La Liga Match Report

ဒိုင်ယုတ်ပတ်မှုကြောင့် ဂိုးမရခဲ့သလို ဘယ်လင်ဟမ်ကိုပါ ဆုံးရှုံးခဲ့ရပြီး ဗလင်စီယာနဲ့ သရေကျခဲ့တဲ့ ရီးရဲလ်

စနေနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ရီးရဲလ်မက်ဒရစ်တို့ပွဲစဉ်ဟာ အငြင်းပွားစရာတွေ အများအပြားနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ ပွဲပြီးဝီစီမှုတ်ပြီးနောက် ၎င်းရဲ့ နောက်ကျအနိုင်ဂိုးကို ငြင်းပယ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့မှုကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ မက်စတယ်လာကွင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်းမှာ အိမ်ရှင်တွေကို ၂-၀ နဲ့ ရှုံးနိမ့်နေမှုကနေ ပြန်လာနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၇ မှတ်အသာနဲ့ ဆက်လက်ရပ်တည်နိုင်စေမယ့် သရေ ၁ မှတ်ရယူနိုင်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ပွဲကစားချိန် ၉၀+၉ မိနစ်မှာ အနီးကပ်ခေါင်းတိုက်ချက်နဲ့အတူ အသင်းအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် ဂီးလ် မန်ဇာနိုက ဖြတ်တင်ဘောမပေးပို့ခင်ကတည်းက ဝီစီမှုတ်လိုက်တာကြောင့် ဂိုးအဖြစ် ထည့်သွင်းစဉ်းစားခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေက မန်ဇာနိုကို ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြပြီး ဘယ်လင်ဟမ်က အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒိုင်လူကြီးရဲ့ တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဗလင်စီယာကွင်းလယ်လူ ဒီယာခါဘီဟာ ချူဝါမန်နီနဲ့ ထိခိုက်မိခဲ့ပြီးနောက် ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာရရှိသွားခဲ့ပြီး ထမ်းစင်နဲ့ ကွင်းထဲကနေ ခေါ်ထုတ်သွားခဲ့ရပါတယ်။ ဟူဂို ဒူရိုက ဗလင်စီယာအတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ သွင်းယူသွားခဲ့ပြီး ဒီသွင်းဂိုးဟာ သူ့အတွက် ဒီရာသီ ၁၂ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ယာရန်ချွတ်က ကာဗာဟယ်ရဲ့ လူနင်ဆီ နောက်ပြန်ပေးပို့မှုကို ကြားဝတ်လုယူပြီး ဂိုးသမားကို လှည့်ထွက်ပြီး ဂိုးပေါက်အလွတ်ထဲကို သက်တောင့်သက်သာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ်ဟာ ပထမပိုင်းပြီးဆုံးလို့ နာကျင်အချိန်ပို ၄၅+၅ မိနစ်မှာ ကာဗာဟယ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဗလင်စီယာဂိုးသမား မာမာဒက်ရှ်ဗီလီမရှင်းထုတ်နိုင်ခဲ့ပြီးနောက် အနီးကပ်ပိတ်သွင်းယူပြီး ချေပဂိုးတစ်ဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့မေလက ဒီကွင်းကို နောက်ဆုံးလာရောက်ခဲ့ချိန်တုန်းက လူမျိုးရေးခွဲခြားခံခဲ့ရပြီး နောက်ပိုင်းမှာ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဗလင်စီယာ ပရိသတ်တွေရှိရာဘက်ကို လက်သီးတွေ မြှောက်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဗလင်စီယာဟာ စက်တင်ဘာလကတည်းက အိမ်ကွင်းရှုံးပွဲမရှိတဲ့အသင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ချေပဂိုး သွင်းယူဖို့ အပြင်းအထန် ဖိအားပေးလာတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို တောင့်မခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၇၆ မိနစ်မှာ ဘရာဟင် ဒီယက်ဇ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဗင်နီးရှပ်စ်ကပဲ ခေါင်းတိုက်ပြီး တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့ပြီး ဗလင်စီယာဟာ နာကျင်အချိန်ပိုမှာ နာချိုက ဒူရိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပုံပေါ်တာကြောင့် ပင်နယ်တီပေးခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ်ဖြစ်တဲ့ ၉၀+၉ မိနစ်မှာ ရီးရဲလ်မက်ဒရစ်တို့ ထောင့်ကန်ဘော ရရှိခဲ့ရာမှာ မိုဒရစ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဗလင်စီယာနောက်ခံလူတွေက ရှင်းထုတ်ခဲ့ပေမယ့် ဒီယက်ဇ်က ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ခဲ့ရာမှာ ဘယ်လင်ဟမ်က ခေါင်းတိုက်ပြီး ဂိုးပေါက်ထဲကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်ရဲ့ ပွဲပြီးဝီစီက ဒီဝက်ဇ် ဖြတ်တင်ပေးပို့မှု မပြုလုပ်မီကတည်းက ဖြစ်တာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးခြင်း မခံခဲ့ရလို့ ရီးရဲလ်မက်ဒရစ်တို့ ဒေါသအကြီးအကျယ် ထွက်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ညက ကစားခဲ့တဲ့ ဗလင္စီယာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ပြဲစဥ္ဟာ အျငင္းပြားစရာေတြ အမ်ားအျပားနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်သြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ပြဲၿပီးဝီစီမႈတ္ၿပီးေနာက္ ၎ရဲ႕ ေနာက္က်အႏိုင္ဂိုးကို ျငင္းပယ္ခံခဲ့ရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေစာဒကတက္ခဲ့မႈေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ မက္စတယ္လာကြင္းမွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ပထမပိုင္းမွာ အိမ္ရွင္ေတြကို ၂-၀ နဲ႔ ရႈံးနိမ့္ေနမႈကေန ျပန္လာႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၇ မွတ္အသာနဲ႔ ဆက္လက္ရပ္တည္ႏိုင္ေစမယ့္ သေရ ၁ မွတ္ရယူႏိုင္ခဲ့ပါတယ္။

ဘယ္လင္ဟမ္ဟာ ပြဲကစားခ်ိန္ ၉၀+၉ မိနစ္မွာ အနီးကပ္ေခါင္းတိုက္ခ်က္နဲ႔အတူ အသင္းအတြက္ ေနာက္က် အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း ကြင္းလယ္ဒိုင္ ဂီးလ္ မန္ဇာႏိုက ျဖတ္တင္ေဘာမေပးပို႔ခင္ကတည္းက ဝီစီမႈတ္လိုက္တာေၾကာင့္ ဂိုးအျဖစ္ ထည့္သြင္းစဥ္းစားျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြက မန္ဇာႏိုကို ဝိုင္းဝန္းၿပီး ေစာဒကတက္ခဲ့ၾကၿပီး ဘယ္လင္ဟမ္က အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဒိုင္လူႀကီးရဲ႕ တိုက္႐ိုက္အနီကတ္ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဗလင္စီယာကြင္းလယ္လူ ဒီယာခါဘီဟာ ခ်ဴဝါမန္နီနဲ႔ ထိခိုက္မိခဲ့ၿပီးေနာက္ ျပင္းထန္တဲ့ ေျခေထာက္ဒဏ္ရာရရွိသြားခဲ့ၿပီး ထမ္းစင္နဲ႔ ကြင္းထဲကေန ေခၚထုတ္သြားခဲ့ရပါတယ္။ ဟူဂို ဒူ႐ိုက ဗလင္စီယာအတြက္ ဦးေဆာင္ဂိုးကို ၂၇ မိနစ္မွာ သြင္းယူသြားခဲ့ၿပီး ဒီသြင္းဂိုးဟာ သူ႔အတြက္ ဒီရာသီ ၁၂ ဂိုးေျမာက္ သြင္းဂိုးျဖစ္ခဲ့ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ယာရန္ခြၽတ္က ကာဗာဟယ္ရဲ႕ လူနင္ဆီ ေနာက္ျပန္ေပးပို႔မႈကို ၾကားဝတ္လုယူၿပီး ဂိုးသမားကို လွည့္ထြက္ၿပီး ဂိုးေပါက္အလြတ္ထဲကို သက္ေတာင့္သက္သာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ဟာ ပထမပိုင္းၿပီးဆုံးလို႔ နာက်င္အခ်ိန္ပို ၄၅+၅ မိနစ္မွာ ကာဗာဟယ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဗလင္စီယာဂိုးသမား မာမာဒက္ရွ္ဗီလီမရွင္းထုတ္ႏိုင္ခဲ့ၿပီးေနာက္ အနီးကပ္ပိတ္သြင္းယူၿပီး ေခ်ပဂိုးတစ္ဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေမလက ဒီကြင္းကို ေနာက္ဆုံးလာေရာက္ခဲ့ခ်ိန္တုန္းက လူမ်ိဳးေရးခြဲျခားခံခဲ့ရၿပီး ေနာက္ပိုင္းမွာ ထုတ္ပယ္ခံခဲ့ရသူျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဗလင္စီယာ ပရိသတ္ေတြရွိရာဘက္ကို လက္သီးေတြ ေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ဗလင္စီယာဟာ စက္တင္ဘာလကတည္းက အိမ္ကြင္းရႈံးပြဲမရွိတဲ့အသင္းျဖစ္ၿပီး ပထမပိုင္းအၿပီးမွာ ၂-၁ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုး သြင္းယူဖို႔ အျပင္းအထန္ ဖိအားေပးလာတဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ တိုက္စစ္ကို ေတာင့္မခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၇၆ မိနစ္မွာ ဘရာဟင္ ဒီယက္ဇ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဗင္နီးရွပ္စ္ကပဲ ေခါင္းတိုက္ၿပီး တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့ၿပီး ဗလင္စီယာဟာ နာက်င္အခ်ိန္ပိုမွာ နာခ်ိဳက ဒူ႐ိုကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ပုံေပၚတာေၾကာင့္ ပင္နယ္တီေပးခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ကြင္းလယ္ဒိုင္က ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ခဲ့ၿပီး ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္ျဖစ္တဲ့ ၉၀+၉ မိနစ္မွာ ရီးရဲလ္မက္ဒရစ္တို႔ ေထာင့္ကန္ေဘာ ရရွိခဲ့ရာမွာ မိုဒရစ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဗလင္စီယာေနာက္ခံလူေတြက ရွင္းထုတ္ခဲ့ေပမယ့္ ဒီယက္ဇ္က ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ခဲ့ရာမွာ ဘယ္လင္ဟမ္က ေခါင္းတိုက္ၿပီး ဂိုးေပါက္ထဲကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကြင္းလယ္ဒိုင္ရဲ႕ ပြဲၿပီးဝီစီက ဒီဝက္ဇ္ ျဖတ္တင္ေပးပို႔မႈ မျပဳလုပ္မီကတည္းက ျဖစ္တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳေပးျခင္း မခံခဲ့ရလို႔ ရီးရဲလ္မက္ဒရစ္တို႔ ေဒါသအႀကီးအက်ယ္ ထြက္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.