International World Cup

အထင်ကရ ကျောနံပါတ် ၁၀ ကို ဆက်လက်ထိန်းသိမ်းခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသင်းလူစာရင်းရဲ့ ကျောနံပါတ်တွေကို ကြေညာခဲ့ပြီးနေက် ၎င်းရဲ့ အထင်ကရဖြစ်တဲ့ ကျောနံပါတ် ၁၀ ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံတကာပြိုင်ပွဲစုံ ၃၅ ပွဲ ရှုံးပွဲမရှိစံချိန်ကောင်းနဲ့အတူ သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီနဲ့အတူ အလွန်ကောင်းမွန်တဲ့ရာသီအစကို ပိုင်ဆိုင်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အထင်ကရ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ရင်း နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်းနံပါတ်တွေကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး မက်ဆီက ၎င်းရဲ့ ထင်ပေါ်ကျော်ကြားတဲ့ ဂန္တဝင် ကျောနံပါတ် ၁၀ ကို ပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းမှာ ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားနေတာဖြစ်ပြီး လိဂန်းအသင်းမှာ နေမာက ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားနေတာ ဖြစ်ပါတယ်။

မက်ဆီဟာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ကစားပေးပြီး မရေမတွက်နိုင်တဲ့ အမှတ်တရများစွာကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားအောင်ပွဲရရှိခဲ့တာကတော့ မမေ့နိုင်စရာအကောင်းဆုံး အမှတ်တရ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာပွဲစဉ်ပေါင်း ၁၆၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉၀ နဲ့ ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ဂျူဗင်တပ်တောင်ပံကစားသမား ဒီမာရီယာကလည်း ၎င်း ဝတ်ဆင်ချင်တဲ့ ကျောနံပါတ် ၁၁ ကို ပေးအပ်ခြင်းခံခဲ့ရပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန်ဂျယ် ဒီမာရီယာကလည်း ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ကစားပေးသွားဖို့များနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားဟောင်းဟာ နိုင်ငံတကာပွဲပေါင်း ၁၂၅ ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အနှစ်သက်ဆုံး ကျောနံပါတ်တွေ ပေးအပ်ခြင်းခံခဲ့ရတဲ့ အခြား အာဂျင်တီးနားကြယ်ပွင့်တွေထဲမှာ ရိုးမားတိုက်စစ်မှူး ဒီဘားလား(၂၁)၊ အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂို ဒီပေါလ်(၇)၊ ဂျူဗင်တပ်ကွင်းလယ်ကစားသမား ပါရီဒက်စ်(၅)တို့လည်း ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်သွားမယ့် အာဂျင်တီးနားရဲ့ ကျောနံပါတ်ပါ လူစာရင်းအပြည့်အစုံ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အသင္းလူစာရင္းရဲ႕ ေက်ာနံပါတ္ေတြကို ေၾကညာခဲ့ၿပီးေနက္ ၎ရဲ႕ အထင္ကရျဖစ္တဲ့ ေက်ာနံပါတ္ ၁၀ ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲကို ႏိုင္ငံတကာၿပိဳင္ပြဲစုံ ၃၅ ပြဲ ရႈံးပြဲမရွိစံခ်ိန္ေကာင္းနဲ႔အတူ သြားေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက ပီအက္စ္ဂ်ီနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ရာသီအစကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းသြားေတာ့မွာ ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ၿပီး ၎ရဲ႕အထင္ကရ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ရင္း ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ ပါဝင္ကစားေပးသြားမွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အသင္းလူစာရင္းနံပါတ္ေတြကို ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး မက္ဆီက ၎ရဲ႕ ထင္ေပၚေက်ာ္ၾကားတဲ့ ဂႏၲဝင္ ေက်ာနံပါတ္ ၁၀ ကို ေပးအပ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းမွာ ေက်ာနံပါတ္ ၃၀ ကို ဝတ္ဆင္ကစားေနတာျဖစ္ၿပီး လိဂန္းအသင္းမွာ ေနမာက ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ကစားေနတာ ျဖစ္ပါတယ္။

မက္ဆီဟာ ေက်ာနံပါတ္ ၁၀ ကိုဝတ္ဆင္ကစားေပးၿပီး မေရမတြက္ႏိုင္တဲ့ အမွတ္တရမ်ားစြာကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ အာဂ်င္တီးနားနဲ႔အတူ ကိုပါအေမရိကဖလားေအာင္ပြဲရရွိခဲ့တာကေတာ့ မေမ့ႏိုင္စရာအေကာင္းဆုံး အမွတ္တရ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ အာဂ်င္တီးနားအသင္းအတြက္ ႏိုင္ငံတကာပြဲစဥ္ေပါင္း ၁၆၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၉၀ နဲ႔ ဂိုးဖန္တီးမႈ ၅၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ ဂ်ဴဗင္တပ္ေတာင္ပံကစားသမား ဒီမာရီယာကလည္း ၎ ဝတ္ဆင္ခ်င္တဲ့ ေက်ာနံပါတ္ ၁၁ ကို ေပးအပ္ျခင္းခံခဲ့ရပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အိန္ဂ်ယ္ ဒီမာရီယာကလည္း ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ ပါဝင္ကစားေပးသြားဖို႔မ်ားေနတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမားေဟာင္းဟာ ႏိုင္ငံတကာပြဲေပါင္း ၁၂၅ ပြဲမွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၄ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အႏွစ္သက္ဆုံး ေက်ာနံပါတ္ေတြ ေပးအပ္ျခင္းခံခဲ့ရတဲ့ အျခား အာဂ်င္တီးနားၾကယ္ပြင့္ေတြထဲမွာ ႐ိုးမားတိုက္စစ္မႉး ဒီဘားလား(၂၁)၊ အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ႐ိုဒရီဂို ဒီေပါလ္(၇)၊ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမား ပါရီဒက္စ္(၅)တို႔လည္း ပါဝင္ခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲ ယွဥ္ၿပိဳင္သြားမယ့္ အာဂ်င္တီးနားရဲ႕ ေက်ာနံပါတ္ပါ လူစာရင္းအျပည့္အစုံ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.