Premier League

ကမ္ဘာ့ဖလားအပြီးမှာ အိုးထရက်ဖို့ဒ် ပြန်လာလို့ရတော့မှာမဟုတ်တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ထုတ်ပယ်ဖို့ လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးမှာ အသင်းကို ပြန်မလာဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ်မှာ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအပြီးမှာ ရော်နယ်လ်ဒိုကို ဒေါသထွက်ခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ နည်းပြ တန်ဟက်၊ ဂလေဇာမိသားစုနဲ့ အသင်းဖော်တွေရဲ့ ခံယူချက်ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက စပါးစ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပေမယ့်လည်း လူစာရင်းထဲကို ပြန်လည်ပါဝင်ခွင့် ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုအပတ်မှာ TalkTV နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တာကြောင့် မန်ယူနိုက်တက်က ပေါ်တူဂီဂန္တဝင်ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လက်ရှိမှာ လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အတွက် ထပ်မံကစားပေးရတော့မှာ မဟုတ်တာဖြစ်ပါတယ်။

MailOnline ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်ရဲ့ ရှေ့နေတွေဟာ ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်ဟာ စာချုပ်ကို ချိုးဖောက်တယ်လို့ ယူဆဖို့ လုံလောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယုံကြည်နေပြီး မန်ယူနိုက်တက်သာ ပေါ်တူဂီကြယ်ပွင့်ရဲ့စာချုပ်ကို လျော်ကြေးမပေးဘဲ ဖျက်သိမ်းနိုင်မယ်ဆိုရင် အသင်းအတွက် ပေါင် ၁၆ သန်းဝန်းကျင် သက်သာသွားမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ The Guardian က ရော်နယ်လ်ဒိုဟာ ကာတာက ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်မလာဖို့ ပြောကြားခြင်းတောင် ခံခဲ့ရပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး တန်ဟက်ဟာ အသင်းတာဝန်ရှိသူတွေကို ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ အသင်းအတွက် နောက်ထပ်တစ်ကြိမ် ကစားပေးဖို့ မသင့်တော့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။

ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတာဖြစ်ပြီး လာမယ့် ကြာသပတေးနေ့ ဂါနာနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ပြီးနောက် ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ထုတ္ပယ္ဖို႔ လုပ္ငန္းစဥ္ကို စတင္ခဲ့ၿပီျဖစ္ၿပီး ကမာၻ႔ဖလားအၿပီးမွာ အသင္းကို ျပန္မလာဖို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုအပတ္မွာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအၿပီးမွာ ေရာ္နယ္လ္ဒိုကို ေဒါသထြက္ခဲ့တာျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ နည္းျပ တန္ဟက္၊ ဂေလဇာမိသားစုနဲ႔ အသင္းေဖာ္ေတြရဲ႕ ခံယူခ်က္ကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လက စပါးစ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လူစားဝင္ကစားေပးဖို႔ ျငင္းဆန္ခဲ့ၿပီး ဥမင္ေလွ်ာက္လမ္းထဲကို ဆင္းသြားခဲ့ၿပီးေနာက္ ပြဲပယ္ျပစ္ဒဏ္ခ်ခံခဲ့ရေပမယ့္လည္း လူစာရင္းထဲကို ျပန္လည္ပါဝင္ခြင့္ ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယခုအပတ္မွာ TalkTV နဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့တာေၾကာင့္ မန္ယူႏိုက္တက္က ေပၚတူဂီဂႏၲဝင္ရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ လက္ရွိမွာ လုပ္ေဆာင္ေနၿပီျဖစ္တဲ့အတြက္ ေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အတြက္ ထပ္မံကစားေပးရေတာ့မွာ မဟုတ္တာျဖစ္ပါတယ္။

MailOnline ရဲ႕ ေဖာ္ျပခ်က္အရ မန္ယူႏိုက္တက္ရဲ႕ ေရွ႕ေနေတြဟာ ေရာ္နယ္လ္ဒိုရဲ႕ လုပ္ရပ္ဟာ စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္လို႔ ယူဆဖို႔ လုံေလာက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး မန္ယူႏိုက္တက္သာ ေပၚတူဂီၾကယ္ပြင့္ရဲ႕စာခ်ဳပ္ကို ေလ်ာ္ေၾကးမေပးဘဲ ဖ်က္သိမ္းႏိုင္မယ္ဆိုရင္ အသင္းအတြက္ ေပါင္ ၁၆ သန္းဝန္းက်င္ သက္သာသြားမွာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ The Guardian က ေရာ္နယ္လ္ဒိုဟာ ကာတာက ေပၚတူဂီရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို ျပန္မလာဖို႔ ေျပာၾကားျခင္းေတာင္ ခံခဲ့ရၿပီးျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး တန္ဟက္ဟာ အသင္းတာဝန္ရွိသူေတြကို ေပၚတူဂီတိုက္စစ္မႉးအေနနဲ႔ အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ကစားေပးဖို႔ မသင့္ေတာ့ဘူးလို႔ ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့ၿပီးျဖစ္တယ္လို႔ နားလည္ရပါတယ္။

ေရာ္နယ္လ္ဒိုဟာ လက္ရွိမွာေတာ့ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မတိုင္ခင္ ေပၚတူဂီလက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းေနတာျဖစ္ၿပီး လာမယ့္ ၾကာသပေတးေန႔ ဂါနာနဲ႔ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္ၿပီးေနာက္ ဥ႐ုေဂြး၊ ေတာင္ကိုရီးယားတို႔နဲ႔ ဆက္လက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.