International World Cup

နေမာရဲ့ခုံမှာထိုင်နေလို့ ဆွဲမပြီး နေရာရွှေ့ခံခဲ့ရတဲ့ ဖရက်ဒ်

ရစ်ချာလီဆန်ဟာ ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်း ဓာတ်ပုံရိုက်ဖို့ နေမာထိုင်မယ့် ခုံမှာ ထိုင်နေတာကြောင့် ဖရက်ဒ်ကို ဆွဲထူပြီး နေရာပြောင်းထိုင်ခိုင်းတဲ့ ရယ်မောဖွယ် အခိုက်အတန့်ဟာ ပရိသတ်တွေကြား ပျံ့နံှ့လာခဲ့ပါတယ်။

တီတီရဲ့အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။ နေမာဟာ နောက်ထပ်တစ်ကြိမ် ဘရာဇီးလ်အသင်းအတွက် လွှမ်းမိုးနိုင်စွမ်း အရှိဆုံးကစားသမားဖြစ်လာဦးမှာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ဆယ်စုနှစ်တစ်ခုနီးပါးအထိ လွှမ်းမိုးမှု ရှိခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

အခုဖြစ်စဉ်မှာလည်း နေမာကို လက်ရွေးစင်အသင်းဖော်တွေက ဘယ်လောက်အထိ လေးစားမှုရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး အဲဒီအသင်းဖော်တွေထဲမှာ ရစ်ချာလီဆန်က အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟာ ဓာတ်ပုံရိုက်ဖို့အတွက် နေရာချထားတဲ့ ထိုင်ခုံတွေထဲမှာ နေမာကို အကောင်းဆုံးနေရာမှာ ထိုင်စေချင်ခဲ့တာဖြစ်ပြီး ဖရက်ဒ်အတွက်တော့ ရယ်မောစရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ဘရူနို ဂီမာရေးစ်နဲ့ ထိုင်ပြီး စကားပြောဆိုနေခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်က ဖရက်ဒ်ထိုင်နေတဲ့ နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ရစ်ချာလီဆန်ဟာ စကားတစ်လုံးမှ မပြောဘဲ မန်ချကစ်တာယူနိုက်တက်ကွင်းလယ်ကစားသမားကို လက်နဲ့ ထိုင်ခုံကနေ ဆွဲမဖယ်ရှားခဲ့ပြီး ခုံတန်းရဲ့ ဆန့်ကျင်ဘက်အခြမ်းကို ညွှန်ပြခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ရစ်ချာလီဆန်ကိုယ်တိုင် စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာအမူအရာပေါ်နေတဲ့ ဖရက်ဒ်ရဲ့ ပုခုံးကို ကိုင်ပြီး ထိုင်ရမယ့် ထိုင်ခုံအထိ လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ရဲ့ ထိုင်ခုံအသစ်ဟာ ရာဖင်ညာနဲ့ အဲလက်စ် တဲလက်စ်တို့ကြားမှာ ဖြစ်ပြီး နေမာလိုမျိုး အသင်းခေါင်းဆောင် မာကင်ညို့စ်ရဲ့ ဘေးမှာမဟုတ်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အဲဒီ ဗီဒီယိုဖိုင်ကို တုံ့ပြန်ခဲ့ကြပြီး ရစ်ချာလီဆန်ကို နေမာရဲ့ သက်တော်စောင့်လို့ ရည်ညွှန်းပြီး နောက်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

“ဘာကြောင့် သူတို့တွေ ငါ့ကောင်လေး ဖရက်ဒ်ကို ဒီလိုမျိုး လုပ်ကြတာလဲ”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ရစ်ချာလီဆန်က နေမာကို ရိုဒရီဂို ဒီ ပေါလ်က မက်ဆီကို လုပ်ပေးသလိုမျိုး လုပ်ပေးနေတာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ အုပ်စု G မှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့အတူ ကျရောက်နေတာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင် ဘရာဇီးလ်အသင်းရဲ့ တူရင်က လေ့ကျင့်ရေးကွင်းမှာလည်း ဖရက်ဒ်က အမှားလုပ်မိခဲ့တာကြောင့် ဘရာဇီးလ်အသင်းဖော်တွေဟာ အရုပ်တစ်ရုပ်လို ဝိုင်းဝန်းပြီး နောက်ပြောင်ကျီစယ်ခဲ့ကြသေးပြီး ပရိသတ်အချို့ကတော့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟာ အသင်းဖော်တွေရဲ့ အနိုင်ဝိုင်းကျင့်ခြင်းခံခဲ့ရတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရစ္ခ်ာလီဆန္ဟာ ဘရာဇီးလ္ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ လူစာရင္း ဓာတ္ပုံ႐ိုက္ဖို႔ ေနမာထိုင္မယ့္ ခုံမွာ ထိုင္ေနတာေၾကာင့္ ဖရက္ဒ္ကို ဆြဲထူၿပီး ေနရာေျပာင္းထိုင္ခိုင္းတဲ့ ရယ္ေမာဖြယ္ အခိုက္အတန႔္ဟာ ပရိသတ္ေတြၾကား ပ်ံ႕နံွ႔လာခဲ့ပါတယ္။

တီတီရဲ႕အသင္းဟာ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ၿပီး ႏွစ္ေပါင္း ၂၀ အတြင္း ပထမဆုံး ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ရည္မွန္းေနတာ ျဖစ္ပါတယ္။ ေနမာဟာ ေနာက္ထပ္တစ္ႀကိမ္ ဘရာဇီးလ္အသင္းအတြက္ လႊမ္းမိုးႏိုင္စြမ္း အရွိဆုံးကစားသမားျဖစ္လာဦးမွာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ဆယ္စုႏွစ္တစ္ခုနီးပါးအထိ လႊမ္းမိုးမႈ ရွိခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

အခုျဖစ္စဥ္မွာလည္း ေနမာကို လက္ေ႐ြးစင္အသင္းေဖာ္ေတြက ဘယ္ေလာက္အထိ ေလးစားမႈရွိလဲဆိုတာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရၿပီး အဲဒီအသင္းေဖာ္ေတြထဲမွာ ရစ္ခ်ာလီဆန္က အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ဟာ ဓာတ္ပုံ႐ိုက္ဖို႔အတြက္ ေနရာခ်ထားတဲ့ ထိုင္ခုံေတြထဲမွာ ေနမာကို အေကာင္းဆုံးေနရာမွာ ထိုင္ေစခ်င္ခဲ့တာျဖစ္ၿပီး ဖရက္ဒ္အတြက္ေတာ့ ရယ္ေမာစရာေကာင္းသလို စိတ္မေကာင္းစရာလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားဟာ ဘ႐ူႏို ဂီမာေရးစ္နဲ႔ ထိုင္ၿပီး စကားေျပာဆိုေနခဲ့တာျဖစ္ၿပီး ရစ္ခ်ာလီဆန္က ဖရက္ဒ္ထိုင္ေနတဲ့ ေနရာကို ေရာက္လာခဲ့တာျဖစ္ပါတယ္။ ရစ္ခ်ာလီဆန္ဟာ စကားတစ္လုံးမွ မေျပာဘဲ မန္ခ်ကစ္တာယူႏိုက္တက္ကြင္းလယ္ကစားသမားကို လက္နဲ႔ ထိုင္ခုံကေန ဆြဲမဖယ္ရွားခဲ့ၿပီး ခုံတန္းရဲ႕ ဆန႔္က်င္ဘက္အျခမ္းကို ၫႊန္ျပခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ ရစ္ခ်ာလီဆန္ကိုယ္တိုင္ စိတ္ရႈပ္ေထြးေနတဲ့ မ်က္ႏွာအမူအရာေပၚေနတဲ့ ဖရက္ဒ္ရဲ႕ ပုခုံးကို ကိုင္ၿပီး ထိုင္ရမယ့္ ထိုင္ခုံအထိ လိုက္ပို႔ေပးခဲ့တာျဖစ္ပါတယ္။

ဖရက္ဒ္ရဲ႕ ထိုင္ခုံအသစ္ဟာ ရာဖင္ညာနဲ႔ အဲလက္စ္ တဲလက္စ္တို႔ၾကားမွာ ျဖစ္ၿပီး ေနမာလိုမ်ိဳး အသင္းေခါင္းေဆာင္ မာကင္ညိဳ႕စ္ရဲ႕ ေဘးမွာမဟုတ္ခဲ့တာ ျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ အဲဒီ ဗီဒီယိုဖိုင္ကို တုံ႔ျပန္ခဲ့ၾကၿပီး ရစ္ခ်ာလီဆန္ကို ေနမာရဲ႕ သက္ေတာ္ေစာင့္လို႔ ရည္ၫႊန္းၿပီး ေနာက္ေျပာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

“ဘာေၾကာင့္ သူတို႔ေတြ ငါ့ေကာင္ေလး ဖရက္ဒ္ကို ဒီလိုမ်ိဳး လုပ္ၾကတာလဲ”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ရစ္ခ်ာလီဆန္က ေနမာကို ႐ိုဒရီဂို ဒီ ေပါလ္က မက္ဆီကို လုပ္ေပးသလိုမ်ိဳး လုပ္ေပးေနတာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ဘရာဇီးလ္အသင္းဟာ အုပ္စု G မွာ ဆားဘီးယား၊ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔အတူ က်ေရာက္ေနတာျဖစ္ၿပီး ႏိုဝင္ဘာ ၂၄ ရက္ေန႔မွာ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဆားဘီးယားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္မတိုင္ခင္ ဘရာဇီးလ္အသင္းရဲ႕ တူရင္က ေလ့က်င့္ေရးကြင္းမွာလည္း ဖရက္ဒ္က အမွားလုပ္မိခဲ့တာေၾကာင့္ ဘရာဇီးလ္အသင္းေဖာ္ေတြဟာ အ႐ုပ္တစ္႐ုပ္လို ဝိုင္းဝန္းၿပီး ေနာက္ေျပာင္က်ီစယ္ခဲ့ၾကေသးၿပီး ပရိသတ္အခ်ိဳ႕ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားဟာ အသင္းေဖာ္ေတြရဲ႕ အႏိုင္ဝိုင္းက်င့္ျခင္းခံခဲ့ရတယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.