International World Cup

၂၀၂၂ ကမ္ဘာ့ဖလားက နေမာရဲ့နှစ် ဘာလို့ဖြစ်လာမလဲဆိုတာ ရှင်းပြလိုက်တဲ့ ဘောလုံးဝေဖန်သူ

ပြင်သစ်ဘောလုံးဝေဖန်သူ နဗျီ ဂျီလိက ပီအက်စ်ဂျီစူပါစတား နေမာအနေနဲ့ ဘရာဇီးလ်အသင်းနဲ့အတူ ထူးခြားဆန်းကြယ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပျော်ရွှင်ခံစားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျီလိက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၁၄နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ရရှိခဲ့တဲ့ အသင်းဖော်တွေရဲ့ အားပေးထောက်ခံမှုတွေထက် အခုအချိန်မှာ အများကြီး ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့တွေ ရရှိနေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကာတာမှာ ကျင်းပမယ့် ဂုဏ်သိက္ခာအကြီးမားဆုံး ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့အတွက် အားလုံးရဲ့ အမြင်မှာ ရေပန်းအစားဆုံး ဖြစ်နေတာဖြစ်ပြီး အဲဒီအထဲမှာ ပြင်သစ်ဘောလုံးဝေဖန်သူ နဗျီ ဂျိလိလည်း အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

“သူက ဘရာဇီးလ်နဲ့အတူ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတွေတုန်းကထက် ပိုမိုကောင်းမွန်တဲ့ အသင်းဖော်တွေရဲ့ ဝန်းရံပေးခြင်းကို ရရှိနေတယ်လို့ ထင်ပါတယ်။ သူက သူ့ဘာသာ ဆုံးဖြတ်ချက်ကို အတင်းအကြပ် ချမှတ်ချင်မှာမဟုတ်ဘဲ အဲဒါက သူ့ကို ပိုပြီးတော့ လွတ်လပ်စေနိုင်တဲ့အရာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက နေမာရဲ့ နှစ်ဖြစ်လိမ့်မယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ချိန်တုန်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းကို ၇-၁ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ အဲဒီပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်အသင်းရဲ့ ပထမဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျီလိက အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း “၂၀၁၄ တုန်းက ကျွန်တော်တို့ သူ ဘရာဇီးလ်ကို မယုံနိုင်ဖွယ်ပုံစံနဲ့ သယ်ဆောင်ပေးခဲ့တာကို မှတ်မိပါသေးတယ်။ ပြီးတဲ့နောက် ဆီမီးဖိုင်နယ်အဆင့် ဂျာမနီနဲ့ပွဲမှာ သူ့ရဲ့ ဒဏ်ရာပြဿနာက ဘရာဇီးလ်ကို တစ်စိတ်တပိုင်း ပြစ်တင်ရှုတ်ချမှုဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးလ်အသင်းဟာ နောက်ထပ်တစ်ကြိမ် အစောပိုင်း ရှုံးထွက်အဆင့်မှာ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယမ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နေမာဟာ နောက်ထပ်တစ်ကြိမ် ဘရာဇီးလ်အသင်းအတွက် ဦးဆောင်မှု ပေးနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အသင်းကို ကမ္ဘာ့ဖလားရရှိအောင် လမ်းပြနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ “၂၀၁၈ မှာ ဘယ်ဂျီယမ်တွေသာ ဘရာဇီးလ်ကို မတားဆီးခဲ့ဘူးဆိုရင် ပြင်သစ်အသင်းအတွက် ရှုပ်ထွေးခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဇာတ်လမ်းက အဲဒီလို ဖြစ်မလာခဲ့ဘဲနဲ့ ကျွန်တော်တို့အတွက် အများကြီး ပိုကောင်းမွန်ခဲ့ပါတယ်။ ပြီးတော့ အဲဒီမှာ သူ လုံးဝကို အမြင့်မားဆုံးအဆင့်အတန်း ပြန်ရောက်လာခဲ့တာကို ကျွန်တော် တွေ့ခဲ့တယ်”

“သူက စံချိန်တွေကိုလည်း လိုက်မီဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ သူ့အနေနဲ့ ပီလီကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် သွင်းဂိုး အရေအတွက်မှာပေါ့”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီး ပီလီဟာ လက်ရှိအချိန်အထိ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၇၇ ဂိုးနဲ့ ဦးဆောင်နေဆဲဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့် နေမာဟာ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် နိုင်ငံတကာပွဲစဉ် ၁၂၁ ပွဲမှာ သွင်းဂိုး ၇၅ ဂိုး သွင်းယူထားပြီးဖြစ်တာကြောင့် ကာတာမှာ ဂန္တဝင်ကစားသမားကြီးရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္ေဘာလုံးေဝဖန္သူ နဗ်ီ ဂ်ီလိက ပီအက္စ္ဂ်ီစူပါစတား ေနမာအေနနဲ႔ ဘရာဇီးလ္အသင္းနဲ႔အတူ ထူးျခားဆန္းၾကယ္တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေပ်ာ္႐ႊင္ခံစားရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဂ်ီလိက ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂၀၁၄နဲ႔ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ရရွိခဲ့တဲ့ အသင္းေဖာ္ေတြရဲ႕ အားေပးေထာက္ခံမႈေတြထက္ အခုအခ်ိန္မွာ အမ်ားႀကီး ပိုမိုေကာင္းမြန္တဲ့ အေထာက္အပံ့ေတြ ရရွိေနတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ ကာတာမွာ က်င္းပမယ့္ ဂုဏ္သိကၡာအႀကီးမားဆုံး ဆုဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ အားလုံးရဲ႕ အျမင္မွာ ေရပန္းအစားဆုံး ျဖစ္ေနတာျဖစ္ၿပီး အဲဒီအထဲမွာ ျပင္သစ္ေဘာလုံးေဝဖန္သူ နဗ်ီ ဂ်ိလိလည္း အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

“သူက ဘရာဇီးလ္နဲ႔အတူ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားေတြတုန္းကထက္ ပိုမိုေကာင္းမြန္တဲ့ အသင္းေဖာ္ေတြရဲ႕ ဝန္းရံေပးျခင္းကို ရရွိေနတယ္လို႔ ထင္ပါတယ္။ သူက သူ႔ဘာသာ ဆုံးျဖတ္ခ်က္ကို အတင္းအၾကပ္ ခ်မွတ္ခ်င္မွာမဟုတ္ဘဲ အဲဒါက သူ႔ကို ပိုၿပီးေတာ့ လြတ္လပ္ေစႏိုင္တဲ့အရာလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက ေနမာရဲ႕ ႏွစ္ျဖစ္လိမ့္မယ္ဆိုတာ ရွင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၂၀၁၄ ကမာၻ႔ဖလားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ခ်ိန္တုန္းက ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့ေပမယ့္လည္း ဆီမီးဖိုင္နယ္မွာ ဂ်ာမနီအသင္းကို ၇-၁ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ အဲဒီပြဲစဥ္ကို ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့ရတာျဖစ္ၿပီး ဘရာဇီးလ္အသင္းရဲ႕ ပထမဆုံး ကစားခဲ့တဲ့ ၅ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ီလိက အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးလည္း “၂၀၁၄ တုန္းက ကြၽန္ေတာ္တို႔ သူ ဘရာဇီးလ္ကို မယုံႏိုင္ဖြယ္ပုံစံနဲ႔ သယ္ေဆာင္ေပးခဲ့တာကို မွတ္မိပါေသးတယ္။ ၿပီးတဲ့ေနာက္ ဆီမီးဖိုင္နယ္အဆင့္ ဂ်ာမနီနဲ႔ပြဲမွာ သူ႔ရဲ႕ ဒဏ္ရာျပႆနာက ဘရာဇီးလ္ကို တစ္စိတ္တပိုင္း ျပစ္တင္ရႈတ္ခ်မႈျဖစ္ခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ဘရာဇီးလ္အသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ အေစာပိုင္း ရႈံးထြက္အဆင့္မွာ ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္လည္း ကြာတားဖိုင္နယ္အဆင့္မွာ ဘယ္လ္ဂ်ီယမ္ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ေနာက္ထပ္တစ္ႀကိမ္ ဘရာဇီးလ္အသင္းအတြက္ ဦးေဆာင္မႈ ေပးႏိုင္ခဲ့ၿပီး သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း အသင္းကို ကမာၻ႔ဖလားရရွိေအာင္ လမ္းျပႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။ “၂၀၁၈ မွာ ဘယ္ဂ်ီယမ္ေတြသာ ဘရာဇီးလ္ကို မတားဆီးခဲ့ဘူးဆိုရင္ ျပင္သစ္အသင္းအတြက္ ရႈပ္ေထြးခဲ့လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ဇာတ္လမ္းက အဲဒီလို ျဖစ္မလာခဲ့ဘဲနဲ႔ ကြၽန္ေတာ္တို႔အတြက္ အမ်ားႀကီး ပိုေကာင္းမြန္ခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီမွာ သူ လုံးဝကို အျမင့္မားဆုံးအဆင့္အတန္း ျပန္ေရာက္လာခဲ့တာကို ကြၽန္ေတာ္ ေတြ႕ခဲ့တယ္”

“သူက စံခ်ိန္ေတြကိုလည္း လိုက္မီဖို႔ ႀကိဳးပမ္းေနခဲ့ပါတယ္။ သူ႔အေနနဲ႔ ပီလီကို ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အထူးသျဖင့္ သြင္းဂိုး အေရအတြက္မွာေပါ့”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးႀကီး ပီလီဟာ လက္ရွိအခ်ိန္အထိ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ၇၇ ဂိုးနဲ႔ ဦးေဆာင္ေနဆဲျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာဟာ ၂၀၂၂ ကမာၻ႔ဖလားမတိုင္ခင္ ႏိုင္ငံတကာပြဲစဥ္ ၁၂၁ ပြဲမွာ သြင္းဂိုး ၇၅ ဂိုး သြင္းယူထားၿပီးျဖစ္တာေၾကာင့္ ကာတာမွာ ဂႏၲဝင္ကစားသမားႀကီးရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္သြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.