Premier League

၁၆.၂.၂၀၂၀ အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– စပိန္ႏိုင္ငံ၊ မာဘယ္လာမွာ စခန္းသြင္းေလ့က်င့္ထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ စေနေန႔ကေတာ့ မန္ခ်က္စတာၿမိဳ႕ကို ျပန္ေရာက္ၿပီး ခ်ဲလ္ဆီးနဲ႔ ပြဲအတြက္ ကာရင္တန္မွာ ေလ့က်င့္ေနၾကၿပီျဖစ္ပါတယ္။

– ဒဏ္ရာကေန အသီးသီး ျပန္လည္သက္သာလာၾကၿပီျဖစ္ေပမယ့္ ခ်ဲလ္ဆီးနဲ႔ ပြဲမွာေတာ့ ကြင္းလယ္လူ စေကာ့ မက္တြမ္မီေနးနဲ႔ ေပါလ္ ေပါ့ဘာတို႔ ပါဝင္ႏုိင္ဦးမွာ မဟုတ္ဘူးလို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းဘက္က သတင္းထုတ္ျပန္ထားပါတယ္။

– ေပါ့ဘာရဲ႕ အေျပာင္းအေရႊ႕ကိစၥနဲ႔ ပတ္သက္ၿပီး ဂ်ဴဗင္တပ္စ္အသင္း ဒု-ဥကၠဌ ပါဗယ္လ္ နက္ဗက္နဲ႔ ေတြ႔ဆံုေျပာဆိုခဲ့တယ္လို႔ ကစားသမားရဲ႕ ေအးဂ်င့္ မီႏို ရိုင္အိုလာက ေျပာလိုက္ၿပီး အေျပာင္းအေရႊ႕အတြက္ေတာ့ အသင္းႏွစ္သင္းနဲ႔ ကစားသမားသေဘာတူရင္ မျဖစ္ႏုိင္တာဆုိတာ မရွိဘူးလို႔ ဆုိလုိက္ပါတယ္။

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ အသင္းနည္းျပ အိုလီ ဂန္နာ ဆုိးလ္းရွားကိုေတာ့ အစားထိုးဖို႔ပဲ ျပင္ဆင္ေနၿပီး ေႏြရာသီမွာ ပုိခ်က္တီႏိုက ရႏုိင္ဖို႔ ခက္လို႔ အယ္လီဂရီဘက္ကို လွည့္ေနၿပီး ေခၚယူႏုိင္ဖို႔ အေျခအေနေကာင္းေနတယ္လုိ႔ သိရပါတယ္။

– စပါးစ္အသင္းမွာ ကစားခ်င္တဲ့ ေနာက္ခံအလယ္လူေနရာကေန မကစားရလုိ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဘဲ ထြက္ခြာဖို႔ သတင္းထြက္ေနတဲ့ အဂၤလန္ကြင္းလယ္လူ အဲရစ္ ဒိုင္ယာကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– စပိန်နိုင်ငံ၊ မာဘယ်လာမှာ စခန်းသွင်းလေ့ကျင့်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့ကတော့ မန်ချက်စတာမြို့ကို ပြန်ရောက်ပြီး ချဲလ်ဆီးနဲ့ ပွဲအတွက် ကာရင်တန်မှာ လေ့ကျင့်နေကြပြီဖြစ်ပါတယ်။

– ဒဏ်ရာကနေ အသီးသီး ပြန်လည်သက်သာလာကြပြီဖြစ်ပေမယ့် ချဲလ်ဆီးနဲ့ ပွဲမှာတော့ ကွင်းလယ်လူ စကော့ မက်တွမ်မီနေးနဲ့ ပေါလ် ပေါ့ဘာတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

– ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်း ဒု-ဥက္ကဌ ပါဗယ်လ် နက်ဗက်နဲ့ တွေ့ဆုံပြောဆိုခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့် မီနို ရိုင်အိုလာက ပြောလိုက်ပြီး အပြောင်းအရွှေ့အတွက်တော့ အသင်းနှစ်သင်းနဲ့ ကစားသမားသဘောတူရင် မဖြစ်နိုင်တာဆိုတာ မရှိဘူးလို့ ဆိုလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ အသင်းနည်းပြ အိုလီ ဂန်နာ ဆိုးလ်းရှားကိုတော့ အစားထိုးဖို့ပဲ ပြင်ဆင်နေပြီး နွေရာသီမှာ ပိုချက်တီနိုက ရနိုင်ဖို့ ခက်လို့ အယ်လီဂရီဘက်ကို လှည့်နေပြီး ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

– စပါးစ်အသင်းမှာ ကစားချင်တဲ့ နောက်ခံအလယ်လူနေရာကနေ မကစားရလို့ စာချုပ်သစ် မချုပ်ဘဲ ထွက်ခွာဖို့ သတင်းထွက်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ အဲရစ် ဒိုင်ယာကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.