Premier League

ချဲလ်ဆီးအသင်းရဲ့ ရာသီသစ် ပွဲထွက်လူစာရင်းကို ခန့်မှန်းကြည့်ခြင်း

UNICODE: ပြီးခဲ့တဲ့ ရာသီက ရှိတဲ့လူနဲ့ အဆင့် ၄ ဝင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လမ်းပတ်ကို အသင်းက ဂုဏ်ပြုတဲ့အနေနဲ့ ကစားသမားသစ် ၇ ယောက်အထိ ဖြည့်ဆည်းပေးခဲ့ပြီး ငွေကြေးသုံးစွဲမှုနဲ့အတူ အင်အားတောင့်တင်းလာတဲ့ ချဲလ်ဆီးအသင်းရဲ့ လူစာရင်းကိုတော့ ဘယ်လိုမျိုး ပွဲထွက်လာနိုင်မလဲဆိုတာ အက်သလက်တစ်က ခုလို ခန့်မှန်းခဲ့ပါတယ်။

ဂိုးသမားနေရာမှာတော့ ရာသီကုန် တိုက်ပွဲဝင်ချိန်တွေမှာ လမ်းပတ်အားကိုးခဲ့တဲ့ ဝါရင့်ဂိုးသမား ဝီလီ ကာဘယ်လာရိုပဲ ပွဲထွက်လာဖို့ များပြီး ကီပါနဲ့ အသစ်ရောက်လာနိုင်မယ့် ဂိုးသမား တစ်ဦးကတော့ အခြေအနေပေါ် မူတည်ပြီး ပွဲထွက်ခွင့် စောင့်ဆိုင်းရမှာဖြစ်သလို မစွန့်စားချင်တဲ့ နည်းပြရဲ့ အကြိုက်က အာဂျင်တီးနားသားပဲဖြစ်နိုင်ပါတယ်။

ညာနောက်ခံလူနေရာမှာတော့ ငယ်ရွယ်ပြီး သွက်လက်တဲ့ အားအင်တွေကြောင့် လမ်းပတ်ရဲ့ အသိအမှတ်ပြုတာကို ခံထားရတဲ့ ရီးစ် ဂျိမ်းစ် ရှိနေမှာပါ။ ခံစစ်အတွဲကိုတော့ ပီအက်စ်ဂျီက ခေါ်ယူထားတဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့အတူ လျင်မြန်ပြီး ကြံ့ခိုင်မှုနဲ့ ဘရာဇီးလ်သားကြီးကို ဖြည့်ဆည်းပေးမယ့် ကာ့တ် ဇူးမာတို့ အတွဲကို တွေ့မြင်ရနိုင်ပါတယ်။ ဘယ်အစွန်လူနေရာမှာတော့ လက်စတာက ဈေးကြီးပေးဝယ်ထားတဲ့ ဘန်ချေးလ်ဝဲလ်ကို ဒဏ်ရာကင်းစင်တာနဲ့ အသုံးပြုမှာ သေချာသလောက်ရှိပါတယ်။

ကွင်းလယ်မှာတော့ အဖျက်ပိုင်းမှာ တဖက်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားပေးနိုင်တဲ့ အန်ဂိုလို ကွန်တေပဲ ပါဝင်လာမှာ ဖြစ်ပါတယ်။ သူ့ရှေ့က နှစ်ဦးမှာတော့ ဟာဗတ်ဇ်က ညာခြမ်းမှာ ကစားပြီး ဘယ်ခြေနဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှာဖြစ်သလို မေဆန်မောင်နဲ့ ကိုဗာချစ်ကို အလဲအလှယ်နဲ့ ပွဲထုတ်နိုင်ပါတယ်။

ညာခြမ်းတိုက်စစ်နေရာမှာတော့ Inverted Winger အဖြစ် အိုင်းယက်စ်က ခေါ်ယူထားတဲ့ ကစားသမား ဟာကင်းမ် ဇီးယက်ရှ် ပွဲထွက်နိုင်ပြီး ဘယ်ခြမ်းတိုက်စစ်မှာတော့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့တဲ့ ခရစ္စတီယန် ပူလီရှစ်ချ် ဝင်ရောက်ကစားသွားမှာ ဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူးနေရာကိုတော့ တီမို ဗာနာက ပွဲထွက်လာနိုင်ပြီး သူတို့ရဲ့ တိုက်စစ်အတွဲအဖက်ကိုတော့ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။

REF: THE ATHLETIC
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ရာသီက ရွိတဲ့လူနဲ႔ အဆင့္ ၄ ဝင္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တဲ့ လမ္းပတ္ကို အသင္းက ဂုဏ္ျပဳတဲ့အေနနဲ႔ ကစားသမားသစ္ ၇ ေယာက္အထိ ျဖည့္ဆည္းေပးခဲ့ၿပီး ေငြေၾကးသုံးစြဲမွဳနဲ႔အတူ အင္အားေတာင့္တင္းလာတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ လူစာရင္းကိုေတာ့ ဘယ္လိုမ်ဳိး ပြဲထြက္လာႏုိင္မလဲဆုိတာ အက္သလက္တစ္က ခုလို ခန္႔မွန္းခဲ့ပါတယ္။

ဂိုးသမားေနရာမွာေတာ့ ရာသီကုန္ တုိက္ပဲြဝင္ခ်ိန္ေတြမွာ လမ္းပတ္အားကိုးခဲ့တဲ့ ဝါရင့္ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုပဲ ပြဲထြက္လာဖို႔ မ်ားၿပီး ကီပါနဲ႔ အသစ္ေရာက္လာႏုိင္မယ့္ ဂိုးသမား တစ္ဦးကေတာ့ အေျခအေနေပၚ မူတည္ၿပီး ပြဲထြက္ခြင့္ ေစာင့္ဆုိင္းရမွာျဖစ္သလို မစြန္႔စားခ်င္တဲ့ နည္းျပရဲ႕ အႀကဳိက္က အာဂ်င္တီးနားသားပဲျဖစ္ႏုိင္ပါတယ္။

ညာေနာက္ခံလူေနရာမွာေတာ့ ငယ္႐ြယ္ၿပီး သြက္လက္တဲ့ အားအင္ေတြေၾကာင့္ လမ္းပတ္ရဲ႕ အသိအမွတ္ျပဳတာကို ခံထားရတဲ့ ရီးစ္ ဂ်ိမ္းစ္ ရွိေနမွာပါ။ ခံစစ္အတြဲကိုေတာ့ ပီအက္စ္ဂ်ီက ေခၚယူထားတဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔အတူ လ်င္ျမန္ၿပီး ႀကံ့ခိုင္မွဳနဲ႔ ဘရာဇီးလ္သားႀကီးကို ျဖည့္ဆည္းေပးမယ့္ ကာ့တ္ ဇူးမာတို႔ အတြဲကို ေတြ႕ျမင္ရႏိုင္ပါတယ္။ ဘယ္အစြန္လူေနရာမွာေတာ့ လက္စတာက ေဈးႀကီးေပးဝယ္ထားတဲ့ ဘန္ေခ်းလ္ဝဲလ္ကို ဒဏ္ရာကင္းစင္တာနဲ႔ အသုံးျပဳမွာ ေသခ်ာသေလာက္ရွိပါတယ္။

ကြင္းလယ္မွာေတာ့ အဖ်က္ပုိင္းမွာ တဖက္အသင္းရဲ႕ တိုက္စစ္ကို ဟန႔္တားေပးႏိုင္တဲ့ အန္ဂိုလို ကြန္ေတပဲ ပါဝင္လာမွာ ျဖစ္ပါတယ္။ သူ႕ေရွ႕က ႏွစ္ဦးမွာေတာ့ ဟာဗတ္ဇ္က ညာျခမ္းမွာ ကစားၿပီး ဘယ္ေျခနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္ႏုိင္မွာျဖစ္သလို ေမဆန္ေမာင္နဲ႔ ကိုဗာခ်စ္ကို အလဲအလွယ္နဲ႔ ပြဲထုတ္ႏုိင္ပါတယ္။

ညာျခမ္းတိုက္စစ္ေနရာမွာေတာ့ Inverted Winger အျဖစ္ အိုင္းယက္စ္က ေခၚယူထားတဲ့ ကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ ပြဲထြက္ႏုိင္ၿပီး ဘယ္ျခမ္းတိုက္စစ္မွာေတာ့ ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းျပခဲ့တဲ့ ခရစၥတီယန္ ပူလီရွစ္ခ်္ ဝင္ေရာက္ကစားသြားမွာ ျဖစ္ပါတယ္။ အေထာင္တိုက္စစ္မႉးေနရာကိုေတာ့ တီမို ဗာနာက ပြဲထြက္လာႏုိင္ၿပီး သူတုိ႔ရဲ႕ တုိက္စစ္အတြဲအဖက္ကိုေတာ့ ေစာင့္ၾကည့္သြားရမွာလည္းျဖစ္ပါတယ္။

REF: THE ATHLETIC
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.