Analysis Article International World Cup

ကမ္ဘာ့ဖလား လူစာရင်းတွေက ချန်လှပ်ခံခဲ့ရတဲ့ ထိပ်တန်းကွင်းလယ်လူ ၅ ဦး

လာမယ့် ရက်ပိုင်းအတွင်းမှာ စတင်တော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ပြိုင်ပွဲဝင် အသင်းကြီးတွေထဲမှာ ပါဝင်မလာခဲ့ဘဲ ချန်လှပ်ခံခဲ့ရတဲ့အထဲက အာဂျင်တီးနား၊ အင်္ဂလန်၊ ပေါ်တူဂီနဲ့ စပိန်အသင်းတွေမှာ မေ့ထားခံရမှုတွေနဲ့အတူ ကာတာလေယာဉ်လက်မှတ် ပျောက်ဆုံးခဲ့ရတဲ့ ဥရောပထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေက နာမည်ကြီး ကွင်းလယ်ကစားသမား ၅ ဦးကို ဖော်ပြလိုက်ပါတယ်။

၅။ အီမီလီယာနို ဘွင်ဒီယာ (အာဂျင်တီးနား)
ပထမဆုံးတစ်ဦးကတော့ အက်စ်တန်ဗီလာအသင်းမှာ ကစားနေတဲ့ ဘွင်ဒီယာပဲဖြစ်ပါတယ်။ နော့ဝစ်ချ်ကွင်းလယ်လူဟောင်းအနေနဲ့ ဒီနှစ်မှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ပြီး နည်းပြတွေ ဖြစ်ကြတဲ့ စတီဗင် ဂျရတ်ရော အူနိုင်း အမ်မရီကပါ လက်မလွှတ်နိုင်အောင် အသုံးပြုထားခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်နေခဲ့တာပါ။ အာဂျင်တီးနားကွင်းလယ်လူရဲ့ ဖန်တီးမှုတွေကို လက်ရွေးစင်အသင်းအနေနဲ့ မလိုအပ်ဘူးလို့ ယူဆခဲ့တာလည်း ဖြစ်နိုင်ပြီး မက်ဆီတစ်ယောက်လုံး ရှိနေသလို ဝါရင့်နဲ့ လူငယ်ပါရမီရှင်တွေ ပေါများတဲ့ အသင်းကနေ နည်းပြ စကာလိုနီရဲ့ ချန်လှပ်ခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

၄။ ဖာဘီယန် ရူးဝီဇ် (စပိန်)
စပိန်အသင်းမှာ ပါဝင်မလာတဲ့ နာမည်ကြီးကစားသမားကတော့ ပီအက်စ်ဂျီရဲ့ ဖာဘီယန် ရူးဝီးဇ်ပါ။ ရာသီ မတိုင်ခင်အထိ နာပိုလီနဲ့အတူ ခြေစွမ်းပြပြီး လက်ရွေးစင်မှာ ပွဲထွက်ခွင့် မရရင်တောင် အရန်အဖြစ်တော့ ပါဝင်ခွင့်ရသေးတဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ပါရီမြို့ကို အသင်းပြောင်းမှားရာမှာတော့ ကံဆိုးခဲ့တာလည်းဖြစ်ပါတယ်။ နာပိုလီအတွက် ပွဲတိုင်းနီးပါး ကစားနေရာကနေ ပြိုင်ဆိုင်မှုတွေ များပြားတဲ့ ပီအက်စ်ဂျီရဲ့ ကွင်းလယ်မှာ ၅ ပွဲသာ ပွဲထွက်ခွင့်ရထားခဲ့တာကြောင့် ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာလို့လည်း ယူဆရပါတယ်။

၃။ ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ် (အင်္ဂလန်)
အသင်းမှာ အ‌ရွေးချယ်ခံရဖို့ ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဆောက်သမ်တန်အသင်းကို ဦးဆောင်နေတဲ့ ဝါ့ဒ်-ပရောက်စ်ကို နည်းပြ ဆောက်ဂိတ်က မျက်ကွယ်ပြုခဲ့တာပါ။ သူ့အစား လီဗာပူးလ်ရဲ့ ကြံ့ခိုင်မှု မပြည့်တဲ့ ဟန်ဒါဆန်နဲ့ မန်စီးတီးမှာ ကောင်းကောင်း မကစားရဘဲ ဒဏ်ရာက သက်သာခါစ ရှိနေသေးတဲ့ ကယ်လ်ဗင် ဖိလစ်တို့သာ နာမည်နဲ့ အသင်းကို ကြည့်ပြီး ရွေးချယ်ခဲ့တာမျိုး လုပ်ခဲ့သလို နည်းပြအရည်အချင်း ကောင်းကောင်း ရှိမနေတဲ့ လိဂ်ချန်ပီယံရှစ်အဆင့် သူ့ရဲ့ တစ်ထွာတစ်မိုက်လောက် ဉာဏ်ရည်လေးနဲ့ စိန့်ကပ္ပတိန်ကို ခွဲခြားဆက်ခံခဲ့မိတာကြောင့် သူ့ရဲ့ ထူးခြားတဲ့ တည်ကန်ဘော စွမ်းရည်နဲ့ ခင်းကျင်းဖန်တီးမှုတွေကို ပရိသတ်တွေ နှမြောတသဖြစ်ခဲ့ရပါတယ်။

၂။ ရီနာတို ဆန်ချက်စ် (ပေါ်တူဂီ)
ပေါ်တူဂီကွင်းလယ်မှာ ပါဝင်မလာတဲ့ နာမည်ကြီးတစ်ယောက်ကတော့ ပီအက်စ်ဂျီရဲ့ ရီနာတို ဆန်ချက်စ်ပဲ ဖြစ်ပါတယ်။ အသင်းသစ်ကို ပြောင်းရွှေ့စဉ်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရတာကြောင့် ပွဲထွက် ၂ ပွဲနဲ့ လူစားဝင် ၈ ပွဲသာ ကစားခွင့်ရခဲ့တဲ့ ကွင်းလယ်လူဟာ သူ့ရဲ့ ပီအက်စ်ဂျီ အသင်းဖော် ဖာဘီယန် ရူးဝီးဇ်နဲ့အတူ ကာတာကို မရောက်ဘဲ ကျန်ခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်မှာ ကလပ်အသင်းတွေနဲ့ ခြေစွမ်းပြသနေနိုင်တဲ့ ဂျာအို ပယ်လင်ညာ၊ ရူဘင် နာဗက်စ်၊ ဗီတင်ညာ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို မဖြစ်မနေ ရွေးချယ်ခဲ့ရတာကြောင့် အရန်မှာ ထားရမယ့် ဆန်းချက်စ်အတွက် နေရာမရှိတော့ဘူးလို့ပဲ သုံးသပ်ရမှာပါ။

၁။ သီယာဂို အယ်လ်ကန်တာရာ (စပိန်)
လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်နေတဲ့ သီယာဂိုတစ်ယောက် စပိန်မှာ ပါမလာဘူးဆိုတာကတော့ စော်ကားသလိုပဲဖြစ်နေပါတယ်။ နည်းပြ လူးဝစ် အန်ရီကေအနေနဲ့ ခေါင်းမာပြီး တစ်ယူသန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေခဲ့တယ်ဆိုတာ မန်ယူဂိုးသမား ဒေးဗစ် ဒဟေးယားကို အရန် အဖြစ်တောင် မရွေးချယ်ခဲ့တာနဲ့ ကွင်းလယ်က လူငယ်ကစားသမား ဂါဗီကို ကျောနံပါတ် ၉ ပေးတာမျိုးတွေနဲ့ သိသာစေပြီး သီယာဂိုအနေနဲ့ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲအထိ ကစားပြီး အရေးပါတဲ့ ကစားသမားဖြစ်နေပေမယ့် မမျှမတပဲ ချန်လှပ်ခံခဲ့ရတာလို့ ကောက်ချက်ချရတော့မှာပါ။

ဒီကစားသမားတွေအပြင် အသင်းတွေမှာ ခြေစွမ်းပြနေပေမယ့် နည်းပြတချို့ရဲ့ အမြင်ကျဉ်းမှုတွေကြောင့် အရွေးချယ် မခံရတဲ့ ကစားသမားတွေ တော်တော်များများလည်း ကျန်ရစ်ခဲ့ကြပြီး နည်းပြ ဒါမှမဟုတ် အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေလို့ ချန်လှပ်ခံခဲ့ရသူတွေလည်း ရှိခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ ရက္ပိုင္းအတြင္းမွာ စတင္ေတာ့မယ့္ ၂၀၂၂ ကမာၻ႔ဖလားရဲ႕ ၿပိဳင္ပြဲဝင္ အသင္းႀကီးေတြထဲမွာ ပါဝင္မလာခဲ့ဘဲ ခ်န္လွပ္ခံခဲ့ရတဲ့အထဲက အာဂ်င္တီးနား၊ အဂၤလန္၊ ေပၚတူဂီနဲ႔ စပိန္အသင္းေတြမွာ ေမ့ထားခံရမႈေတြနဲ႔အတူ ကာတာေလယာဥ္လက္မွတ္ ေပ်ာက္ဆုံးခဲ့ရတဲ့ ဥေရာပထိပ္တန္း အမွတ္ေပးၿပိဳင္ပြဲေတြက နာမည္ႀကီး ကြင္းလယ္ကစားသမား ၅ ဦးကို ေဖာ္ျပလိုက္ပါတယ္။

၅။ အီမီလီယာႏို ဘြင္ဒီယာ (အာဂ်င္တီးနား)
ပထမဆုံးတစ္ဦးကေတာ့ အက္စ္တန္ဗီလာအသင္းမွာ ကစားေနတဲ့ ဘြင္ဒီယာပဲျဖစ္ပါတယ္။ ေနာ့ဝစ္ခ်္ကြင္းလယ္လူေဟာင္းအေနနဲ႔ ဒီႏွစ္မွာ အသင္းရဲ႕ အဓိက ကစားသမားျဖစ္လာခဲ့ၿပီး နည္းျပေတြ ျဖစ္ၾကတဲ့ စတီဗင္ ဂ်ရတ္ေရာ အူႏိုင္း အမ္မရီကပါ လက္မလႊတ္ႏိုင္ေအာင္ အသုံးျပဳထားခဲ့တဲ့ ကစားသမားတစ္ဦးလည္းျဖစ္ေနခဲ့တာပါ။ အာဂ်င္တီးနားကြင္းလယ္လူရဲ႕ ဖန္တီးမႈေတြကို လက္ေ႐ြးစင္အသင္းအေနနဲ႔ မလိုအပ္ဘူးလို႔ ယူဆခဲ့တာလည္း ျဖစ္ႏိုင္ၿပီး မက္ဆီတစ္ေယာက္လုံး ရွိေနသလို ဝါရင့္နဲ႔ လူငယ္ပါရမီရွင္ေတြ ေပါမ်ားတဲ့ အသင္းကေန နည္းျပ စကာလိုနီရဲ႕ ခ်န္လွပ္ျခင္းကို ခံခဲ့ရတာလည္းျဖစ္ပါတယ္။

၄။ ဖာဘီယန္ ႐ူးဝီဇ္ (စပိန္)
စပိန္အသင္းမွာ ပါဝင္မလာတဲ့ နာမည္ႀကီးကစားသမားကေတာ့ ပီအက္စ္ဂ်ီရဲ႕ ဖာဘီယန္ ႐ူးဝီးဇ္ပါ။ ရာသီ မတိုင္ခင္အထိ နာပိုလီနဲ႔အတူ ေျခစြမ္းျပၿပီး လက္ေ႐ြးစင္မွာ ပြဲထြက္ခြင့္ မရရင္ေတာင္ အရန္အျဖစ္ေတာ့ ပါဝင္ခြင့္ရေသးတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ပါရီၿမိဳ႕ကို အသင္းေျပာင္းမွားရာမွာေတာ့ ကံဆိုးခဲ့တာလည္းျဖစ္ပါတယ္။ နာပိုလီအတြက္ ပြဲတိုင္းနီးပါး ကစားေနရာကေန ၿပိဳင္ဆိုင္မႈေတြ မ်ားျပားတဲ့ ပီအက္စ္ဂ်ီရဲ႕ ကြင္းလယ္မွာ ၅ ပြဲသာ ပြဲထြက္ခြင့္ရထားခဲ့တာေၾကာင့္ ကမာၻ႔ဖလား လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာလို႔လည္း ယူဆရပါတယ္။

၃။ ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္ (အဂၤလန္)
အသင္းမွာ အ‌ေ႐ြးခ်ယ္ခံရဖို႔ ထိုက္တန္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ေဆာက္သမ္တန္အသင္းကို ဦးေဆာင္ေနတဲ့ ဝါ့ဒ္-ပေရာက္စ္ကို နည္းျပ ေဆာက္ဂိတ္က မ်က္ကြယ္ျပဳခဲ့တာပါ။ သူ႔အစား လီဗာပူးလ္ရဲ႕ ႀကံ့ခိုင္မႈ မျပည့္တဲ့ ဟန္ဒါဆန္နဲ႔ မန္စီးတီးမွာ ေကာင္းေကာင္း မကစားရဘဲ ဒဏ္ရာက သက္သာခါစ ရွိေနေသးတဲ့ ကယ္လ္ဗင္ ဖိလစ္တို႔သာ နာမည္နဲ႔ အသင္းကို ၾကည့္ၿပီး ေ႐ြးခ်ယ္ခဲ့တာမ်ိဳး လုပ္ခဲ့သလို နည္းျပအရည္အခ်င္း ေကာင္းေကာင္း ရွိမေနတဲ့ လိဂ္ခ်န္ပီယံရွစ္အဆင့္ သူ႔ရဲ႕ တစ္ထြာတစ္မိုက္ေလာက္ ဉာဏ္ရည္ေလးနဲ႔ စိန႔္ကပၸတိန္ကို ခြဲျခားဆက္ခံခဲ့မိတာေၾကာင့္ သူ႔ရဲ႕ ထူးျခားတဲ့ တည္ကန္ေဘာ စြမ္းရည္နဲ႔ ခင္းက်င္းဖန္တီးမႈေတြကို ပရိသတ္ေတြ ႏွေျမာတသျဖစ္ခဲ့ရပါတယ္။

၂။ ရီနာတို ဆန္ခ်က္စ္ (ေပၚတူဂီ)
ေပၚတူဂီကြင္းလယ္မွာ ပါဝင္မလာတဲ့ နာမည္ႀကီးတစ္ေယာက္ကေတာ့ ပီအက္စ္ဂ်ီရဲ႕ ရီနာတို ဆန္ခ်က္စ္ပဲ ျဖစ္ပါတယ္။ အသင္းသစ္ကို ေျပာင္းေ႐ႊ႕စဥ္မွာ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနခဲ့ရတာေၾကာင့္ ပြဲထြက္ ၂ ပြဲနဲ႔ လူစားဝင္ ၈ ပြဲသာ ကစားခြင့္ရခဲ့တဲ့ ကြင္းလယ္လူဟာ သူ႔ရဲ႕ ပီအက္စ္ဂ်ီ အသင္းေဖာ္ ဖာဘီယန္ ႐ူးဝီးဇ္နဲ႔အတူ ကာတာကို မေရာက္ဘဲ က်န္ခဲ့ရတာျဖစ္ပါတယ္။ ေပၚတူဂီကြင္းလယ္မွာ ကလပ္အသင္းေတြနဲ႔ ေျခစြမ္းျပသေနႏိုင္တဲ့ ဂ်ာအို ပယ္လင္ညာ၊ ႐ူဘင္ နာဗက္စ္၊ ဗီတင္ညာ၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို မျဖစ္မေန ေ႐ြးခ်ယ္ခဲ့ရတာေၾကာင့္ အရန္မွာ ထားရမယ့္ ဆန္းခ်က္စ္အတြက္ ေနရာမရွိေတာ့ဘူးလို႔ပဲ သုံးသပ္ရမွာပါ။

၁။ သီယာဂို အယ္လ္ကန္တာရာ (စပိန္)
လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကို ဦးေဆာင္ေနတဲ့ သီယာဂိုတစ္ေယာက္ စပိန္မွာ ပါမလာဘူးဆိုတာကေတာ့ ေစာ္ကားသလိုပဲျဖစ္ေနပါတယ္။ နည္းျပ လူးဝစ္ အန္ရီေကအေနနဲ႔ ေခါင္းမာၿပီး တစ္ယူသန္တဲ့ လုပ္ရပ္ေတြကို လုပ္ေဆာင္ေနခဲ့တယ္ဆိုတာ မန္ယူဂိုးသမား ေဒးဗစ္ ဒေဟးယားကို အရန္ အျဖစ္ေတာင္ မေ႐ြးခ်ယ္ခဲ့တာနဲ႔ ကြင္းလယ္က လူငယ္ကစားသမား ဂါဗီကို ေက်ာနံပါတ္ ၉ ေပးတာမ်ိဳးေတြနဲ႔ သိသာေစၿပီး သီယာဂိုအေနနဲ႔ လီဗာပူးလ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၂ ပြဲအထိ ကစားၿပီး အေရးပါတဲ့ ကစားသမားျဖစ္ေနေပမယ့္ မမွ်မတပဲ ခ်န္လွပ္ခံခဲ့ရတာလို႔ ေကာက္ခ်က္ခ်ရေတာ့မွာပါ။

ဒီကစားသမားေတြအျပင္ အသင္းေတြမွာ ေျခစြမ္းျပေနေပမယ့္ နည္းျပတခ်ိဳ႕ရဲ႕ အျမင္က်ဥ္းမႈေတြေၾကာင့္ အေ႐ြးခ်ယ္ မခံရတဲ့ ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားလည္း က်န္ရစ္ခဲ့ၾကၿပီး နည္းျပ ဒါမွမဟုတ္ အသင္းရဲ႕ အေရးပါတဲ့ ကစားသမားေတြနဲ႔ ပုဂၢိဳလ္ေရးအရ အဆင္မေျပလို႔ ခ်န္လွပ္ခံခဲ့ရသူေတြလည္း ရွိခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.