La Liga

ကမ္ဘာ့ဖလားခြေစစ်ပွဲ ၁၀ ပွဲမှာ ၁၂ ဂိုးသွင်းခဲ့တဲ့ကစားသမားကို အလွတ်နဲ့ထွက်ခွင့်ပေးမယ့် ဘာဆာ

ဘာစီလိုနာအသင်းဟာ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး မန်းဖစ် ဒီပိုင်းကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးသွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ Revolo က ဖော်ပြခဲ့ပါတယ်။

ဒတ်ချ်ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မန်းဖစ် ဒီပိုင်းသာ အသင်းက ထွက်ခွာချင်ရင် အလွတ်နဲ့ ထွက်ခွာခွင့်ပေးသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒီပိုင်းဟာ နူးကမ့်မှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ယခုရာသီမှာ လာလီဂါ ၂ ပွဲသာ ကစားပေးခဲ့ရချိန်မှာ သွင်းဂိုး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်ကြယ်ပွင်ဟောင်းဟာ ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကြိုးပမ်းအားထုတ်မှုအတွက် အနည်းငယ်သာ အကူအညီပေးနိုင်ခဲ့တာဖြစ်ပြီး ဥရောပပွဲကစားချိန် စုစုပေါင်း ၁၅ မိနစ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒတ်ချ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ဟာ ကျဆင်းနေခဲ့တာမဟုတ်တာတောင်မှပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ဆန္ဒမရှိတော့ဘဲ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်တာနဲ့ အသင်းကနေ ထွက်ခွာခွင့်ပေးသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်းဟာ ကတ်တလန်အသင်းကြီးအတွက် စုစုပေါင်း ၄၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာဟာ လက်ရှိ ကစားသမားလစာပေးချေနေရမှုပမာဏကို လျှော့ချဖို့ ကြိုးပမ်းနေတာဖြစ်တဲ့အတွက် ဒတ်ချ်ကြယ်ပွင့်ထွက်ခွာမှုက ၎င်းတို့အတွက် ဘဏ္ဍာရေးပိုင်းအရ အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်းရဲ့ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ကြိုးပမ်းအားထုတ်မှုတွေကတော့ အထင်ကြီးစရာ ကောင်းခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ၁၀ ပွဲသာ ကစားခဲ့ရမှာ ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်းဖစ် ဒီပိုင်းရဲ့လက်ရှိ အနာဂတ်ဟာ ဘာစီလိုနာနဲ့ မရေရာမသေချာတော့တာကြောင့် ယခုလကုန်ပိုင်းမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက်ပြသဖို့ လိုအပ်မှာဖြစ်ပြီး ကာတာမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်မှသာ ခေါ်ယူချင်တဲ့အသင်းတွေ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉး မန္းဖစ္ ဒီပိုင္းကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးသြားဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ Revolo က ေဖာ္ျပခဲ့ပါတယ္။

ဒတ္ခ်္ၾကယ္ပြင့္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ေပမယ့္လည္း ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ မန္းဖစ္ ဒီပိုင္းသာ အသင္းက ထြက္ခြာခ်င္ရင္ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးသြားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ ဒီပိုင္းဟာ ႏူးကမ့္မွာ ပြဲထြက္ခြင့္ရရွိဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့ ကစားသမားျဖစ္ၿပီး ယခုရာသီမွာ လာလီဂါ ၂ ပြဲသာ ကစားေပးခဲ့ရခ်ိန္မွာ သြင္းဂိုး ၁ ဂိုး သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီယြန္ၾကယ္ပြင္ေဟာင္းဟာ ဘာစီလိုနာအသင္းရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ႀကိဳးပမ္းအားထုတ္မႈအတြက္ အနည္းငယ္သာ အကူအညီေပးႏိုင္ခဲ့တာျဖစ္ၿပီး ဥေရာပပြဲကစားခ်ိန္ စုစုေပါင္း ၁၅ မိနစ္သာ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒတ္ခ်္ၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ဟာ က်ဆင္းေနခဲ့တာမဟုတ္တာေတာင္မွပဲ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားလိုတဲ့ ဆႏၵမရွိေတာ့ဘဲ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္တာနဲ႔ အသင္းကေန ထြက္ခြာခြင့္ေပးသြားဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္းဟာ ကတ္တလန္အသင္းႀကီးအတြက္ စုစုေပါင္း ၄၁ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ၿပီး ဘာစီလိုနာဟာ လက္ရွိ ကစားသမားလစာေပးေခ်ေနရမႈပမာဏကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းေနတာျဖစ္တဲ့အတြက္ ဒတ္ခ်္ၾကယ္ပြင့္ထြက္ခြာမႈက ၎တို႔အတြက္ ဘ႑ာေရးပိုင္းအရ အကူအညီ ျဖစ္ေစမွာ ျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္းရဲ႕ နယ္သာလန္လက္ေ႐ြးစင္အသင္းနဲ႔ ႀကိဳးပမ္းအားထုတ္မႈေတြကေတာ့ အထင္ႀကီးစရာ ေကာင္းခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ ၁၀ ပြဲသာ ကစားခဲ့ရမွာ ၁၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္းဖစ္ ဒီပိုင္းရဲ႕လက္ရွိ အနာဂတ္ဟာ ဘာစီလိုနာနဲ႔ မေရရာမေသခ်ာေတာ့တာေၾကာင့္ ယခုလကုန္ပိုင္းမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္လက္ေ႐ြးစင္အသင္းနဲ႔အတူ အထင္ႀကီးဖြယ္ေျခစြမ္း ဆက္လက္ျပသဖို႔ လိုအပ္မွာျဖစ္ၿပီး ကာတာမွာ စြမ္းေဆာင္ရည္ေကာင္း ျပသႏိုင္မွသာ ေခၚယူခ်င္တဲ့အသင္းေတြ ပိုမိုမ်ားျပားလာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.