Analysis Article International World Cup

ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ရယူသွားဖို့ ရေပန်းစားနေတဲ့ တိုက်စစ်မှူး ၅ ဦး

လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာတော့ ဘယ်သူက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ၁၉၃၀ ခုနှစ်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို စတင်ကျင်းပခဲ့ပေမယ့် ၁၂ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်တဲ့ ၁၉၈၂ စပိန်ပြိုင်ပွဲမှာ စတင်ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ဂျာမနီ၊ အီတလီနဲ့ အင်္ဂလန်တိုက်စစ်မှူးတွေက လက်ရှိအချိန်အထိ နှစ်ကြိမ်စီ ရယူထားနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

၁၉၈၂ မှာ ပေါ်လို ရော့စီ (အီတလီ)၊ ၁၉၈၆ မှာ ဂယ်ရီ လိုင်နီကာ (အင်္ဂလန်)၊ ၁၉၉၀ မှာ ဆယ်လ်ဗာတို စကီလာချီ၊ ၁၉၉၄ မှာ အိုလက် ဆာလင်ကို (ရုရှား)နဲ့ ဟရစ္စတို စတွိုက်ကော့ချ် (ဘူလ်ဂေးရီးယား)တို့ ပူးတွဲ၊ ၁၉၉၈ မှာ ဒေဗော ဆူကာ (ခရိုအေးရှား)၊ ၂၀၀၂ မှာ ရော်နယ်လ်ဒို (ဘရာဇီးလ်)၊ ၂၀၀၆ မှာ မီရိုဆလဗ် ကလိုဆာ (ဂျာမနီ)၊ ၂၀၁၀ မှာ သောမတ်စ် မူလာ (ဂျာမနီ)၊ ၂၀၁၄ မှာ ဟားမက်စ် ရိုဒရီးရက်ဇ် (ကိုလံဘီယာ)နဲ့ ၂၀၁၈ မှာ ဟာရီကိန်း (အင်္ဂလန်)တို့က ရယူထားနိုင်ခဲ့ကြတာပါ။

ဒီဆုကို တစ်ကြိမ်ထက်ပိုပြီး ရယူနိုင်ခဲ့သူ လက်ရှိအချိန် မရှိသေးသလို နှစ်ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သူလည်း မရှိသေးတဲ့အတွက် အင်္ဂလန်ရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟာရီကိန်းကတော့ ကာတာမှာ ရလဒ်ကောင်းဖို့ ကြိုးစားရမယ့် မိုတီဗေးရှင်းအမြင့်ဆုံးသူဖြစ်နေချိန်မှာ ဆုရဖို့အတွက် ပျမ်းမျှ ၅ ဂိုးလောက် သွင်းရလေ့ရှိတဲ့ ရွှေဖိနပ်အတွက် ဘယ်သူတွေက ရေပန်းစားပြီး မျှော်လင့်နိုင်သလဲဆိုတာ ကြည့်ကြရအောင်ပါ။

၅။ နေမာ (ဘရာဇီးလ်)
ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်မှာ ပင်နယ်တီကို ဒိုင်ခံကန်လေ့ရှိတဲ့အပြင် သူ့ရဲ့ အရှိန်အဝါကို ဘယ်သူမှ မကျော်နိုင်တဲ့ နေမာဟာ သူ့ရဲ့ စိန်ရတုဂိုးကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲက တူနီးရှားနဲ့ ခြေစမ်းပွဲမှာ သွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းမှာ ပီလီရဲ့ ထာဝရ ဂိုးသွင်းအများဆုံး စံချိန် ၇၇ ဂိုးကို လိုက်မီဖို့ ဒီကမ္ဘာ့ဖလားမှာ ဆန္ဒပြည့်ဝသွားနိုင်မယ်လို့ တစ်ပေးနေကြပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်မှာ ၄ ဂိုးနဲ့ ၂ ဂိုး အသီးသီး သွင်းယူနိုင်ခဲ့တဲ့ နေမာအနေနဲ့ သူ့ရဲ့ ခြေစွမ်းအမြင့်ဆုံးအချိန်မှာ ရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

၄။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)
မက်ဆီရဲ့ အသက်အရွယ်ကြောင့်နဲ့ သူ့ရဲ့ တိုက်စစ်မှာ တစ်ဦးတည်း ရုန်းနေရပြီး ဖန်တီးမှုတွေအတွက်ပါ တာဝန်ရှိနေတဲ့ ပုံစံအရ အမြင့်ဆုံး အလေးပေးမှုကိုတော့ မရရှိနိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းနဲ့အတူ နောက်ဆုံးကစားမယ့် ကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အသက် ၃၅ နှစ်အရွယ် GOAT အနေနဲ့ သူ့ရဲ့ တစ်ကိုယ်တော် အောင်မြင်မှုထက် အသင်းလိုက် အောင်မြင်ဖို့ ဘယ်သူဂိုးသွင်းသွင်း ဖန်တီးမှုတွေကို ပိုမိုပြုလုပ်ပေးဖို့ များနေနိုင်ပါတယ်။ ကမ္ဘာ့ဖလား ၄ ကြိမ်မှာ ၂၀၁၄ ပြိုင်ပွဲမှာ ရခဲ့တဲ့ ၄ ဂိုးကလွဲရင် ကျန်သုံးကြိမ်မှာ တစ်ဂိုးစီ သွင်းနိုင်တာက တစ်ကြိမ်စီသာရှိပြီး ၂၀၁၀ မှာ ဂိုးမရခဲ့ဖူးလို့ အာဂျင်တီးနားတို့ အောင်မြင်ရင်တောင် မက်ဆီက ဂိုးသွင်းဘုရင်ဆုအတွက် ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ ၅ ဂိုးပမာဏ ပြည့်မီပါ့မလားတော့ စဉ်းစားစရာပါ။

၃။ ကာရင်မ် ဘင်ဇီးမား (ပြင်သစ်)
ပြင်သစ်အသင်းရဲ့ ဂိုးသွင်းမုဆိုးဟာ ဘယ်လွန်ဒေါဆုကို ရယူနိုင်ခဲ့အပြီးမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူလည်းဖြစ်ပါတယ်။ အပြာရောင် အသင်းအတွက် ၉၇ ပွဲမှာ ၃၇ ဂိုး ရရှိထားခဲ့ပြီး အသက်ကြီးမှ ကံပေါ်နေတဲ့ သူ့ကို ကာတာမှာ ဂိုးသွင်းဘုရင် ဖြစ်လာနိုင်ဖို့အတွက် အသင်းဖော် ခီလီယန် အမ်ဘာပေကတော့ အထာထားဖို့ လိုမယ်လို့လည်း ခန့်မှန်းနေကြတာပါ။ ပြီးခဲ့တဲ့ ရာသီက ၄၆ ပွဲမှာ ၄၄ ဂိုးရခဲ့ပြီး ဒီရာသီ ၁၂ ပွဲမှာ ၆ ဂိုး သွင်းယူထားတဲ့ ဘင်ဇီးမားအတွက် ရွှေဖိနပ်က ကြေးဖိနပ်များ ဖြစ်သွားမလားလို့လည်း တချို့က ခန့်မှန်းနေကြပါတယ်။

၂။ ခီလီယန် အမ်ဘာပေ (ပြင်သစ်)
အမ်ဘာပေကတော့ ဒီရာသီ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၁၉ ဂိုးသွင်းယူထားပြီး တစ်ပွဲကို တစ်ဂိုးနှုန်းနီးပါး မှတ်တမ်းတင်ထားနိုင်သလို ပြင်သစ်အသင်း အတွက်တော့ ၅၉ ပွဲမှာ ၂၈ ဂိုးနဲ့ နှစ်ပွဲကို တစ်ဂိုးနီးပါး ရရှိထားတာပါ။ သူတို့ရဲ့ ပြင်သစ်အသင်းက လက်ရှိခြေအနည်းငယ်ကျနေတာကို ဆွဲတင်နိုင်ဖို့ လိုအပ်နေပြီး နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ရဲ့ အချိန်မီပြင်ဆင်နိုင်စွမ်းကို စောင့်ကြည့်ရဖို့ ရှိနေသလို လေးလံထိုင်းမှိုင်းနေတဲ့ ဂိုးသမား ဟူဂို လိုရစ်အတွက်တော့ သူတို့ ရှေ့တန်းတွေအနေနဲ့ ဂိုးပိုသွင်းရဖွယ်ရှိနေတာက တွန်းအားတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ ဝါရင့်ကြီး ဘင်ဇီးမားနဲ့ အသင်းဖော်ချင်း ယှဉ်ပြိုင်ရမယ့် ရွှေဖိနပ်ဆုအတွက် အမ်ဘာပေတစ်ယောက် ခရီးပေါက်နိုင်ပါ့မလားကတော့ စောင့်ကြည့်ရဦးမှာပါ။

၁။ ဟာရီကိန်း (အင်္ဂလန်)
တိုက်စစ်မှာ သူမှ မသွင်းရင် ဂိုးရဖို့ နည်းတာ၊ အင်္ဂလန်ဟာ ပင်နယ်တီတွေ ရှာဖွေတတ်တဲ့ အသင်းမျိုးဖြစ်နေတာနဲ့ တောင်ပံတိုက်စစ်သမားတွေ ဖန်တီးမှု မြင့်မားတာတွေက ဟာရီကိန်းကို ကာတာရွှေဖိနပ်အတွက် အလေးပေးမှုမှာ ထိပ်ဆုံးကို ရောက်ရှိနေစေပါတယ်။ ဘယ်ခြေညာခြေ မရွေးဘဲ ဂိုးသွင်းနိုင်ပြီး အင်္ဂလန်အသင်းနဲ့ ၇၅ ပွဲမှာ ၅၁ ဂိုးအထိ ရရှိထားတဲ့ ဂိုးသွင်းနှုန်း မြင့်မားမှုတွေက ၂၉ နှစ်သားရဲ့ အင်အားကို ညှစ်အထုတ်နိုင်ဆုံးအရွယ်မှာ စောင့်ကြည့်ရစေမှာဖြစ်သလို ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ရွှေဖိနပ်ကို တစ်ကြိမ်ထက်ပိုပြီး ရယူနိုင်ဖို့နဲ့ နှစ်ကြိမ်ဆက် Back to Back ဗိုလ်ဝင်ခံနိုင်ဖို့အတွက် အားသာချက်တွေဖြစ်နေပေမယ့် သူ့အသင်းနည်းပြ ဆောက်ဂိတ်ပဲ မဟုတ်တာတွေ မလုပ်ဖို့ ဆုတောင်းရမှာပါ။

ဒီပြိုင်ပွဲရဲ့ တခြားနာမည်ကြီး တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ)နဲ့ သောမတ်စ် မူလာ (ဂျာမနီ)တို့ကိုလည်း အရန် အစီအစဉ်တွေအဖြစ် စောင့်ကြည့်ရမှာဖြစ်သလို ကျန်တဲ့ နိုင်ငံကြီး မဟုတ်တဲ့ ဒုတိယတန်းစား အသင်းတွေဆီက နာမည်ကြီးတိုက်စစ်မှူးတချို့ကိုတော့ ကိုလံဘီယာသား ဟားမက်စ်တုန်းကလိုမျိုး မထင်မှတ်တာများ လုပ်ပြနိုင်မလားတော့ စောင့်ကြည့်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ ၂၀၂၂ ကာတာကမာၻ႔ဖလားမွာေတာ့ ဘယ္သူက ဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ရသြားမလဲဆိုတာ စိတ္ဝင္စားစရာပါ။ ၁၉၃၀ ခုႏွစ္မွာ ကမာၻ႔ဖလား ၿပိဳင္ပြဲေတြကို စတင္က်င္းပခဲ့ေပမယ့္ ၁၂ ႀကိမ္ေျမာက္ ကမာၻ႔ဖလားျဖစ္တဲ့ ၁၉၈၂ စပိန္ၿပိဳင္ပြဲမွာ စတင္ခ်ီးျမႇင့္ခဲ့တဲ့ ဒီဆုကို ဂ်ာမနီ၊ အီတလီနဲ႔ အဂၤလန္တိုက္စစ္မႉးေတြက လက္ရွိအခ်ိန္အထိ ႏွစ္ႀကိမ္စီ ရယူထားႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

၁၉၈၂ မွာ ေပၚလို ေရာ့စီ (အီတလီ)၊ ၁၉၈၆ မွာ ဂယ္ရီ လိုင္နီကာ (အဂၤလန္)၊ ၁၉၉၀ မွာ ဆယ္လ္ဗာတို စကီလာခ်ီ၊ ၁၉၉၄ မွာ အိုလက္ ဆာလင္ကို (႐ုရွား)နဲ႔ ဟရစၥတို စတြိဳက္ေကာ့ခ်္ (ဘူလ္ေဂးရီးယား)တို႔ ပူးတြဲ၊ ၁၉၉၈ မွာ ေဒေဗာ ဆူကာ (ခ႐ိုေအးရွား)၊ ၂၀၀၂ မွာ ေရာ္နယ္လ္ဒို (ဘရာဇီးလ္)၊ ၂၀၀၆ မွာ မီ႐ိုဆလဗ္ ကလိုဆာ (ဂ်ာမနီ)၊ ၂၀၁၀ မွာ ေသာမတ္စ္ မူလာ (ဂ်ာမနီ)၊ ၂၀၁၄ မွာ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ (ကိုလံဘီယာ)နဲ႔ ၂၀၁၈ မွာ ဟာရီကိန္း (အဂၤလန္)တို႔က ရယူထားႏိုင္ခဲ့ၾကတာပါ။

ဒီဆုကို တစ္ႀကိမ္ထက္ပိုၿပီး ရယူႏိုင္ခဲ့သူ လက္ရွိအခ်ိန္ မရွိေသးသလို ႏွစ္ႀကိမ္ဆက္တိုက္ ရယူႏိုင္ခဲ့သူလည္း မရွိေသးတဲ့အတြက္ အဂၤလန္ရဲ႕ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ဟာရီကိန္းကေတာ့ ကာတာမွာ ရလဒ္ေကာင္းဖို႔ ႀကိဳးစားရမယ့္ မိုတီေဗးရွင္းအျမင့္ဆုံးသူျဖစ္ေနခ်ိန္မွာ ဆုရဖို႔အတြက္ ပ်မ္းမွ် ၅ ဂိုးေလာက္ သြင္းရေလ့ရွိတဲ့ ေ႐ႊဖိနပ္အတြက္ ဘယ္သူေတြက ေရပန္းစားၿပီး ေမွ်ာ္လင့္ႏိုင္သလဲဆိုတာ ၾကည့္ၾကရေအာင္ပါ။

၅။ ေနမာ (ဘရာဇီးလ္)
ဘရာဇီးလ္အသင္းရဲ႕ တိုက္စစ္မွာ ပင္နယ္တီကို ဒိုင္ခံကန္ေလ့ရွိတဲ့အျပင္ သူ႔ရဲ႕ အရွိန္အဝါကို ဘယ္သူမွ မေက်ာ္ႏိုင္တဲ့ ေနမာဟာ သူ႔ရဲ႕ စိန္ရတုဂိုးကို ၿပီးခဲ့တဲ့ စက္တင္ဘာလထဲက တူနီးရွားနဲ႔ ေျခစမ္းပြဲမွာ သြင္းယူႏိုင္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းမွာ ပီလီရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္ ၇၇ ဂိုးကို လိုက္မီဖို႔ ဒီကမာၻ႔ဖလားမွာ ဆႏၵျပည့္ဝသြားႏိုင္မယ္လို႔ တစ္ေပးေနၾကပါတယ္။ ၿပီးခဲ့တဲ့ ကမာၻ႔ဖလား ၂ ႀကိမ္မွာ ၄ ဂိုးနဲ႔ ၂ ဂိုး အသီးသီး သြင္းယူႏိုင္ခဲ့တဲ့ ေနမာအေနနဲ႔ သူ႔ရဲ႕ ေျခစြမ္းအျမင့္ဆုံးအခ်ိန္မွာ ေ႐ႊဖိနပ္ဆုကို စိန္ေခၚႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

၄။ လီယြန္နယ္ မက္ဆီ (အာဂ်င္တီးနား)
မက္ဆီရဲ႕ အသက္အ႐ြယ္ေၾကာင့္နဲ႔ သူ႔ရဲ႕ တိုက္စစ္မွာ တစ္ဦးတည္း ႐ုန္းေနရၿပီး ဖန္တီးမႈေတြအတြက္ပါ တာဝန္ရွိေနတဲ့ ပုံစံအရ အျမင့္ဆုံး အေလးေပးမႈကိုေတာ့ မရရွိႏိုင္ခဲ့တာပါ။ အာဂ်င္တီးနားအသင္းနဲ႔အတူ ေနာက္ဆုံးကစားမယ့္ ကမာၻ႔ဖလားျဖစ္ႏိုင္တာေၾကာင့္ အသက္ ၃၅ ႏွစ္အ႐ြယ္ GOAT အေနနဲ႔ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ ေအာင္ျမင္မႈထက္ အသင္းလိုက္ ေအာင္ျမင္ဖို႔ ဘယ္သူဂိုးသြင္းသြင္း ဖန္တီးမႈေတြကို ပိုမိုျပဳလုပ္ေပးဖို႔ မ်ားေနႏိုင္ပါတယ္။ ကမာၻ႔ဖလား ၄ ႀကိမ္မွာ ၂၀၁၄ ၿပိဳင္ပြဲမွာ ရခဲ့တဲ့ ၄ ဂိုးကလြဲရင္ က်န္သုံးႀကိမ္မွာ တစ္ဂိုးစီ သြင္းႏိုင္တာက တစ္ႀကိမ္စီသာရွိၿပီး ၂၀၁၀ မွာ ဂိုးမရခဲ့ဖူးလို႔ အာဂ်င္တီးနားတို႔ ေအာင္ျမင္ရင္ေတာင္ မက္ဆီက ဂိုးသြင္းဘုရင္ဆုအတြက္ ယွဥ္ၿပိဳင္ဖို႔ လုံေလာက္တဲ့ ၅ ဂိုးပမာဏ ျပည့္မီပါ့မလားေတာ့ စဥ္းစားစရာပါ။

၃။ ကာရင္မ္ ဘင္ဇီးမား (ျပင္သစ္)
ျပင္သစ္အသင္းရဲ႕ ဂိုးသြင္းမုဆိုးဟာ ဘယ္လြန္ေဒါဆုကို ရယူႏိုင္ခဲ့အၿပီးမွာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူလည္းျဖစ္ပါတယ္။ အျပာေရာင္ အသင္းအတြက္ ၉၇ ပြဲမွာ ၃၇ ဂိုး ရရွိထားခဲ့ၿပီး အသက္ႀကီးမွ ကံေပၚေနတဲ့ သူ႔ကို ကာတာမွာ ဂိုးသြင္းဘုရင္ ျဖစ္လာႏိုင္ဖို႔အတြက္ အသင္းေဖာ္ ခီလီယန္ အမ္ဘာေပကေတာ့ အထာထားဖို႔ လိုမယ္လို႔လည္း ခန႔္မွန္းေနၾကတာပါ။ ၿပီးခဲ့တဲ့ ရာသီက ၄၆ ပြဲမွာ ၄၄ ဂိုးရခဲ့ၿပီး ဒီရာသီ ၁၂ ပြဲမွာ ၆ ဂိုး သြင္းယူထားတဲ့ ဘင္ဇီးမားအတြက္ ေ႐ႊဖိနပ္က ေၾကးဖိနပ္မ်ား ျဖစ္သြားမလားလို႔လည္း တခ်ိဳ႕က ခန႔္မွန္းေနၾကပါတယ္။

၂။ ခီလီယန္ အမ္ဘာေပ (ျပင္သစ္)
အမ္ဘာေပကေတာ့ ဒီရာသီ ၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ ၁၉ ဂိုးသြင္းယူထားၿပီး တစ္ပြဲကို တစ္ဂိုးႏႈန္းနီးပါး မွတ္တမ္းတင္ထားႏိုင္သလို ျပင္သစ္အသင္း အတြက္ေတာ့ ၅၉ ပြဲမွာ ၂၈ ဂိုးနဲ႔ ႏွစ္ပြဲကို တစ္ဂိုးနီးပါး ရရွိထားတာပါ။ သူတို႔ရဲ႕ ျပင္သစ္အသင္းက လက္ရွိေျခအနည္းငယ္က်ေနတာကို ဆြဲတင္ႏိုင္ဖို႔ လိုအပ္ေနၿပီး နည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္ရဲ႕ အခ်ိန္မီျပင္ဆင္ႏိုင္စြမ္းကို ေစာင့္ၾကည့္ရဖို႔ ရွိေနသလို ေလးလံထိုင္းမႈိင္းေနတဲ့ ဂိုးသမား ဟူဂို လိုရစ္အတြက္ေတာ့ သူတို႔ ေရွ႕တန္းေတြအေနနဲ႔ ဂိုးပိုသြင္းရဖြယ္ရွိေနတာက တြန္းအားတစ္ခုေတာ့ ျဖစ္လာႏိုင္ပါတယ္။ ဝါရင့္ႀကီး ဘင္ဇီးမားနဲ႔ အသင္းေဖာ္ခ်င္း ယွဥ္ၿပိဳင္ရမယ့္ ေ႐ႊဖိနပ္ဆုအတြက္ အမ္ဘာေပတစ္ေယာက္ ခရီးေပါက္ႏိုင္ပါ့မလားကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

၁။ ဟာရီကိန္း (အဂၤလန္)
တိုက္စစ္မွာ သူမွ မသြင္းရင္ ဂိုးရဖို႔ နည္းတာ၊ အဂၤလန္ဟာ ပင္နယ္တီေတြ ရွာေဖြတတ္တဲ့ အသင္းမ်ိဳးျဖစ္ေနတာနဲ႔ ေတာင္ပံတိုက္စစ္သမားေတြ ဖန္တီးမႈ ျမင့္မားတာေတြက ဟာရီကိန္းကို ကာတာေ႐ႊဖိနပ္အတြက္ အေလးေပးမႈမွာ ထိပ္ဆုံးကို ေရာက္ရွိေနေစပါတယ္။ ဘယ္ေျခညာေျခ မေ႐ြးဘဲ ဂိုးသြင္းႏိုင္ၿပီး အဂၤလန္အသင္းနဲ႔ ၇၅ ပြဲမွာ ၅၁ ဂိုးအထိ ရရွိထားတဲ့ ဂိုးသြင္းႏႈန္း ျမင့္မားမႈေတြက ၂၉ ႏွစ္သားရဲ႕ အင္အားကို ညႇစ္အထုတ္ႏိုင္ဆုံးအ႐ြယ္မွာ ေစာင့္ၾကည့္ရေစမွာျဖစ္သလို ဘယ္သူမွ မလုပ္ႏိုင္ေသးတဲ့ ေ႐ႊဖိနပ္ကို တစ္ႀကိမ္ထက္ပိုၿပီး ရယူႏိုင္ဖို႔နဲ႔ ႏွစ္ႀကိမ္ဆက္ Back to Back ဗိုလ္ဝင္ခံႏိုင္ဖို႔အတြက္ အားသာခ်က္ေတြျဖစ္ေနေပမယ့္ သူ႔အသင္းနည္းျပ ေဆာက္ဂိတ္ပဲ မဟုတ္တာေတြ မလုပ္ဖို႔ ဆုေတာင္းရမွာပါ။

ဒီၿပိဳင္ပြဲရဲ႕ တျခားနာမည္ႀကီး တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို (ေပၚတူဂီ)နဲ႔ ေသာမတ္စ္ မူလာ (ဂ်ာမနီ)တို႔ကိုလည္း အရန္ အစီအစဥ္ေတြအျဖစ္ ေစာင့္ၾကည့္ရမွာျဖစ္သလို က်န္တဲ့ ႏိုင္ငံႀကီး မဟုတ္တဲ့ ဒုတိယတန္းစား အသင္းေတြဆီက နာမည္ႀကီးတိုက္စစ္မႉးတခ်ိဳ႕ကိုေတာ့ ကိုလံဘီယာသား ဟားမက္စ္တုန္းကလိုမ်ိဳး မထင္မွတ္တာမ်ား လုပ္ျပႏိုင္မလားေတာ့ ေစာင့္ၾကည့္ရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.