International World Cup

ရော်နယ်လ်ဒိုနဲ့ မက်ဆီ ပိုကောင်းသူကို ခက်ခက်ခဲခဲ ရွေးပေးလိုက်တဲ့ ဗန်ဒိုက်

ဘောလုံးလောကမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားမှာ ပြိုင်ဆိုင်မှုက နှစ်ပေါင်း ၂၀ လောက်နီးပါး ရှိနေခဲ့တာဖြစ်ပြီး အားလုံးက ဘယ်သူပိုကောင်းတယ်ဆိုတာကို ငြင်းခုံနေခဲ့ကြသလို တစ်ယောက်က ပိုကောင်းတယ်လို့ ယတိပြတ်ပြောဖို့ကလည်း မဖြစ်နိုင်လောက်အောင် သူ့အားသာချက်နဲ့သူ ရှိနေခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်မှာ ဘယ်သူ ပိုကောင်းလဲဆိုတဲ့ ချောက်ကျစရာ မေးခွန်းကို လီဗာပူးလ်နဲ့ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဗာဂျီး ဗန်ဒိုက်ကို မေးခဲ့ရာမှာတော့ အသက် ၃၁ နှစ်အရွယ် ဗဟိုခံစစ်မှူးအနေနဲ့ မဖြေလို့ မရဘူးလားလို့ ရှောင်လွှဲဖို့ ကြိုးစားနေခဲ့ပေမယ့်‌ နောက်ဆုံးမှာတော့ တစ်ဦးကို ရွေးချယ်သွားခဲ့ရတာပါ။

ဒီနှစ်ဦးဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေအဖြစ် ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေခဲ့ပြီး အသက် ၃၀ ကို နှစ်အတော်များများ ကျော်လာနေခဲ့ပေမယ့်လည်း ထိပ်တန်းအဆင့်မှာ ရပ်တည်နေနိုင်ဆဲသူတွေဖြစ်လို့ ဘောလုံးသမားချင်းတော့ စကားမမှားအောင် လေးစားမှု ထားရသူတွေလည်း ဖြစ်ခဲ့ပါတယ်။

စပို့တီဖိုင်းရဲ့ Pitch Side Podcast အစီအစဉ်မှာ ဗန်ဒိုက်အနေနဲ့ ဒီမေးခွန်းကို အမေးခံခဲ့ရရာမှာတော့ သူက မဖြေဘဲ ကြားနေလို့ မရဘူးလားလို့ တုံ့ပြန်ခဲ့ပြီး နောက်ဆုံးမှာတော့ “ခြံစည်းရိုးပေါ် ခွထိုင်ပြီး နှစ်ယောက်စလုံး ကောင်းတယ်လို့ပဲ ပြောလို့မရဘူးလား… ကဲပါလေ… တစ်ယောက်ပဲ ရွေးရမယ် ဆိုရင်တော့ မက်ဆီပေါ့ဗျာ”လို့ ဖြေသွားခဲ့ရတာပါ။

ဗန်ဒိုက်က ဆက်ပြီး “ခင်ဗျားတို့အနေနဲ့ သူတို့နှစ်ယောက်ရဲ့ ကစားပုံကို မြင်နေရတာပဲ ကျေးဇူးတင်ကြရပါလိမ့်မယ်။ ဒါက ကျွန်တော် ခံစားမှုနဲ့ အတူတူပါပဲ။ သူတို့နှစ်ယောက်ဟာ နှစ်တော်တော်များများ ကြာအောင် အကောင်းဆုံးကစားသမားတွေအဖြစ် ရှိနေခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက်ကို ဘယ်သူပိုကောင်းတယ်ဆိုတာ ပြောဖို့ထက် လေးစားမှုပေးတာကပဲ ပိုပြီး သဘာဝကျပါတယ်”လို့ နိဂုံးချုပ်သွားခဲ့ပါတယ်။

လီဗာပူးလ်နောက်ခံလူအနေနဲ့ မက်ဆီကို ရွေးချယ်ခဲ့တာကတော့ ဒီရာသီမှာ ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဘုန်းကြီးရူးနဲ့ လှေလူးဖြစ်နေချိန်မှာ အာဂျင်တီးနားသားရဲ့ ပုံစံကောင်းပြသနေမှုကြောင့် ဖြစ်နိုင်ပြီး ပီအက်စ်ဂျီနဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၂ ဂိုးသွင်း ၁၄ ဂိုး ဖန်တီးထားမှုက အထင်ကြီးစရာလည်းဖြစ်ခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့အနေနဲ့ လာမယ့် ကာတာ ကမ္ဘာ့ဖလား ၂၀၂၂ ပြိုင်ပွဲမှာ သူတို့ရဲ့ အာဂျင်တီးနားနဲ့ ပေါ်တူဂီအသင်းတွေကို အသီးသီး ဦးဆောင်ကစားကြမှာဖြစ်ပြီး အုပ်စုခွဲမှုနဲ့ ပွဲစီစဉ်မှုတွေအရ သူတို့နှစ်ဦးအနေနဲ့ ထိပ်တိုက်တွေ့ဆုံမှု ရှိခဲ့မယ်ဆိုရင်တော့ ဆီမီးဖိုင်နယ်အဆင့်မှာမှ ဖြစ်လာနိုင်ကြပြီး ဒီထက်နိမ့်တဲ့ အဆင့်တွေမှာတော့ တွေ့ဆုံဖို့ မဖြစ်နိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကားမွာ ၿပိဳင္ဆိုင္မႈက ႏွစ္ေပါင္း ၂၀ ေလာက္နီးပါး ရွိေနခဲ့တာျဖစ္ၿပီး အားလုံးက ဘယ္သူပိုေကာင္းတယ္ဆိုတာကို ျငင္းခုံေနခဲ့ၾကသလို တစ္ေယာက္က ပိုေကာင္းတယ္လို႔ ယတိျပတ္ေျပာဖို႔ကလည္း မျဖစ္ႏိုင္ေလာက္ေအာင္ သူ႔အားသာခ်က္နဲ႔သူ ရွိေနခဲ့တာျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္မွာ ဘယ္သူ ပိုေကာင္းလဲဆိုတဲ့ ေခ်ာက္က်စရာ ေမးခြန္းကို လီဗာပူးလ္နဲ႔ နယ္သာလန္လက္ေ႐ြးစင္ေနာက္ခံလူ ဗာဂ်ီး ဗန္ဒိုက္ကို ေမးခဲ့ရာမွာေတာ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ဗဟိုခံစစ္မႉးအေနနဲ႔ မေျဖလို႔ မရဘူးလားလို႔ ေရွာင္လႊဲဖို႔ ႀကိဳးစားေနခဲ့ေပမယ့္‌ ေနာက္ဆုံးမွာေတာ့ တစ္ဦးကို ေ႐ြးခ်ယ္သြားခဲ့ရတာပါ။

ဒီႏွစ္ဦးဟာ ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္တဲ့ ကစားသမားေတြအျဖစ္ ဆယ္စုႏွစ္ ႏွစ္စုနီးပါး ရွိေနခဲ့ၿပီး အသက္ ၃၀ ကို ႏွစ္အေတာ္မ်ားမ်ား ေက်ာ္လာေနခဲ့ေပမယ့္လည္း ထိပ္တန္းအဆင့္မွာ ရပ္တည္ေနႏိုင္ဆဲသူေတြျဖစ္လို႔ ေဘာလုံးသမားခ်င္းေတာ့ စကားမမွားေအာင္ ေလးစားမႈ ထားရသူေတြလည္း ျဖစ္ခဲ့ပါတယ္။

စပို႔တီဖိုင္းရဲ႕ Pitch Side Podcast အစီအစဥ္မွာ ဗန္ဒိုက္အေနနဲ႔ ဒီေမးခြန္းကို အေမးခံခဲ့ရရာမွာေတာ့ သူက မေျဖဘဲ ၾကားေနလို႔ မရဘူးလားလို႔ တုံ႔ျပန္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ “ၿခံစည္း႐ိုးေပၚ ခြထိုင္ၿပီး ႏွစ္ေယာက္စလုံး ေကာင္းတယ္လို႔ပဲ ေျပာလို႔မရဘူးလား… ကဲပါေလ… တစ္ေယာက္ပဲ ေ႐ြးရမယ္ ဆိုရင္ေတာ့ မက္ဆီေပါ့ဗ်ာ”လို႔ ေျဖသြားခဲ့ရတာပါ။

ဗန္ဒိုက္က ဆက္ၿပီး “ခင္ဗ်ားတို႔အေနနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ ကစားပုံကို ျမင္ေနရတာပဲ ေက်းဇူးတင္ၾကရပါလိမ့္မယ္။ ဒါက ကြၽန္ေတာ္ ခံစားမႈနဲ႔ အတူတူပါပဲ။ သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ေတာ္ေတာ္မ်ားမ်ား ၾကာေအာင္ အေကာင္းဆုံးကစားသမားေတြအျဖစ္ ရွိေနခဲ့ၾကတာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ကို ဘယ္သူပိုေကာင္းတယ္ဆိုတာ ေျပာဖို႔ထက္ ေလးစားမႈေပးတာကပဲ ပိုၿပီး သဘာဝက်ပါတယ္”လို႔ နိဂုံးခ်ဳပ္သြားခဲ့ပါတယ္။

လီဗာပူးလ္ေနာက္ခံလူအေနနဲ႔ မက္ဆီကို ေ႐ြးခ်ယ္ခဲ့တာကေတာ့ ဒီရာသီမွာ ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ဘုန္းႀကီး႐ူးနဲ႔ ေလွလူးျဖစ္ေနခ်ိန္မွာ အာဂ်င္တီးနားသားရဲ႕ ပုံစံေကာင္းျပသေနမႈေၾကာင့္ ျဖစ္ႏိုင္ၿပီး ပီအက္စ္ဂ်ီနဲ႔ ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ ၁၂ ဂိုးသြင္း ၁၄ ဂိုး ဖန္တီးထားမႈက အထင္ႀကီးစရာလည္းျဖစ္ခဲ့တာပါ။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔အေနနဲ႔ လာမယ့္ ကာတာ ကမာၻ႔ဖလား ၂၀၂၂ ၿပိဳင္ပြဲမွာ သူတို႔ရဲ႕ အာဂ်င္တီးနားနဲ႔ ေပၚတူဂီအသင္းေတြကို အသီးသီး ဦးေဆာင္ကစားၾကမွာျဖစ္ၿပီး အုပ္စုခြဲမႈနဲ႔ ပြဲစီစဥ္မႈေတြအရ သူတို႔ႏွစ္ဦးအေနနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈ ရွိခဲ့မယ္ဆိုရင္ေတာ့ ဆီမီးဖိုင္နယ္အဆင့္မွာမွ ျဖစ္လာႏိုင္ၾကၿပီး ဒီထက္နိမ့္တဲ့ အဆင့္ေတြမွာေတာ့ ေတြ႕ဆုံဖို႔ မျဖစ္ႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.