ ဂယ္ေလဂါဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္လက္ေ႐ြးစင္အသင္းလူစာရင္းထဲ ေခၚယူျခင္းခံခဲ့ရတာကို အံ့အားသင့္မိခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဂယ္ေလဂါဟာ အဂၤလန္အသင္းအတြက္ စီနီယာအဆင့္ ၄ ပြဲ ပါဝင္ကစားေပးခြင့္ ရရွိထားသူျဖစ္ေပမယ့္လည္း စက္တင္ဘာလမွာ အဂၤလန္ယူ-၂၁ အသင္းနဲ႔ ကစားေစဖို႔ အဆင့္ေလွ်ာ့ခ်ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဂယ္ေလဂါဟာ ခ်ဲလ္ဆီး ကစားသမားဘဝ အဆိုးအေကာင္းေရာေထြးေနတဲ့ ရာသီကို ရင္ဆိုင္ခဲ့ရေပမယ့္လည္း ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ ကာတာကို ထြက္ခြာမယ့္ အဂၤလန္လက္ေ႐ြးစင္ ၂၆ ဦးလူစာရင္းထဲမွာ ထည့္သြင္းျခင္းခံခဲ့ရတာျဖစ္ၿပီး ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားဟာ ခရစၥတယ္ ပဲေလ့စ္မွာ ေတာက္ပတဲ့ အငွားကစားသမားဘဝကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ေကာ္နာ ဂယ္ေလဂါဟာ ခရစၥတယ္ ပဲေလ့စ္အသင္းအတြက္ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၃၉ ပြဲမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး အသင္းရဲ႕ တစ္ရာသီတာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ ယခုရာသီမွာ ခ်ဲလ္ဆီးအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ၿပီး ၁၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးရဲ႕ ကြင္းလယ္မွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ႐ုန္းကန္ေနခဲ့ရတာကို ျမင္ေတြ႕ခဲ့ရေပမယ့္ အဂၤလန္လက္ေ႐ြးစင္နည္းျပ ေဆာက္ဂိတ္က ခ်ဲလ္ဆီးၾကယ္ပြင့္အေနနဲ႔ ၎ရဲ႕ လူစာရင္းမွာ တစ္ေနရာရဖို႔ လုံေလာက္တယ္လို႔ ထင္ျမင္ခဲ့တာျဖစ္ပါတယ္။

ေကာ္နာ ဂယ္ေလဂါက အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ၂၆ ဦးလူစာရင္းထဲမွာ အံ့အားသင့္ဖြယ္ ေခၚယူျခင္းခံခဲ့ရတာနဲ႔ပတ္သက္ၿပီး Football365 နဲ႔ အင္တာဗ်ဴးမွာ “ကြၽန္ေတာ္ အဲဒါကို တကယ္ မေမွ်ာ္မွန္းထားခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ အခြင့္အေရးရွိမယ္လို႔ ေမွ်ာ္လင့္မိခဲ့တာေတာ့ အမွန္ပါ။ ကြၽန္ေတာ္ ဆက္ၿပီး ေမွ်ာ္လင့္ခဲ့ၿပီး ကြၽန္ေတာ္ ေ႐ြးခ်ယ္ခံရတဲ့ စာရတဲ့အခ်ိန္မွာ အရမ္းဂုဏ္ယူမိခဲ့ပါတယ္”

“ကြၽန္ေတာ္ နည္းနည္းေတာ့ အံ့အားသင့္မိခဲ့တယ္ ကြၽန္ေတာ္ ခ်ဲလ္ဆီးနဲ႔ ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္ မကစားႏိုင္ခဲ့ဘဲ အသင္းအဖြဲ႕အေနနဲ႔လည္း ခ်ဲလ္ဆီးက ဒီရာသီမွာ အရမ္းေကာင္းေကာင္း မကစားႏိုင္ခဲ့ပါဘူး။ ကြၽန္ောတ္တို႔ က်ိန္းေသေပါက္ တိုးတက္ေအာင္ လုပ္ရမယ့္အရာေတြ အမ်ားႀကီးရွိေနၿပီး ကြၽန္ေတာ္တို႔ အဲဒီလိုလုပ္မယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဂၤလန္နည္းျပက ကြၽန္ေတာ့္အေပၚ ယုံၾကည္မႈ ျပသခဲ့ၿပီး ဒီရာသီ ခ်ဲလ္ဆီးအတြက္ ကစားေပးတဲ့အခ်ိန္အျပင္ ၿပီးခဲ့တဲ့ရာသီမွာလည္း ဘာလုပ္ႏိုင္တယ္ဆိုတာကို ျမင္ေတြ႕ခဲ့တာကို အရမ္းေက်းဇူးတင္ၿပီး ဂုဏ္ယူမိခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.