International Transfer News World Cup

ကာတာ ကမ္ဘာ့ဖလားမှာ ကိုယ့်ကိုယ်ကို ဈေးကွက်တင်ရောင်းမယ့် ကစားသမား ၆ ဦး

လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကတော့ ကစားသမားတွေ ခြေစွမ်းပြ ယှဉ်ပြိုင်ကြမယ့် အစဉ်အလာ ပြိုင်ပွဲတစ်ပွဲအဖြစ်ထက် ပိုမိုထူးခြားတဲ့ ကိစ္စရပ်တချို့ ရှိလာနေနိုင်ပြီး လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားတို့ ဖလားယူကြဖို့ စိတ်အားထက်သန်နေကြချိန်မှာ တချို့ကစားသမားတွေကတော့ လက်ရှိ ကလပ်အသင်းတွေကနေ ထွက်ခွာဖို့အတွက် ခြေစွမ်းပြပြီး ကိုယ့်ကိုယ်ကို ဈေးကွက်တင်ရောင်းရမယ့် ကုန်စည်ပြပွဲဖြစ်နေနိုင်ပါတယ်။

ဒီထဲမှာ အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေ၊ အသင်းမှာ နေရာမရတဲ့ ကစားသမားတွေ၊ စာချုပ်သစ် မချုပ်နိုင်ဘဲ နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေသလို ဆောင်းရာသီမှာပဲ ၆ လ ကျန်စာချုပ်ကို ညှိနှိုင်းဈေးနဲ့ ရောင်းချခံရမယ့် ကစားသမားတွေ ပါဝင်နေကြပြီး သူတို့ထဲက ထင်ရှားတဲ့ ကြယ်ပွင့် ၆ ဦးကို ရွေးချယ်စစ်ထုတ်ကြည့်ကြရအောင်ပါ။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သူနဲ့ကြားမှာ နားလည်မှုက တစ်ခုမှ မရှိဘူးလို့ ဆိုရမလိုဖြစ်နေခဲ့ပြီး နွေရာသီတုန်းက မိသားစု ပြဿနာကို နားလည်မပေးခဲ့တာက ပေါ်တူဂီသားအတွက် အငြှိုးအမှတ်ထားစရာဖြစ်စေသလို လက်ရှိမှာတော့ နှစ်ဖက်စလုံး ငါတကောကောနေကြတာဖြစ်ပါတယ်။ ပေါ်တူဂီသားအနေနဲ့ အသင်းရဲ့ ယူရိုပါလိဂ်အဆင့်အတန်းအတွက် မကျေမနပ်ဖြစ်နေသလို နွေရာသီ အပြောင်းအရွှေ့ကာလမှာလည်း အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲဖြစ်ခဲ့ရတာပါ။

ဒီတစ်ကြိမ်မှာတော့ ဆောင်းရာသီမှာ အသင်းက ထွက်ခွာနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး သူ့အနေနဲ့ ဒီလိုလုပ်နိုင်ဖို့က ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ အသင်းနဲ့ ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေသလို ကလပ်အသင်းမှာ ပျက်စီးနေတယ်လို့ မဆိုနိုင်ပေမယ့် ဆက်ဆံရေး အဆင်မပြေတာတွေကြောင့် အရေးပါတဲ့ ကစားသမားတစ်ဦး မဟုတ်ခဲ့ရတာကို ချေဖျက်နိုင်ဖို့ လာမယ့် အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ တွေ့ဆုံမှုတွေမှာ ဂိုးတွေနဲ့ သက်သေပြရဖို့ ရှိနေပါတယ်။

၂။ ဟာကင်းမ် ဇီးယက်ရှ် (ချဲလ်ဆီး)
ချဲလ်ဆီးတောင်ပံကစားသမားကတော့ အသင်းကို ယူရို ၄၅ သန်း (ပေါင် ၃၃ သန်း)နဲ့ ပြောင်းရွှေ့လာခဲ့တုန်းက ဟုတ်မလိုလို ရှိခဲ့ပေမယ့် နည်းပြတွေရဲ့ အပြောင်းအလဲနဲ့ ကစားကွက် မတည်ငြိမ်မှုတွေမှာ သူကစားချင်တဲ့ ညာတောင်ပံ တိုက်စစ်မှူးနေရာကို ကစားခွင့်နည်းခဲ့သလို ကစားခွင့် ရပြန်တော့လည်း အသင်းရဲ့ မတူညီတဲ့ စုဖွဲ့မှုနဲ့ အတွဲအဖက်တွေကြောင့် တဖြည်းဖြည်းနဲ့ ခြေစွမ်းက ဆိုးရွားပျက်စီးနေခဲ့ရသူပါ။

သူ့ရဲ့ ဘယ်ခြေတစ်ချောင်းနဲ့ ကျော်ကြားတဲ့ အဝေးဘော တိကျမှုတွေ ပျောက်ဆုံးသွားခဲ့သလို ချဲလ်ဆီးတိုက်စစ်မှာ ရုန်းကန်နေရမှုတွေအတွက် လောလောဆယ်မှာ အသင်းက ထွက်ခွာရင်တောင် ဘယ်ပြေးရမလဲ မသိဘဲဖြစ်နေချိန်မှာ ကမ္ဘာ့ဖလားမှာ မော်ရိုကိုနဲ့ ကစားခွင့်ကတော့ သူ့ကိုယ်သူ ဈေးကွက်တင်နိုင်မယ့် အခွင့်အရေးဖြစ်လာခဲ့ပြီး ခြေစွမ်းပြနေတဲ့ ဟာကီမီ၊ အန်နက်ဆီရီတို့လို ကစားသမားတွေကို ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ရင် အဆင်ပြေလာဖို့ ရှိနေပါတယ်။

၃။ ခရစ္စတီယန် ပူလီရှစ်ချ် (ချဲလ်ဆီး)
နောက်ထပ် ချဲလ်ဆီးကစားသမားတစ်ဦးပဲဖြစ်တဲ့ အမေရိကန်သားဟာလည်း နည်းပြအဆက်ဆက် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ဒီအသင်းရဲ့ 3 Back ပြောင်းကစားကတည်းက စိတ်ကြိုက်ဘယ်ခြမ်းတိုက်စစ်နဲ့ တိုက်စစ်မှူးနောက်နေရာတွေမှာ ကစားခွင့်ကို ဆုံးရှုံးခဲ့ရသလို သူမကစားချင်တဲ့ Wing Back နေရာတွေမှာ ဝင်ကစားပြီး စိတ်ညစ်နေခဲ့ရချိန်မှာ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေလည်း ပျောက်ဆုံးလာခဲ့ရတာပါ။

ကပ္ပတိန် အမေရီးကားအနေနဲ့ ကာတာမှာ နိုင်ငံအသင်းနဲ့အတူ စိတ်ကြိုက်နေရာမှာ ကစားခွင့်နဲ့ ခြေစွမ်းပြနိုင်ဖို့ ရှိနေပြီး သူ့ရဲ့ အောင်မြင်မှုတွေ စတင်ရာ ဘွန်ဒက်စ်လီဂါ ဂျာမန်မြေကို ပြန်နင်းနိုင်အောင် ကြိုးစားရမှာဖြစ်သလို ချဲလ်ဆီးအသင်းက ထွက်ခွာမယ့် အချိန်မှာ လိုချင်တဲ့ အသင်းတွေဆီ မျက်စပစ်နိုင်ဖို့ ဒီကမ္ဘာ့ဖလားက အခွင့်အရေးကောင်းဖြစ်နေပြီး ကိုယ့်ကိုယ်ကို အရောင်တင်နိုင်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။

၄။ ယူရီ တီးလီးမန်းစ် (လက်စတာစီးတီး)
လက်စတာအသင်းနဲ့ စာချုပ်ဆက်မချုပ်တော့တဲ့ ကွင်းလယ်လူဟာ သူ့ရဲ့ ထွက်ရပ်လမ်းကို နွေရာသီမှာ ရှာဖွေသွားဖို့ ရှိနေသလို လိုချင်နေတဲ့ အသင်းတွေရဲ့ ညှိနှိုင်းနိုင်မှုအရ ဆောင်းရာသီမှာလည်း ကင်းပါဝါကနေ ထွက်ခွာဖို့ ဖြစ်လာနိုင်တာပါ။ တီးလီးမန်းစ်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကွင်းလယ်လူတစ်ဦးအဖြစ်လည်း သက်သေပြထားနိုင်ပြီး အသင်းတိုင်းလိုအပ်တဲ့ နံပါတ် ၈ နေရာကို ဖြည့်ဆည်းပေးနိုင်မယ့်သူလည်းဖြစ်နေပါတယ်။

ဘယ်လ်ဂျီယမ်အသင်းနဲ့ ပွဲထွက်ကစားနိုင်ဖို့ ရှိနေတဲ့ ကွင်းလယ်လူဟာ ကာတာမှာ အသင်းရဲ့ အဓိက ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားနဲ့ လက်တွဲညီခဲ့မယ်ဆိုရင် သူ့ရဲ့ နိုင်ငံအသင်းကိုလည်း အောင်မြင်မှုဆီ ခြေလှမ်းဖို့ တွန်းတင်ပေးနိုင်ဖွယ်ရှိနေပြီး အာဆင်နယ်၊ မန်ယူတို့ အပါအဝင် လိုချင်နေတဲ့ အသင်းတွေကို တန်ဖိုးထား ခေါ်ယူဖို့ လုပ်ဆောင်စေနိုင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။

၅။ ဂျာအို ဖဲလစ္စ (အက်သလက်တီကို မက်ဒရစ်)
ပေါင်သန်း ၁၁၀ နဲ့ ဘင်ဖီကာကနေ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီသားရဲ့ ခြေစွမ်းက လက်ရှိမှာ ဒီဈေးနဲ့ မကိုက်ညီခဲ့ဘူးလို့ပဲ သုံးသပ်ရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကမှ အသက် ၂၃ နှစ် ပြည့်သွားခဲ့တဲ့ တိုက်စစ်မှူးဟာ သူ့ရဲ့ တိုက်စစ်စွမ်းရည်နဲ့ တောင်ပံ၊ အထောင်၊ နောက်ချန် မျိုးစုံ ကစားနိုင်မှု အတွက် ချီးကျူးခံထားရသူဖြစ်ပေမယ့် နည်းပြ ဆီမီယွန်နီရဲ့ ခံစစ်ကစားလွန်းတဲ့ ပုံစံမှာ စတေးခံခဲ့ရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

သူ့အနေနဲ့ မက်ဒရစ်ကို ရောက်ပြီးမှ ၁၂၉ ပွဲမှာ ၃၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး အက်သလက်တီကိုမှာ ကစားနေရင်းနဲ့တော့ အသင်းကြီးတွေ လိုချင်တပ်မက်မယ့် ခြေစွမ်းမျိုးကို ပြသနိုင်မှာ မဟုတ်ချိန်မှာ ဒီကနေ ထွက်ခွာဖို့အတွက်တော့ ကမ္ဘာ့ဖလားမှာပဲ ပေါ်တူဂီအသင်းနဲ့ အစွမ်းပြရဖို့ ရှိနေသလို Golden Boy ဟောင်းအနေနဲ့ တိုက်စစ်ဦးစားပေးအသင်းတွေဆီကို ပြောင်းရွှေ့နိုင်ပြီး ကစားသမားဘဝကို အဆင့်မြှင့်ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

၆။ မမ်းဖစ္စ ဒီပိုင်း (ဘာစီလိုနာ)
နယ်သာလန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၂ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြ အပြောင်းအလဲတွေမှာ ဒုက္ခရောက်ခဲ့ရသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အူဘာမီယန်းကြောင့် ဘေးရောက်ခဲ့ရသလို ဂါဘွန်သား ထွက်ခွာသွားပြန်တော့လည်း လီဗန်ဒေါ့ဗ်စကီးကို နည်းပြ ဇာဗီရဲ့ ဦးစားပေး နေရာချထားမှုမှာ အရန်ကစားသမားအဖြစ်သာ ဘေးရောက်နေခဲ့တာ ဖြစ်ပါတယ်။

ရှေ့လျှောက် သုံးစွဲဖို့လည်း သိပ်မရှိတော့တဲ့ ဒတ်ချ်တိုက်စစ်မှူးကို ဘာစီလိုနာဘက်ကတော့ စာချုပ်ဖျက်သိမ်းနိုင်ဖို့ ကြိုးစားနေပြီး သူ့ရဲ့ လစာငွေကို ချွေတာသွားဖို့ တွန်းအားပေး လုပ်ဆောင်နေသလို ဒီပိုင်းအနေနဲ့ ကစားခွင့် သိပ်မရနိုင်တော့တဲ့ အသင်းမှာ အငြိုငြင်ခံပြီး ဆက်နေမယ့်အစား သူ့မှာ အကျိုးပြုနိုင်မယ့် ခြေစွမ်းတွေ အများကြီး ကျန်သေးတယ်ဆိုတာကို နိုင်ငံအသင်းနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ လာမယ့် ကာတာ၊ အီကွေဒေါ၊ ဆီနီဂေါတို့နဲ့ ခပ်ချောင်ချောင် အုပ်စု(A)မှာ ကိုယ့်ကိုယ်ကို ဈေးကွက်တင်ရောင်းလာဖို့ ရှိနေမှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ ၂၀၂၂ ကာတာ ကမာၻ႔ဖလားကေတာ့ ကစားသမားေတြ ေျခစြမ္းျပ ယွဥ္ၿပိဳင္ၾကမယ့္ အစဥ္အလာ ၿပိဳင္ပြဲတစ္ပြဲအျဖစ္ထက္ ပိုမိုထူးျခားတဲ့ ကိစၥရပ္တခ်ိဳ႕ ရွိလာေနႏိုင္ၿပီး လီယြန္နယ္ မက္ဆီနဲ႔ အာဂ်င္တီးနားတို႔ ဖလားယူၾကဖို႔ စိတ္အားထက္သန္ေနၾကခ်ိန္မွာ တခ်ိဳ႕ကစားသမားေတြကေတာ့ လက္ရွိ ကလပ္အသင္းေတြကေန ထြက္ခြာဖို႔အတြက္ ေျခစြမ္းျပၿပီး ကိုယ့္ကိုယ္ကို ေဈးကြက္တင္ေရာင္းရမယ့္ ကုန္စည္ျပပြဲျဖစ္ေနႏိုင္ပါတယ္။

ဒီထဲမွာ အသင္းနဲ႔ အဆင္မေျပတဲ့ ကစားသမားေတြ၊ အသင္းမွာ ေနရာမရတဲ့ ကစားသမားေတြ၊ စာခ်ဳပ္သစ္ မခ်ဳပ္ႏိုင္ဘဲ ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာဖို႔ ရွိေနသလို ေဆာင္းရာသီမွာပဲ ၆ လ က်န္စာခ်ဳပ္ကို ညႇိႏႈိင္းေဈးနဲ႔ ေရာင္းခ်ခံရမယ့္ ကစားသမားေတြ ပါဝင္ေနၾကၿပီး သူတို႔ထဲက ထင္ရွားတဲ့ ၾကယ္ပြင့္ ၆ ဦးကို ေ႐ြးခ်ယ္စစ္ထုတ္ၾကည့္ၾကရေအာင္ပါ။

၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ သူနဲ႔ၾကားမွာ နားလည္မႈက တစ္ခုမွ မရွိဘူးလို႔ ဆိုရမလိုျဖစ္ေနခဲ့ၿပီး ေႏြရာသီတုန္းက မိသားစု ျပႆနာကို နားလည္မေပးခဲ့တာက ေပၚတူဂီသားအတြက္ အျငႇိဳးအမွတ္ထားစရာျဖစ္ေစသလို လက္ရွိမွာေတာ့ ႏွစ္ဖက္စလုံး ငါတေကာေကာေနၾကတာျဖစ္ပါတယ္။ ေပၚတူဂီသားအေနနဲ႔ အသင္းရဲ႕ ယူ႐ိုပါလိဂ္အဆင့္အတန္းအတြက္ မေက်မနပ္ျဖစ္ေနသလို ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာလည္း အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ဘဲျဖစ္ခဲ့ရတာပါ။

ဒီတစ္ႀကိမ္မွာေတာ့ ေဆာင္းရာသီမွာ အသင္းက ထြက္ခြာႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး သူ႔အေနနဲ႔ ဒီလိုလုပ္ႏိုင္ဖို႔က ကမာၻ႔ဖလားမွာ ေပၚတူဂီ အသင္းနဲ႔ ေျခစြမ္းျပႏိုင္ဖို႔ လိုအပ္ေနသလို ကလပ္အသင္းမွာ ပ်က္စီးေနတယ္လို႔ မဆိုႏိုင္ေပမယ့္ ဆက္ဆံေရး အဆင္မေျပတာေတြေၾကာင့္ အေရးပါတဲ့ ကစားသမားတစ္ဦး မဟုတ္ခဲ့ရတာကို ေခ်ဖ်က္ႏိုင္ဖို႔ လာမယ့္ အုပ္စုပြဲစဥ္ေတြျဖစ္တဲ့ ဂါနာ၊ ဥ႐ုေဂြး၊ ေတာင္ကိုရီးယားတို႔နဲ႔ ေတြ႕ဆုံမႈေတြမွာ ဂိုးေတြနဲ႔ သက္ေသျပရဖို႔ ရွိေနပါတယ္။

၂။ ဟာကင္းမ္ ဇီးယက္ရွ္ (ခ်ဲလ္ဆီး)
ခ်ဲလ္ဆီးေတာင္ပံကစားသမားကေတာ့ အသင္းကို ယူ႐ို ၄၅ သန္း (ေပါင္ ၃၃ သန္း)နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တုန္းက ဟုတ္မလိုလို ရွိခဲ့ေပမယ့္ နည္းျပေတြရဲ႕ အေျပာင္းအလဲနဲ႔ ကစားကြက္ မတည္ၿငိမ္မႈေတြမွာ သူကစားခ်င္တဲ့ ညာေတာင္ပံ တိုက္စစ္မႉးေနရာကို ကစားခြင့္နည္းခဲ့သလို ကစားခြင့္ ရျပန္ေတာ့လည္း အသင္းရဲ႕ မတူညီတဲ့ စုဖြဲ႕မႈနဲ႔ အတြဲအဖက္ေတြေၾကာင့္ တျဖည္းျဖည္းနဲ႔ ေျခစြမ္းက ဆိုး႐ြားပ်က္စီးေနခဲ့ရသူပါ။

သူ႔ရဲ႕ ဘယ္ေျခတစ္ေခ်ာင္းနဲ႔ ေက်ာ္ၾကားတဲ့ အေဝးေဘာ တိက်မႈေတြ ေပ်ာက္ဆုံးသြားခဲ့သလို ခ်ဲလ္ဆီးတိုက္စစ္မွာ ႐ုန္းကန္ေနရမႈေတြအတြက္ ေလာေလာဆယ္မွာ အသင္းက ထြက္ခြာရင္ေတာင္ ဘယ္ေျပးရမလဲ မသိဘဲျဖစ္ေနခ်ိန္မွာ ကမာၻ႔ဖလားမွာ ေမာ္႐ိုကိုနဲ႔ ကစားခြင့္ကေတာ့ သူ႔ကိုယ္သူ ေဈးကြက္တင္ႏိုင္မယ့္ အခြင့္အေရးျဖစ္လာခဲ့ၿပီး ေျခစြမ္းျပေနတဲ့ ဟာကီမီ၊ အန္နက္ဆီရီတို႔လို ကစားသမားေတြကို ဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ရင္ အဆင္ေျပလာဖို႔ ရွိေနပါတယ္။

၃။ ခရစၥတီယန္ ပူလီရွစ္ခ်္ (ခ်ဲလ္ဆီး)
ေနာက္ထပ္ ခ်ဲလ္ဆီးကစားသမားတစ္ဦးပဲျဖစ္တဲ့ အေမရိကန္သားဟာလည္း နည္းျပအဆက္ဆက္ ႐ုန္းကန္ခဲ့ရသူျဖစ္ၿပီး ဒီအသင္းရဲ႕ 3 Back ေျပာင္းကစားကတည္းက စိတ္ႀကိဳက္ဘယ္ျခမ္းတိုက္စစ္နဲ႔ တိုက္စစ္မႉးေနာက္ေနရာေတြမွာ ကစားခြင့္ကို ဆုံးရႈံးခဲ့ရသလို သူမကစားခ်င္တဲ့ Wing Back ေနရာေတြမွာ ဝင္ကစားၿပီး စိတ္ညစ္ေနခဲ့ရခ်ိန္မွာ သြင္းဂိုးေတြနဲ႔ ဖန္တီးမႈေတြလည္း ေပ်ာက္ဆုံးလာခဲ့ရတာပါ။

ကပၸတိန္ အေမရီးကားအေနနဲ႔ ကာတာမွာ ႏိုင္ငံအသင္းနဲ႔အတူ စိတ္ႀကိဳက္ေနရာမွာ ကစားခြင့္နဲ႔ ေျခစြမ္းျပႏိုင္ဖို႔ ရွိေနၿပီး သူ႔ရဲ႕ ေအာင္ျမင္မႈေတြ စတင္ရာ ဘြန္ဒက္စ္လီဂါ ဂ်ာမန္ေျမကို ျပန္နင္းႏိုင္ေအာင္ ႀကိဳးစားရမွာျဖစ္သလို ခ်ဲလ္ဆီးအသင္းက ထြက္ခြာမယ့္ အခ်ိန္မွာ လိုခ်င္တဲ့ အသင္းေတြဆီ မ်က္စပစ္ႏိုင္ဖို႔ ဒီကမာၻ႔ဖလားက အခြင့္အေရးေကာင္းျဖစ္ေနၿပီး ကိုယ့္ကိုယ္ကို အေရာင္တင္ႏိုင္ဖို႔ ႀကိဳးစားလာမွာျဖစ္ပါတယ္။

၄။ ယူရီ တီးလီးမန္းစ္ (လက္စတာစီးတီး)
လက္စတာအသင္းနဲ႔ စာခ်ဳပ္ဆက္မခ်ဳပ္ေတာ့တဲ့ ကြင္းလယ္လူဟာ သူ႔ရဲ႕ ထြက္ရပ္လမ္းကို ေႏြရာသီမွာ ရွာေဖြသြားဖို႔ ရွိေနသလို လိုခ်င္ေနတဲ့ အသင္းေတြရဲ႕ ညႇိႏႈိင္းႏိုင္မႈအရ ေဆာင္းရာသီမွာလည္း ကင္းပါဝါကေန ထြက္ခြာဖို႔ ျဖစ္လာႏိုင္တာပါ။ တီးလီးမန္းစ္အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း ကြင္းလယ္လူတစ္ဦးအျဖစ္လည္း သက္ေသျပထားႏိုင္ၿပီး အသင္းတိုင္းလိုအပ္တဲ့ နံပါတ္ ၈ ေနရာကို ျဖည့္ဆည္းေပးႏိုင္မယ့္သူလည္းျဖစ္ေနပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ ပြဲထြက္ကစားႏိုင္ဖို႔ ရွိေနတဲ့ ကြင္းလယ္လူဟာ ကာတာမွာ အသင္းရဲ႕ အဓိက ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ လက္တြဲညီခဲ့မယ္ဆိုရင္ သူ႔ရဲ႕ ႏိုင္ငံအသင္းကိုလည္း ေအာင္ျမင္မႈဆီ ေျခလွမ္းဖို႔ တြန္းတင္ေပးႏိုင္ဖြယ္ရွိေနၿပီး အာဆင္နယ္၊ မန္ယူတို႔ အပါအဝင္ လိုခ်င္ေနတဲ့ အသင္းေတြကို တန္ဖိုးထား ေခၚယူဖို႔ လုပ္ေဆာင္ေစႏိုင္လိမ့္မယ္လို႔လည္း ခန႔္မွန္းထားၾကတာပါ။

၅။ ဂ်ာအို ဖဲလစၥ (အက္သလက္တီကို မက္ဒရစ္)
ေပါင္သန္း ၁၁၀ နဲ႔ ဘင္ဖီကာကေန ေရာက္ရွိလာခဲ့တဲ့ ေပၚတူဂီသားရဲ႕ ေျခစြမ္းက လက္ရွိမွာ ဒီေဈးနဲ႔ မကိုက္ညီခဲ့ဘူးလို႔ပဲ သုံးသပ္ရမွာပါ။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ကမွ အသက္ ၂၃ ႏွစ္ ျပည့္သြားခဲ့တဲ့ တိုက္စစ္မႉးဟာ သူ႔ရဲ႕ တိုက္စစ္စြမ္းရည္နဲ႔ ေတာင္ပံ၊ အေထာင္၊ ေနာက္ခ်န္ မ်ိဳးစုံ ကစားႏိုင္မႈ အတြက္ ခ်ီးက်ဴးခံထားရသူျဖစ္ေပမယ့္ နည္းျပ ဆီမီယြန္နီရဲ႕ ခံစစ္ကစားလြန္းတဲ့ ပုံစံမွာ စေတးခံခဲ့ရတဲ့ ကစားသမားတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

သူ႔အေနနဲ႔ မက္ဒရစ္ကို ေရာက္ၿပီးမွ ၁၂၉ ပြဲမွာ ၃၃ ဂိုးသာ သြင္းယူထားႏိုင္ခဲ့ၿပီး အက္သလက္တီကိုမွာ ကစားေနရင္းနဲ႔ေတာ့ အသင္းႀကီးေတြ လိုခ်င္တပ္မက္မယ့္ ေျခစြမ္းမ်ိဳးကို ျပသႏိုင္မွာ မဟုတ္ခ်ိန္မွာ ဒီကေန ထြက္ခြာဖို႔အတြက္ေတာ့ ကမာၻ႔ဖလားမွာပဲ ေပၚတူဂီအသင္းနဲ႔ အစြမ္းျပရဖို႔ ရွိေနသလို Golden Boy ေဟာင္းအေနနဲ႔ တိုက္စစ္ဦးစားေပးအသင္းေတြဆီကို ေျပာင္းေ႐ႊ႕ႏိုင္ၿပီး ကစားသမားဘဝကို အဆင့္ျမႇင့္ဖို႔လည္း လိုအပ္ေနတာျဖစ္ပါတယ္။

၆။ မမ္းဖစၥ ဒီပိုင္း (ဘာစီလိုနာ)
နယ္သာလန္အသင္းနဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲ ၁၂ ပြဲမွာ ၁၀ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းရဲ႕ နည္းျပ အေျပာင္းအလဲေတြမွာ ဒုကၡေရာက္ခဲ့ရသူတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက အူဘာမီယန္းေၾကာင့္ ေဘးေရာက္ခဲ့ရသလို ဂါဘြန္သား ထြက္ခြာသြားျပန္ေတာ့လည္း လီဗန္ေဒါ့ဗ္စကီးကို နည္းျပ ဇာဗီရဲ႕ ဦးစားေပး ေနရာခ်ထားမႈမွာ အရန္ကစားသမားအျဖစ္သာ ေဘးေရာက္ေနခဲ့တာ ျဖစ္ပါတယ္။

ေရွ႕ေလွ်ာက္ သုံးစြဲဖို႔လည္း သိပ္မရွိေတာ့တဲ့ ဒတ္ခ်္တိုက္စစ္မႉးကို ဘာစီလိုနာဘက္ကေတာ့ စာခ်ဳပ္ဖ်က္သိမ္းႏိုင္ဖို႔ ႀကိဳးစားေနၿပီး သူ႔ရဲ႕ လစာေငြကို ေခြၽတာသြားဖို႔ တြန္းအားေပး လုပ္ေဆာင္ေနသလို ဒီပိုင္းအေနနဲ႔ ကစားခြင့္ သိပ္မရႏိုင္ေတာ့တဲ့ အသင္းမွာ အၿငိဳျငင္ခံၿပီး ဆက္ေနမယ့္အစား သူ႔မွာ အက်ိဳးျပဳႏိုင္မယ့္ ေျခစြမ္းေတြ အမ်ားႀကီး က်န္ေသးတယ္ဆိုတာကို ႏိုင္ငံအသင္းနဲ႔ အေရးပါတဲ့ အခန္းက႑ကေန လာမယ့္ ကာတာ၊ အီေကြေဒါ၊ ဆီနီေဂါတို႔နဲ႔ ခပ္ေခ်ာင္ေခ်ာင္ အုပ္စု(A)မွာ ကိုယ့္ကိုယ္ကို ေဈးကြက္တင္ေရာင္းလာဖို႔ ရွိေနမွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.