Article Premier League Transfer News

အီဒူးရဲ့ တာဗာရက်စ်ကို ရောင်းပြီး မူဒရစ်နဲ့ ကွင်းလယ်လူ ခေါ်မယ့် ချန်ပီယံ ပရောဂျက်

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအနေအထားမှာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေနိုင်ချိန်မှာ အစကောင်းခဲ့ပြီလို့ ပြောလို့ရပြီး လက်ကျန်ပွဲစဉ် ၂၄ ပွဲကို ကစားရဦးမှာဖြစ်တာကြောင့် ဒီထဲက နိုင်သင့်နိုင်ထိုက်သမျှကို အမှားအယွင်း မရှိကစားပြီး အဆုံးသတ် ပန်းဝင်ကောင်းနိုင်ဖို့တော့ တတ်စွမ်းသမျှ လုပ်ဆောင်သွားရဦးမှာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ပုံစံကောင်းရနေပေမယ့် ပွဲကစားရတာ စိပ်လာတာနဲ့အမျှ ခြေကျတတ်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ဘူးပေါ်သလို ပေါ်ခဲ့တာကို ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြချိန်မှာ တာဝန်ရှိသူတွေဖြစ်တဲ့ နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ကလည်း ဒါကို အချိန်မီ ပြင်ဆင်သွားဖို့ အလိုရှိနေပါတယ်။

အာဆင်နယ်တို့အနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကွင်းလယ်ကို ကျားကန်ပေးနိုင်ဖို့ဖြစ်ပြီး ချာကာ၊ ပါတေး၊ အော်ဒီဂွါဒ်တို့ တစ်ဦးဦး လျော့လိုက်တာနဲ့ စွမ်းဆောင်ရည်ကျဆင်းသွားတတ်တာတွေကို ဖာထေးနိုင်ဖို့ ကွင်းလယ်လူသစ် တစ်ဦး သို့မဟုတ် နှစ်ဦးကို ခေါ်ယူရဖို့ ရှိနေပြီး ပေါင်သန်း ၅၀ လောက် အသုံးပြုနိုင်မယ့် ဇန်နဝါရီဈေးကွက်မှာ ရန်ပုံငွေရှာဖွေဖို့ နူနို တာဗာရက်စ်ကို ရောင်းချသွားဖွယ်ရှိနေပါတယ်။

မာဆေးလ်အသင်းမှာ တစ်ရာသီ အငှားချထားခဲ့တဲ့ တာဗာရက်စ်ဟာ သူတို့ရဲ့ ၃-၅-၂ ကစားကွက်မှာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားလာခဲ့ပြီး အာဆင်နယ်အသင်းဆီ ဆက်သွယ်စုံစမ်းထားခဲ့တယ်လို့ သတင်းထွက်ပေါ်နေခဲ့သလို ဇန်နဝါရီမှာ လက်ရှိ အငှားစာချုပ်ကို ဖျက်သိမ်းခိုင်းပြီး ခေါ်ယူချင်နေတယ်လို့လည်း ဆိုထားခဲ့ကြတာပါ။

အာဆင်နယ်အသင်းရဲ့ လေးယောက်တန်းခံစစ်မှာတော့ ဘယ်တော့မှ အဆင်ပြေလာနိုင်ဖွယ်မရှိတဲ့ Wing Back ကစားသမားကို လောလောဆယ် ဝယ်လက်ရှိနေချိန်မှာ ရောင်းချဖို့ကတော့ အစဉ်းစားသင့်ဆုံး ကိစ္စဖြစ်ပြီး လက်ရှိမှာတော့ Transfermarkt ခန့်မှန်းဈေး ယူရို ၁၈ သန်း ရှိနေတဲ့ ပေါ်တူဂီသားကို အမ်းမရိတ်ဘက်က ပေါင်သန်း ၂၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

အီဒူးအနေနဲ့ တာဗာရက်စ်ကို ရောင်းချနိုင်ခဲ့ရင် လက်ထဲမှာ ပေါင်သန်း ၇၀ လောက် ပိုက်မိသွားနိုင်ဖွယ်ရှိနေပြီး လက်စတာရဲ့ ယူရီ တီးလီးမန်းစ်ကို ဇန်နဝါရီမှာ ချက်ချင်း ခေါ်ယူသွားနိုင်ဖို့ ရှိနေသလို ရှက်ခ်တာဒိုးနက်စ်ခ်ရဲ့ မိုင်ခေလို မူဒရစ်ခ်အတွက်လည်း တစ်ခါတည်း ငွေသုံးခေါ်ယူနိုင်ဖို့ အဆင်ပြေမှာဖြစ်ပြီး မာဆေးလ်နဲ့တော့ လက်ကျန် ၆ လစာချုပ်ကို လျော်ကြေးပေးပြီး ဖျက်သိမ်းနိုင်ဖို့ လိုအပ်နေတာပါ။

အာဆင်နယ်တို့အနေနဲ့ တီးလီးမန်းစ်နဲ့ မူဒရစ်ခ်တို့ကို တစ်ကျော့ပြန် ချန်ပီယံမျှော်လင့်ချက်အတွက် ခေါ်ယူသွားနိုင်ဖို့ ပစ်မှတ်ထားနေခဲ့ပြီး အရန်အစီအစဉ်တွေအဖြစ်တော့ ဘာစီလိုနာဆီကနေ ကွင်းလယ်လူ ဖရွန့်ခ် ကက်ဆီယေးနဲ့ တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းတို့ကို ရရှိနိုင်ဖို့လည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

ကာတာလန်သားတွေအနေနဲ့ ခေါ်ယူလိုတဲ့ အသင်းရှိရင် ဒီပိုင်းရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ ဆန္ဒရှိနေတာကြောင့် အူဘာမီယန်းနဲ့ဖြစ်ရပ်ကို ဂန်းနားတွေ ပြောင်းပြန်လှန်နိုင်ဖို့ ဖြစ်လာနိုင်ပြီး အသင်းမှာ ပွဲထွက်ခွင့် ရှားပါးနေတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် ကက်ဆီယေးကိုတော့ အလွတ်နဲ့ ရရှိထားခဲ့ချိန်မှာ ပေါင် ၁၂ သန်းကနေ ၁၄ သန်းရရင် ပြန်ရောင်းမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ကမ္ဘာ့ဖလားအပြီးမှာ လက်ရှိလူစာရင်းနဲ့ ဆက်သွားဖို့ကတော့ မိုက်မဲလွန်းတဲ့ လုပ်ရပ်ဖြစ်နေသလို ဘေးထိုင်ဘုပြောပြီး နည်းပြတောင်ဖြစ်မလာခဲ့တဲ့ ဂန္ထဝင်တွေရဲ့ ဒီလူတွေနဲ့ပဲ ဆက်ကြိုးစားဖို့ဆိုတဲ့ စကားသံတွေကိုတော့ နားမယောင်ဖို့ လိုအပ်နေတာကြောင့် ကမ္ဘာ့ဖလားကာလ အားလပ်နေချိန်မှာ ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိအေနအထားမွာ ပရီးမီးယားလိဂ္ကို ဦးေဆာင္ေနႏိုင္ခ်ိန္မွာ အစေကာင္းခဲ့ၿပီလို႔ ေျပာလို႔ရၿပီး လက္က်န္ပြဲစဥ္ ၂၄ ပြဲကို ကစားရဦးမွာျဖစ္တာေၾကာင့္ ဒီထဲက ႏိုင္သင့္ႏိုင္ထိုက္သမွ်ကို အမွားအယြင္း မရွိကစားၿပီး အဆုံးသတ္ ပန္းဝင္ေကာင္းႏိုင္ဖို႔ေတာ့ တတ္စြမ္းသမွ် လုပ္ေဆာင္သြားရဦးမွာျဖစ္ပါတယ္။

လက္ရွိအေနအထားမွာ ပုံစံေကာင္းရေနေပမယ့္ ပြဲကစားရတာ စိပ္လာတာနဲ႔အမွ် ေျခက်တတ္ၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ဘူးေပၚသလို ေပၚခဲ့တာကို ပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူေတြက စိုးရိမ္ေနၾကခ်ိန္မွာ တာဝန္ရွိသူေတြျဖစ္တဲ့ နည္းျပ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔ကလည္း ဒါကို အခ်ိန္မီ ျပင္ဆင္သြားဖို႔ အလိုရွိေနပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ အေရးအႀကီးဆုံးအခ်က္ကေတာ့ ကြင္းလယ္ကို က်ားကန္ေပးႏိုင္ဖို႔ျဖစ္ၿပီး ခ်ာကာ၊ ပါေတး၊ ေအာ္ဒီဂြါဒ္တို႔ တစ္ဦးဦး ေလ်ာ့လိုက္တာနဲ႔ စြမ္းေဆာင္ရည္က်ဆင္းသြားတတ္တာေတြကို ဖာေထးႏိုင္ဖို႔ ကြင္းလယ္လူသစ္ တစ္ဦး သို႔မဟုတ္ ႏွစ္ဦးကို ေခၚယူရဖို႔ ရွိေနၿပီး ေပါင္သန္း ၅၀ ေလာက္ အသုံးျပဳႏိုင္မယ့္ ဇန္နဝါရီေဈးကြက္မွာ ရန္ပုံေငြရွာေဖြဖို႔ ႏူႏို တာဗာရက္စ္ကို ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။

မာေဆးလ္အသင္းမွာ တစ္ရာသီ အငွားခ်ထားခဲ့တဲ့ တာဗာရက္စ္ဟာ သူတို႔ရဲ႕ ၃-၅-၂ ကစားကြက္မွာ အေကာင္းဆုံး ေျခစြမ္းျပေနခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားလာခဲ့ၿပီး အာဆင္နယ္အသင္းဆီ ဆက္သြယ္စုံစမ္းထားခဲ့တယ္လို႔ သတင္းထြက္ေပၚေနခဲ့သလို ဇန္နဝါရီမွာ လက္ရွိ အငွားစာခ်ဳပ္ကို ဖ်က္သိမ္းခိုင္းၿပီး ေခၚယူခ်င္ေနတယ္လို႔လည္း ဆိုထားခဲ့ၾကတာပါ။

အာဆင္နယ္အသင္းရဲ႕ ေလးေယာက္တန္းခံစစ္မွာေတာ့ ဘယ္ေတာ့မွ အဆင္ေျပလာႏိုင္ဖြယ္မရွိတဲ့ Wing Back ကစားသမားကို ေလာေလာဆယ္ ဝယ္လက္ရွိေနခ်ိန္မွာ ေရာင္းခ်ဖို႔ကေတာ့ အစဥ္းစားသင့္ဆုံး ကိစၥျဖစ္ၿပီး လက္ရွိမွာေတာ့ Transfermarkt ခန႔္မွန္းေဈး ယူ႐ို ၁၈ သန္း ရွိေနတဲ့ ေပၚတူဂီသားကို အမ္းမရိတ္ဘက္က ေပါင္သန္း ၂၀ သတ္မွတ္ထားတာျဖစ္ပါတယ္။

အီဒူးအေနနဲ႔ တာဗာရက္စ္ကို ေရာင္းခ်ႏိုင္ခဲ့ရင္ လက္ထဲမွာ ေပါင္သန္း ၇၀ ေလာက္ ပိုက္မိသြားႏိုင္ဖြယ္ရွိေနၿပီး လက္စတာရဲ႕ ယူရီ တီးလီးမန္းစ္ကို ဇန္နဝါရီမွာ ခ်က္ခ်င္း ေခၚယူသြားႏိုင္ဖို႔ ရွိေနသလို ရွက္ခ္တာဒိုးနက္စ္ခ္ရဲ႕ မိုင္ေခလို မူဒရစ္ခ္အတြက္လည္း တစ္ခါတည္း ေငြသုံးေခၚယူႏိုင္ဖို႔ အဆင္ေျပမွာျဖစ္ၿပီး မာေဆးလ္နဲ႔ေတာ့ လက္က်န္ ၆ လစာခ်ဳပ္ကို ေလ်ာ္ေၾကးေပးၿပီး ဖ်က္သိမ္းႏိုင္ဖို႔ လိုအပ္ေနတာပါ။

အာဆင္နယ္တို႔အေနနဲ႔ တီးလီးမန္းစ္နဲ႔ မူဒရစ္ခ္တို႔ကို တစ္ေက်ာ့ျပန္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ ေခၚယူသြားႏိုင္ဖို႔ ပစ္မွတ္ထားေနခဲ့ၿပီး အရန္အစီအစဥ္ေတြအျဖစ္ေတာ့ ဘာစီလိုနာဆီကေန ကြင္းလယ္လူ ဖ႐ြန႔္ခ္ ကက္ဆီေယးနဲ႔ တိုက္စစ္မႉး မမ္းဖစၥ ဒီပိုင္းတို႔ကို ရရွိႏိုင္ဖို႔လည္း ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

ကာတာလန္သားေတြအေနနဲ႔ ေခၚယူလိုတဲ့ အသင္းရွိရင္ ဒီပိုင္းရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ ဆႏၵရွိေနတာေၾကာင့္ အူဘာမီယန္းနဲ႔ျဖစ္ရပ္ကို ဂန္းနားေတြ ေျပာင္းျပန္လွန္ႏိုင္ဖို႔ ျဖစ္လာႏိုင္ၿပီး အသင္းမွာ ပြဲထြက္ခြင့္ ရွားပါးေနတဲ့ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ကက္ဆီေယးကိုေတာ့ အလြတ္နဲ႔ ရရွိထားခဲ့ခ်ိန္မွာ ေပါင္ ၁၂ သန္းကေန ၁၄ သန္းရရင္ ျပန္ေရာင္းမယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ကမာၻ႔ဖလားအၿပီးမွာ လက္ရွိလူစာရင္းနဲ႔ ဆက္သြားဖို႔ကေတာ့ မိုက္မဲလြန္းတဲ့ လုပ္ရပ္ျဖစ္ေနသလို ေဘးထိုင္ဘုေျပာၿပီး နည္းျပေတာင္ျဖစ္မလာခဲ့တဲ့ ဂႏၴဝင္ေတြရဲ႕ ဒီလူေတြနဲ႔ပဲ ဆက္ႀကိဳးစားဖို႔ဆိုတဲ့ စကားသံေတြကိုေတာ့ နားမေယာင္ဖို႔ လိုအပ္ေနတာေၾကာင့္ ကမာၻ႔ဖလားကာလ အားလပ္ေနခ်ိန္မွာ ဘယ္လိုတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.