Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၁.၉.၂၀၂၀

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသင္းရဲ႕ အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ ေနာက္ခံလူ ဆီမီကတ္စ္တစ္ေယာက္တည္းကို ေခၚယူႏုိင္ခဲ့တာအတြက္ ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္မေျပာခဲ့ေပမယ့္ ေက်နပ္မွဳမရွိတဲ့ ပုံစံမ်ဳိးကို ဘီဘီစီနဲ႔ အင္တာဗ်ဴးမွာ ျပသ။

– ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္နဲ႔ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြရဲ႕ ေဆြးေႏြးမွဳက အျပဳသေဘာေဆာင္ခဲ့တယ္လို႔ သိရၿပီး ကစားသမားအေနနဲ႔ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခ်င္စိတ္မရွိေတာ့ဘူးလို႔ ဆုိေနၾက။

– ရာသီသစ္အတြက္ ျပန္မကစားခင္ မိသားစုနဲ႔ ဘာစီလိုနာမွာ အပန္းေျဖေနတဲ့ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအတြက္ လီဗာပူးလ္အသင္းက ပုဂၢဳိလ္ေရး သေဘာတူညီႏုိင္ခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးကိုလည္း ဘိုင္ယန္ျမဴးနစ္ဘက္က ေတာင္းဆုိထားတဲ့အတုိင္း ေပးေခ်သြားမယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ပရိသတ္မပါတဲ့ အန္းဖီးလ္ကို သူတို႔ လိဒ္စ္ယူႏုိက္တက္အသင္းအေနနဲ႔ ေၾကာက္ရြံ႕တြန္႔ဆုတ္မွဳ မရွိဘဲ ကစားႏုိင္မွာျဖစ္ၿပီး လီဗာပူးလ္ အသင္းရဲ႕ အားနည္းခ်က္ကို သိရွိထားတယ္လို႔ နည္းျပႀကီး မာဆယ္လို ဘီယယ္လ္ဆာေျပာ။

– အန္ဒါလက္ခ်္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ေတာင္ပံကစားသမား ယယ္ရမီ ဒိုကူကို ေခၚယူသြားဖို႔ လီဗာပူးလ္အသင္းက စိတ္ဝင္စားေနၿပီး မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿပဳိင္ဆုိင္မွဳကို ႀကဳံေတြ႕ရႏုိင္သလို တစ္ရာသီ အငွားျပန္ခ်ေပးရမယ္ဆုိတဲ့ အခ်က္ကိုပါ လုိက္နာရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ နောက်ခံလူ ဆီမီကတ်စ်တစ်ယောက်တည်းကို ခေါ်ယူနိုင်ခဲ့တာအတွက် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောခဲ့ပေမယ့် ကျေနပ်မှုမရှိတဲ့ ပုံစံမျိုးကို ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြသ။

– ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်နဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုက အပြုသဘောဆောင်ခဲ့တယ်လို့ သိရပြီး ကစားသမားအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်စိတ်မရှိတော့ဘူးလို့ ဆိုနေကြ။

– ရာသီသစ်အတွက် ပြန်မကစားခင် မိသားစုနဲ့ ဘာစီလိုနာမှာ အပန်းဖြေနေတဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် လီဗာပူးလ်အသင်းက ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးကိုလည်း ဘိုင်ယန်မြူးနစ်ဘက်က တောင်းဆိုထားတဲ့အတိုင်း ပေးချေသွားမယ်လို့ သတင်းတွေ ဖော်ပြ။

– ပရိသတ်မပါတဲ့ အန်းဖီးလ်ကို သူတို့ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ကြောက်ရွံ့တွန့်ဆုတ်မှု မရှိဘဲ ကစားနိုင်မှာဖြစ်ပြီး လီဗာပူးလ် အသင်းရဲ့ အားနည်းချက်ကို သိရှိထားတယ်လို့ နည်းပြကြီး မာဆယ်လို ဘီယယ်လ်ဆာပြော။

– အန်ဒါလက်ချ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံကစားသမား ယယ်ရမီ ဒိုကူကို ခေါ်ယူသွားဖို့ လီဗာပူးလ်အသင်းက စိတ်ဝင်စားနေပြီး မန်ချက်စတာစီးတီးအသင်းရဲ့ ပြိုင်ဆိုင်မှုကို ကြုံတွေ့ရနိုင်သလို တစ်ရာသီ အငှားပြန်ချပေးရမယ်ဆိုတဲ့ အချက်ကိုပါ လိုက်နာရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.