Premier League

ပရိသတ်တွေ မငြင်းနိုင်တဲ့ ရော်နယ်လ်ဒိုနဲ့ ဝိန်း ရူနီတို့ကို နှိုင်းယှဉ်မှုပြုလုပ်ခဲ့တဲ့ အီဘရာဟီမိုဗစ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဝိန်း ရူနီတို့ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူတူ ကစားခဲ့စဉ်တုန်းက ပြောဆိုခဲ့တဲ့ ဇလာတန် အီဘရာဟီမိုဗစ်ရဲ့ မှတ်ချက်စကားဟာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုအပတ်အစောပိုင်းမှာ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ အသင်းဖော်ဟောင်း ဝိန်း ရူနီအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးက ဝိန်း ရူနီဟာ ၎င်းရဲ့ ကစားသမားဘဝ ရေရှည်တည်တံ့နေမှုအပေါ် မနာလို ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး အခြား အသင်းဖော်ဟောင်းတွေနဲ့အတူ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးကို ကြွက်လို့ ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အတူတူရှိနေခဲ့တဲ့ကာလအတွင်း ရော်နယ်လ်ဒိုနဲ့ ဝိန်း ရူနီတို့ တိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ကြတဲ့ အသင်းဖော်တွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာ တစ်ယောက်နဲ့တစ်ယောက် အတွဲညီညီနဲ့ ကစားနိုင်ခဲ့ကြပြီး ဝိန်း ရူနီဟာ အနာဂတ်မှာ ဘလွန်ဒေါ ၅ ဆုရှင်ဖြစ်လာမယ့် ရော်နယ်လ်ဒိုရဲ့ ပြီးပြည့်စုံတဲ့ တွဲဘက်ကစားသမား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ကတော့ အဲဒါကို မတူညီတဲ့ပုံစံနဲ့ ရှုမြင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒို မန်ချက်စတာယူနိုက်တက်ကို ပြန်လည်မပြောင်းရွှေ့ခင် ၂၀၁၅ ခုနှစ်တုန်းက ဝိန်း ရူနီဟာ ပိုမိုအားထုတ်ခဲ့ရပေမယ့်လည်း အားလုံးရဲ့ မမြင်ချင်ယောင်ဆောင်ခြင်း ခံခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကစားတဲ့အချိန်မှာ အလုပ်အားလုံးကို ဝိန်း ရူနီက လုပ်ခဲ့ရတာပါ။ ဒီလို အရမ်းကောင်းတဲ့ကစားသမားတွေဟာ သူတို့ရဲ့ အခိုက်အတန့်တွေကို ၁ နှစ်ကနေ ၃ နှစ်ကျော်လောက် ပိုင်ဆိုင်နိုင်ပါတယ်”

“ဒါပေမယ့်လည်း ၅ နှစ်ကျော်၊ ၁၀ နှစ်ကျော်လောက် ဝိန်း ရူနီလုပ်ခဲ့သလိုမျိုး ဆက်လုပ်ပြဖို့က မလွယ်ကူပါဘူး။ ကြီးမားတဲ့ကလပ်အသင်းအတွက် နေ့တိုင်း ကစားပေးနေရတာ ဖိအားပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝိန်း ရူနီဟာ ၂၀၁၇ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက် ကစားပေးနေခဲ့တာဖြစ်ပြီး နောက်ထပ် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နဲ့ အသင်းရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်နဲ့ လမ်းခွဲသွားခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ဝိန်း ရူနီနဲ့ တစ်ရာသီ အတူတူ တွဲကစားခဲ့ပြီး နည်းပြ မော်ရင်ညို လက်အောက်မှာ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားကို အတူတူ ကိုင်မြှောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကတော့ ၂၀၂၁ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ်အနိမ့်ဆုံးစံချိန်နဲ့ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ ပြီးခဲ့တဲ့နွေရာသီမှာ ကြိုးပမ်းခဲ့ပေမယ့်လည်း ခေါ်ယူချင်တဲ့အသင်းမရှိတာကြောင့် အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဝိန္း ႐ူနီတို႔ရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အတူတူ ကစားခဲ့စဥ္တုန္းက ေျပာဆိုခဲ့တဲ့ ဇလာတန္ အီဘရာဟီမိုဗစ္ရဲ႕ မွတ္ခ်က္စကားဟာ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ယခုအပတ္အေစာပိုင္းမွာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္အတြင္းမွာ အသင္းေဖာ္ေဟာင္း ဝိန္း ႐ူနီအေပၚ ျပင္းထန္တဲ့ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးက ဝိန္း ႐ူနီဟာ ၎ရဲ႕ ကစားသမားဘဝ ေရရွည္တည္တံ့ေနမႈအေပၚ မနာလို ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး အျခား အသင္းေဖာ္ေဟာင္းေတြနဲ႔အတူ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးကို ႂကြက္လို႔ ရည္ၫႊန္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ အတူတူရွိေနခဲ့တဲ့ကာလအတြင္း ေရာ္နယ္လ္ဒိုနဲ႔ ဝိန္း ႐ူနီတို႔ တိုက္စစ္အတြဲဟာ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကတဲ့ အသင္းေဖာ္ေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ကစားသမားႏွစ္ဦးစလုံးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အတြဲညီညီနဲ႔ ကစားႏိုင္ခဲ့ၾကၿပီး ဝိန္း ႐ူနီဟာ အနာဂတ္မွာ ဘလြန္ေဒါ ၅ ဆုရွင္ျဖစ္လာမယ့္ ေရာ္နယ္လ္ဒိုရဲ႕ ၿပီးျပည့္စုံတဲ့ တြဲဘက္ကစားသမား ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ကေတာ့ အဲဒါကို မတူညီတဲ့ပုံစံနဲ႔ ရႈျမင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒို မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လည္မေျပာင္းေ႐ႊ႕ခင္ ၂၀၁၅ ခုႏွစ္တုန္းက ဝိန္း ႐ူနီဟာ ပိုမိုအားထုတ္ခဲ့ရေပမယ့္လည္း အားလုံးရဲ႕ မျမင္ခ်င္ေယာင္ေဆာင္ျခင္း ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ကစားတဲ့အခ်ိန္မွာ အလုပ္အားလုံးကို ဝိန္း ႐ူနီက လုပ္ခဲ့ရတာပါ။ ဒီလို အရမ္းေကာင္းတဲ့ကစားသမားေတြဟာ သူတို႔ရဲ႕ အခိုက္အတန႔္ေတြကို ၁ ႏွစ္ကေန ၃ ႏွစ္ေက်ာ္ေလာက္ ပိုင္ဆိုင္ႏိုင္ပါတယ္”

“ဒါေပမယ့္လည္း ၅ ႏွစ္ေက်ာ္၊ ၁၀ ႏွစ္ေက်ာ္ေလာက္ ဝိန္း ႐ူနီလုပ္ခဲ့သလိုမ်ိဳး ဆက္လုပ္ျပဖို႔က မလြယ္ကူပါဘူး။ ႀကီးမားတဲ့ကလပ္အသင္းအတြက္ ေန႔တိုင္း ကစားေပးေနရတာ ဖိအားပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဝိန္း ႐ူနီဟာ ၂၀၁၇ ခုႏွစ္အထိ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဆက္လက္ ကစားေပးေနခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္နဲ႔ အသင္းရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္နဲ႔ လမ္းခြဲသြားခဲ့တာ ျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ဝိန္း ႐ူနီနဲ႔ တစ္ရာသီ အတူတူ တြဲကစားခဲ့ၿပီး နည္းျပ ေမာ္ရင္ညိဳ လက္ေအာက္မွာ ကာရာေဘာင္းဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားကို အတူတူ ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကေတာ့ ၂၀၂၁ ခုႏွစ္မွာ ဂ်ဴဗင္တပ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစုံ ၂၄ ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္လည္း အသင္းကေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ ရမွတ္အနိမ့္ဆုံးစံခ်ိန္နဲ႔ ရာသီၿပီးဆုံးခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာဖို႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေခၚယူခ်င္တဲ့အသင္းမရွိတာေၾကာင့္ အိုးထရက္ဖို႔ဒ္မွာပဲ ဆက္ေနခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.