International Premier League World Cup

အသင်းဖော် လေ့ကျင့်ရေးမဆင်းနိုင်လို့ ပွဲထွက်ခွင့်ရတော့မယ့် ဂန်းနားကြယ်ပွင့်

အာဆင်နယ်ကြယ်ပွင့်နောက်ခံကစားသမား ဝီလီယံ ဆာလီဘာဟာ ကမ္ဘာ့ဖလားမှာ ၎င်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် ပြင်ဆင်နေပြီး အင်္ဂါနေ့ သြစတြေးလျနဲ့ ကစားရမယ့်ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးသွားတော့မယ်လို့ သိရပါတယ်။

အာဆင်နယ်နောက်ခံလူဟာ ယခုရာသီပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံးစွမ်းဆောင်ရည်ပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှာ တစ်နေရာ အခိုင်အမာ ရရှိအောင် စွမ်းဆောင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဆာလီဘာဟာ ပြင်သစ်အသင်းအတွက် စီနီယာအဆင့်မှာ ၇ ကြိမ် ပါဝင်ကစားပေးထားခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ရာဖေးလ် ဗာရွမ်းရဲ့ ကြံ့ခိုင်မှုအခြေအနေ စိုးရိမ်စရာဖြစ်နေတာကြောင့် ကာတာမှာ ၎င်းရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို မြှင့်တင်ဖို့ ကြိုးပမ်းသွားရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှု မပြည့်ဝပေမယ့်လည်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် မရှိမဖြစ် ကစားသမားဖြစ်တာကြောင့် ဒက်စ်ချမ့်ရဲ့ ၂၆ ဦးလူစာရင်းထဲမှာ ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဗာရွမ်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ မျက်ရည်စတွေနဲ့ ထွက်ခွာခဲ့ရပြီးနောက် ပြီးခဲ့တဲ့တစ်လလုံး မန်ချက်စတာယူနိုက်တက်အတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ချက်အတိုင်း ပြည့်မြောက်အောင် တံကောက်ကြောဒဏ်ရာကို ကုသမှု ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ စန် အီတျန်ကနေ ခေါ်ယူခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးဖို့ ၃ နှစ်စောင့်ဆိုင်းခဲ့ရတဲ့ ဆာလီဘာရဲ့ တိုးတက်လာမှုကြောင့် ဝမ်းမြောက်ပျော်ရွှင်နေမှာ သံသယဖြစ်စရာမရှိဘဲ စာချုပ်သက်တမ်းကုန်ဆုံးခါနီးမှာ ပြင်သစ်နောက်ခံလူရဲ့တန်ဖိုးကလည်း တဟုန်ထိုးမြင့်တက်လာနေတယ်ဆိုတာကို သတိပြုမိနေမှာလည်း အသေအချာပဲဖြစ်ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး ပြင်သစ်နောက်ခံလူရဲ့ စာချုပ်သက်တမ်းတိုးမှုကို ကြီးကြပ်နေတဲ့ အီဒူးကတော့ သောကြာနေ့မှာပဲ အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ေနာက္ခံကစားသမား ဝီလီယံ ဆာလီဘာဟာ ကမာၻ႔ဖလားမွာ ၎ရဲ႕ ဂုဏ္သတင္းကို ျမႇင့္တင္ဖို႔အတြက္ ျပင္ဆင္ေနၿပီး အဂၤါေန႔ ၾသစေၾတးလ်နဲ႔ ကစားရမယ့္ပြဲစဥ္မွာ ျပင္သစ္အသင္းအတြက္ ပြဲထြက္ပါဝင္ကစားေပးသြားေတာ့မယ္လို႔ သိရပါတယ္။

အာဆင္နယ္ေနာက္ခံလူဟာ ယခုရာသီပရီးမီးယားလိဂ္မွာ အထူးခြၽန္ဆုံးစြမ္းေဆာင္ရည္ျပသေနတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အာဆင္နယ္ရဲ႕ ဗဟိုခံစစ္မွာ တစ္ေနရာ အခိုင္အမာ ရရွိေအာင္ စြမ္းေဆာင္ထားတဲ့ ကစားသမားျဖစ္ပါတယ္။

ဆာလီဘာဟာ ျပင္သစ္အသင္းအတြက္ စီနီယာအဆင့္မွာ ၇ ႀကိမ္ ပါဝင္ကစားေပးထားခဲ့ၿပီးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြမ္းရဲ႕ ႀကံ့ခိုင္မႈအေျခအေန စိုးရိမ္စရာျဖစ္ေနတာေၾကာင့္ ကာတာမွာ ၎ရဲ႕ ဂုဏ္သတင္းေက်ာ္ၾကားမႈကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္းသြားရေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးရင္း ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ႀကံ့ခိုင္မႈ မျပည့္ဝေပမယ့္လည္း ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ မရွိမျဖစ္ ကစားသမားျဖစ္တာေၾကာင့္ ဒက္စ္ခ်မ့္ရဲ႕ ၂၆ ဦးလူစာရင္းထဲမွာ ေခၚယူျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဗာ႐ြမ္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန မ်က္ရည္စေတြနဲ႔ ထြက္ခြာခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့တစ္လလုံး မန္ခ်က္စတာယူႏိုက္တက္အတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့သူျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္အတိုင္း ျပည့္ေျမာက္ေအာင္ တံေကာက္ေၾကာဒဏ္ရာကို ကုသမႈ ခံယူေနခဲ့ရတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းကေတာ့ စန္ အီတ်န္ကေန ေခၚယူခဲ့ၿပီးေနာက္ပိုင္း အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးဖို႔ ၃ ႏွစ္ေစာင့္ဆိုင္းခဲ့ရတဲ့ ဆာလီဘာရဲ႕ တိုးတက္လာမႈေၾကာင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနမွာ သံသယျဖစ္စရာမရွိဘဲ စာခ်ဳပ္သက္တမ္းကုန္ဆုံးခါနီးမွာ ျပင္သစ္ေနာက္ခံလူရဲ႕တန္ဖိုးကလည္း တဟုန္ထိုးျမင့္တက္လာေနတယ္ဆိုတာကို သတိျပဳမိေနမွာလည္း အေသအခ်ာပဲျဖစ္ပါတယ္။

ဆာလီဘာဟာ အာဆင္နယ္အသင္းနဲ႔ လက္ရွိ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့တဲ့ ကစားသမားျဖစ္ၿပီး ျပင္သစ္ေနာက္ခံလူရဲ႕ စာခ်ဳပ္သက္တမ္းတိုးမႈကို ႀကီးၾကပ္ေနတဲ့ အီဒူးကေတာ့ ေသာၾကာေန႔မွာပဲ အားကစားဒါ႐ိုက္တာအျဖစ္ ရာထူးတိုးျမႇင့္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.