International Match Report World Cup

CR7 မပါချိန်မှာ အသင်းလိုက် ခြေစွမ်းပြပြီး နိုင်ဂျီးရီးယားကို ဂိုးပြတ်အနိုင်ရတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အန်တိုနီယို ဆေးလ်ဗား၊ ဒါလော့နဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဝီလီယမ် ကာဗာလ်ယို၊ ဘာနာဒို ဆေးလ်ဗား၊ အော့တာဗျိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ဖဲလစ္စနဲ့ အန်ဒရီ ဆေးလ်ဗားတို့ကို ပွဲထုတ်လာခဲ့ချိန်မှာ ရော်နယ်လ်ဒိုကတော့ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားတို့ကတော့ ဂိုးသမား အူဇိုဟို၊ ခံစစ်မှာ အက်ခ်ပိုဂူးမား၊ ထရုစ်-အီကောင်၊ အိုဆာယီ-ဆမ်မြူရယ်နဲ့ ဘက်ဆီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ အီဝိုဘီနဲ့ အရီဘိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လွတ်ခ်မန်း၊ ဆိုင်မွန်နဲ့ မော့ဖီတို့ကို အသုံးပြုခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာကတည်းက ပေါ်တူဂီတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂျာအို ဖဲလစ္စ တင်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းကနေ ရသွားတဲ့ ဒါလော့က ဧရိယာထဲကို ဆွဲဝင်ပြီးမှာ နိုင်ဂျီးရီးယားခံစစ်ကြားက ချိုးပေးတာကို ဘရူနို ဖာနန်ဒက်စ်က ညာခြေနဲ့ အလိုက်သင့် ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘာနာဒို ဆေးလ်ဗား ဖြတ်တင်ရာမှာ နိုင်ဂျီးရီးယား ညာနောက်ခံလူ အိုဆာယီ-ဆမ်မြူရယ် လက်ထိတာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်ကပဲ ခုန်ပြီးမှ အသာအယာ ကန်သွင်းယူသွားလို့ ဒိုက်ပစ်စောခဲ့တဲ့ ဂိုးသမား အူဇိုဟို မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ ပေါ်တူဂီတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘရူနို ဖာနန်ဒက်စ်၊ နူနို မန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရူဘင် ဒီယက်စ်တို့အစား ပီပီ၊ ဗီတင်ညာ၊ ဂျာအို မာရီယိုနဲ့ ရာဖေးလ် ဂွါရဲရိုးတို့ကို လဲကစားသွားခဲ့ချိန်မှာ နိုင်ဂျီးရီးယားတို့ကတော့ လွတ်ခ်မန်းနဲ့ အန်ဒီဒီတို့အစား ချူကွယ်ဇီနဲ့ အွန်ယီကာတို့ကို ထည့်သွင်းသွားခဲ့ကြပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာ ဒါလော့ရဲ့ ဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပေါ်တူဂီတို့ ပင်နယ်တီ ပြန်ပေးခဲ့ရပေမယ့် နိုင်ဂျီးရီးယားဘက်က လူစားဝင်ကစားသမား ဒင်းနစ်က ညာဘက်ကို ကန်ရာမှာ ဂိုးသမား ပက်ထရီစီယိုက မှန်မှန်ကန်ကန် ခန့်မှန်းပြီး ပုတ်ထုတ်နိုင်တာခဲ့တာကြောင့် Clean Sheet မပျက်ဘဲ ထိန်းသိမ်းနိုင်ခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂျာအို ဖဲလစ္စ ချပေးတဲ့ ဘောလုံးကို ဂွါရဲရိုးက ဘယ်ခြမ်းကနေ ရသွားပြီး ဧရိယာထဲကနေ အသာအယာ ချိုးပေးခဲ့ရာမှာ လူစားဝင်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်က အသာအယာ ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်မိနစ်အကြာမှာတော့ နိုင်ဂျီးရီးယားတို့ကို မယှဉ်သာအောင် ဂိုးသွင်းစွမ်းရည်ပြနိုင်မယ့် စတုတ္ထဂိုးနဲ့ ပေါ်တူဂီတို့ ဝင့်ကြွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ရော်နယ်လ်ဒို မပါချိန်မှာ လွတ်လွတ်လပ်လပ် ကစားပြီး ခြေစွမ်းပြနေတဲ့ ဂျာအို ဖဲလစ္စကပဲ အနိမ့်ဘော ချိုးပေးရာမှာ ဂွန်ဆာလို ရာမို့စ်က နောက်ပေါက်နဲ့ ဂိုးရှေ့ကို ပို့ပေးခဲ့ပြီး ကွင်းလယ်လူ ဂျာအို မာရီယိုက အပိုင်ကန်သွင်းယူသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်မှာ ကြောင်ပျောက်ခဲ့ပြီးတဲ့နောက် ပွဲရှာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ တစ်ဦးချင်းမှာ ဘယ်လောက်ကောင်းနေပေမယ့်လည်း အသင်းလိုက် ကစားဟန်ကို ထိခိုက်စေတယ်ဆိုတာနဲ့ သူမပါရင် Team Work နဲ့ တွဲလုံးတွေ ပိုကောင်းနိုင်တယ်ဆိုတာ ဒီနေ့မှာ ထင်ထင်ရှားရှား မြင်ခဲ့ရတာ ဖြစ်ပြီး ဂျာအို ဖဲလစ္စကတော့ ဒါကို ပိုမိုသိသာအောင် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပေါ်တူဂီတို့က နိုင်ဂျီးရီးယားတို့ကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ကြပြီး လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အုပ်စု(H) အဖွင့်ပွဲအဖြစ် ကစားရမယ့် ဂါနာတို့နဲ့ မတွေ့ခင်မှာ အာဖရိက အသင်းတစ်သင်းကို ရလဒ်ကောင်းနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် အုပ်စုအဖွင့်ပွဲမှာ သုံးမှတ်ယူနိုင်ဖို့ ယုံကြည်မှုတွေ ရရှိခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အန္တိုနီယို ေဆးလ္ဗား၊ ဒါေလာ့နဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝီလီယမ္ ကာဗာလ္ယို၊ ဘာနာဒို ေဆးလ္ဗား၊ ေအာ့တာဗ်ိဳနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ာအို ဖဲလစၥနဲ႔ အန္ဒရီ ေဆးလ္ဗားတို႔ကို ပြဲထုတ္လာခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားတို႔ကေတာ့ ဂိုးသမား အူဇိုဟို၊ ခံစစ္မွာ အက္ခ္ပိုဂူးမား၊ ထ႐ုစ္-အီေကာင္၊ အိုဆာယီ-ဆမ္ျမဴရယ္နဲ႔ ဘက္ဆီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒီဒီ၊ အီဝိုဘီနဲ႔ အရီဘိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လြတ္ခ္မန္း၊ ဆိုင္မြန္နဲ႔ ေမာ့ဖီတို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက ေပၚတူဂီတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂ်ာအို ဖဲလစၥ တင္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းကေန ရသြားတဲ့ ဒါေလာ့က ဧရိယာထဲကို ဆြဲဝင္ၿပီးမွာ ႏိုင္ဂ်ီးရီးယားခံစစ္ၾကားက ခ်ိဳးေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ညာေျခနဲ႔ အလိုက္သင့္ ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဘာနာဒို ေဆးလ္ဗား ျဖတ္တင္ရာမွာ ႏိုင္ဂ်ီးရီးယား ညာေနာက္ခံလူ အိုဆာယီ-ဆမ္ျမဴရယ္ လက္ထိတာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ ခုန္ၿပီးမွ အသာအယာ ကန္သြင္းယူသြားလို႔ ဒိုက္ပစ္ေစာခဲ့တဲ့ ဂိုးသမား အူဇိုဟို မကာကြယ္ႏိုင္ဘဲ ျဖစ္ခဲ့ရတာပါ။

ပထမပိုင္းမွာ ေပၚတူဂီတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ႏူႏို မန္ဒက္စ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ႐ူဘင္ ဒီယက္စ္တို႔အစား ပီပီ၊ ဗီတင္ညာ၊ ဂ်ာအို မာရီယိုနဲ႔ ရာေဖးလ္ ဂြါရဲ႐ိုးတို႔ကို လဲကစားသြားခဲ့ခ်ိန္မွာ ႏိုင္ဂ်ီးရီးယားတို႔ကေတာ့ လြတ္ခ္မန္းနဲ႔ အန္ဒီဒီတို႔အစား ခ်ဴကြယ္ဇီနဲ႔ အြန္ယီကာတို႔ကို ထည့္သြင္းသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာ ဒါေလာ့ရဲ႕ ဧရိယာအတြင္းမွာ ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ ေပၚတူဂီတို႔ ပင္နယ္တီ ျပန္ေပးခဲ့ရေပမယ့္ ႏိုင္ဂ်ီးရီးယားဘက္က လူစားဝင္ကစားသမား ဒင္းနစ္က ညာဘက္ကို ကန္ရာမွာ ဂိုးသမား ပက္ထရီစီယိုက မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ပုတ္ထုတ္ႏိုင္တာခဲ့တာေၾကာင့္ Clean Sheet မပ်က္ဘဲ ထိန္းသိမ္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဂ်ာအို ဖဲလစၥ ခ်ေပးတဲ့ ေဘာလုံးကို ဂြါရဲ႐ိုးက ဘယ္ျခမ္းကေန ရသြားၿပီး ဧရိယာထဲကေန အသာအယာ ခ်ိဳးေပးခဲ့ရာမွာ လူစားဝင္တိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္က အသာအယာ ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္မိနစ္အၾကာမွာေတာ့ ႏိုင္ဂ်ီးရီးယားတို႔ကို မယွဥ္သာေအာင္ ဂိုးသြင္းစြမ္းရည္ျပႏိုင္မယ့္ စတုတၳဂိုးနဲ႔ ေပၚတူဂီတို႔ ဝင့္ႂကြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေရာ္နယ္လ္ဒို မပါခ်ိန္မွာ လြတ္လြတ္လပ္လပ္ ကစားၿပီး ေျခစြမ္းျပေနတဲ့ ဂ်ာအို ဖဲလစၥကပဲ အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဂြန္ဆာလို ရာမို႔စ္က ေနာက္ေပါက္နဲ႔ ဂိုးေရွ႕ကို ပို႔ေပးခဲ့ၿပီး ကြင္းလယ္လူ ဂ်ာအို မာရီယိုက အပိုင္ကန္သြင္းယူသြားခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္မွာ ေၾကာင္ေပ်ာက္ခဲ့ၿပီးတဲ့ေနာက္ ပြဲရွာခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ တစ္ဦးခ်င္းမွာ ဘယ္ေလာက္ေကာင္းေနေပမယ့္လည္း အသင္းလိုက္ ကစားဟန္ကို ထိခိုက္ေစတယ္ဆိုတာနဲ႔ သူမပါရင္ Team Work နဲ႔ တြဲလုံးေတြ ပိုေကာင္းႏိုင္တယ္ဆိုတာ ဒီေန႔မွာ ထင္ထင္ရွားရွား ျမင္ခဲ့ရတာ ျဖစ္ၿပီး ဂ်ာအို ဖဲလစၥကေတာ့ ဒါကို ပိုမိုသိသာေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေပၚတူဂီတို႔က ႏိုင္ဂ်ီးရီးယားတို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားခဲ့ၾကၿပီး လာမယ့္ ႏိုဝင္ဘာလ ၂၄ ရက္ေန႔မွာ အုပ္စု(H) အဖြင့္ပြဲအျဖစ္ ကစားရမယ့္ ဂါနာတို႔နဲ႔ မေတြ႕ခင္မွာ အာဖရိက အသင္းတစ္သင္းကို ရလဒ္ေကာင္းနဲ႔ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့တာေၾကာင့္ အုပ္စုအဖြင့္ပြဲမွာ သုံးမွတ္ယူႏိုင္ဖို႔ ယုံၾကည္မႈေတြ ရရွိခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.