Article Bundesliga International La Liga Premier League Serie A World Cup

၂၀၂၂ ကမ္ဘာ့ဖလားမှာ ပေါ်ထွက်လာမယ့် အကောင်းဆုံးလူငယ်ဆုရှင်လောင်းများ

ကမ္ဘာ့ဖလားမှာ အကောင်းဆုံးဆုတွေကို ချီးမြှင့်လေ့ရှိရာမှာ အသင်းအတွက် အကျိုးဆောင်မှု အများဆုံးနဲ့ အနည်းဆုံး ဆီမီးဖိုင်နယ်လောက်ကို တွန်းတင်ပေးနိုင်တဲ့ အသင်းက ကစားသမားတွေကို ရွှေဘောလုံးဆု ပေးလေ့ရှိသလို ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆိုတာကလည်း ရှင်းပြဖို့ မလိုတဲ့ အစဉ်အလာတစ်ခုဖြစ်နေပြီး ဒီထဲမှာတော့ အနည်းငယ် မျက်စိလျှမ်းခြင်းခံရတာကတော့ လူငယ်အကောင်းဆုံးပဲဖြစ်ပါတယ်။

ဒီဆုကို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ နောက်ဆုံးရယူထားခဲ့သူကတော့ ခီလီယန် အမ်ဘာပေက ၁၉ နှစ်အရွယ်မှာ ရယူခဲ့တာဖြစ်ပြီး သူ့ရှေ့က ပေါလ် ပေါ့ဘာ၊ သောမတ်စ် မူလာ၊ လူးကပ်စ် ပိုဒေါလ်စကီး၊ လန်ဒန် ဒိုနိုဗန်၊ မိုက်ကယ် အိုဝင်နဲ့ မာ့ခ် အိုဗာမားစ်တို့လို လူသိများသူတွေက ရယူဖူးသလို အသက် ၂၁ နှစ်နဲ့အောက် ကစားသမားတွေကို ချီးမြှင့်လေ့ရှိတာပါ။

အသက်နဲ့ အကျုံးဝင်ရင် ဒီဆုကို မျှော်လင့်ခွင့်ရှိတယ်ဆိုပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ နောက်ဆုံး အဆင့်တွေကို တက်ရောက်နိုင်တဲ့ အသင်းကြီးတွေဆီက တိုက်စစ်မှူး၊ တောင်ပံသမားနဲ့ တိုက်စစ်ဦးစားပေး ကွင်းလယ်ဖန်တီးရှင်တွေက ရယူလေ့ရှိပြီး အသင်းငယ်တွေက လူငယ်တွေနဲ့ အသင်းကြီးတွေရဲ့ ခံစစ်သမားတွေကတော့ ထည့်စဉ်းစားမခံရတာလည်းဖြစ်ပါတယ်။

လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလားမှာတော့ အသက်အရွယ်အားဖြင့် ပြည့်စုံနေသလို အသင်းကြီးတွေမှာလည်း ကိုယ်စားပြု ပွဲထွက်ကစားနိုင်သူတွေထဲက ဂျာမနီ၊ နယ်သာလန်၊ အင်္ဂလန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်၊ ဘရာဇီးလ်၊ ပေါ်တူဂီအသင်းတွေဆီက ၁၆ ဦးကို ရှာတွေ့ထားခဲ့ပြီး သူတို့တွေအနေနဲ့ ကိုယ့်အသင်းရဲ့ ရလဒ်ကောင်းတွေနဲ့အတူ လူငယ်ဆုကို ရယူနိုင်ခြေ ရှိနေတာပါ။

၁။ ဆာကာ၊ ဘယ်လင်ဂမ် (အင်္ဂလန်)
အင်္ဂလန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်လောက်အထိ အခြေအနေကောင်းခဲ့မယ်ဆိုရင်တော့ ဒီအသင်းကနေ လူငယ်အကောင်းဆုံးဆုကို မျှော်လင့်နိုင်ဖို့ ရှိနေသူတွေကတော့ အာဆင်နယ်တောင်ပံသမား ဘူကာယို ဆာကာနဲ့ ဒေါ့မွန်ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်တို့ ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးတောင်ပံသမား ဖီးလ် ဖိုဒန်ကတော့ အသက်ကျော်သွားပြီဖြစ်တာကြောင့် ဒီဆုနဲ့ လွဲချော်သွားခဲ့ချိန်မှာ ဆာကာနဲ့ ဘယ်လင်ဂမ်တို့သာ ရှိတော့တာ ဖြစ်ပြီး ခြင်္သေ့သုံးကောင်တို့ အခြေအနေကောင်းပြီး သူတို့တွေလည်း ခြေစွမ်းပြနိုင်မယ်ဆိုရင် ရယူနိုင်ဖို့ ဖြစ်လာမှာပါ။

၂။ မူကိုကို၊ မူစီယာလာ၊ အဒီယီမီ (ဂျာမနီ)
ဂျာမနီအသင်းမှာတော့ အသက် ၂၁ နှစ်အောက် တိုက်စစ်ဦးစားပေး လူငယ် သုံးဦးအထိ ပါဝင်နေခဲ့ပြီး ဒေါ့မွန်တိုက်စစ်မှူး ယူဆူဖာ မူကိုကိုနဲ့ တောင်ပံသမား ကာရင်မ် အဒီယီမီ၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်တိုက်စစ်သမား ဂျမားလ် မူစီယာလာတို့ ဖြစ်ကြပါတယ်။ ၁၈ နှစ်သား မူကိုကိုအနေနဲ့တော့ တိုက်စစ်မှာ ပွဲထွက်ခွင့်ရနိုင်ခြေ နည်းသလို အဒီယီမီကလည်း ဘိုင်ယန်တောင်ပံသမားတွေဆီက နေရာလုနိုင်ခြေ နည်းတာကြောင့် မြူးနစ်သားတွေနဲ့ ပုံမှန် ပွဲထွက်နေကျ မူစီယာလာကပဲ ဒီဆုအတွက် အခြေအနေ အကောင်းဆုံးဖြစ်နိုင်သလို သူ့စီနီယာ ကလပ်အသင်းဖော်တွေက ဝန်းရံတွဲခေါ်သွားနိုင်မယ်လို့ ယူဆရပါတယ်။

၃။ ဂါဗီ၊ ပက်ဒရီ၊ ဖာတီ၊ ပီနို၊ ဝီလီယမ်စ် (စပိန်)
စပိန်အသင်းကတော့ ဒီဆုအတွက် ဆုရှင်လောင်း ၅ ဦးအထိ ပါဝင်နေကြပြီး ဘာစီလိုနာရဲ့ ဂါဗီ၊ ပက်ဒရီ၊ အန်ဆူ ဖာတီတို့ ရှိနေကြသလို ဗီလာရီးရဲလ် တောင်ပံသမား ယယ်ရမီ ပီနို၊ ဘီလ်ဘာအို တောင်ပံသမား နီကို ဝီလီယမ်စ်တို့ ပါဝင်နေကြပါတယ်။ နည်းပြ လူးဝစ် အန်ရီကေးရဲ့ ဘာစီလိုနာ အစွဲအရတော့ ကျန်တဲ့ နှစ်သင်းက ကစားသမားနှစ်ဦးက အရန်ပဲဖြစ်လာဖို့ သေချာနေပြီး သူ့ရဲ့ သားလိမ္မာလေးအဖြစ် ကျောနံပါတ် ၉ ပေးထားတဲ့ ဂါဗီကို ပိုမိုမြှောက်စားဖွယ်ရှိနေသလို ကျောနံပါတ် ၂၆ ပေးထားတဲ့ ပက်ဒရီကတော့ ပွဲကျအောင် ပြစားဖို့ အနည်းငယ် ခက်နိုင်တာပါ။ တိုက်စစ်မှူးအဖြစ် ဘယ်တောင်ပံမှာ ကစားမယ့် အန်ဆူ ဖာတီကတော့ ဂိုးတွေ ရခဲ့ရင် ပိုမိုမျှော်လင့်နိုင်မှာဖြစ်ပါတယ်။

၄။ မာတီနယ်လီ၊ ရိုဒရီဂို (ဘရာဇီးလ်)
ဘရာဇီးလ်အသင်းမှာတော့ အာဆင်နယ်ရဲ့ ဂါဘရီယယ်လ် မာတီနယ်လီနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရိုဒရီဂိုတို့က အသက် ၂၁ နှစ်အောက် ကစားသမားတွေအဖြစ် ရှိနေပြီး တိုက်စစ်သမားတွေဖြစ်နေခဲ့ပေမယ့် ပွဲထွက်ကစားဖို့အတွက်ကိုတော့ နည်းပြ တိုက်တီရဲ့ နေမာ၊ ရစ်ချာလစ်ဆန်၊ ဂျေဆူးစ်၊ ရာဖင်ညာ၊ ဗီနီးရှပ်စ် ဂျူနီယာတို့ကို ကျော်နိုင်ဖို့ကတော့ ခက်နေတာကြောင့် သူတို့ရဲ့ ဆုရဖို့ အခွင့်အလမ်းက နည်းတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

ကျန်တဲ့ အသင်းတွေမှာတော့ နယ်သာလန်မှာ ဇာဗီ ဆိုင်မွန်စ်၊ အာဂျင်တီးနားမှာ အန်ဇို ဖာနန်ဒက်ဇ်၊ ပြင်သစ်မှာ အက်ဒူယာဒို ကာမာဗင်ဂါ၊ ပေါ်တူဂီမှာတော့ ဂွန်ဆာလို ရာမို့စ်တို့တွေ တစ်ဦးစီ ရှိနေခဲ့ပေမယ့် အဓိက ကစားသမားဖြစ်ဖို့ မလွယ်သလို အထက်က အသင်းသားတွေလောက် အခွင့်အရေးတွေ မကောင်းတာကြောင့် အရန်အစီအစဉ်အဖြစ်သာ စောင့်ကြည့်ရမှာဖြစ်ပြီး ပရိသတ်တွေ ကြိုတင် ခန့်မှန်း ရင်ခုန်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻ႔ဖလားမွာ အေကာင္းဆုံးဆုေတြကို ခ်ီးျမႇင့္ေလ့ရွိရာမွာ အသင္းအတြက္ အက်ိဳးေဆာင္မႈ အမ်ားဆုံးနဲ႔ အနည္းဆုံး ဆီမီးဖိုင္နယ္ေလာက္ကို တြန္းတင္ေပးႏိုင္တဲ့ အသင္းက ကစားသမားေတြကို ေ႐ႊေဘာလုံးဆု ေပးေလ့ရွိသလို ဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆိုတာကလည္း ရွင္းျပဖို႔ မလိုတဲ့ အစဥ္အလာတစ္ခုျဖစ္ေနၿပီး ဒီထဲမွာေတာ့ အနည္းငယ္ မ်က္စိလွ်မ္းျခင္းခံရတာကေတာ့ လူငယ္အေကာင္းဆုံးပဲျဖစ္ပါတယ္။

ဒီဆုကို ၂၀၁၈ ႐ုရွားကမာၻ႔ဖလားမွာ ေနာက္ဆုံးရယူထားခဲ့သူကေတာ့ ခီလီယန္ အမ္ဘာေပက ၁၉ ႏွစ္အ႐ြယ္မွာ ရယူခဲ့တာျဖစ္ၿပီး သူ႔ေရွ႕က ေပါလ္ ေပါ့ဘာ၊ ေသာမတ္စ္ မူလာ၊ လူးကပ္စ္ ပိုေဒါလ္စကီး၊ လန္ဒန္ ဒိုႏိုဗန္၊ မိုက္ကယ္ အိုဝင္နဲ႔ မာ့ခ္ အိုဗာမားစ္တို႔လို လူသိမ်ားသူေတြက ရယူဖူးသလို အသက္ ၂၁ ႏွစ္နဲ႔ေအာက္ ကစားသမားေတြကို ခ်ီးျမႇင့္ေလ့ရွိတာပါ။

အသက္နဲ႔ အက်ဳံးဝင္ရင္ ဒီဆုကို ေမွ်ာ္လင့္ခြင့္ရွိတယ္ဆိုေပမယ့္ တကယ္တမ္း လက္ေတြ႕မွာေတာ့ ေနာက္ဆုံး အဆင့္ေတြကို တက္ေရာက္ႏိုင္တဲ့ အသင္းႀကီးေတြဆီက တိုက္စစ္မႉး၊ ေတာင္ပံသမားနဲ႔ တိုက္စစ္ဦးစားေပး ကြင္းလယ္ဖန္တီးရွင္ေတြက ရယူေလ့ရွိၿပီး အသင္းငယ္ေတြက လူငယ္ေတြနဲ႔ အသင္းႀကီးေတြရဲ႕ ခံစစ္သမားေတြကေတာ့ ထည့္စဥ္းစားမခံရတာလည္းျဖစ္ပါတယ္။

လက္ရွိ ၂၀၂၂ ကမာၻ႔ဖလားမွာေတာ့ အသက္အ႐ြယ္အားျဖင့္ ျပည့္စုံေနသလို အသင္းႀကီးေတြမွာလည္း ကိုယ္စားျပဳ ပြဲထြက္ကစားႏိုင္သူေတြထဲက ဂ်ာမနီ၊ နယ္သာလန္၊ အဂၤလန္၊ အာဂ်င္တီးနား၊ ျပင္သစ္၊ စပိန္၊ ဘရာဇီးလ္၊ ေပၚတူဂီအသင္းေတြဆီက ၁၆ ဦးကို ရွာေတြ႕ထားခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ကိုယ့္အသင္းရဲ႕ ရလဒ္ေကာင္းေတြနဲ႔အတူ လူငယ္ဆုကို ရယူႏိုင္ေျခ ရွိေနတာပါ။

၁။ ဆာကာ၊ ဘယ္လင္ဂမ္ (အဂၤလန္)
အဂၤလန္အသင္းအေနနဲ႔ ဆီမီးဖိုင္နယ္ေလာက္အထိ အေျခအေနေကာင္းခဲ့မယ္ဆိုရင္ေတာ့ ဒီအသင္းကေန လူငယ္အေကာင္းဆုံးဆုကို ေမွ်ာ္လင့္ႏိုင္ဖို႔ ရွိေနသူေတြကေတာ့ အာဆင္နယ္ေတာင္ပံသမား ဘူကာယို ဆာကာနဲ႔ ေဒါ့မြန္ကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဂမ္တို႔ ရွိေနတာျဖစ္ပါတယ္။ မန္စီးတီးေတာင္ပံသမား ဖီးလ္ ဖိုဒန္ကေတာ့ အသက္ေက်ာ္သြားၿပီျဖစ္တာေၾကာင့္ ဒီဆုနဲ႔ လြဲေခ်ာ္သြားခဲ့ခ်ိန္မွာ ဆာကာနဲ႔ ဘယ္လင္ဂမ္တို႔သာ ရွိေတာ့တာ ျဖစ္ၿပီး ျခေသၤ့သုံးေကာင္တို႔ အေျခအေနေကာင္းၿပီး သူတို႔ေတြလည္း ေျခစြမ္းျပႏိုင္မယ္ဆိုရင္ ရယူႏိုင္ဖို႔ ျဖစ္လာမွာပါ။

၂။ မူကိုကို၊ မူစီယာလာ၊ အဒီယီမီ (ဂ်ာမနီ)
ဂ်ာမနီအသင္းမွာေတာ့ အသက္ ၂၁ ႏွစ္ေအာက္ တိုက္စစ္ဦးစားေပး လူငယ္ သုံးဦးအထိ ပါဝင္ေနခဲ့ၿပီး ေဒါ့မြန္တိုက္စစ္မႉး ယူဆူဖာ မူကိုကိုနဲ႔ ေတာင္ပံသမား ကာရင္မ္ အဒီယီမီ၊ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္တိုက္စစ္သမား ဂ်မားလ္ မူစီယာလာတို႔ ျဖစ္ၾကပါတယ္။ ၁၈ ႏွစ္သား မူကိုကိုအေနနဲ႔ေတာ့ တိုက္စစ္မွာ ပြဲထြက္ခြင့္ရႏိုင္ေျခ နည္းသလို အဒီယီမီကလည္း ဘိုင္ယန္ေတာင္ပံသမားေတြဆီက ေနရာလုႏိုင္ေျခ နည္းတာေၾကာင့္ ျမဴးနစ္သားေတြနဲ႔ ပုံမွန္ ပြဲထြက္ေနက် မူစီယာလာကပဲ ဒီဆုအတြက္ အေျခအေန အေကာင္းဆုံးျဖစ္ႏိုင္သလို သူ႔စီနီယာ ကလပ္အသင္းေဖာ္ေတြက ဝန္းရံတြဲေခၚသြားႏိုင္မယ္လို႔ ယူဆရပါတယ္။

၃။ ဂါဗီ၊ ပက္ဒရီ၊ ဖာတီ၊ ပီႏို၊ ဝီလီယမ္စ္ (စပိန္)
စပိန္အသင္းကေတာ့ ဒီဆုအတြက္ ဆုရွင္ေလာင္း ၅ ဦးအထိ ပါဝင္ေနၾကၿပီး ဘာစီလိုနာရဲ႕ ဂါဗီ၊ ပက္ဒရီ၊ အန္ဆူ ဖာတီတို႔ ရွိေနၾကသလို ဗီလာရီးရဲလ္ ေတာင္ပံသမား ယယ္ရမီ ပီႏို၊ ဘီလ္ဘာအို ေတာင္ပံသမား နီကို ဝီလီယမ္စ္တို႔ ပါဝင္ေနၾကပါတယ္။ နည္းျပ လူးဝစ္ အန္ရီေကးရဲ႕ ဘာစီလိုနာ အစြဲအရေတာ့ က်န္တဲ့ ႏွစ္သင္းက ကစားသမားႏွစ္ဦးက အရန္ပဲျဖစ္လာဖို႔ ေသခ်ာေနၿပီး သူ႔ရဲ႕ သားလိမၼာေလးအျဖစ္ ေက်ာနံပါတ္ ၉ ေပးထားတဲ့ ဂါဗီကို ပိုမိုေျမႇာက္စားဖြယ္ရွိေနသလို ေက်ာနံပါတ္ ၂၆ ေပးထားတဲ့ ပက္ဒရီကေတာ့ ပြဲက်ေအာင္ ျပစားဖို႔ အနည္းငယ္ ခက္ႏိုင္တာပါ။ တိုက္စစ္မႉးအျဖစ္ ဘယ္ေတာင္ပံမွာ ကစားမယ့္ အန္ဆူ ဖာတီကေတာ့ ဂိုးေတြ ရခဲ့ရင္ ပိုမိုေမွ်ာ္လင့္ႏိုင္မွာျဖစ္ပါတယ္။

၄။ မာတီနယ္လီ၊ ႐ိုဒရီဂို (ဘရာဇီးလ္)
ဘရာဇီးလ္အသင္းမွာေတာ့ အာဆင္နယ္ရဲ႕ ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ရီးရဲလ္မက္ဒရစ္ရဲ႕ ႐ိုဒရီဂိုတို႔က အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားေတြအျဖစ္ ရွိေနၿပီး တိုက္စစ္သမားေတြျဖစ္ေနခဲ့ေပမယ့္ ပြဲထြက္ကစားဖို႔အတြက္ကိုေတာ့ နည္းျပ တိုက္တီရဲ႕ ေနမာ၊ ရစ္ခ်ာလစ္ဆန္၊ ေဂ်ဆူးစ္၊ ရာဖင္ညာ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ကို ေက်ာ္ႏိုင္ဖို႔ကေတာ့ ခက္ေနတာေၾကာင့္ သူတို႔ရဲ႕ ဆုရဖို႔ အခြင့္အလမ္းက နည္းတယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

က်န္တဲ့ အသင္းေတြမွာေတာ့ နယ္သာလန္မွာ ဇာဗီ ဆိုင္မြန္စ္၊ အာဂ်င္တီးနားမွာ အန္ဇို ဖာနန္ဒက္ဇ္၊ ျပင္သစ္မွာ အက္ဒူယာဒို ကာမာဗင္ဂါ၊ ေပၚတူဂီမွာေတာ့ ဂြန္ဆာလို ရာမို႔စ္တို႔ေတြ တစ္ဦးစီ ရွိေနခဲ့ေပမယ့္ အဓိက ကစားသမားျဖစ္ဖို႔ မလြယ္သလို အထက္က အသင္းသားေတြေလာက္ အခြင့္အေရးေတြ မေကာင္းတာေၾကာင့္ အရန္အစီအစဥ္အျဖစ္သာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ပရိသတ္ေတြ ႀကိဳတင္ ခန႔္မွန္း ရင္ခုန္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.