La Liga Match Report

ကာဒစ်ဇ်ကို အနိုင်ယူပြီး ဘာစီလိုနာနဲ့ အမှတ်ပြန်ကပ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ အလာဘာ၊ လူးကပ်စ် ဗက်ဇ်ကေးဇ်နဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ တိုနီ ခရူးစ်နဲ့ မိုဒရစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ကာဒစ်ဇ်တို့ကတော့ ဂိုးသမား လီဒက်စ်မာ၊ ခံစစ်မှာ ဖာလီ ဟီမီနက်ဇ်၊ ဟွမ် ကာလာ၊ ကာဆီလင်နဲ့ အက်စ်ပီနိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖီဒီ၊ ရူဘင် အယ်လ်ကာရက်ဇ်၊ အာလေဟိုနဲ့ ဆိုဘရီနိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လိုဇာနိုနဲ့ အဲလက်စ်တို့ကို အသုံးပြုလာခဲ့တာပါ။

ရီးရဲလ်နည်းပြ အန်ချယ်လော့တီအနေနဲ့ သူ့အသင်းမှာ သူမလိုချင်တဲ့သူတွေနဲ့ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘဲ ဝဋ်ခံနေရတာလို့ ရဲရဲကြီး ကောက်ချက်ချရဖို့ ရှိနေပြီး ဟာဇတ်ဦးဆောင်တဲ့ အရန်ခုံက ကစားသမားအတော်များများကို သူ့အနေနဲ့ အသုံးတည့်ခြင်းမရှိသလို ရှင်းထုတ်နိုင်ခြင်းလည်း မရှိသေးချိန်မှာ ဘင်ဇီးမား မရှိတဲ့ အထောင်တိုက်စစ်က ကွက်လပ်ကိုလည်း မဖာထေးနိုင်သေးဘဲဖြစ်နေခဲ့ပါတယ်။

မိုဒရစ်ချ်ကလွဲရင် ဘယ်သူ့ကိုမှ ယုံစားလို့ မရသလိုဖြစ်နေတဲ့ မက်ဒရစ်သားတွေအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေလည်း ကျဆင်းလာခဲ့ပြီး အနိုင်သုံးမှတ်တွေကလည်း ကျဉ်းမြောင်းလာခဲ့သလို ဒီနေ့မှာလည်း ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် ကာဒစ်ဇ်ဘက်ကို ထိထိရောက်ရောက် မကစားနိုင်ခဲ့ဘဲ ဂိုးပေါက်တည့်မှုကလည်း နည်းခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ ကျမှ ရီးရဲလ်တို့အနေနဲ့ အသင်းငယ်လေးဘက်ကို စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို မိုဒရစ်ချ်က ပြန်ပေးရာမှာ တိုနီ ခရူးစ်က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဖန်တီးမှုကနေ နောက်ခံလူ အယ်ဒါ မီလီတိုက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ရီးရဲလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ကစားသမားတွေကတော့ သူတို့ကို ခပ်ကြမ်းကြမ်း ကစားခံနေရတာကို ကာကွယ်မပေးတဲ့ ဒိုင်လူကြီး ဆီဆာ ဆိုတိုကို စိတ်ပျက်နေခဲ့ကြသလို နည်းနည်း Emotional ဖြစ်နေတဲ့ ဘရာဇီးလ်သားအဖွဲ့အနေနဲ့ ဒီနေ့ပွဲမှာ ပုံစံကောင်း မပြနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရတာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ရီးရဲလ်မက်ဒရစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို မထင်မှတ်တဲ့ အနေအထားကနေ ရရှိသွားခဲ့ကြပြီး ထောင့်ကန်ဘောကနေ မိုဒရစ်ချ် ကန်တင်ပေးတာက ပြန်ထွက်လာရာမှာ ဗီနီးရှပ်စ်က ထပ်တင်ဖို့ ကြိုးစားတာက ကာဒစ်ဇ်ခံစစ်နဲ့ထိပြီး ကျလာခဲ့တဲ့ ဘောလုံးကို တိုနီ ခရူးစ်က Half Volley ကြုံးကန်ပြီး ညာဘက်ဂိုးထောင့်ကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ကာဒစ်ဇ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘွန်ဂွန်ဒါက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကူတွာရဲ့ ကာကွယ်မှုက မသေမသပ်နဲ့ လက်ထဲက လွတ်ကျခဲ့တာကို နီဂရီဒိုက ပိတ်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ဘယ်လ်ဂျီယမ်သား ကာကွယ်နိုင်ခဲ့ပေမယ့် ထပ်ထွက်လာတဲ့ ဘောလုံးကို လူးကပ်စ် ပီရက်ဇ်က ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ကစားပုံက အားရစရာ မရှိသေးပေမယ့် လိုအပ်တဲ့ နိုင်ပွဲအတွက် အဆင့် ၁၉ က ကာဒစ်ဇ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ ၁၄ ပွဲချင်းအတူတူ ကစားအပြီးမှာ နှစ်မှတ်အကွာကို ပြန်လည်ချဉ်းကပ်နိုင်ခဲ့ကြပြီး လာလီဂါ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္ဒါ မီလီတို၊ အလာဘာ၊ လူးကပ္စ္ ဗက္ဇ္ေကးဇ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ တိုနီ ခ႐ူးစ္နဲ႔ မိုဒရစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ႐ိုဒရီဂိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ကာဒစ္ဇ္တို႔ကေတာ့ ဂိုးသမား လီဒက္စ္မာ၊ ခံစစ္မွာ ဖာလီ ဟီမီနက္ဇ္၊ ဟြမ္ ကာလာ၊ ကာဆီလင္နဲ႔ အက္စ္ပီႏိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖီဒီ၊ ႐ူဘင္ အယ္လ္ကာရက္ဇ္၊ အာေလဟိုနဲ႔ ဆိုဘရီႏိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လိုဇာႏိုနဲ႔ အဲလက္စ္တို႔ကို အသုံးျပဳလာခဲ့တာပါ။

ရီးရဲလ္နည္းျပ အန္ခ်ယ္ေလာ့တီအေနနဲ႔ သူ႔အသင္းမွာ သူမလိုခ်င္တဲ့သူေတြနဲ႔ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးမရွိဘဲ ဝဋ္ခံေနရတာလို႔ ရဲရဲႀကီး ေကာက္ခ်က္ခ်ရဖို႔ ရွိေနၿပီး ဟာဇတ္ဦးေဆာင္တဲ့ အရန္ခုံက ကစားသမားအေတာ္မ်ားမ်ားကို သူ႔အေနနဲ႔ အသုံးတည့္ျခင္းမရွိသလို ရွင္းထုတ္ႏိုင္ျခင္းလည္း မရွိေသးခ်ိန္မွာ ဘင္ဇီးမား မရွိတဲ့ အေထာင္တိုက္စစ္က ကြက္လပ္ကိုလည္း မဖာေထးႏိုင္ေသးဘဲျဖစ္ေနခဲ့ပါတယ္။

မိုဒရစ္ခ်္ကလြဲရင္ ဘယ္သူ႔ကိုမွ ယုံစားလို႔ မရသလိုျဖစ္ေနတဲ့ မက္ဒရစ္သားေတြအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ ရလဒ္ေတြလည္း က်ဆင္းလာခဲ့ၿပီး အႏိုင္သုံးမွတ္ေတြကလည္း က်ဥ္းေျမာင္းလာခဲ့သလို ဒီေန႔မွာလည္း ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းအထိ ရရွိခဲ့ေပမယ့္ ကာဒစ္ဇ္ဘက္ကို ထိထိေရာက္ေရာက္ မကစားႏိုင္ခဲ့ဘဲ ဂိုးေပါက္တည့္မႈကလည္း နည္းခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ က်မွ ရီးရဲလ္တို႔အေနနဲ႔ အသင္းငယ္ေလးဘက္ကို စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို မိုဒရစ္ခ်္က ျပန္ေပးရာမွာ တိုနီ ခ႐ူးစ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ဖန္တီးမႈကေန ေနာက္ခံလူ အယ္ဒါ မီလီတိုက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ရီးရဲလ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ကစားသမားေတြကေတာ့ သူတို႔ကို ခပ္ၾကမ္းၾကမ္း ကစားခံေနရတာကို ကာကြယ္မေပးတဲ့ ဒိုင္လူႀကီး ဆီဆာ ဆိုတိုကို စိတ္ပ်က္ေနခဲ့ၾကသလို နည္းနည္း Emotional ျဖစ္ေနတဲ့ ဘရာဇီးလ္သားအဖြဲ႕အေနနဲ႔ ဒီေန႔ပြဲမွာ ပုံစံေကာင္း မျပႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို မထင္မွတ္တဲ့ အေနအထားကေန ရရွိသြားခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန မိုဒရစ္ခ်္ ကန္တင္ေပးတာက ျပန္ထြက္လာရာမွာ ဗီနီးရွပ္စ္က ထပ္တင္ဖို႔ ႀကိဳးစားတာက ကာဒစ္ဇ္ခံစစ္နဲ႔ထိၿပီး က်လာခဲ့တဲ့ ေဘာလုံးကို တိုနီ ခ႐ူးစ္က Half Volley ႀကဳံးကန္ၿပီး ညာဘက္ဂိုးေထာင့္ကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ကာဒစ္ဇ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဘြန္ဂြန္ဒါက အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ကူတြာရဲ႕ ကာကြယ္မႈက မေသမသပ္နဲ႔ လက္ထဲက လြတ္က်ခဲ့တာကို နီဂရီဒိုက ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ရာမွာ ဘယ္လ္ဂ်ီယမ္သား ကာကြယ္ႏိုင္ခဲ့ေပမယ့္ ထပ္ထြက္လာတဲ့ ေဘာလုံးကို လူးကပ္စ္ ပီရက္ဇ္က ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ကစားပုံက အားရစရာ မရွိေသးေပမယ့္ လိုအပ္တဲ့ ႏိုင္ပြဲအတြက္ အဆင့္ ၁၉ က ကာဒစ္ဇ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ ဘာစီလိုနာနဲ႔ ၁၄ ပြဲခ်င္းအတူတူ ကစားအၿပီးမွာ ႏွစ္မွတ္အကြာကို ျပန္လည္ခ်ဥ္းကပ္ႏိုင္ခဲ့ၾကၿပီး လာလီဂါ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာမွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.