International World Cup

သြစတြေးလျအသင်းမှာ ဘယ်သူတွေပါမှန်းမသိသေးတဲ့ ပြင်သစ်

အိုလီဗီယေး ဂျီရူးက ပြင်သစ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် သြစတြေးလျလူစာရင်းနဲ့ အရမ်းရင်းနှီးမနေဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံတွေဟာ မကြာမီမှာ ရင်ဆိုင်ကစားရမယ့် သြစတြေးလျအသင်းအကြောင်းတောင် မလေ့လာရသေးဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ဂျီရူးက ၎င်းတို့အနေနဲ့ ပြိုင်ဘက်ကို လျှော့တွက်သွားမှာမဟုတ်ဘဲ အဲဒီလို လျှော့မတွက်ရတဲ့ ကောင်းမွန်တဲ့ အကြောင်းပြချက်လည်းရှိနေတာဖြစ်ပါတယ်။ ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့ ပြင်သစ်အသင်းဟာ ကာတာကို လက်ရှိကမ္ဘာ့ဖလားချန်ပီယံဘွဲ့ ကာကွယ်ဖို့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂရေဟမ် အာနိုးရဲ့ သြစတြေးလျအသင်းနဲ့ အုပ်စု D အဖွင့်ပွဲစဉ်အဖြစ် အစမ်းသပ်ခံသွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်ဟာ ပြင်သစ်နဲ့ သြစတြေးလျတို့ကြား ကမ္ဘာ့ဖလားပြိုင်ပွဲ အစောပိုင်းအဆင့်တွေမှာ ပထမဆုံး တွေ့ဆုံမှုတော့မဟုတ်ဘဲ ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ဖလားကို မကိုင်မြှောက်ခင် ပြင်သစ်တွေဟာ သြစီကို အုပ်စုအဆင့်မှာ ရက်စက်တဲ့ VAR ဆုံးဖြတ်ချက်ကြောင့် ရရှိလာတဲ့ ပင်နယ်တီကနေတဆင့် ၂-၁ နဲ့ ခက်ခက်ခဲခဲနိုင်ပွဲ ရယူခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုအပြီး ၄ နှစ်အကြာမှာ ပြင်သစ်နဲ့ သြစတြေးလျတို့ ပြန်လည်တွေ့ဆုံမှုက လူအချို့အတွက်တော့ အမှတ်ရစရာတွေက လတ်ဆတ်နေဆဲဖြစ်ပေမယ့် ဂျီရူးအတွက်တော့ အဲဒီလို မဟုတ်ခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက ၂၀၁၈ ခုနှစ်တုန်းကအတိုင်း တူညီတဲ့လူစာရင်းရှိနေတုန်းပဲလားဆိုတာ ကျွန်တော် မသိပါဘူး။ ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ သူတို့အသင်းကို ခုထိ မလေ့လာရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲနဲ့ ၅ ရက်၊ ၆ ရက်လောက် လိုနေသေးလို့ပါ။ အဲဒီတော့ ကျွန်တော်တို့ သူတို့အသင်း ကစားပုံကို အာရုံစိုက်မှုအများအပြားနဲ့ ဗီဒီယိုတွေ ကြည့်ရှုသွားမှာဖြစ်ပြီး အဆင်သင့်ဖြစ်နေအောင် လုပ်သွားမှာပါ။ ဒါပေမယ့် သူတို့တွေက ခက်ခဲတဲ့အသင်းဆိုတာကို ကျွန်တော်တို့ သိနေတာ သိသာပါတယ်။ သူတို့တွေက ကောင်းကောင်း ခုခံနိုင်တယ်။ ကြမ်းတမ်းမှုနဲ့ ရက်ရောမှုအများအပြားနဲ့ ကစားကြပြီး သူတို့မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိပါတယ်”

“ကစားသမားအများအပြားက ဥရောပမှာ ကစားနေကြတာပါ။ ၂၀၁၈ ခုနှစ်တုန်းက ပထမဆုံးပွဲက အနိုင်ရဖို့ အရမ်းခက်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီပွဲအပြီးမှာ စိတ်သက်သာရာ ရခဲ့ကြပါတယ်။ လွယ်ကူတဲ့ပွဲစဉ်မဖြစ်ခဲ့ဘဲ ကျွန်တော်တို့ ဒီအသင်းကို တကယ်လေးစားမှုရှိပြီး ပြိုင်ပွဲကို ကောင်းကောင်း စတင်နိုင်ဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အကောင်းဆုံးလုပ်သွားမှာဖြစ်ပြီး အကောင်းဆုံးဘောလုံးကစားပုံမျိုး ကစားနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်က သြစတြေးလျနည်းပြ အာနိုးကတော့ သြစတြေးလျတွေဟာ ကမ္ဘာ့ဖလားကို အနိုင်ရဖို့ ကစားသွားမှာဖြစ်ပြီး အိမ်ဖြည့်အသင်းအနေအထားလောက်နဲ့ ယှဉ်ပြိုင်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“အရင်တုန်းက ခြေစစ်ပွဲအောင်မြင်မှုက အောင်မြင်မှု ဖြစ်ခဲ့တာက သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာ့ဖလားသမိုင်းမှာ ၂ ပွဲပဲ အနိုင်ရခဲ့တယ်။ တစ်ပွဲက ၂၀၀၆ တုန်းက ဂျပန်ကို၊ နောက်တစ်ပွဲက ၂၀၁၀ မှာ ဆားဘီးယားကိုပါ။ အဲဒီတော့ ကျွန်တော် ကာတာကို ပွဲတွေအနိုင်ရဖို့ သွားမှာပါ။ သြစတြေးလျက လူတိုင်းရဲ့မျက်နှာပေါ်မှာ အပြုံးတွေ ဝေနေဖို့ လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲက ကိုဗစ်ကာလကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံကို ပြန်လည်စည်းလုံးအောင် အကူအညီဖြစ်စေနိုင်မှာမို့လို့ပါ။ ကျွန်တာ်တို့ ဘောက်ဆင် သားပိုက်ကောင်တွေရဲ့ နေ့ရက်ဟောင်းတွေတုန်းကအတိုင်းပဲ ကစားသွားရမှာပါ။ ကျွန်တော်တို့က ဘောက်ဆင် သားပိုက်ကောင်တွေပါ။ သြစတြေးလျာ တိုက်ပွဲဝင်ရတာကို နှစ်သက်တဲ့အတွက် လူသိများပါတယ်”

“တိုက်ပွဲတွေကို ချစ်မြတ်နိုးပြီး လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်မျိုး ဒီအင်န်အေထဲမှာ ရှိနေတဲ့အသင်းပါ။ ဒါတွေက သြစတြေးလျကို လူသိများစေခဲ့တဲ့အရာတွေပါ။ ဒီပြိုင်ပွဲအတွက်လည်း ဘာမှ ကွာခြားမှု မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိုလီဗီေယး ဂ်ီ႐ူးက ျပင္သစ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မတိုင္ခင္ ၾသစေၾတးလ်လူစာရင္းနဲ႔ အရမ္းရင္းႏွီးမေနဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ကမာၻ႔ဖလားခ်န္ပီယံေတြဟာ မၾကာမီမွာ ရင္ဆိုင္ကစားရမယ့္ ၾသစေၾတးလ်အသင္းအေၾကာင္းေတာင္ မေလ့လာရေသးဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဂ်ီ႐ူးက ၎တို႔အေနနဲ႔ ၿပိဳင္ဘက္ကို ေလွ်ာ့တြက္သြားမွာမဟုတ္ဘဲ အဲဒီလို ေလွ်ာ့မတြက္ရတဲ့ ေကာင္းမြန္တဲ့ အေၾကာင္းျပခ်က္လည္းရွိေနတာျဖစ္ပါတယ္။ ၾကယ္ပြင့္ေတြ ျပည့္ႏွက္ေနတဲ့ ျပင္သစ္အသင္းဟာ ကာတာကို လက္ရွိကမာၻ႔ဖလားခ်န္ပီယံဘြဲ႕ ကာကြယ္ဖို႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဂေရဟမ္ အာႏိုးရဲ႕ ၾသစေၾတးလ်အသင္းနဲ႔ အုပ္စု D အဖြင့္ပြဲစဥ္အျဖစ္ အစမ္းသပ္ခံသြားရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီတစ္ႀကိမ္ဟာ ျပင္သစ္နဲ႔ ၾသစေၾတးလ်တို႔ၾကား ကမာၻ႔ဖလားၿပိဳင္ပြဲ အေစာပိုင္းအဆင့္ေတြမွာ ပထမဆုံး ေတြ႕ဆုံမႈေတာ့မဟုတ္ဘဲ ၂၀၁၈ ခုႏွစ္တုန္းက ကမာၻ႔ဖလားကို မကိုင္ေျမႇာက္ခင္ ျပင္သစ္ေတြဟာ ၾသစီကို အုပ္စုအဆင့္မွာ ရက္စက္တဲ့ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ ရရွိလာတဲ့ ပင္နယ္တီကေနတဆင့္ ၂-၁ နဲ႔ ခက္ခက္ခဲခဲႏိုင္ပြဲ ရယူခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီေတြ႕ဆုံမႈအၿပီး ၄ ႏွစ္အၾကာမွာ ျပင္သစ္နဲ႔ ၾသစေၾတးလ်တို႔ ျပန္လည္ေတြ႕ဆုံမႈက လူအခ်ိဳ႕အတြက္ေတာ့ အမွတ္ရစရာေတြက လတ္ဆတ္ေနဆဲျဖစ္ေပမယ့္ ဂ်ီ႐ူးအတြက္ေတာ့ အဲဒီလို မဟုတ္ခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက ၂၀၁၈ ခုႏွစ္တုန္းကအတိုင္း တူညီတဲ့လူစာရင္းရွိေနတုန္းပဲလားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ခင္ဗ်ားကို ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္တို႔ သူတို႔အသင္းကို ခုထိ မေလ့လာရေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ပြဲနဲ႔ ၅ ရက္၊ ၆ ရက္ေလာက္ လိုေနေသးလို႔ပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ သူတို႔အသင္း ကစားပုံကို အာ႐ုံစိုက္မႈအမ်ားအျပားနဲ႔ ဗီဒီယိုေတြ ၾကည့္ရႈသြားမွာျဖစ္ၿပီး အဆင္သင့္ျဖစ္ေနေအာင္ လုပ္သြားမွာပါ။ ဒါေပမယ့္ သူတို႔ေတြက ခက္ခဲတဲ့အသင္းဆိုတာကို ကြၽန္ေတာ္တို႔ သိေနတာ သိသာပါတယ္။ သူတို႔ေတြက ေကာင္းေကာင္း ခုခံႏိုင္တယ္။ ၾကမ္းတမ္းမႈနဲ႔ ရက္ေရာမႈအမ်ားအျပားနဲ႔ ကစားၾကၿပီး သူတို႔မွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ ရွိပါတယ္”

“ကစားသမားအမ်ားအျပားက ဥေရာပမွာ ကစားေနၾကတာပါ။ ၂၀၁၈ ခုႏွစ္တုန္းက ပထမဆုံးပြဲက အႏိုင္ရဖို႔ အရမ္းခက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီပြဲအၿပီးမွာ စိတ္သက္သာရာ ရခဲ့ၾကပါတယ္။ လြယ္ကူတဲ့ပြဲစဥ္မျဖစ္ခဲ့ဘဲ ကြၽန္ေတာ္တို႔ ဒီအသင္းကို တကယ္ေလးစားမႈရွိၿပီး ၿပိဳင္ပြဲကို ေကာင္းေကာင္း စတင္ႏိုင္ဖို႔က ဘယ္ေလာက္အေရးႀကီးလဲဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံးလုပ္သြားမွာျဖစ္ၿပီး အေကာင္းဆုံးေဘာလုံးကစားပုံမ်ိဳး ကစားႏိုင္ဖို႔ ႀကိဳးစားသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ တစ္ဖက္က ၾသစေၾတးလ်နည္းျပ အာႏိုးကေတာ့ ၾသစေၾတးလ်ေတြဟာ ကမာၻ႔ဖလားကို အႏိုင္ရဖို႔ ကစားသြားမွာျဖစ္ၿပီး အိမ္ျဖည့္အသင္းအေနအထားေလာက္နဲ႔ ယွဥ္ၿပိဳင္သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“အရင္တုန္းက ေျခစစ္ပြဲေအာင္ျမင္မႈက ေအာင္ျမင္မႈ ျဖစ္ခဲ့တာက သိသာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားသမိုင္းမွာ ၂ ပြဲပဲ အႏိုင္ရခဲ့တယ္။ တစ္ပြဲက ၂၀၀၆ တုန္းက ဂ်ပန္ကို၊ ေနာက္တစ္ပြဲက ၂၀၁၀ မွာ ဆားဘီးယားကိုပါ။ အဲဒီေတာ့ ကြၽန္ေတာ္ ကာတာကို ပြဲေတြအႏိုင္ရဖို႔ သြားမွာပါ။ ၾသစေၾတးလ်က လူတိုင္းရဲ႕မ်က္ႏွာေပၚမွာ အၿပဳံးေတြ ေဝေနဖို႔ လုပ္သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ ဒီၿပိဳင္ပြဲက ကိုဗစ္ကာလကို ျဖတ္သန္းခဲ့ရတဲ့ ႏိုင္ငံကို ျပန္လည္စည္းလုံးေအာင္ အကူအညီျဖစ္ေစႏိုင္မွာမို႔လို႔ပါ။ ကြၽန္တာ္တို႔ ေဘာက္ဆင္ သားပိုက္ေကာင္ေတြရဲ႕ ေန႔ရက္ေဟာင္းေတြတုန္းကအတိုင္းပဲ ကစားသြားရမွာပါ။ ကြၽန္ေတာ္တို႔က ေဘာက္ဆင္ သားပိုက္ေကာင္ေတြပါ။ ၾသစေၾတးလ်ာ တိုက္ပြဲဝင္ရတာကို ႏွစ္သက္တဲ့အတြက္ လူသိမ်ားပါတယ္”

“တိုက္ပြဲေတြကို ခ်စ္ျမတ္ႏိုးၿပီး ေလွခြက္ခ်ည္းက်န္ အလံမလွဲစိတ္ဓာတ္မ်ိဳး ဒီအင္န္ေအထဲမွာ ရွိေနတဲ့အသင္းပါ။ ဒါေတြက ၾသစေၾတးလ်ကို လူသိမ်ားေစခဲ့တဲ့အရာေတြပါ။ ဒီၿပိဳင္ပြဲအတြက္လည္း ဘာမွ ကြာျခားမႈ မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.