Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၁၁.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ဂျူဗင်တပ်စ်၊ မန်ချက်စတာစီးတီးအသင်းတွေရဲ့ စိတ်ဝင်စားလာမှုကြောင့် အာဆင်နယ်အသင်းအနေနဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ ခက်ခဲတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပေမယ့် သေသေချာချာ လေ့လာဆန်းစစ်မှုတွေအရ သူ့ကို ကမ်းလှမ်းထားတာက မြောက်လန်ဒန်သားတွေပဲ ရှိသေးတယ်လို့ သိရ။

– စွယ်စုံသုံးကစားသမား အိန်းစလီ မိတ်လန်းနိုင်းလ်စ်ရဲ့ အာဆင်နယ်အသင်းမှာ ဆက်လက်ရှိနိုင်ခြေဟာ ၅၀-၅၀ ပဲဖြစ်တယ်လို့ အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်းက ပြောလိုက်ပြီး နည်းပြ မီခယ်လ် အာတီကတော့ လုံးဝရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့ဆို။

– ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အီဂါလိုတုန်းကလိုပဲ အငှားနဲ့ ထွက်ခွာနိုင်တဲ့ တောင်ပံကစားသမား စတီဖန် အယ်လ်ရှာရာဝီကို ခေါ်ယူဖို့ အာဆင်နယ်နည်းပြ အာတီတာက စိတ်ဝင်စားနေပြီး ဘယ်တောင်ပံတိုက်စစ်ကို အားဖြည့်သွားဖို့ ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်ကစားသမားတွေဖြစ်ကြတဲ့ ဒေးဗစ် လူးဝစ်ဇ်နဲ့ ဝီလီယန်တို့ဟာ သူတို့နဲ့အတူ ချဲလ်ဆီးအသင်းမှာ အတူ ကစားခဲ့ကြဖူးတဲ့ ကွင်းလယ်လူ အော်စကာကို မြောက်လန်ဒန်ကလပ်ဆီ စည်းရုံးနေကြပြီး ရှန်ဟိုင်း SIPG အသင်းရဲ့ သဘောထားကိုတော့ မသိရှိရသေး။

– တစ်ဦးချင်းတွေ့ချိန်တွေမှာ အသုံးပြုလေ့ရှိတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ ကိုယ်ပိုင်စွမ်းရည်ဖြစ်တဲ့ မြေထောက်ကန်ချက်တွေဟာ ဂိုးသမားတွေဖို့တော့ ကာကွယ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ အာဆင်နယ်တတိယဂိုးသမား မတ် မေစီက ထုတ်ဖော်ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.