Premier League

အာဆင်နယ်နဲ့သတင်းထွက်နေချိန်မှာ အံ့အားသင့်ဖွယ်ဝန်ခံလိုက်တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရရှိသွားတာကို မြင်တွေ့ချင်တယ်လို့ အံ့အားသင့်ဖွယ် ဝန်ခံပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ဖြေဆိုခဲ့ပြီးနောက် ယခုအပတ် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့သူဖြစ်ပြီး အဲဒီအင်တာဗျူးထဲမှာ အသင်းရဲ့အခြေအနေနဲ့ လက်ရှိ အသင်းဖော်တွေ၊ အသင်းဖော်ဟောင်းတွေအပြင် နည်းပြ တန်ဟက်ကိုပါ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူး ဒုတိယပိုင်းမှာ နောက်ထပ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပီးယာ့စ် မော်ဂန်က အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ယခုရာသီမှာ ဂန်းနားတို့ ပရီးမီးယားလိဂ်ဖလားရရှိသွားတာကို မြင်ချင်လားလို့ မေးမြန်းခဲ့ချိန်မှာ ပရိသတ်တွေ မမျှော်လင့်ထားတဲ့အဖြေဖကို ကြားခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကမ္ဘာ့ဖလား အားလပ်ရက်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဖြတ်သန်းသွားရတော့မှာဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ၂၀၀၃-၂၀၀၄ ရာသီနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကို အနိုင်ရရှိနိုင်တယ်ဆိုတဲ့ အကောင်းမြင်မှုတွေ ပရိသတ်တွေကြား ကြီးထွားနေခဲ့တာဖြစ်ပြီး အာဆင်နယ်ဖလားရတဲ့ရာသီက ပေါ်တူဂီကြယ်ပွင့် မန်ယူနိုက်တက်အတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တဲ့ရာသီဖြစ်နေတာကလည်း တိုက်ဆိုင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ရော်နယ်လ်ဒိုဟာ အမှန်တကယ်တော့ မန်ယူနိုက်တက်အစား အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက နည်းပြကြီး အာစင်ဝင်းဂါး၊ ကြယ်ပွင့်တိုက်စစ်မှူး အွန်နရီတို့နဲ့ လန်ဒန်မှာတောင် တွေ့ဆုံခဲ့သေးပေမယ့်လည်း ဆာအဲလက်စ် ဖာဂူဆန်က လက်ဦးမှု ရယူသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်လည်း မျှော်လင့်မိပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားရစေချင်တာပေါ့။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အာဆင်နယ်က ကျွန်တော် ဖလားရသွားတာမြင်ချင်တဲ့အသင်းပါ။ ကျွန်တော် အသင်းကို နှစ်သက်တယ်။ နည်းပြကို နှစ်သက်တယ်။ သူတို့တွေက အသင်းကောင်းရှိတယ်လို့ ကျွန်တော်ထင်တယ်။ တကယ်လို့ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ဘူးဆိုရင် အာဆင်နယ်ရသွားရင် ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ဖလား ရရွိသြားတာကို ျမင္ေတြ႕ခ်င္တယ္လို႔ အံ့အားသင့္ဖြယ္ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴး ေျဖဆိုခဲ့ၿပီးေနာက္ ယခုအပတ္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့သူျဖစ္ၿပီး အဲဒီအင္တာဗ်ဴးထဲမွာ အသင္းရဲ႕အေျခအေနနဲ႔ လက္ရွိ အသင္းေဖာ္ေတြ၊ အသင္းေဖာ္ေဟာင္းေတြအျပင္ နည္းျပ တန္ဟက္ကိုပါ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညက ထုတ္လႊင့္ခဲ့တဲ့ အင္တာဗ်ဴး ဒုတိယပိုင္းမွာ ေနာက္ထပ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ပီးယာ့စ္ ေမာ္ဂန္က အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ယခုရာသီမွာ ဂန္းနားတို႔ ပရီးမီးယားလိဂ္ဖလားရရွိသြားတာကို ျမင္ခ်င္လားလို႔ ေမးျမန္းခဲ့ခ်ိန္မွာ ပရိသတ္ေတြ မေမွ်ာ္လင့္ထားတဲ့အေျဖဖကို ၾကားခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ကမာၻ႔ဖလား အားလပ္ရက္ကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ျဖတ္သန္းသြားရေတာ့မွာျဖစ္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီမွာ အာဆင္နယ္ကို အႏိုင္ယူႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ၂၀၀၃-၂၀၀၄ ရာသီေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဆုဖလားကို အႏိုင္ရရွိႏိုင္တယ္ဆိုတဲ့ အေကာင္းျမင္မႈေတြ ပရိသတ္ေတြၾကား ႀကီးထြားေနခဲ့တာျဖစ္ၿပီး အာဆင္နယ္ဖလားရတဲ့ရာသီက ေပၚတူဂီၾကယ္ပြင့္ မန္ယူႏိုက္တက္အတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့တဲ့ရာသီျဖစ္ေနတာကလည္း တိုက္ဆိုင္မႈ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။

ေရာ္နယ္လ္ဒိုဟာ အမွန္တကယ္ေတာ့ မန္ယူႏိုက္တက္အစား အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက နည္းျပႀကီး အာစင္ဝင္းဂါး၊ ၾကယ္ပြင့္တိုက္စစ္မႉး အြန္နရီတို႔နဲ႔ လန္ဒန္မွာေတာင္ ေတြ႕ဆုံခဲ့ေသးေပမယ့္လည္း ဆာအဲလက္စ္ ဖာဂူဆန္က လက္ဦးမႈ ရယူသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္လည္း ေမွ်ာ္လင့္မိပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ပထမဆုံး ပရီးမီးယားလိဂ္ဖလားရေစခ်င္တာေပါ့။ ဒါေပမယ့္ အဲဒီလို မဟုတ္ဘူးဆိုရင္ေတာ့ အာဆင္နယ္က ကြၽန္ေတာ္ ဖလားရသြားတာျမင္ခ်င္တဲ့အသင္းပါ။ ကြၽန္ေတာ္ အသင္းကို ႏွစ္သက္တယ္။ နည္းျပကို ႏွစ္သက္တယ္။ သူတို႔ေတြက အသင္းေကာင္းရွိတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ တကယ္လို႔ မန္ခ်က္စတာယူႏိုက္တက္က ပရီးမီးယားလိဂ္ဖလားကို မရရွိခဲ့ဘူးဆိုရင္ အာဆင္နယ္ရသြားရင္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.