International Match Report World Cup

ခြေစမ်းပွဲမှာ ဂျော်ဒန်ကို လူငယ်တွေရဲ့ အင်အားပြ သွင်းဂိုးတွေနဲ့ အနိုင်ယူတဲ့ စပိန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ အဲရစ် ဂါစီယာ၊ ပေါ်တောရက်စ်၊ ကာဗာဟယ်လ်နဲ့ ဘယ်နောက်ခံမှာ လာပေါ့တ်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ကိုကီ၊ ကားလို့စ် ဆိုလာနဲ့ ဂါဗီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်ဆူ ဖာတီ၊ အဆန်စီယိုနဲ့ ဆာရားဘီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဂျော်ဒန်တို့ကတော့ ဂိုးသမား အယ်လ်ဖာခူရီ၊ ခံစစ်မှာ နာဆိဘ်၊ အယ်လ်အာရပ်ဘ်၊ အဘူဟန်ရှီးရှ်နဲ့ ဟက်ဒက်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်ဆမ်ရီး၊ အယ်လ်ရာဝက်ဘ်ဒါ၊ ဆာဒါး၊ အယ်လ်တမ်မာရီနဲ့ အယ်လ်မာဒီတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်နိုင်မက် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲစကတည်းက စပိန်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ကစားနိုင်ခဲ့ကြပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ အဖွင့်ဂိုး ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂိုးရှေ့အထိ ဆွဲပြေးလာတဲ့ အဆန်စီယိုရဲ့ ဖန်တီးမှုကနေ အန်ဆူ ဖာတီက ဘယ်ခြမ်းကနေ အနိမ့်ဘော ကန်သွင်းရာမှာ ဂိုးသမားလက်အောက်က ဝင်သွားခဲ့တာကြောင့် စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

စပိန်တို့ရဲ့ တိုက်စစ်ပုံဖော်မှုတွေက ကောင်းမွန်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ အထောင်တိုက်စစ်မှူး မပါဘဲ အဆန်စီယိုကို False 9 ကစားခိုင်းနေမှုကြောင့် အားနည်းခဲ့ရသလို ဂျော်ဒန်တို့ကတော့ တန်ပြန်တိုက်စစ်တွေကနေ ခြိမ်းခြောက်ဖို့ ကြိုးစားနေခဲ့ပြီး ပထမပိုင်းမှာတော့ အနီရောင် လာရိုဟာတွေက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဂိုးသမား ဆန်ချက်ဇ်နဲ့ ညာနောက်ခံလူ ကာဗာဟယ်လ်တို့အစား ရာယာနဲ့ အက်ဇ်ပီလီကွေတာတို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ စပိန်တို့ ဒုတိယ ဦးဆောင်ဂိုးကို ရရှိခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းက ဆာရားဘီးယားရဲ့ ကန်ချက်က ဂျော်ဒန်ခံစစ်နဲ့ ထိပြီး ထွက်လာတာကို ဂါဗီက အနီးကပ် ကန်သွင်းသွားနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ စပိန်တို့ဘက်က ဆာရားဘီးယား၊ ဂါဗီ၊ လာပေါ့တ်နဲ့ ကိုကီတို့အစား ပီနို၊ ဖယ်ရန် တောရက်စ်၊ ဂျော်ဒီ အယ်လ်ဘာနဲ့ ဒါနီ အိုလ်မိုတို့ကို ထည့်သွင်းသွားခဲ့သလို နည်းပြ လူးဝစ် အန်ရီကေအနေနဲ့ ထပ်ပြီး စမ်းသပ်တဲ့အနေနဲ့ အဲရစ် ဂါစီယာနဲ့ အန်ဆူ ဖာတီတို့အစား ရိုဒရီနဲ့ နီကို ဝီလီယမ်စ်တို့ကို ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ စပိန်တို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပီနိုက ဘယ်ခြမ်းကို ထိုးပေးရာမှာ နီကို ဝီလီယမ်စ်က ဝင်ဖျက်တဲ့ ဂျော်ဒန်နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ပြီးမှ ဘယ်ခြေနဲ့ အနိမ့်ဘော အပြင်းကန်သွင်းရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဂျော်ဒန်တို့ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူသွားခဲ့ပြီး နည်းပြ အန်ရီကေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသလို ညာခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ချဲလ်ဆီးမှာလိုပဲ အိုးနင်းခွက်နင်း ကစားပြီး ရှင်းမထုတ်နိုင်ဘဲ လွဲချော်ခဲ့တဲ့ အက်ဇ်ပီလီကွေတာရဲ့ အမှားကြောင့် တစ်ဖက်တိုက်စစ်မှူး အယ်လ်ဒါဒေါ်က ဖြတ်ယူပြီး ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ စပိန်တို့အနေနဲ့ အသက် ၂၀ မကျော်သေးတဲ့ လူငယ်သုံးဦးဖြစ်ကြတဲ့ အန်ဆူ ဖာတီ၊ ဂါဗီနဲ့ နီကို ဝီလီယမ်စ်တို့ရဲ့ သွင်းဂိုး သုံးဂိုးနဲ့ ဂျော်ဒန်ကို အနိုင်ယူခဲ့ကြတာကတော့ ပရိသတ်တွေ ပီတိဖြစ်စရာ မှန်ခဲ့ပေမယ့် ဒီအရွယ်မှ လက်ပေးသင်လို့ မရတော့တဲ့ အက်ဇ်ပီလီကွေတာတို့လို ခံစစ်က သက်ကြီးကစားသမားတွေရဲ့ အမှားတွေအတွက်တော့ စိုးရိမ်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ အဲရစ္ ဂါစီယာ၊ ေပၚေတာရက္စ္၊ ကာဗာဟယ္လ္နဲ႔ ဘယ္ေနာက္ခံမွာ လာေပါ့တ္တို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုကီ၊ ကားလို႔စ္ ဆိုလာနဲ႔ ဂါဗီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္ဆူ ဖာတီ၊ အဆန္စီယိုနဲ႔ ဆာရားဘီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဒန္တို႔ကေတာ့ ဂိုးသမား အယ္လ္ဖာခူရီ၊ ခံစစ္မွာ နာဆိဘ္၊ အယ္လ္အာရပ္ဘ္၊ အဘူဟန္ရွီးရွ္နဲ႔ ဟက္ဒက္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္ဆမ္ရီး၊ အယ္လ္ရာဝက္ဘ္ဒါ၊ ဆာဒါး၊ အယ္လ္တမ္မာရီနဲ႔ အယ္လ္မာဒီတို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္ႏိုင္မက္ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲစကတည္းက စပိန္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ထိုးေဖာက္ကစားႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ အဖြင့္ဂိုး ရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂိုးေရွ႕အထိ ဆြဲေျပးလာတဲ့ အဆန္စီယိုရဲ႕ ဖန္တီးမႈကေန အန္ဆူ ဖာတီက ဘယ္ျခမ္းကေန အနိမ့္ေဘာ ကန္သြင္းရာမွာ ဂိုးသမားလက္ေအာက္က ဝင္သြားခဲ့တာေၾကာင့္ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

စပိန္တို႔ရဲ႕ တိုက္စစ္ပုံေဖာ္မႈေတြက ေကာင္းမြန္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ အေထာင္တိုက္စစ္မႉး မပါဘဲ အဆန္စီယိုကို False 9 ကစားခိုင္းေနမႈေၾကာင့္ အားနည္းခဲ့ရသလို ေဂ်ာ္ဒန္တို႔ကေတာ့ တန္ျပန္တိုက္စစ္ေတြကေန ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ အနီေရာင္ လာ႐ိုဟာေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဂိုးသမား ဆန္ခ်က္ဇ္နဲ႔ ညာေနာက္ခံလူ ကာဗာဟယ္လ္တို႔အစား ရာယာနဲ႔ အက္ဇ္ပီလီေကြတာတို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စပိန္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ရရွိခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းက ဆာရားဘီးယားရဲ႕ ကန္ခ်က္က ေဂ်ာ္ဒန္ခံစစ္နဲ႔ ထိၿပီး ထြက္လာတာကို ဂါဗီက အနီးကပ္ ကန္သြင္းသြားႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ စပိန္တို႔ဘက္က ဆာရားဘီးယား၊ ဂါဗီ၊ လာေပါ့တ္နဲ႔ ကိုကီတို႔အစား ပီႏို၊ ဖယ္ရန္ ေတာရက္စ္၊ ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ ဒါနီ အိုလ္မိုတို႔ကို ထည့္သြင္းသြားခဲ့သလို နည္းျပ လူးဝစ္ အန္ရီေကအေနနဲ႔ ထပ္ၿပီး စမ္းသပ္တဲ့အေနနဲ႔ အဲရစ္ ဂါစီယာနဲ႔ အန္ဆူ ဖာတီတို႔အစား ႐ိုဒရီနဲ႔ နီကို ဝီလီယမ္စ္တို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ စပိန္တို႔ပဲ တတိယ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ပီႏိုက ဘယ္ျခမ္းကို ထိုးေပးရာမွာ နီကို ဝီလီယမ္စ္က ဝင္ဖ်က္တဲ့ ေဂ်ာ္ဒန္ေနာက္ခံလူတစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီးမွ ဘယ္ေျခနဲ႔ အနိမ့္ေဘာ အျပင္းကန္သြင္းရာမွာ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ေဂ်ာ္ဒန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းယူသြားခဲ့ၿပီး နည္းျပ အန္ရီေကအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရသလို ညာျခမ္းက ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ခ်ဲလ္ဆီးမွာလိုပဲ အိုးနင္းခြက္နင္း ကစားၿပီး ရွင္းမထုတ္ႏိုင္ဘဲ လြဲေခ်ာ္ခဲ့တဲ့ အက္ဇ္ပီလီေကြတာရဲ႕ အမွားေၾကာင့္ တစ္ဖက္တိုက္စစ္မႉး အယ္လ္ဒါေဒၚက ျဖတ္ယူၿပီး ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ စပိန္တို႔အေနနဲ႔ အသက္ ၂၀ မေက်ာ္ေသးတဲ့ လူငယ္သုံးဦးျဖစ္ၾကတဲ့ အန္ဆူ ဖာတီ၊ ဂါဗီနဲ႔ နီကို ဝီလီယမ္စ္တို႔ရဲ႕ သြင္းဂိုး သုံးဂိုးနဲ႔ ေဂ်ာ္ဒန္ကို အႏိုင္ယူခဲ့ၾကတာကေတာ့ ပရိသတ္ေတြ ပီတိျဖစ္စရာ မွန္ခဲ့ေပမယ့္ ဒီအ႐ြယ္မွ လက္ေပးသင္လို႔ မရေတာ့တဲ့ အက္ဇ္ပီလီေကြတာတို႔လို ခံစစ္က သက္ႀကီးကစားသမားေတြရဲ႕ အမွားေတြအတြက္ေတာ့ စိုးရိမ္စရာျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.